သားအမိ နှစ်ဦး ရေထိန်းတံခါးအနီး ရေဆင်းကူးရာက ရေစီးနဲ့မြောပါပြီး သမီးဖြစ်သူ မိန်းကလေးငယ် ရေနစ်သေဆုံးမှု အုတ်တွင်းမှာ ဖြစ်ပွား

ဖေဖော်ဝါရီ ၂၇

သားအမိနှစ်ဦး ရေထိန်းတံခါးအနီး ရေဆင်းချိုးရာက သမီးဖြစ်သူ ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းနတ်စင်ကုန်း တိုးဂိတ်အနီး OK ဆီပန့်အ‌နောက်ဘက်ရှိ ရိုးလေးချောင်းရေထိန်းတံခါးအနီးမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ‌ညနေ လေးနာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ရေနစ်‌သေဆုံးသူ မိန်းကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ် မအေးမြတ်သူလို့ သိရပြီး မိခင်နဲ့အတူ ရေစီးနဲ့ မြောသွားတာကို ဘဲကျောင်းသားက တွေ့မြင်ကာ အမေလက်ကို ဆွဲယူ ကယ်ဆယ်ပြီး ကမ်းအနီးကပ်လာနိုင်ခဲ့ပေမယ့် ကမ်းအနီးရောက်ခါနီးမှ အမေဖြစ်သူက ဆွဲထားတဲ့ မအေးမြတ်သူမှာ မိခင်လက်က လွတ်ထွက် မြောပါသွားတာလို့ သိရပါတယ်။ အဆိုပါနေရာမှာ ရေစီးအနည်းငယ်သန်သလို အများအားဖြင့် ရေဆင်းချိုးကြတာမျိုးမရှိဘူးလို့လည်း ဒေသခံတချို့ရဲ့ပြောစကားအရ သိရပါတယ်။

ရေနစ်‌တဲ့ ဖြစ်စဉ်နေရာကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Save The Trees Rescue Team နဲ့ နန်းတော်ဦးပရဟိတအသင်းတို့က ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်အချိန်မှာ ‌ရေနစ်မြောပါပျောက်ဆုံးခဲ့သူ မိန်းကလေးရဲ့ရုပ်အလောင်းကို နစ်တဲ့နေရာနဲ့ ပေ ၆၀ ကျော် အကွာမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို ‌လူမှုကူညီရေးအသင်းပိုင်မော်တော်ယာဉ်နဲ့ အုတ်တွင်းဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
8 w - Translate

February 28ရက်နေ့ကျ Ruby Skin အသစ်လေး Dazzling Golden Spin Event ကနေ FREE ပေးမှာနော် 😍

Skin 2 ခုရှိတဲ့ထဲက ကိုယ်ကြိုက်တဲ့ Skin တစ်ခုကို ရွေးယူလို့ရပါမယ် ❤️

image
8 w - Translate

March 11 မှာ Promo Diamond ပြန်လာမယ်နော်

image
8 w - Translate

တစ်ယောက်ယောက်
လာရှာမယ် အထင်နဲ့ ကျွန်တော်
ပုန်းနေခဲ့ဖူးပါတယ်---"
#ဂန္ဓမာ

ရှာတဲ့သူမရှိရင်
ပုန်းရတာနာသကွဲ့---"

#မြို့မငြိမ်း

image
8 w - Translate

ငါတို့ရှိနေခဲ့တဲ့နေရာမှာ
တခြားလူတွေ ရောက်ရှိလာဦးမှာပါ
အဲ့လူတွေက ငါတို့
ရှိခဲ့မှန်းတောင် သူတို့မသိဘဲပေါ့ ။
#ဂန္ဓမာ
#ကမ္ဘာဦးအစ

image
8 w - Translate

Selena Zenith Skin Event လေးက March 10 မှာလာပါမယ် 💥

ဒီ Event ကို Promo Diamond သုံးပြီးလှည့်ချင်လည်းရပါတယ် 😍

Promo Dia နဲ့ဆိုတစ်ကြိမ်ချင်းပဲလှည့်လို့ရပါမယ် 10 ကြိမ်တစ်ခါတည်းလှည့်မရပါဘူးနော် ❤

image

ရုရှားကို မြောက်ကိုရီးယားတပ်တွေ ထပ်မံစေလွှတ်ထားကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး ပြော

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇

ရုရှားကို မြောက်ကိုရီးယားတပ်တွေ ထပ်မံစေလွှတ်ထားပြီး အတိုင်းအတာဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

နောက်ထပ်ပို့တဲ့ တပ်တွေကို ရုရှားကာ့စ်ဒေသမှာ တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။ ရုရှားအနောက်ပိုင်း အဲဒိဒေသမှာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေနဲ့ ရုရှားတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တသောင်းကျော်ကို ယခင်ကလည်း ရုရှားကို စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးက ပြောဆိုထားပါတယ်။ အနောက်နိုင်ငံကျွမ်းကျင်သူတွေကတော့ ရုရှားဟာ မြောက်ကိုရီးယားရဲ့ လက်နက်တွေကိုလည်း အသုံးပြုနေတယ်လို့ ဆိုကြပါတယ်။

ယခင်စေလွှတ်လိုက်တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုများခဲ့ပြီးနောက် ကာ့စ်ဒေသကနေ ရုပ်သိမ်းမှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း တခြားထိခိုက်မှု အနည်းဆုံးပုံစံနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို စစ်မြေပြင်မှာ ရုရှားက ပြန်လည်အသုံးပြုလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

ရုရှားအတွက် လက်နက်တွေပံ့ပိုးပေးနေတယ်ဆိုတာကိုတော့ မြောက်ကိုရီးယားက ဝန်ခံခြင်းမရှိပါဘူး လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ရုရှားနဲ့ အမေရိကန်ထိပ်တန်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Ref:CNA
Photo:AP

#centralnewsnaypyitaw

image
8 w - Translate

စွန့်လွှတ်ရခြင်းတွေမှာ ကျွန်တော်ပင်ပန်းလာပြီ ။
ဒီနှစ်တွေမှာ အဆင်မပြေတာတွေများတယ် ။ဘယ်တော့မှ ထွက်မသွားပါဘူးဆိုတဲ့ လူတစ်ယောက်က ကျွန်တော့်ဘေးနားက ထွက်ခွာသွားခဲ့ပြီဖြစ်သလို ကိုယ်အမြတ်နိုးဆုံးဆိုတဲ့ အရာတွေ အများကြီးကိုလဲ ဆုံးရှုံးခဲ့ရပြီးပြီလေ ။ ဘယ်သူမှ မသိအောင် မြိုသိပ်ထားရင်း နေခဲ့မိတာ တကယ်တမ်းကျတေုာ့ အဆင်တော့ သိပ်မပြေလှဘူး ။ ပြီးတော့ ကျွန်တော် စွန့်လွှတ်ရခြင်းတွေကို တဖြေးဖြေး မုန်းလာမိပြီ ။
တစ်ခါလောက်တော့ ... ကျွန်တော်ပိုင်ဆိုင်ချင်ခဲ့ဖူးတဲ့ အရာတွေကို ပိုင်ဆိုင်ချင်ဖူးတယ် ။ ဒါမှမဟုတ် မဆုံးရှုံးပဲ နေချင်ခဲ့ဖူးတယ် ။ မေတ္တာတွေများသွားရင် ဆုံးရှုံးသွားရတတ်မှန်း ကျွန်တော် အရင်က မသိတတ်ခဲ့ဘူး ။ သေသေချာချာ ဂရုစိုက်တယ် ပြီးတော့ သေသေချာချာ ပြုစုယုယခဲ့ဖူးတယ် ။ အစစအရာရာမှာ တန်ဖိုးထားဖြစ်ခဲ့သလို နေရာတကာမှာ အရာရာကို စိတ်နှစ်ကိုယ်နှစ်ခဲ့ဖူးတယ်လေ ။
ကျွန်တော် အမြတ်နိုးဆုံးအရာတွေကို တကယ်ပဲ ဆုံးရှုံးခဲ့ဖူးပါတယ် ။ အများကြီးမျှော်လင့်ထားခဲ့မိတာ ပြီးတော့ အများကြီး ပင်ပန်းထားခဲ့ရတာ ... ပြီးတော့ သေချာလေး ဂရုစိုက်ပေးခဲ့တာ ဒါပေမယ့် နောက်ဆုံးကျရင် ကိုယ်နဲ့ ဘာမှ မသက်ဆိုင်တော့သလိုမျိုး ကျွန်တော်က ကျန်ခဲ့ရတာပဲများတယ် ။ ဘာကြောင့်လဲဆိုတဲ့ အဖြေတွေ ရှာမရခဲ့သလို ဘာကြောင့်လဲဆိုပြီးလဲ မတွေးတတ်ခဲ့ဘူး ကျွန်တော်ဟာ ကွက်လပ်လေးတိုင်းကို လိုက်ဖြည့်ရသူသက်သက်လားလို့ တွေးမိတယ် ။ ဒါပေမယ့် အမြတ်နိုးဆုံးဆိုတဲ့ အရာတွေကိုလဲ ကျွန်တော်လဲ ပိုင်ဆိုင်ချင်ဖူးပါတယ် ။
ကျွန်တော် ... စွန့်လွှတ်ရခြင်းတွေကို အရမ်းပဲ မုန်းလာမိပြီ ။ ကျွန်တော် စွန့်လွှတ်ရခြင်းတွေမှာ တကယ်ပဲ ပင်ပန်းနေပြီ ပြီးတော့ ကျွန်တော် မြတ်နိုးပါတယ်ဆိုတဲ့ အရာကို တစ်ကြိမ်တစ်ခါလောက်ပဲ ဖြစ်ဖြစ် ပိုင်ဆိုင်ချင်ဖူးပြီ ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

image

ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်)

ချက်နည်း .........

ငါးကွန်းရှပ်ခြောက်လေးကို သေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး ရေစိမ်ထားပါ ......

ခရမ်းသီးသေးသေးလေးကို အစိပ်လေးတွေ စိပ်ပေးပြီး ချက်မယ့်အိုးထဲ ထည့်ပေးပါ ..... ငါးကွန်းရှပ်ခြောက်ကို ထည့်ပေးပါ ..... ပြီးရင်တော့ ငရုတ်သီးစိမ်းနည်းနည်း (မိမိကြိုက်သလောက်) ညှပ်ထည့်ပေးပါ ...... စိမ်းစားငပိ အနည်းငယ်ထည့်ပေးပါ ...... ဆားနဲ့ ၊ ဟင်းခပ်မှုန့် (အချိုမှုန့်) အနည်းငယ်ထည့်ပေးပါ ...... ဆီနည်းနည်းထည့်ပါ (ဆီမထည့်ဘဲလည်း ချက်တတ်ကြပါတယ်) ...... ရေကို လိုသလောက်လေး ချိန်ဆထည့်ပေးပါ ......

ပြီးရင်တော့ အဖုံးလေးဖုံးပြီး မီးဖိုပေါ်တင်ချက်ပေးရုံပါပဲ ...... ဟင်းအိုးဆူပြီး အရည်လေးခမ်းလာပြီဆိုရင် အပေါ့ ၊ အငံမြည်းပေးပါ ....... မိမိကြိုက်နှစ်သက်သလို အရသာလေးရပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပြီး အဖုံးလေးဖုံးထားပေးပါ ...... ခဏလေးကြာရင်တော့ နံနံပင်နံ့ စိမ်းစားငပိနံ့လေးနဲ့ ခရမ်းသီးရဲ့ အချိုအရသာ ၊ ငါးကွန်းရှပ်ရဲ့ အချိုအရသာတွေနဲ့ လယ်ချက် စပ်စပ်လေးဟင်းတစ်ခွက်ကို ရပါပြီရှင် ..............

ရခိုင်ရိုးရာဟင်းတွေက ရခိုင်ဒေသထွက် ငပိတွေကို အဓိကသုံး ချက်တတ်ပါတယ် ...... ရခိုင်ဒေသဟာ ငါးပေါတဲ့အတွက် ငပိကောင်းကောင်းကို သဘာဝစစ်စစ်ရနိုင်ပါတယ် ...... ရခိုင်တွေက ဆီနဲ့ ဟင်းချိုမှုန့်ကို အသုံးနည်းပါတယ် ....... ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားကြတဲ့ လူတွေပီပီ အရင်တုန်းက ဟင်းချိုမှုန့် နေရာမှာ ပုစွန်နဲ့ ငါးအနှစ်တွေကို အဓိက သုံးတတ်တဲ့ လူမျိုးပါ ...... အခုနောက်ပိုင်းမှ ပုစွန်တွေ နိုင်ငံခြားရောက်ရောက်သွားလို့ ဟင်းခတ်အနေနဲ့ မသုံးနိုင်ကြတော့တာပါ ......

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ... 🙂

Credit : Yadana Moe

image

27.2.2025
အခေါက်ရွှေ
ရောင်းဈေး ၆၇ဝဝဝဝဝ ကျပ်
၁၅ပဲရည် ၆၃ဝဝဝဝဝ ကျပ်

(ရွှေဈေးနှုန်းများ အချိန်၊နေရာပေါ်မူတည်ပြီး ပြောင်းလဲနိုင်သည်။)

နိုင်ငံခြားငွေလဲလှယ်နှုန်း

အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး ... - ၄၄၀၀ ကျပ်

စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ကျပ်
ဝယ်ဈေး ... - ၃၃၀၀ ကျပ်

ယူရို
ရောင်းဈေး - ၄၆၉၀ ကျပ်
ဝယ်ဈေး - ၄၅၉၅ ကျပ်

ထိုင်းဘတ်
ရောင်းဈေး - ၁၃၂ ကျပ်
ဝယ်ဈေး - ၁၂၉ ကျပ်

မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ကျပ်
ဝယ်ဈေး - ၁ဝဝ၅ ကျပ်

တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ကျပ်
ဝယ်ဈေး - ၆၀၄ကျပ်

ဂျပန်ယန်း
ရောင်းဈေး - ၂၉.၉၉ ကျပ်
ဝယ်ဈေး ... - ၂၉ ကျပ်

အိန္ဒိယရူပီး
ရောင်းဈေး - ၅၁ကျပ်
ဝယ်ဈေး ... - ၅ဝ ကျပ်
ကိုရီးယားဝမ်

ရောင်းဈေး - ၃.၁၁ကျပ်
ဝယ်ဈေး ... - ၃.၀၅ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
#ရွှေဈေး #နိုင်ငံခြားငွေလဲလှယ်နှုန်း #crd

image