4 w - Translate

28,100USD ကနေ စတင်ရောင်းချပေးမယ့် Dongfeng ရဲ့ eπ 008 five-seater SUV အသစ်

အောက်တိုဘာလ ၂၅ရက်နေ့မှာ လျှပ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီ Dongfeng ကနေ သူတို့ရဲ့ eπ 008 5-seater version ကို Pre sale အဖြစ်စတင်ရောင်းချပေးလိုက်ပါပြီ။ အဆိုပါ ကားသစ်ကို 636 Max EV, 210 Ultra EREV နဲ့636 Ultra EV ဆိုတဲ့ trims level ၃ မျိုးဖြင့် ရရှိနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ 28,100USD ကနေ 35,100 USD ဝန်းကျင်အတွင်း ကျသင့်မယ်လို့ ဆိုပါတယ်။

လက်ရှိရောင်းချနေတဲ့ Version တစ်ခုဖြစ်တဲ့ Dongfeng eπ 008 ကိုတော့ အခုနှစ် ဇွန်လ ၁၄ရက်နေ့ကတည်းက စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး EREV and EV variants တွေကို ရရှိနိုင်မယ့် အပြင် ဈေးနှုန်းကတော့ 30,400 USD ဝန်းကျင်ကနေ စတင်ကျသင့်တာပါ။

အသစ်ထွက်ရှိလာမယ့် five-seater version ရဲ့ အရွယ်အစားကလည်း အခုရောင်းချပေးနေတဲ့ six-seater version အတိုင်း 5002/1972/1732 mm နဲ့ wheelbase 3025 mm ပါပဲ။ ဒါ့အပြင် white နဲ့ brown ဆိုတဲ့ အတွင်းခန်းအရောင် နှစ်မျိုးကို ရွေးချယ်နိုင်ဦးမှာပါ။ drag coefficient ပိုင်းမှာတော့ 0.268Cd ရှိပြီး တာယာတွေကို 265/45 R21 ကို အသုံးပြုထားပေးပါတယ်။

အတွင်းခန်းမှာဆိုရင်လည်း အရင် cockpit layout ကို ထူးထူးခြားခြားပြောင်းလဲထားခြင်းတော့မရှိပေမယ့် third-row seats တော့ မဟုတ်တော့ပါဘူး။ နည်းပညာပိုင်းအတွက်လည်း Qualcomm Snapdragon 8155 chip ပါဝင်တဲ့ 15.6-inch central control screen ကို အသုံးပြုနိုင်မယ့်အပြင် 10.25-inch instrument panel (six-seater Version မှာတော့ 8.8-inch ဖြစ်ပြီး ) နဲ့ 9.2-inch digital rearview mirror တွေကိုလည်း အသုံးပြုနိုင်ဦးမှာပါ။

standard configurations တွေအနေနဲ့ကတော့ eπ Pilot advanced driving assistance system, 64-color ambient lights, 50W wireless charging for mobile phones, a voice AI assistant, mobile phone remote control နဲ့ two driver headrest speakers, an independent amplifier, and an external speaker အစရှိတာတွေပါဝင်တဲ့ speakers အခု ၂၀ ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဒါ့အပြင် 5℃ to 50℃ temperature range smart refrigerator လည်းပါဝင်ပြီး 15.6-inch rear entertainment screen ကိုလည်း Optional အဖြစ်ရွေးချယ်နိုင်ပါသေးတယ်။

powertrain parameters တွေအပိုင်းမှာလည်း six-seater version အတိုင်းပဲ ဆက်လက်ထည့်သွင်းပေးထားပြီး five-seater EREV variant မှာလည်း maximum power 108 kW (145 hp), peak torque 210 Nm နဲ့အတူ 1.5T four-cylinder range extender ကို ထည့်သွင်းပေးထားပါတယ်။

EV variant မှာတော့ EREV variant မှာ အသုံးပြုထားတဲ့ rear electric motor ကို အသုံးပြုထားတာဖြစ်ပြီး 82.28 kWh lithium iron phosphate battery pack ကို တွဲဖက်ထည့်သွင်းပေးထားပါတယ်။ CLTC cruising range အပိုင်းမှာတော့ 636 km အထိမောင်းနှင်နိုင်မှာဖြစ်ပြီး အားသွင်းစနစ်အတွက်လည်း 30% to 80% ကို fast charging နဲ့ဆိုရင် ၂၈မိနစ်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။

Dongfeng ရဲ့ EV ကားတွေက မြန်မာနိုင်ငံမှာလည်း တင်သွင်းရောင်းချနေတာဖြစ်ပြီး Dongfeng ရဲ့ eπ 008 five-seater SUV Version ကားသစ်ကိုလည်း မကြာခင် မြန်မာနိုင်ငံမှာတွေ့မြင်ရတော့မလားဆိုတာ မိတ်ဆွေတို့ရဲ့ အမြင်ကိုလည်း မျှဝေပေးခဲ့ပါဦး။

image
image
image
image
image