လျှပ်စစ်နဲ့ စွမ်းအင် ပြည်ထောင်စုဝန်ကြီးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု
အောက်တိုဘာ ၂၉
NLD အစိုးရလက်ထပ်က လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ ဉီးဝင်းခိုင်ကို အောက်တိုဘာ ၂၉ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီးလို့ သိရပါတယ်။
နစကကနေ ဉီးဝင်းခိုင်ကို နိုင်ငံ့ဘဏ္ဏာငွေ ကျပ် ၆ ဘီလီယံလောက် နစ်နာမှုကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ - ၅၅ နဲ့ ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံထားရတာပါ။
ဦးဝင်းခိုင်ဟာ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတာဖြစ်ပြီး ကျန်းမာရေး အခြေနေ ကြောင့် မန္တလေးဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw