Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အကူလူ
.............
ထွန်းထွန်းမင်နဲ့ ဒေ့ဗ် ဒုတိယပွဲ ထိုးခဲ့စဥ်က တတိယအချီမှာ ထွန်းထွန်းမင်းရဲ့ ခြေကန်ချက်ကို ဒေ့ဗ်က ဖမ်းဆွဲလိုက်တဲ့အတွက် ထွန်းထွန်းမင်း ခြေဒဏ်ရာ ရသွားပြီး ၂ မိနစ် အနားတောင်းလိုက်ရပါတယ်။
ဒဏ်ရာ ရသွားတဲ့ အနေအထားက ခြေနည်းနည်းပါးပါးနာသွားတာလား၊ ဒူးအရွတ်ထိသွားတာလား၊ ဒဏ်ရာ ပြင်းထန်လား၊ အရိုးကျိုးသွားတာလား စတာတွေကို ကစားသမားကလည်း သွေးပူနေသေးတဲ့ ကြိုးဝိုင်းပေါ်မှာ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ဖို့ဆိုတာ မလွယ်လှပါဘူး။
ဒါပေမယ့် ထွန်းထွန်းမင်းရဲ့ အကူလူအဖွဲ့က ခပ်ပါးပါး ဒဏ်ရာ ရသွားတာပဲလို့ ဆုံးဖြတ်လိုက်ပုံ ရသလို ကိုယ့်ဖိုက်တာကို နိုင်စေချင်တဲ့ စေတနာ အရင်းခံလည်းရှိနေတော့.. ထွန်းထွန်းမင်း ဒူးနာနေတဲ့ ခြေထောက်ကို အားနဲ့ အတင်းဆွဲခါပြီး ပြန်သက်သာအောင်လုပ်ပေးခဲ့ကြတယ်။ ပြီးတာနဲ့ ဆွဲထူပြီး ကြိုးဝိုင်းထောင့်ကို ခေါ်သွားကြတယ်။
ကြိုးဝိုင်းထောင့်မှာ ထွန်းထွန်းမင်းက ထိုင်လိုက်တော့ ခုံနဲ့ လူ တခြားစီ ဖြစ်ပြီး လက်နှစ်ဖက်က ကြိုးတန်းမှာ တန်းလန်းကြီး၊ ခြေထောက်က အကူလူတွေ လက်ထဲမှာ တန်းလန်းကြီး .. ဆိုတော့ သူ့ရဲ body weight ကို ဒဏ်ရာ ရနေတဲ့ ဒူးက ခံဆောင်ထားရသလို ဖြစ်သွားတယ်။
ဒီပွဲမှာ ဆက်ထိုးရင်း ထွန်းထွန်းမင်း ခြေထောက်လို့ မရတော့ပဲ ရှုံးခဲ့ပါတယ်။ ဒီပွဲက ရတဲ့ပြင်းထန်တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် နောက်ပိုင်းမှာ ထွန်းထွန်းမင်းဟာ သူ့ရဲ့ prime time ကို ဘယ်တော့မှ ပြန်မရတောပါဘူး။
စာရေးသူ တွေးမိတာ က အဲ့ဒီအချိန်ကသာ ပွဲကို ချက်ချင်းရပ်၊ ထွန်းထွန်မင်းရဲ့ ဒူးကို အထိအခိုက် အနည်းဆုံးဖြစ်ပြီး လှုပ်မရအောင် အကာကွယ်တွေနဲ့သေချာ စည်းနှောင်ပြီး ဆေးရုံကို ခေါ်သွားနိုင်ရင်၊ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေက သေချာစစ်ဆေးပြီး စနစ်တကျ ကုသမှုကို ခံယူလိုက်နိုင်ရင် ထွန်းထွန်းမင်းရဲ့ ခြေဟာ ပြန်ကောင်းလာနိုင်မယ့်အလားအလာ အများကြီး ရှိနိုင်တယ်၊ သေချာတာကတော့ ခုလက်ရှိ အခြေနေထက်တော့ပိုကောင်းမှာပါ။ ဒါဆိုရင် မြန်မာ့လက်ဝှေ့ရဲ့ ကျောက်ကောင်းတစ်ပွင့်ဟာ စောစောစီးစီး အရည်အသွေးကျသွားမှာလဲ မဟုတ်ပါဘူး။
....
လက်ဝှေ့ပွဲတွေမှာ ကြိုးဝိုင်းဘေးက နည်းပြအဖွဲ့နဲ့ အကူလူအဖွဲ့ကလည်း အင်မတန် အရေးကြီးပါတယ်။ ကိုယ့်ဖိုက်တာ တော်ရုံ ပြင်ပဒဏ်ရာ ရသွားတာမျိုးလောက်ကတော့ အကူလူအဖွဲ့က ကြက်ကုကုပေးလိုက်ရင် ချက်ချင်းလိုလို သက်သာသွားတယ်၊ တစ်ချီပြီးလို့ နားနေချိန် မောပန်းပြီး သက်လုံ ကျနေတဲ့ ဖိုက်တာတောင်မှ အကူအဖွဲ့ရဲ့ ပြုစုမှုကြောင့် ပြန်လည် လန်းဆန်းသွားတတ်ပါတယ်.။
သို့သော်.လည်း.. အကူအဖွဲ့အနေနဲ့ ကစားသမားရဲ့ ဒဏ်ရာ အတိမ်အနက်ကို မှန်ကန်စွာ ဆုံးဖြတ်ပြီး ဒဏ်ရာ ပြင်းတယ်လို့ ယူဆရင် ပွဲရပ်သင့်ရင် ချက်ချင်း ရပ်ပြီး ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေဆီမှာ ကုသမှုကို ခံယူနိုင်ဖို့ စီစဥ်ပေးဖို့လည်း လိုပါမယ်။
ဖိုက်တာရော နည်းပြနဲ့ အကူလူအဖွဲ့ကပါ ထိုးသမျှပွဲတိုင်းကို ဘယ်ရှုံးချင်ပါ့မလဲ၊ ဘယ်အရှုံးပေးချင်ပါ့မလဲ. ဒါပေမယ့် တဖက်မှာလည်း ကစားသမားရဲ့ ရေရှည်ကောင်းကျိုးအတွက် အထိခိုက်အနာတရ အနည်းဆုံး ဖြစ်ဖို့လည်း လိုတာပါ။
ပွဲတစ်ပွဲမှာဆိုရင် ကစားသမားက သတိလစ်လုနီးပါး ဖြစ်နေပြီး ခေါင်းကြီးစိုက်၊ ခြေတွေလက်တွေ ပျော့ခွေနေပြီ၊ ဒါကို အကူအဖွဲ့က ဂျိုင်းကနေ ကိုင်မြှောက်ပြီး ကြိုးဝိုင်းထဲကို အတင်းပြန်တွန်းလွှတ်နေတာလည်း တွေ့ဖူးပါတယ်။
..
စိုးနေ့သစ်
စိတ်ချမ်းသာစေချင်တယ်
ပျော်ရွှင်စေချင်တယ်
ပြီးတော့ နွေးထွေးစေချင်တယ်
ငါ့ကိုယ်ငါဆို ဖြစ်သလိုပါပဲ ဒါပေမယ့် မင်းကိုတော့ ကောင်းတာလေးတွေပဲ ရစေချင်တယ်။
#1918a
တနင်္လာည နေးရှင်းလိဂ် အုပ်စုပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်
ဂျော်ဂျီယာ နှင့် အယ်ဘေးနီးယား(ည ၁၀း၃၀)
ပြီးခဲ့တဲ့သောကြာက ယူကရိန်းကို ရှုံးခဲ့ပေမယ့် ဂျော်ဂျီယာဟာ အုပ်စုအမှတ်ပေးဇယားကို ပူးတွဲဦးဆောင်နိုင်နေဆဲပါပဲ။သူတို့ဟာ ပြိုင်ပွဲအသွင် နောက်ဆုံးအိမ်ကွင်း ၅ ပွဲစလုံးမှာလည်းမရှုံးခဲ့ဘဲ ၃ ပွဲ နိုင်ထားပါတယ်။ ၃ မှတ်သာရသေးတဲ အယ်ဘေးနီးယားကတော့ အဝေးကွင်းခြေမမှန်သလိုပထမအကျော့အိမ်ကွင်းမှာကတည်းက ဂျော်ဂျီယာကို ရှုံးထားတာပါ။ =၉၀ ပေါက်တဲ့ ဂျော်ဂျီယာ ပြန်ရုန်းထနိုင်လိမ့်မယ်။
အဇာဘိုင်ဂျန် နှင့် ဆလိုဗက်ကီးယား(ည ၁၀း၃၀)
အခုချိန်ထိ တစ်မှတ်မှ မရသေးဘဲ အုပ်စုဇယားအောက်ခြေရောက်နေတဲ့အဇာဘိုင်ဂျန်ဟာ အိမ်ဖြည့်အဆင့်ပါ။ဆလိုဗက်ကီးယားကတော့ ၃ ပွဲကန် ၇ မှတ်နဲ့ အုပ်စုအမှတ်ပေးဇယားကိုပူးတွဲဦးဆောင်နေပါတယ်။ ဆလိုဗက်ကီးယားဟာ ပြိုင်ပွဲအသွင်နောက် ဆုံးအဝေးကွင်း ၆ ပွဲမှာလည်း၄ ပွဲ နိုင်ထားတာပါ။ ၁+၅၀ ပေါက်တဲ့ ဧည့်သည်ပရိသတ်ပဲ လုပ်ချင်ပါတယ်။
ဘယ်လ်ဂျီယံ နှင့် ပြင်သစ်(ည ၁း၁၅)
ဒီဘရိုင်းတို့လို အဓိကကစားသမားတွေမပါဘဲ လူမစုံဖြစ်နေပေမယ့် ဘယ်လ်ဂျီယံဟာ ပြီးခဲ့တဲ့သောကြာက အဝေးကွင်းမှာ အီတလီကို၂-၂ သရေကန်နိုင်ခဲ့ပါတယ်။ ပြင်သစ်ကလည်း အမ်ဘက်ပီ မပါပေမယ့် ပြီးခဲ့တဲ့သောကြာမှာ အစ္စရေးကိုအဝေးကွင်းဂိုးပြတ်ထားတာပါ။ ဆိုတော့ လက်ရှိအချိန်မှာ နှစ်သင်းစလုံးက ဂိုးသွင်းအားရှိနေကြတယ်။ဂိုးပေါင်းဈေး ၂-၁၀၀ ရှိသလို ဘော်ဒီထက် ဂိုးပေါ် ပိုကောင်းမှာပါ။
အီတလီ နှင့် အစ္စရေး(ည ၁း၁၅)
ပြီးခဲ့တဲ့သောကြာက အိမ်ကွင်းမှာ ဘယ်လ်ဂျီယံကို သရေကျခဲ့လို့ အီတလီရဲ့အုပ်စုတွင်းရာနှုန်းပြည့်အနိုင်ဟာ အဆုံးသတ်ခဲ့ရပါတယ်။ဒါပေမဲ့ အီတလီဟာ အုပ်စုတွင်း ၃ ပွဲစလုံးမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်း
သွင်းနိုင်ခဲ့တာပါ။ အစ္စရေးကတော့ တစ်မှတ်မှ မရသေးသလို အုပ်စု ၃ ပွဲမှာ ၉ ဂိုးတောင်ခွင့်ပြုထားရပါတယ်။၂+၂၀ ပေါက်တဲ့ အီတလီ အနိမ့်ဆုံး ၂ ဂိုးပြတ်မှာပါ။
ဘော့စနီးယား နှင့် ဟန်ဂေရီ(ည ၁း၁၅)
ဘော့စနီးယားက ဇယားအောက်ခြေဆိုပေမယ့် သူတို့ကွင်းမှာဆိုလျှော့တွက်မရပါဘူး။ ဒီဇက်ကိုတို့အသင်းဟာ ပြီးခဲ့တဲ့သောကြာက အသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျာမနီကို အိမ်ကွင်းမှာ အပြန်အလှန်ဂိုးတွေနဲ့ ကပ်ရှုံးခဲ့တာပါ။ဟန်ဂေရီကတော့ ၂ မှတ်သာရသေးသလို အဝေးကွင်းဆို ရလဒ်မကောင်းတာများပါတယ်။ ဟန်ဂေရီ =၇၀ ဆိုပေမယ့်သရေရနိုင်တဲ့ အိမ်ရှင်နဲ့ပဲစွန့်စားရမှာပါ။
ဂျာမနီ နှင့် နယ်သာလန်(ည ၁း၁၅)
ဂျာမနီဟာ အုပ်စုအမှတ်ပေးဇယားကို ၂ မှတ်ဖြတ်ဦးဆောင်နေပါတယ်။ နယ်သာလန်ကတော့ ပြီးခဲ့တဲ့သောကြာက အဝေးကွင်းမှာ ဟန်ဂေရီကိုသရေသာ ကန်နိုင်ခဲ့သလို အဲဒီပွဲက အနီကတ်ကြောင့် ကပ္ပတိန်ဗီဒစ်ဂျ်လည်းအခုပွဲ ပါနိုင်မှာ မဟုတ်ပါဘူး။ ဂျာမနီဟာ အခုနှစ်အစောပိုင်းက ခြေစမ်းပွဲမှာ နယ်သာလန်ကို နိုင်ထားသလိုနေးရှင်းလိဂ်က ပထမအကျော့အဝေးကွင်းတွေ့ဆုံမှုမှာလည်း မရှုံးခဲ့ပါဘူး။ဒါကြောင့် ၁+၇၀ ပေါက်တဲ့ အိမ်ရှင်အရိပ်အောက်သာ ခိုလှုံချင်တယ်။
ယူကရိန်း နှင့် ချက်(ည ၁း၁၅)
ယူကရိန်းရော ချက်ပါ ပြီးခဲ့တဲ့သောကြာက နိုင်ပွဲကိုယ်စီရခဲ့ကြတယ်။ ယူကရိန်းဟာ ကြားကွင်းကန်နေရတယ်ဆိုပေမယ့် ဂျော်ဂျီယာလို အသင်းကောင်းကို အနိုင်ရခဲ့တာပါ။ချက်ကတော့ သူတို့အိမ်ကွင်းမဟုတ်ရင် စိတ်ချရတဲ့အသင်းမျိုး မဟုတ်ပါဘူး။ဒဲ့ပေါက်တဲ့ပွဲမှာ ယူကရိန်းပဲ စဉ်းစားချင်တယ်။
အက်စ်တိုးနီးယား နှင့် ဆွီဒင်(ည ၁း၁၅)
အက်စ်တိုးနီးယားဟာ ပြီးခဲ့တဲ့သောကြာက အုပ်စုတွင်း သူတို့ရဲ့ပထမဆုံးနိုင်ပွဲကို စရခဲ့တယ်ဆိုပေမယ့် ပြိုင်ဘက်က အဇာဘိုင်ဂျန်မို့ပါ။အဲဒီမတိုင်ခင် ဆွီဒင်နဲ့အဝေးကွင်းမှာတော့ ၃-၀ နဲ့ အက်စ်တိုးနီးယားရှုံးထားပါတယ်။ ဆွီဒင်ကတော့ အုပ်စုတွင်းမှာ ပွဲတိုင်းကို အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်နေတာပါ။၂+၆၀ ပေါက်တဲ့ ဆွီဒင် အနိမ့်ဆုံး ၂ ဂိုးပြတ်ပါလိမ့်မယ်။
အိုက်စလန် နှင့် တူရကီ(ည ၁း၁၅)
၄ မှတ်နဲ့ အုပ်စုတတိယနေရာ ရောက်နေပေမယ့် အိုက်စလန်ဟာအိမ်ကွင်းမာတဲ့အသင်းပါ။ ပြီးခဲ့တဲ့သော ကြာကနိုင်ပွဲနဲ့အတူ တူရကီကတော့ အုပ်စုအမှတ်ပေးဇယားကို၂ မှတ်ဖြတ်ဦးဆောင်နေပါတယ်။ ဒါပေမဲ့ တူရကီဟာ အဝေးကွင်းဆို ယုံကြည်ရတဲ့အသင်းမျိုး မဟုတ်ပါဘူး။သရေကျဖို့ များတဲ့ပွဲမို့ တူရကီ ၁+၇၀ ပေါက်တဲ့ပွဲမှာ အိမ်ရှင်နဲပဲစွန့်စားချင်ပါတယ်။
ဝေးလ် နှင့် မွန်တီနီဂရိုး(ည ၁း၁၅)
အုပ်စုဒုတိယနေရာက ဝေးလ်မှာ တန်းတက်နိုင်မယ့်အခွင့်အရေးရှိပါသေးတယ်။ အခုချိန်ထိ တစ်မှတ်မှ မရသေးတဲ့ မွန်တီနီဂရိုးကတော့ အမှတ်အလှူပေးနေတဲ့အသင်းပါ။ ဒါ့အပြင် မွန်တီနီဂရိုးဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၅ ပွဲဆက်လည်းရှုံးထားပါတယ်။ ၁+၃၀ ပေါက်တဲ့ ဝေးလ် ဂိုးပြတ်၊ မပြတ်ကိုသာ ကြည့်ရမယ်။
---------------------------------------------------------