"ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်"
ပထမဆုံး "ခံစားလွယ်တတ်သူများ ၊အလွမ်းဓာတ်ခံရှိသူများ မဖတ်ရ"လို့တောင် ပြောချင်မိတယ်...
စာအုပ်တစ်အုပ်လုံးမှာ အညာဒေသရဲ့ ချစ်စရာဟန်ပန်တွေ ပျော်ရွှင်ကြည်နူးစရာတွေနဲ့ လွမ်းမောစရာတွေ
ပြည့်နေလိုက်တာ...ဘယ်နှစ်ကြိမ်ပြန်ဖတ်ဖတ် ရိုးသွားနိုင်ဖွယ် မရှိဘူး...
ဇာတ်လမ်း စစချင်းမှာ အညာဒေသရဲ့ မိရိုးဖလား ကိုးကွယ်ယုံကြည်မှု နတ်ပွဲသွားတဲ့ အကြောင်းကိုအခြေခံထားပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ပါဝင်လာခဲ့တယ်...အဓိက ဇာတ်ကောင် ၂ယောက်က ကိုကျီးညိုနဲ့ ခင်နှောင်း တဲ့...
ဆရာမ ခင်ခင်ထူးရဲ့ ပြောင်မြောက်တဲ့ ရေးသားချက်တွေကြောင့် ကိုယ်တိုင် ဇာတ်လမ်းထဲရောက်နေသလိုပါပဲ...ဇာတ်ရှိန်မြင့်လာလေ ဆရာမက ကိုကျီးညိုအပေါ်သိပ်ရက်စက်တာပဲ လို့တောင်မြင်မိတယ်...
အခန်း ၁၀ နောက်ပိုင်းက စလို့ မျက်ရည်မခိုင်တော့ဘူး..
ဇာတ်ကားပြန်ရိုက်မယ်လို့လည်း ကြားထားရတယ်
ကိုကျီးညိုနေရာနဲ့ လိုက်မယ့် မင်းသားကို ခုထိ ပုံဖော်လို့မရဘူး....ပြန်လည်းမရိုက်စေချင်တာအမှန်ပဲ😇
