အမဲသားခြောက် ခရမ်းချဉ်သီးချက်
အမဲသားခြောက်ကို ပါးပါးလှီးပြီး ရေဆေး။ ရေနွေးပူပူမှာ ပြန်စိမ်ထားပါ။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းနုပ်နုပ်စဉ်းပြီး ဆီ သတ်ပါ။ ကြက်သွန် နီဝါရောင်လေးရရင်၊ အရောင်တင်မှုန့်၊ ဆနွင်းမှုန့်နဲ့ အကြမ်းမှုန့်နဲနဲထည့်၊ ခရမ်းချဉ်သီး၂လုံးပါးပါးလှီးထည့်၊ ငံပြာရည်နဲ့၊ အချိုမှုန့်ထည့်ပြီး ခရမ်းချဉ်သီး ကြေတဲ့အထိ အဖုံးအုပ်ပြီး တည်ထားပါ။ ခရမ်းချဉ်သီးရရင် ရေစိမ်ထားတဲ့ အမဲသားနဲ့ရေ တခါတည်းထည့်ပြီး ဆီပြန်လာရင်ရပါပြီ။
အမဲခြောက်က ကိုယ်တိုင် လုပ်ထားတာပါ။ အမဲသားအသားချည်းကို (ပေါင်သားရရင် ပိုကောင်းတယ်)ရေ ဆေးပြီး လိုချင်တဲ့အရွယ် အမြှောင်းရှည်ရှည်လှီးပြီး ဆားနဲ့ အချိုမှုန့်၊ နနွင်းထည့်ပြီးနယ်။ ပြီးမှအပူစက်(ဟီ တာပေါ်ဗန်းကို တင်ထားလိုက်တယ်။ နောက်နေ့ဆို ခြောက်နေပြီ။ စားချင်တဲ့အချိန်ပါးပါးလှီး ရေနွေးစိမ် ထားပြီး ချက်ပါတယ်။ ကင်စားမယ်ဆိုရင်တော့အိုဗင်ထဲကင်ပြီး ချက်ချင်းထုဆီဆမ်းပြီး ဗူးလေးနဲ့ ထည့်ပါ တယ်။ ကင်ပြီးအပြင်မှာ ကြာသွားရင် မာပြီးကြွတ်သွားမှာ စိုးလို့ပါ။ ကိုယ်ကတော့ အမဲသားခြောက် ပြီဆိုရင်တ၀က်ကို ပုံမှာလို ပါးပါးလှီးပြီ၊ ကျန်တ ၀က်ကိုတော့ ကင်စားရ အောင်လို့ ဒီတိုင်းထားပါတယ်။