ဗဟိုဘဏ်ကနေ တရုတ်ယွမ်နဲ့ ထိုင်းဘတ်များ ရောင်းချပေးမည်

အောက်တိုဘာ ၂၈၊ နေပြည်တော်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးစျေးကွက် (FX Trading Platform) မှာ သွင်းကုန် လုပ်ငန်းရှင်တွေအတွက် တရုတ်ယွမ်နဲ့ ထိုင်းဘတ်တွေကို ရောင်းချပေးသွားမယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။

ရောင်းချပေး ပမာဏဟာ တရုတ်ယွမ် (၅) သန်းနဲ့ ထိုင်း ဘတ် ၂၅ သန်းဖြစ်တယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့က ဗဟိုဘဏ်က ပြောပါတယ်။

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ နိုင်ငံခြားငွေကြေး တွေကို ဗဟိုဘဏ်ကနေ ရောင်းချပေးနေတာလဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁) ရက်နေ့ကနေ အောက်တိုဘာ (၂၈) ရက်နေ့အထိ အမေရိကန် ဒေါ်လာ (၂၁၅) သန်း ခွဲကျော်၊ ထိုင်းဘတ် (၇၆၀) သန်းနဲ့ တရုတ်ယွမ် (၃၈)သန်းကျော် ဗဟိုဘဏ်က ထုတ်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage