7 w - Translate

Kingsman: The Secret Service (2014)

“Manners maketh man.”Gentleman ဆိုတာဘယ်လိုယောက်ကျားမျိုးလဲဆိုတာ ပြသဖိုဆိုရင်တော့ Kingsman ရုပ်ရှင်တွေက အတိအကျကိုညွှန်းဆိုပြသနေတာပါပဲ။

ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြောင့်မတ်တည်ကြည်တဲ့ယောက်ျား..အဝတ်အစားကစလို အပြောအဆိုအနေအထိုင် အမူအရာ အမူအကျင့် အားလုံးမှာ စမတ်ကျကျနဲ့ ယဉ်ကျေးတဲ့ယောက်ျားဒီလို Gentleman ရဲ့ဝိသေသတွေနဲ့ မင်းသားကြီး Colin Firth ကို ဟယ်ရီအဖြစ် မြင်တွေ့ရတာက Kingsman ရုပ်ရှင်တွေရဲ့ အရသာပါပဲ။Kingsman ဆိုတာကတော့ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်နေတဲ့လျှိဝှက်အေးဂျင့်အဖွဲအစည်းပါ။

ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကို အခြေပြုထားတယ်ဆိုပေမယ့် မတူကွဲပြားတဲ့ တင်ဆက်ပုံတွေ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့Kingsman ဆိုတဲ့ ရသသစ်တခုကို အပြည့်အဝပေးနိုင်ခဲ့ပါတယ်။Kingsman:The Secret Service (2014) ရုပ်ရှင်မှာတော့မင်းသားကြီး Colin Firth,Samuel L.Jackson , Mark Strong , Michael Caine တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ပြီးလူငယ်သရုပ်ဆောင် Taron Egerton က အဓိကသရုပ်ဆောင် Kingsman Agent အဖြစ်ပါဝင်ထားပါတယ်။

image
7 w - Translate

TLPH VS Falcon Game 1 မှာ ရရှိခဲ့တဲ့ Oheb ရဲ့ Maniac !!!!!
TLPH VS Falcon

7 w - Translate

❝ အသည်းကွဲတယ်ဆိုတာကလည်း
အသည်းရှိခဲ့လို့ပါပဲ
အချစ်မှာ
အခြား ဘာရှိရမှာလဲ ❞

- စိုင်းဝင်းမြင့် -

image

အိမ်ငှားတုန်းက နံရံဖောက်ခွင့်မပြုဘူးပြောလို့
ပူတဲ့ဒဏ်မခံရအောင်ရယ် အဲယားကွန်းကို
နံရံဖောက်ဖို့မလိုပဲ တပ်လို့ရတဲ့နည်းပါ😬😬🤭🤭😂😂

#crd_photo
#funny

image
7 w - Translate

တခြားသူပိုင်ဆိုင်သွားမှာ စိုးခဲ့ဖူးတဲ့
လူတစ်ယောက်ကို
တခြားလူတစ်ယောက်ဟာ
ပိုင်ဆိုင်သွားခဲ့ပါပြီ ။
#ဂန္ဓမာ
#စတစ်ကော်လံဖြူများ

image

ပြဿနာမရှာရရင်မနေတတ်တဲ့ငါ????

#glamday

Don't ever let somebody tell you, you can't do something.
You got a dream, you got to protect it.

image

ကြက်ဟင်းခါးသီးရဲ့ကျန်းမာရေးအကျိုးအာနိသင်များ
အခါးဓါတ်ရှိတာကြောင့် တော်တော်များများကတော့ ကြက်ဟင်းခါးသီးကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး ကောင်းမွန်စေဖို့ အကျိုးအာနိသင်တွေ အများကြီးရှိပါတယ်။ ကြက်ဟင်းခါးသီးကို ကြော်စားကြသလို ပြုတ်ပြီး တို့စရာအဖြစ် စားတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ဟင်းခါးသီးရဲ့ အကျိုးအာနိသင်ကတော့ ပြောင်းမသွားပါဘူး။ အခါးဓါတ်ရှိတဲ့ ကြက်ဟင်း ခါးသီးက ဘာတွေ ကောင်းသလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်း

ကမ္ဘာတဝှမ်းမှာရှိတဲ့ လူဦးရေတော်တော်များများဟာ ဆီးချိုရောဂါ ခံစားနေရပါတယ်။ ကြက် ဟင်းခါးသီးမှာ ပါဝင်တဲ့ အင်ဆူလင်လိုမျိုး Polypeptide ဟာ ဆီးချိုရောဂါကို ထိန်းချုပ်ပေးပါတယ်။ အဓိကအားဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်းပါ။ ဆီးချို ရောဂါ ခံစားနေရသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ် ပမာဏကို ထိန်းညှိပေးတဲ့အနေနဲ့ ကြက်ဟင်း ခါးသီး စားတာမျိုး လုပ်ပေးသင့်ပါတယ်။

ကိုလက်စထရော

ကြက်ဟင်းခါးသီး စားသုံးခြင်းဟာ ခန္ဓာ ကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးတဲ့အပြင် ယောင်ရမ်းတာတွေလည်း သက်သာစေပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုလည်း သက်သာစေပါတယ်။

သွေးဖိအား

ကြက်ဟင်းခါးသီးမှာ ပိုတက်စီယမ် များများပါဝင်တာဟာ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် စုပ်ယူမှုကိုပိုပြီး အားကောင်းစေပါတယ်။ ဒါဟာ သွေးဖိအားကိုပါ ထိန်းညှိပေးပါတယ်။ ဒါ့အပြင် သံဓါတ်နဲ့ ဖောလစ်အက်ဆစ် လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး လေဖြတ်ခြင်းကိုပါ သက်သာစေပါတယ်။

အသည်းကို ကာကွယ်ပေးခြင်း

အရက်သောက်တာက အသည်းကို ထိခိုက်စေတယ်ဆိုတာ တော်တော်များများ သိထားပြီးသားဖြစ်မှာပါ။ အသည်းမှာ အဆိပ်အတောက်တွေ မဖြစ်စေဖို့အတွက် ကြက်ဟင်းခါးသီးလေး စားပေးဖို့လိုပါတယ်။ ကြက်ဟင်းခါးသီးမှာ အသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်မှု တွေနဲ့ အင်ဆူလင်ဓါတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သည်း ခြေအိတ်ကိုပါ ကောင်းမွန်စေပါတယ်။

ကယ်လိုရီကို လျော့ချပေးခြင်း

ပိန်ချင်တဲ့သူတွေနဲ့ ကယ်လိုရီလျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ကြက်ဟင်းခါးသီးလေး စားသုံးပေးပါ။ ကြက်ဟင်းခါးသီးမှာ ကယ်လိုရီ၊ အဆီနဲ့ ကာဗိုလ်ဟိုက်ဒြိုက်တွေ အများကြီး မပါဝင်ပါဘူး။ Journal BMC Complementary and Alternative Medicine ရဲ့ တင်ပြချက်မှာတော့ ကြက်ဟင်းခါးသီးကို အဝလွန်ခြင်း ကုသရာမှာ အသုံးပြုနိုင်ကြောင်း ပြောထားပါတယ်။

ကိုယ်ခံအား ကောင်းစေခြင်း

လူတစ်ဦးမှာ ကိုယ်ခံအား ကောင်းနေပြီဆိုရင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဆန့်ကျင်တိုက် ခိုက် နိုင်ပါတယ်။ ဒါဆိုရင် ဖျားနာခြင်းတွေ မဖြစ်စေတော့ပါဘူး။ ကိုယ်ခံအားကောင်းစေဖို့အတွက် လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ရှိမယ်ဆိုရင် ဖျားနာတာတွေ အလွယ်တကူ မဝင်ရောက်စေနိုင်တော့ပါဘူး။ ဟင်းချက်မစားဘူးဆိုရင်တောင် ဖျော်ရည်သောက်နိုင်ပါတယ်။

မျက်စိအားကောင်းခြင်း

မျက်စိအားကောင်းချင်တယ်ဆိုရင်တော့ ကြက် ဟင်းခါးသီးစားပါ။ ကြက်ဟင်းခါးသီးမှာ ဗီတာမင် အေ ပါဝင်တာက မျက်စိရဲ့ ကျန်းမာရေးနဲ့ အမြင်အာရုံကြည်လင်ဖို့အတွက် အထောက်အကူ ပြုပါတယ်။ နောက်တစ်ခုကတော့ မျက်ကွင်းညိုတာတွေကို သက်သာစေနိုင်တာပါ။

ခုဆိုရင် ကြက်ဟင်းခါးသီးရဲ့ ကောင်းကျိုးတွေကို သိထားပြီးဖြစ်လို့ စားပေးဖို့ တိုက်တွန်းပါရစေ။

image

#funny