4 w - Translate

t’s Skin Power 10 Formula Li Effector🌺

ဒီ serum လေးကို Nyi ကသုံးချင်နေတာ တော်တော်ကြာပါပြီ။ ဟိုးအရင် Dr.Dray ရဲ့ video တွေကြည့်ကထဲက အရမ်းညွှန်းလို့ သုံးချင်ခဲ့တာပေါ့နော်။ ဒီမှာက အရင်ကလောက် သူ့ကိုသိပ်မရောင်းကြတော့ဘူးထင်တယ်။ အရင်ကနဲ့စာရင် ဗူးဒီဇိုင်းလဲပြောင်းသွားပြီ။ သူ့မှာ စုစုပေါင်း ingredients 9မျိုးပဲပါတယ်၊ အဲ့ထဲမှာမှ အဓိက active ingredient က Licorice နဲ့ PHA ပါ။ Licorice က အမဲစက်နဲ့ရောင်ရမ်းတာတွေအတွက်ကောင်းပြီး PHA ကတော့ အသားအရေကို lightly exfoliate လုပ်ပေးပါတယ်။ Sensitive skin တွေအတွက် ရည်ရွယ်တဲ့ serum ဖြစ်တာမလို့ It’s Skin ရဲ့ Power 10 series ထဲမှာ ဒီ Li effector ကပဲ Alcohol, Fragrance, Essential oil free ပါ။ 1st impression ကိုပြောရင် ကိုယ်ကပဲ အပြာရောင်ကြိုက်တဲ့သူမလို့လားမသိဘူး၊ သူ့ဘူးလေးက အရမ်းချစ်ဖို့ကောင်းနေတယ်။ Texture က ဝါကျင့်ကျင့်အရောင်လေးဖြစ်ပြီး အနံ့အထူးအထွေမပါဝင်ပါဘူး။ လိမ်းရတာ အဆီပါတဲ့ခံစားချက်မျိုး လုံးဝမရှိဘူး၊ ကျဲကျဲလေးနဲ့ အေးမနေပေမဲ့ ပူထူနေတာမျိုးလဲမဖြစ်ဘူး။ အသားထဲကို စိမ့်ဝင်တာမြန်ပြီး soothing အပိုင်းမှာ သိသိသာသာအာနိသင်ရတယ်လို့ ခံစားရတယ်။ ညလိမ်းအိပ်ရင် မနက်ဘက်ဆို နီမြန်းရောင်ရမ်းတာတွေ သက်သာနေတယ်လို့ မြင်ပါတယ်။ အဓိက အနီစက်အတွက်ကောင်းတဲ့ serum ပေါ့နော်။ Dark spot care အတွက်ကတော့ တပတ်နှစ်ပတ်နဲ့သိသာမယ့် product မျိုးမဟုတ်ပါဘူး။ Hydration နည်းနည်းပဲ သူ့ကနေရတယ်လို့လဲ ပြောချင်ပါတယ်။ ဒီ serum နဲ့ပတ်သက်ပြီး ကောင်းကွက်တွေကတော့ လိမ်းရတာအရမ်း safe ဖြစ်တယ်၊ ဝက်ခြံတွေ အဆီဖုတွေ skin barrier အတွက် ကောင်းတယ်၊ inflammation ရအပြီး ကျန်ခဲ့တဲ့အနီစက်တွေ မြန်မြန်သက်သာစေပါတယ်။ All skin types ဘယ်သူမဆို benefits ရနိုင်မယ့် serum သန့်သန့်လေးလို့ ဆိုပါရစေ။

#crd

image