36 ပတ် - ဘာသာပြန်ပါ။

EPS စနစ်နဲ့ ခေါ်ယူတဲ့ ​မြန်မာကုန်ထုတ်လုပ်သားသစ် (၁၅၂) ဦး ကိုရီးယားသို့ ရောက်ရှိ

အောက်တိုဘာ ၂၈

မြန်မာနိုင်ငံကနေ ‌EPS စနစ်နဲ့ ခေါ်ယူတဲ့ ကုန်ထုတ်လုပ်သားသစ် (၁၅၂) ဦးဟာ အောက်တိုဘာ ၂၈ ရက်နေ့က ကိုရီးယားနိုင်ငံ သို့ရောက်ရှိပြီဖြစ်တယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က ကြေညာထားပါတယ်။

သူတို့တွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အမျိုးသားလေကြောင်းလိုင်းနဲ့ ကိုးရီးယားနိုင်ငံ အင်ချွန်း လေဆိပ်ကို ထွက်ခွာလာခဲ့ကြတာလို့ သိရပါတယ်။

ကိုးရီးယားနိုင်ငံကို ရောက်ရှိချိန်မှာတော့ မြန်မာသံရုံး (ဆိုးလ်မြို့ )အလုပ်သမားသံအရာရှိက တွေ့ဆုံပြီး အလုပ် သမားတွေလိုက်နာရမယ့် အချက်အလက်တွေကို မျှဝေပေးခဲ့တယ်လို့ဆိုပါတယ်။

ကိုရီးယားနိုင်ငံက အလုပ်သမားခေါ်ယူမှုကို အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) ကနေ တဆင့် EPS စနစ်နဲ့ စေလွှတ်နေတာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image