4 w - Translate

ဒီတစ်ခေါက် ကတော့
မိုးမိုး (အင်းလျား) ရဲ့
သ‌ဗ္ဗေသတ္တာ အဝေရာဟောန္တု ဆိုတာလေးပါ။
ဒီစာအုပ်လေးဟာ အောက်ခြေလူတန်းစားဘဝတွေရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ လောကအလယ်မှာ ပင်ပင်ပန်းပန်း ရုန်းကန်ဖြတ်သန်း လှုပ်ရှား နေကြပုံများကို မီးမောင်းထိုးရေးပြထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
သို့ပေသိ
ဘယ်လောက်ပင် ကြမ်းတမ်းပင်ပန်းပြီး ခက်ခဲ‌နေစေကာမူ ဘဝရဲ့ ဘယ်လို အ‌ခြေအနေ‌တွေမှာပဲ ဖြစ်ဖြစ်
လုံးဝ လက်လျော့မသွားတတ်တဲ့
ခိုင်မာပြတ်သားတဲ့ ဇာတ်ကောင် မြရင်စိန် ရဲ့ စိတ်နေသဘောထားနှင့် ဇွဲသတ္တိကို အတုယူမိတာကြောင့်
ဒီစာအုပ်လေးကို review လုပ်ဖို့
ရွေးလိုက်ရပါတယ်။
လူ့သဘော သဘာဝ စိတ်ရင်း စိတ်ထားတွေကို ပေါ်လွင်‌ပြောင်မြောက်အောင် ရေးဖွဲ့တတ်တဲ့ ဆရာမရဲ့ ထုံးစံကြောင့် ကျန်တဲ့ ဇာတ်ကောင်တွေရဲ့ ဘဝများကိုလည်း အများကြီး ဝင်ခံစား လေ့လာခွင့် ရခဲ့ပါတယ်။
ကျမ စိတ် အထိခိုက် အခံစားရဆုံး အပိုင်းကတော့ မြရင်စိန်ရဲ့ အမေ ဆုံးပါးသွားတဲ့ အခိုက်အတန့်ပါ။
သူ့မှာ ခံစားနေရတဲ့ ဝေဒနာရောဂါတွေကို တစိုးတစဉ်းမျှ ဖွင့်ဟ ငြီးငြူ သွားခြင်း မရှိသည့် အပြင် သူ့ ခြင်ထောင်လေးထဲမှာပဲ ငြိမ်ငြိမ်လေး ကွယ်လွန်သွားခဲ့ပေတယ် မဟုတ်လား။
အော်...သမီး ၂ ယောက်အပေါ် ဒုက္ခ မပေးရက်၊ စိတ်ဆင်းရဲစရာတွေကို မမျှဝေရက်တဲ့ အမေ သိပ်ပီသတဲ့ အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ ဂရုဏာ တွေကို တိတ်တိတ်လေး သေဆုံးသွားခြင်းဖြင့် သက်သေပြခဲ့ ရှာတယ်လေ။
ဘာမှ မပေးနိုင်ခဲ့ပေမယ့် စိတ်ဆင်းရဲ ဒုက္ခ ရောဂါဝေဒနာ အစုံကိုလည်း သူနဲ့ တစ်ပါတည်း ယူသွားခဲ့ပြန်ရှာတယ်ကိုး။
ကျန်တဲ့ အပိုင်းတွေတော့ ကျမ ထည့်မပြောတော့ပါဘူး။
ဖတ်ရတာ ပေါ့သွားပေမဆိုးလို့ပါ။
အားလုံးပဲ စာအုပ်လေးတွေ ဖတ်ရင်း ‌ရသမျိုးစုံ ခံစားရင်း ဘဝမှာ နေပျော်သူလေး‌တွေ ဖြစ်ကြပါစေရှင်။

#crd

image