တကယ်ချစ်တဲ့အခါ
- ခဏတာ ရင်ခုန်မှုအသစ်အတွက်နဲ့
ဘေးနားမှာ အနှစ်နှစ်အလလ ရှိနေပေးသူကို သစ္စာမဖောက်လိုက်ပါနဲ့။
-အသစ်အသစ်သော ရင်ခုန်မှုက
အချစ်စစ် မဖြစ်နိုင်ဘူးဆိုတာ
သိရပါမယ်။
-ချစ်တယ်လို့ ပြောပြီးရင် နောက်ကနေ လက်တွေ့ကျကျ ချစ်ပေးပါ။
-သစ္စာ ရှိရမယ်။
-စိတ်ရှည်ရမယ်။
-အချိန်ပေးရမယ်။
-ဘဝရဲ့ first priority အဖြစ် ထား
ရမယ်။
-အဆက်အသွယ် အမြဲလုပ်ရမယ်။
-စိတ်လုံခြုံမှု ပေးရမယ်။
-ဖြစ်တည်မှုတိုင်းကို လက်ခံပြီး
ချစ်ပေးနိုင်ဖို့ လိုတယ်။
-ပိုကောင်းတဲ့လူတွေ့လာရင်တောင်
ဒီလူကို တကယ်ချစ်တယ်ဆိုရင်
ငြင်းနိုင်ရမယ်၊ရှောင်နိုင်ရမယ်။
ထပ်ခါထပ်ခါ ရွေးချယ်ရမယ်။
ကြည်နူးစရာကောင်းတဲ့အချစ်ရေးတစ်ခု ဖြစ်လာဖို့ဆိုတာ လုံလောက်တဲ့ အားစိုက်မှု(effort)ရှိရတယ်။ရင်းနှီးမြှုပ်နှံရတာရှိမယ်။
သိပ်နေပျော်စရာ မကောင်းတဲ့လောကကြီးထဲ ကိုယ့်အသည်းတစ်ခြမ်းကို ရှာတွေ့ရင်တော့ အထီးကျန်မှာကို ကြောက်စရာ မလိုတော့ဘူးလေ။
ဒီတော့ ဘဝမှာ အချစ်လည်း လိုအပ်တာပါပဲ။
#crd