4 w - Translate

ရွှေဘောလုံးဆုကို ရိုဒရီ ရရှိ
------------------
အောက်တိုဘာလ(၂၈)ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲ အခမ်းအနားမှာ မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက (၂၀၂၄)ခုနှစ်အတွက် ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့ပါ တယ်။ ဆုပေးပွဲမတိုင်ခင်မှာ ရီးရဲလ်မက်ဒရစ်ကစားသမား ဗီနီစီယက်စ်ဂျူနီယာက ရွှေဘောလုံးဆုကို ရယူနိုင် လိမ့်မယ်လို့ ရေပန်းစားနေခဲ့ပေမယ့်လည်း မန်စီးတီးအသင်းရဲ့ကွင်းလယ်လူ ရိုဒရီက ရရှိခဲ့တာပါ။

ရွှေဘောလုံး ဆုရှင်ဖြစ်လာခဲ့တဲ့အတွက် ဝမ်းသာမိသလို ကလပ်အသင်းနဲ့ နိုင်ငံအသင်းကိုယ်စားပြု ဖြစ်ခဲ့တာ ကြောင့်လည်း ဂုဏ်ယူမိတယ်လို့ ရိုဒရီက ရွှေဘောလုံးဆုကို လက်ခံအပြီးမှာ ပြောကြားခဲ့ပါတယ်။ ရိုဒရီဟာ မန်စီးတီးအသင်းရဲ့ သမိုင်းမှာ ပထမဆုံးရွှေဘောလုံးဆုရှင် ဖြစ်လာခဲ့သလို (၁၉၆၀)ပြည့်နှစ်နောက်ပိုင်း ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး စပိန်နိုင်ငံသားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

အမျိုးသမီးရွှေဘောလုံးဆုကို ဘာစီလိုနာ အမျိုး သမီးအသင်းရဲ့ကွင်းလယ်ကစားသမား ဘွန်မာတီက ရယူနိုင် ခဲ့သလို ဘာစီလိုနာအသင်းရဲ့ စပိန်လူငယ် ကစား သမား ယာမယ်က (၂၀၂၄)ခုနှစ်ရဲ့ အကောင်းဆုံးလူငယ်ကစား သမားဆုကို ရယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါဖလားတို့ကို ရယူပေးနိုင် ခဲ့တဲ့ နည်းပြအန်ဆလော့တီကလည်း အခုနှစ်ရဲ့ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ပါတယ်။

image