4 w - Translate

လက်ရှိခံစားချက်က..တစ်ခုထဲပဲ..အနားယူပစ်ချင်တယ်

ပန်းရိုင်း သေးသေးလေးတွေအများကြီးပွင့်နေတဲ့ မြက်ခင်းလေးတစ်ခုမှာ စိတ်လွတ်လက်လွတ်
လှဲချရင်း အိပ်ပစ်လိုက်ချင်တာပါပဲ

နေရောင်ခြည်တစ်ချို့ရယ်
မြက်ခင်းစိမ်း နံ့လေးတွေရယ်

ဘာအတွေးတွေမှ ခေါင်းထဲမထည့်ပဲ
ကောင်းကင်ပြာကို လှမ်းလို့
တိမ်ဆိုင်တွေကို ငေးမောလို့

အိပ်မက်တွေနဲ့ ကိုယ်ပဲရှိနေမယ်
အပူပင်ကင်းတဲ့ ကြောင်လေးတစ်ကောင်လိုမျိုး
အနာဂတ်ကို ထည့်စိုးရိမ်နေစရာမလို..
ခဏလောက် လဲလျောင်းနေရင်း

ဘာကိုမှ မတွေးပဲ ဒီတိုင်းလေး အချိန်ဖြုန်းချင်မိတယ်..ဒီတိုင်းလေးပဲ
.

#lavenderpan -7 လာဗန်ဒါပန်

image