ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လေယာဉ်လက်မှတ်ခ ၄၅ ကျပ်နှင့် မိုးရွာလျှင် ထီးဆောင်းရတဲ့ တချိန်က သံစုံလေယာဉ်
ပုံကတော့ ၁၉၅၅ ခုနှစ်ဝန်းကျင် ဟဲဟိုးလေယာဉ်ကွင်းမှ မြန်မာအမျိုးသမီးလေးများကို Dakota လေယာဉ်နှင့်အတူ တွေ့ရတဲ့ပုံ ဖြစ်ပါတယ်။
ထိုခေတ်ကာလက မန္တလေး ဟဲဟိုး ခရီးစဉ်ကို လေယာဉ်လက်မှတ်ခ ၄၅ ကျပ်ပေးရသည်။ လေယာဉ်ပေါ်တွင် ရှားမီးသကြားလုံးနှင့် ငှက်ပျောသီးပဲ ရပါသည်။
လေယာဉ်သံဆူလွန်း၍ နားကို ဝါဂွမ်းဆို့ စီးရသောကြောင့် သံစုံလေယာဉ်ဟု ခေါ်သေးသည်။ မိုးရွာသည့်အခါ မိုးယို၍ ထီးဆောင်းရသေးသည်။
Dal Shan Mung
#သံစုံလေယာဉ်
#crd
2021 ခုနှစ်ကနေစတင်ပြီး ပြည်တွင်း League ဖြစ်တဲ့ MPL Myanmar ကိုခေတ္တရပ်နားထားခဲ့ရာကနေ အခုအချိန်မှာတော့ MLBB Esports Myanmar အနေနဲ့ League System ကိုကျင့်သုံးသွားမယ့် MLBB Super League Season 1 ကို ပရိတ်သတ်တွေဆီ အသစ်တဖန်ပြန်လည်မိတ်ဆက်ပေးလာခဲ့ပါတယ်။
ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ဆယ်သင်းထိပါဝင်မှာဖြစ်ပြီး ဆော်ဒီနိုင်ငံမှာ ကျင်းပသွားမယ့် MSC 2025 ဝင်ခွင့်ကိုပါပိုင်ဆိုင်ခွင့်ရမှာဖြစ်တဲ့အတွက် MPL နည်းတူ MSL Season 1 ဟာလည်း ပရိတ်သတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်မယ်လို့မျှော်လင့်ရပါတယ်။
လက်ရှိမှာလည်း ပြည်တွင်းအသင်းတွေအနေနဲ့ အားဖြည့်မှုတွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားကြတာကြောင့် မြိုင်ဆိုင်လှတဲ့ ပြည်တွင်းအသင်းတွေရဲ့ အားပြိုင်မှုမှာ ဘယ်အသင်းက မြန်မာကိုယ်စားပြုအဖြစ် MSC 2025 ကိုသွားရောက်ခွင့်ရမလဲဆိုတာကတော့ ကျွန်တော်တို့တွေဆက်လက်စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။
လက်ရှိ MPL Indonesia ရဲ့ Title Defender ဖြစ်တဲ့ Team Liquid ID အနေနဲ့ MPL ID Season 15 အတွက် သူတို့ရဲ့ Roster ကို ကြေငြာလာခဲ့ပါတယ်။
Team Liquid ID အနေနဲ့ ခုတစ်ခေါက် MPL ID Season 15 မှာလည်း MPL Trophy ကို ပထမဆုံးအကြိမ်ပိုင်ဆိုင်နိုင်ခဲ့တဲ့ Lineup ကိုပဲ အပြောင်းအလဲမရှိ ထိန်းသိမ်းထားသလို Liquid Academy ရဲ့ Gold Laner "Kyou" ကိုပါ အသင်းကြီးဆီခေါ်ယူလာခဲ့ပါတယ်။
Team Liquid ID ရဲ့ Roster မှာ ပါဝင်တဲ့သူတွေကတော့
Faviann - Jungler
Aran - EXP Laner
Aeronnshiki - Gold Laner
Kyou - Gold Laner
Yehezkiel - Mid Laner နဲ့
Widy - Roamer တို့ပဲဖြစ်ပါတယ်။
ထူးခြားရဲ့ ဝက်နံရိုးမီးတောက်ဆိုင်ကို တကူးတက သွားရောက်အားပေးခဲ့တဲ့ ရာဇာနေဝင်း 🥰
သရုပ်ဆောင် ထူးခြားကတော့ သူ့ရဲ့ အကိုလို ချစ်ခင်ရတဲ့ ရာဇာနေဝင်းက တကူးတကလာရောက်အားပေးလို့ ပျော်ရွှင်နေတာပါ။ ရာဇာနေဝင်းကလည်း အနုပညာညီအကိုရဲ့ ဆိုင်ကို အားပေးချင်တဲ့စိတ်သက်သက်နဲ့ သွားရောက်အားပေးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ထူးခြားဟာ ဝက်နံရိုးမီးတောက်နဲ့ ရခိုင်ရိုးရာအစားအသောက်ဆိုင်ကို သာကေတမြို့နယ်မှာ ဇနီးဖြစ်သူနဲ့အတူ ဖွင့်လှစ်ထားတာပါ။
#crd