4 w - Translate

အောက်တိုဘာ လကုန် နိုဝင်ဘာ လဆန်းပိုင်း ထိုင်ဝမ်ကိုဝင်မဲ့ တိုင်ဖွန်းမုန်တိုင်း KONG-REY ကြောင့် ရွာမဲ့မိုးရေချိန်က ကြောက်ခမန်းလိလိပါဘဲ။ မုန်တိုင်းအဆင့်ကလဲ ကုန်းပေါ်တက်ကာနီးမှာ စူပါတိုင်ဖွန်းမုန်တိုင်းအဆင့်အထိတောင် ခန့်မှန်းထားကြတယ်လို့ သိရတယ်။
အခွင့်အရေးရတုန်း ထိုင်ဝမ်ကျွန်းပေါ်က Weather Station တွေကိုလဲ စောင့်ကြည့်နေတယ်။
ကျနော်တို့ အများကြီးကံကောင်းတယ်၊
ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ လုံးပဲဖြစ်တယ်။
မြန်မာကို တလုံးမှ မဝင်ဘူး။
ဘာမဟုတ်တဲ့ မုန်တိုင်းအကြွင်းအကျန်ကြောင့် ရေတွေကြီးပြီး အသက်ဆုံးရှုံးမှုတွေ ဖြစ်ကုန်တယ်။
ကြိုတင်ခန့်မှန်းချက်တွေ ပိုပြီးတိကျမှန်ကန်လာအောင် ကမ္ဘာပေါ်ဖြစ်သမျှမုန်တိုင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ မုန်တိုင်းခန့်မှန်းလေ့လာထုတ်ပြန်တဲ့ အဖွဲ့တွေက ဘယ်လိုလုပ်နေကြတယ်ဆိုတာ အခွင့်အရေး ရသလောက် လေ့လာနေရဦးမှာပါဘဲ။
(အောက်တိုဘာ ၃၀ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်)
U Win Naing

imageimage