Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒေါပုံမှာ အမျိုးသမီးတစ်ဦး အဝတ်လှန်းရင်း ခြေချော်ကာ အထပ်မြင့်တိုက် ငါးလွှာကနေ ပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာရ
ဖေဖော်ဝါရီ ၂၇
အဝတ်ထွက်လှန်းရင်း အထပ်မြင့်တိုက် ငါးထပ်အမြင့်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျကာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၇ နာရီခန့်အချိန်က ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မြို့မလမ်း၊ ယမုံနာ (၁)ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ အောင်ရဲသူ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ပြုတ်ကျသူ အမျိုးသမီးမှာ အသက် ၃၂ အရွယ် ဖြစ်ပြီး တိုက်နောက်ဖေးလှေကားမှာ အဝတ်ထွက်လှမ်းရာက မတော်တဆ ခြေချော်ကာ အရှိန်လွန်ပြုတ်ကျတာဖြစ်ပြီး ပြုတ်ကျတဲ့အရှိန်ကြောင့် အောက်မေးရိုးကျိုး၊ အောက်သွားများကျိုးတဲ့ဒဏ်ရာ၊ ဝဲ ယာ နံရိုးကျိုးဒဏ်ရာ၊ ဦးခေါင်း အရေပြား မကွဲပေမယ့် ဦးခေါင်းခွံပျော့ပြီး ဖူးထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ဖြစ်စဉ်နေရာကနေ သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီ အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ အသင်းတာဝန်ရှိသူက “နံရိုးကျိုးတာက နှလုံးကို ထိုးမိလား၊ အဆုတ်ထိလား စစ်ဆေးမှသိရပါမယ်။ အောက်သွားတွေ အတော်များများကျိုးတယ်၊ ဦးခေါင်းထဲ သွေးရောက်နေတယ်” လို့ ပြောပါတယ်။
#centralnewsnaypyitaw
သာပေါင်းမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးကာ လူဦးရေ ၁၄ ဦး နီးစပ်ရာဆွေမျိုးများထံ နေထိုင်နေရ
ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတွင် ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၄ ဦးမှာ နီးစပ်ရာဆွေမျိုးများထံတွင် နေထိုင်နေရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်းနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ ဓနိမိုး၊ ဓနိကာ ကြမ်းခင်းနေအိမ် တစ်လုံး၊ အလျား ၁၅ ပေ၊အနံ ၁၅ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဥ်ခင်း နေအိမ် တစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ ဓနိမိုး၊ ဓနိကာ၊ ထရံကာ၊ ပျဥ်ခင်းနေအိမ်တို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့်လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
နေအိမ်ပြိုကျမှုနှင့် အမိုးလန်မှုများကို စက်ဒေါင့်ကြီးနယ်မြေမီးသတ်စခန်းမှ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းမျာလုပ်ဆောင်ပေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့က လေပြင်းဒဏ်သင့်မိသားစုဝင် ၁၄ ဦးကို နီးစပ်ရာဆွေမျိုးများထံ နေရာချထားပေးခဲ့ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
မြန်မာနိုင်ငံတဝှမ်း ရုရှားငွေပေးချေကတ် Mir လက်ခံသည့် POS (၆၀) ကျော်ရှိလာ
Interfax / Pinnacle Gazette ၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံတဝှမ်းမှာ ရုရှားနိုင်ငံသုံး ငွေပေးချေမှုစနစ် Mir ကတ် လက်ခံဆောင်ရွက်တဲ့ POS (Point of Sale) စက် ၆၇ လုံး ရှိလာကြောင်း ရုရှားဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ Alexey Guznov ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပထမအဆင့်အနေနဲ့ ရုရှားငွေပေးချေကတ် Mir လက်ခံတဲ့ POS အလုံးရေ ၈၀ ကို တပ်ဆင်မှာဖြစ်ပြီး ဝယ်လိုအားပေါ်မူတည်ကာ POS တွေ ဆက်လက်တိုးချဲ့သွားမယ်လို့ သိရပါတယ်။
“Mir ကတ်တွေကို မြန်မာနိုင်ငံမှာ လက်ခံနေပါပြီ။ ဒါပေမယ့် နေရာတိုင်းနဲ့တော့ အလှမ်းဝေးနေဆဲပါ”လို့ Guznov က ရုရှား-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးအပြီး ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ Mir ကတ်တွေ လက်ခံမှု တိုးချဲ့ဖို့ အလားအလာနဲ့ နိုင်ငံကိုယ်စီက ဘဏ်တွေမှာ နှစ်ဖက်စီးပွားရေးလုပ်ငန်းတွေရဲ့ အပြန်အလှန် ငွေစာရင်းဖွင့်လှစ်နိုင်ခြေတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
“ဘဏ်လုပ်ငန်းကဏ္ဍမှာ အပြန်အလှန်ဖွံ့ဖြိုးတိုးတက်မှုတွေ ထပ်ဆင့်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တာတွေအားလုံးအတွက် ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်”လို့ Guznov က ဆိုပါတယ်။
ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရင် ငွေသားလက်ခံနိုင်မယ့် ATM ဝန်ဆောင်မှုတွေကို တိုးချဲ့ဖို့ လောလောဆယ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ မနှစ်ကထက် ၄၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုတွေ တိုးမြင့်လာမှုကို ကိုယ်စားပြုတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရုရှားကနေ ဓာတ်မြေသြဇာ၊ ရေနံထွက်ကုန်နဲ့ ဆေးဝါးတွေ တင်သွင်းပြီး ဆန်၊ သီးစုံဖျော်ရည်၊ အထည်အလိပ်နဲ့ ဖိနပ်တွေ ပြန်လည်တင်ပို့လျက်ရှိပါတယ်။
#ထန်းသီးမုန့် မွှေးမွှေးလေး အိမ်မှာလုပ်စားကြရအောင်😋😋
ထန်းသီးရဲ့အခွံများ ဓါးဖြင့်ခွာပါ။ ထန်းသီးအနှစ်ရဖို့ ခွာထားတဲ့ ထန်းသီးခွံကို ဇကာလေးနဲ့ ခြစ်ပြီးတိုက်ချပေးပါ။ ရေလေးစွတ်လိုက် ဇကာလေးနဲ့ ခြစ်ချလိုက် လုပ်ပေးရပါမယ်။ ဇကာအောက်မှာ ထန်းသီးအနှစ်ခံဖို့ ဇလုံအသင့်ရှိပါစေ။
ပြီးပြီဆို ရလာတဲ့ထန်းသီးအနှစ်တွေကို အမှုန်တွေဖယ်ရှားသန့်စင်ဖို့ ခြစ်ထားတဲ့ အနှစ်တွေကို အဝတ်သန့်သန့်လေးထဲသို့ ထည့်ပြီး အောက်က ဇလုံထဲသို့ ညှစ်ချပေးပါ။ ဒါမှ အမှုန်များအဖတ်များ အဝတ်စတွင် ကျန်ခဲ့ပြီး သန့်ရှင်းသော ထန်းသီးအနှစ်လေးရပါမယ်။ Readymade ထန်းသီးအနှစ်ထုပ်များလည်း Ocean / Citymart တို့မှာဝယ်လို့ရနေပါပြီ။
အုန်းနို့တစ်ဗူး ရေအနည်းငယ် ဆားအနည်းငယ် သကြား ရောပြီး မီးအေးအေးဖြင့်အပူပေးပြီး အရည်ဖြစ်အောင် ကြိုပေးပါ။ ဆူရင် မီးပြန်ပိတ်ပြီး အအေးခံပေးထားပါ။
အုန်းနို့ရည်ရပြီဆိုရင် ထန်းသီးအနှစ်ထဲသို့ အအေးခံထားတဲ့ အုန်းနို့ရည် အနည်းငယ်ရောလိုက် မွှေလိုက် အရည်ထပ်ရောလိုက် မွှေလိုက်လုပ်ပေးရပါမယ်။ မပျစ်မကျဲအနေထားရပြီဆို အုန်းနို့ရည်ရောခြင်းရပ်လိုက်ပါ။
အုန်းရည်ရောထားတဲ့ထန်းသီးအနှစ်ကို ပလပ်စတစ်အကြည်ဖြင့် အပေါ်မှ လေမဝင်အောင် ပတ်ပတ်လည် အုပ်ပြီး ၄နာရီလောက် နှပ်ထားပေးပါ ( ရေခဲသေတ္တာထဲထည့်စရာမလိုပါ )
၄နာရီပြည့်ပြီဆို baking powder နည်းနည်း ထည့်ပြီး 3မိနစ်ခန့် နှံ့စပ်အောင် မွှေပေးရမယ်
နောက်ဆုံးမှာ ပေါင်းမယ့်အိုးထဲ နှစ်သက်တဲ့ ပုံစံခွက် ဖြင့် ထန်းသီးမုန့်အနှစ်ကို ထည့်ပြီး နာရီဝက်ခန့်ပေါင်းပေးရပါ။ သန့်ရှင်းတဲ့ ကိုယ်တိုင်လုပ် ထန်းသီးမုန့်လေးရပါပြီ။
ခြေဖနောင့်ကွဲခြင်းအကြောင်း သိကောင်းစရာ
ခြေဖနောင့် ကွဲတာဟာ အတွေ့ရများတဲ့ ပြဿနာတစ်မျိုးပါ။ အရွယ်ရောက်ပြီးသားသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်က ဖနောင့်ကွဲတတ်ကြပါတယ်။ ၅ ယောက် ၁ ယောက်နှုန်းပေါ့။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်တတ်ပါတယ်။ တော်တော်များများ အတွက်ကတော့ ဖနောင့်ကွဲတာက ရေးကြီး ခွင်ကျယ်လုပ်ရလောက်တဲ့ ပြဿနာ မဟုတ်ပါဘူး။ တချို့တွေမှာတော့ ဖနောင့်ကွဲတာ နက်လွန်းရင် နာတာ၊ လမ်းလျှောက်ရ အဆင်မပြေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဖနောင့်ကွဲတာ သက်သာအောင် အိမ်မှာတင် လုပ်နိုင်တဲ့ နည်းလေးတွေ၊ မဖြစ်အောင် ကာကွယ်တဲ့ နည်းလေးတွေကို ဖော်ပြပေးသွားပါမယ်။
ဘာကြောင့် ခြေဖနောင့် ကွဲရတာလဲ
ခြေဖနောင့် မကွဲခင် ဖနောင့်သားက အရင်ဆုံး ခြောက်သွေ့လာပါတယ်။ ပြီးတော့ အသားမာတွေ တက်လာပါတယ်။ လမ်းလျှောက်တဲ့အခါ တစ်ကိုယ်လုံးက ဝိတ်က ဖနောင့်ပေါ်မှာ ရှိနေတာဆိုတော့ ဖနောင့်ကွဲလာတော့တာပေါ့။ ဖြစ်ရတဲ့ အကြောင်းတွေကတော့ –
• မတ်တပ်အကြာကြီး ရပ်တာ
• ဖိနပ်မပါဘဲ လမ်းလျှောက်တာ
• ရေနွေးနဲ့ အချိန်အကြာကြီး ရေချိုးတာ
• ကိုယ်က သဘာဝအဆီတွေ ပျက်စီးနိုင်တဲ့ ဆပ်ပြာ အပြင်းစားတွေ သုံးတာ
• ဖိနပ်ကြပ်ကြပ်တွေ စီးတာ
• ရာသီဥတု အေးလို့ ဖြစ်ဖြစ်၊ စိုထိုင်းဆ နည်းလို့ ဖြစ်ဖြစ် အသားအရည်တွေ ခြောက်သွေ့တာ
ရှားရှားပါးပါး ရောဂါကြောင့်လည်း ခြေဖနောင့် ကွဲတတ်ပါသေးတယ်။ ဥပမာ ပြောရရင် ဆီးချိုရှိတဲ့ သူတွေမှာ သွေးတွင်းသကြားဓာတ်များတာရော၊ သွေးလည်ပတ်မှု မကောင်းတာရောကြောင့် အရေပြား ခြောက်သွေ့တတ်ပါတယ်။ ဒီကြားထဲ အာရုံကြောကလည်း ထိလိုက်သေးတော့ အရေပြားခြောက်တာ၊ ကွဲတာ၊ နာတာတွေကိုပါ မသိတော့ပါဘူး။ ဖနောင့်ကွဲစေတဲ့ တခြား အကြောင်းတွေကတော့ –
• ဗီတာမင် ချို့တဲ့တာ
• မှိုစွဲတာ
• သိုင်းရွိုက်ဟော်မုန်း နည်းနေတာ
• အရေပြား ဓာတ်မတည့်တာ
• ဆိုရီယေးစစ် အရေပြားရောဂါ
• အဝလွန်တာ
• ကိုယ်ဝန်ဆောင်နေတာ
• အသက်ကြီးလာတာ စတာတွေပဲ ဖြစ်ပါတယ်။
ခြေဖနောင့်ကွဲတာ အပြင် တခြားဘာလက္ခဏာတွေ ခံစားရလဲဆိုတော့ –
• အရေပြား အဖတ်လန်တာ
• ယားတာ
• ကွဲတာ နက်သွားရင် နာတာ
• သွေးထွက်တာ
• နီရဲရောင်ရမ်းတာ
• အနာဖြစ်တာ
ဒီထက်ပိုဆိုးလာရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာပါ။ အထူးသဖြင့် ရောဂါတစ်ခုခုနဲ့ ဆက်စပ်နေရင်ပေါ့။ နောက်ဆက်တွဲတွေကတော့ –
• ခြေဖနောင့်က ထိလို့ ထိမှန်း မသိတာ
• ပိုးဝင်တာ
• ဆီးချို အနာဖြစ်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။
ပိုးဝင်လာပြီဆိုရင် နာတာ၊ ပူတာ၊ ရောင်တာ၊ နီရဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
ခြေဖနောင့်ကွဲတာကို အိမ်မှာတင် ကုကြမယ်
သာမန် ဖနောင့်ကွဲတာကတော့ အိမ်မှာတင် အလွယ်လေး ကုလို့ရပါတယ်။ နည်းလမ်းတွေကတော့ –
၁ ။ ခြေဖနောင့် လိမ်းဆေးဆီ (heel balm) ။ ခြေဖနောင့်ကွဲတာအတွက် အကောင်းဆုံးဆေးနည်းပါပဲ။ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ သူ့မှာ ပါတဲ့ ပစ္စည်းတွေက ဖနောင့်ကို စိုစွတ် ချောမွတ်စေပြီး အသားမာတွေကို ဖယ်ရှားပေးပါတယ်။ ဝယ်မယ်ဆိုရင် urea၊ salicylic acid၊ alpha-hydroxy acids၊ saccharide isomerate ပါတာတွေကို ရွေးဝယ်ပါ။ မနက်စောစော အရေပြား ပျော့ပျောင်း နေချိန်မှာ လိမ်းတာက ဆေးကို စုပ်ယူမှု ပိုကောင်းစေပါတယ်။ စစလိမ်းချင်းမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်တာ သဘာဝပါ။ ပိုဆိုးလာရင်တော့ ဆက်မသုံးပါနဲ့။
၂ ။ ချေးတွန်းပါ ။ ခြေထောက်ကို ဆပ်ပြာရည် နွေးနွေးလေးထဲမှာ မိနစ် ၂၀ခန့် စိမ်ပါ။ ပြီးရင် ချေးတွန်းကျောက်နဲ့ အသားမာတွေကို စက်ဝိုင်းပုံစံ ဖြည်းဖြည်းတိုက်ပေးပါ။ ရေခြောက်အောင်သုတ်ပါ။ အစိုဓာတ်ထိန်းဖို့ heel balm ဖြစ်ဖြစ် moisturizer ဖြစ်ဖြစ် လိမ်းပေးပါ။ အစိုဓာတ်ကို ကြာကြာထိန်းနိုင်ဖို့ အပေါ်ကနေ vaseline jelly ထပ်လိမ်းပါ။ ပြီးရင် ခြေအိတ်စွပ်ထားပါ။ သတိ ထားရမှာက ခြောက်သွေ့နေတဲ့ ခြေထောက်ကို ချေးတွန်းကျောက်နဲ့ မတိုက်ပါနဲ့။ ဒါက သင့်ခြေထောက်ကို ပိုပြီး ပျက်စီးစေပါတယ်။
၃ ။ ပျားရည် ။ ပျားရည်က ဖနောင့်ကွဲတာကို ကုသဖို့ သဘာဝဆေးနည်းပါပဲ။ သူ့မှာ ပိုးသေစေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ လေ့လာချက်တွေအရ ပျားရည်က အနာတွေကို သန့်စေတယ်။ အကျက်မြန်စေတယ်။ အရေပြားကို အစိုဓာတ်ထိန်းပေးတယ်။ ဒါကြောင့် ခြေထောက် ချေးတွန်းပြီးတဲ့အခါ အစိုဓာတ်ထိန်းတဲ့ အနေနဲ့ သုံးပေးနိုင်ပါတယ်။
၄ ။ အုန်းဆီ ။ အုန်းဆီက အရေပြားခြောက်သွေ့တာအတွက် ဆေးစွမ်းကောင်းပါပဲ။ ဒါ့ပြင် အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ချေးတွန်းထားတဲ့ ခြေထောက်ကို အစိုဓာတ်ထိန်းပေးဖို့ သုံးနိုင်တဲ့ အကောင်းဆုံး ပစ္စည်းပဲ ဖြစ်ပါတယ်။
၅ ။ အခြား ပစ္စည်းများ ။ အရေပြားကို စိုစွတ်စေပြီး အသားမာတွေကို ပျော့ပျောင်းစေတဲ့ တခြား ပစ္စည်းတွေကတော့ ရှာလကာရည်၊ သံလွင်ဆီ ၊ Shea butter ၊ ချေထားတဲ့ ငှက်ပျောသီး စတာတွေပဲ ဖြစ်ပါတယ်။
ခြေဖနောင့်ကွဲတာကို ဘယ်လိုကာကွယ်ကြမလဲ
• မတ်တပ်အကြာကြီး ရပ်တာကို ရှောင်ပါ။
• သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်ကို စီးပါ။
• ခြေထောက်ကို အစိုဓာတ်ထိန်းပါ။
• ခြေထောက်ကို နေ့စဉ်စစ်ဆေးပါ။ (အထူးသဖြင့် ဆီးချိုရှိပြီး ထိလို့ ထိမှန်း မသိတဲ့ သူတွေက ပိုဂရုစိုက်ရပါမယ်။)
• အဝလွန်တဲ့ သူတွေ အလေးချိန်ခံနိုင်အောင် ဖိနပ်မှာ ကူရှင်ခံစီးပါ။
• ရေများများသောက်ပါ။
• ချေးတွန်းကျောက်နဲ့ မကြာမကြာ အသားမာ ဖယ်ပါ။ ဆီးချိုရှိတဲ့ သူတွေကတော့ အသားမာတိုက်ရင်း ဒဏ်ရာမရအောင် ဂရုစိုက်ပါ။
(Crd; Hello Sayarwon)
အကောင်းအတိုင်းပြန်ဖြစ်ခါနီးမှ
အမှတ်တမဲ့ မင်းကိုပြန်တွေ့မှာ
ငါသိပ်ကြောက်တယ် ။
#ဂန္ဓမာ
ရုရှားသိုသင့်လျော်သည့်အချိန်ကာလတွင် သွားရောက်လည်ပတ်ရန် ဆန္ဒရှိဟု ထရမ့်ဆို
************************
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၇
ရုရှားနိုင်ငံသို့ သင့်လျော်သည့်အချိန်ကာလတွင် သွားရောက်လည်ပတ်ရန် ဆန္ဒရှိနေသည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်းသိရသည်။
အနာဂတ်ကာလတွင် ရုရှားနိုင်ငံသို့ သွားရောက်၍ သမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံရန် စဉ်းစားထားသော်လည်း လောလောဆယ်တွင် သွားရောက်ရန်စီစဉ်ထားခြင်း မရှိသေးကြောင်း ထရမ့် က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့်အတူ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လာမည့်ရက်သတ္တပတ်များအတွင်း တွေ့ဆုံနိုင်ဖွယ်ရှိပြီး မိမိတို့အနေဖြင့် ယူကရိန်းပဋိပက္ခအား အလျင်အမြန်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။
ထို့ပြင် ထရမ့်အနေဖြင့် ယခုနှစ်ဖေဖော်ဝါရီလမကုန်မီ ပူတင်နှင့်တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု ဖေဖော်ဝါရီလ ၁၉ ရက် တွင် ပြောကြားခဲ့ကြောင်း Tass သတင်းဌာနဖော်ပြချက်အရ သိရသည်။