Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တချို့လူတွေအတွက်
ကျွန်တော်တို့ဟာ ...
သစ်ကိုင်းလေး ဖြစ်ခဲ့ဖူးတယ် ...
အတောင်းညောင်းလို့ ခဏလာနားတဲ့ငှက်ကို
တွယ်တာမိသွားတဲ့
သစ်ကိုင်းလေးပေါ့ ...
မိုးများစိုနေမလားဆိုပြီး
ကိုယ့်မရှိရှိတာလေးနဲ့
မိုးပေးချင်ခဲ့ဖူးတဲ့ လူတွေလေ
အဆင်ပြေရဲ့လားဆိုတဲ့အတွေးနဲ့
အမြဲ ပြေးကြည့်ခဲ့ဖူးတဲ့
လူတွေ ...
အရင်လူ ပြန်လာရင်
အရင်နေရာမှာ
ကျွန်တော်တို့က
တစ်ယောက်တည်း ကျန်ခဲ့ရဦးမှာ
ပြီးတော့ ...
တစ်ယောက်တည်း
ဘယ်သူမှ မသိအောင် နာကျင်ကြရဦးမှာ
ဒီ သစ်ကိုင်းလေး အဖြစ်တွေက လွတ်စေချင်ပြီ ...
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)
ဆရာမဂျူးက ပြောတယ်
နှလုံးသားကလက်ခံရင်
မပိုင်ဆိုင်ရလဲ ချစ်တာပါပဲတဲ့...
အချစ်ဆိုတာ
အနားမှာရှိနေပေးမှရယ်လို့မဟုတ်ပါဘူး
ကိုယ် မြတ်နိုးနေသရွေ့ချစ်လို့ရတယ်တဲ့။
#အဓိပတိလမ်းမထက်ကမောင့်ခြေရာ
အနာဂတ်အကြောင်းတွေ ရည်မှန်းချက်အကြောင်းတွေ
လူစုံတုန်း ပြောကြတဲ့အခါ
တိတ်တိတ်လေး ခေါင်းငုံ့လှည့်ထွက်ခဲ့ရတဲ့
၂၁ ရာစုလူငယ်တစ်ယောက်ပါ
မပြီးဆုံးသေးတဲ့ ပညာရေးရယ်
ခေတ်ပျက် စနစ်ပျက်တွေ ကြားထဲ
မိသားစုအတွက် အိပ်မက်တွေကို
ငွေကြေးအောက်မှာ အရည်ဖျော်လိုက်ရတဲ့
ဘဝထဲက လူငယ်ပေါ့ ။
#နေညိုရောင်ခြည်
ကိုယ်မရှိလည်းဖြစ်တဲ့ လူတစ်ယောက်ကို
သူမရှိရင် မဖြစ်တဲ့အကြောင်းတွေ
သွားပြောနေသမျှတော့
မင်းဟာ တန်ဖိုးကျနေဦးမှာဖြစ်သလို
တစ်ဖက်လူရဲ့ စွန့်ပစ်ခြင်းကိုလည်း
ခံရဦးမှာဖြစ်တယ် "
#လွမ်းနောင်အိမ်