PV မှ PJ နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားမှု ဆောင်ရွက်ပေးမည်
----------------------------------
အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကနေ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲ လျှောက်ထားလာရင် အောက်တိုဘာ ၂၈ ရက်ကစပြီး လက်ခံဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ထုတ် ပြန်ပါတယ်။
လက်ရှိမှာ ပြည်ပနိုင်ငံတွေကိုအလုပ်သွားရောက်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ PJ နိုင်ငံကူးလက်မှတ် လျှောက်ထားရမယ့်အစား PV နိုင်ငံကူးလက်မှတ်တွေလျှောက်ထားပြီး ထွက်ခွာကြတဲ့အတွက် လေဆိပ်မှာ အဆင် မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်အကိုင်ဆိုင်ရာ အထောက် အထားနဲ့ သက်တမ်း ရှိ PV နိုင်ငံကူးလက်မှတ်ကနေ PJ နိုင်ငံကူးလက်မှတ်လျှောက်ထားလာရင် လက်ခံဆောင်ရွက်ပေးသွားမှာဖြစ် တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ် နဲ့ အလုပ်သမား သက်သေခံကတ်ရှိမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ပြုမှာဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သက်တမ်း ရှိ PJ နိုင်ငံကူးလက်မှတ်ကနေ PV နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားမှုတွေကိုတော့ အခုနှစ် ဇွန်လ ၆ ရက်ကစပြီး ယာယီပိတ်သိမ်းထားတယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားပါတယ်။