Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ တိုက်(၁၂၃) လုံး ငှားရမ်းနေထိုင်ခွင့်ပြုထားပြီး တိုက်(၇၁)လုံး ထပ်မံလျာထား
တောင်ဒဂုံမြို့နယ်တွင် အကောင်အထည်ဖော်တည်ဆောက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ တိုက် (၁၂၃) လုံး ငှားရမ်းနေထိုင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)ထံမှ သိရသည်။
ယင်းအငှားအိမ်ရာတွင် စုစုပေါင်း တိုက်(၁၉၄) လုံးပါဝင်ပြီး ပြီးစီးမှုအလိုက် အခန်းများ ငှားရမ်းခွင့်ပြုလျက်ရှိရာ ပထမအဆင့် တိုက် ၇၃ လုံး၊ ဒုတိယအဆင့် တိုက် ၅၀ လုံးတို့ကို နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တတိယအဆင့် တိုက် ၇၁ လုံး လျာထားခဲ့ပြီး ပြီးစီးမှုအရ အဆင့်ဆင့် နေရာချသွားမည်ဟု ဆိုသည်။
တတိယအဆင့်အတွက် တင်ပြလာသော လျှောက်လွှာများအနက် အချက်အလက် ကိုက်ညီသူများ နှင့် ယခင် မဲ---နှိုက်ခွင့်ရရှိပြီးမဲ---မပေါက်သူများ စုစုပေါင်း တစ်သောင်းကျော်ကို အုပ်စုများခွဲ၍ အုပ်စုအလိုက် မဲ---နှိုက်ခွင့်ရရှိမည့် တိုက်များကို ကော်မတီမှ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အုပ်စုနှင့် တိုက်များအလိုက် ခွဲဝေပြီး ပြီးစီးသည့်တိုက် ၄၃ လုံးနှင့် စည်းကမ်းပျက်၍ သိမ်းဆည်းထားသည့်အခန်းများနှင့်အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲ--စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် မေလအတွင်း အငှားအိမ်ရာ ဒုတိယအဆင့်မှ တိုက် ၄၈ လုံး၊ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများ ရရှိပြီးဖြစ်သည့်အတွက် နေထိုင်ခွင့်ရှိသူများကို အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
"တရုတ်က ပြန်လည်ဝယ်ယူနေတာကြောင့် ဩစတြေးလျ ဝိုင်တင်ပို့မှုက သုံးပုံတစ်ပုံခုန်တက်သွား။"
တရုတ်နိုင်ငံသည် ဩစတြေးလျဝိုင်အခွန်များ ရုတ်သိမ်းပြီးနောက် တရုတ်နိုင်ငံသို့ တင်ပို့မှု တိုးလာခြင်းကြောင့် ဝိုင်တင်ပို့မှုသည် ၃၀ ရာခိုင်နှုန်းကျော် ခုန်တက်သွားသည်။
စက်တင်ဘာလအထိ တစ်နှစ်တာအတွင်း တင်ပို့မှုတန်ဖိုးသည် A$2.4 ဘီလီယံ (ဒေါ်လာ 1.6 ဘီလီယံ) သို့ 34% မြင့်တက်လာပြီး 2021 ခုနှစ် ဩဂုတ်လအထိ ၁၂ လအတွင်း အမြင့်ဆုံးဖြစ်ကြောင်း Wine Australia မှ သိရသည်။ မတ်လနှောင်းပိုင်းတွင် ပေကျင်းက လွန်ခဲ့သည့် ၃ နှစ်က ချမှတ်ခဲ့သော ဩစတေးလျဝိုင်အပေါ် ဒဏ်ခတ်ခွန် ၂၁၈ ရာခိုင်နှုန်းကို ရုတ်သိမ်းပြီးနောက် တရုတ်နှင့် ဟောင်ကောင်သို့ ရောင်းလိုအား ပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်သည်။
ကျွန်းလှမြို့နယ်တွင် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်မျိုးစုံ ဧက (၆၀၀)နီးပါး စိုက်ပျိုးသွားမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဓာတုကင်းလွတ်၊ ကျန်းမာရေးနှင့် ညီညွတ်သည့် ဟင်းသီးဟင်းရွက်မျိုးစုံ (၅၇၇)ဧက စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးမည့်ဆောင်းသီးနှံများတွင် ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်း၊ ခရမ်းချဉ်၊ မုံညှင်း၊ ကန့်လန့်၊ ရုံးပတေသီးနှင့် ခဝဲသီး အစရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံ ပါဝင်စိုက်ပျိုးမည်ဖြစ်ကြောင်း ဒေသခံတောင်သူများ၏ အဆိုအရ သိရသည်။
အဆိုပါ ဒေသအတွင်း ဆောင်းသီးနှံစိုက်ပျိုးရာတွင် ချောင်းရေ၊ မြောင်းရေတင်ကာ စိုက်ပျိုးကြကြောင်းနှင့် လက်ရှိတွင် တောင်သူများအနေဖြင့် ထွန်ယက်ပျိုးထောင်နေကြပြီဖြစ်ကြောင်း သိရသည်။
“တောင်သူတွေ ထွန်ယက်ပျိုးထောင်နေကြပါတယ်။ ထွက်ရှိတဲ့ သီးနှံတွေ ဓာတုကင်းလွတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင်စိုက်ပျိုးကြဖို့ အသိပညာပေးနေပါတယ်။” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြသည့် တောင်သူများအား မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနက GAP(စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ) နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှု ကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးသုံးစွဲရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ဆိုက်ကလုန်းကြောင့် အိန္ဒိယတွင် ကျောင်းများပိတ်၊ ခရီးသွားများဘေးကင်းရာထွက်ခွာခိုင်း
ယခုသီတင်းပတ်အနှောင်းပိုင်းတွင် ဝင်ရောက်မည်ဟု ခန့်မှန်းထားသော အားကောင်း ဆိုက်ကလုန်းမုန်တိုင်းအတွက် အာဏာပိုင်များက ကြိုတင်ပြင်ဆင်မှုအဖြင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း သြရိဿပြည်နယ်ရှိ ဒေသအချို့တွင် စာသင်ကျောင်းများကို ပိတ်ထားရန်အမိန့်ထုတ်ခဲ့ပြီး နာမည်ကျော်ကမ်းခြေမြို့ ပူရီမှ ခရီးသွားများကို ထွက်ခွာကြရန် တိုက်တွန်းခဲ့သည်။
ဘင်္ဂလားပင်လယ်အော်တွင် လက်ရှိဖြစ်ပေါ်နေသော ဆိုက်ကလုန်း ဒါနာသည် လေတိုက်နှုန်း တစ်နာရီ ၇၄ မိုင်နှုန်းဖြင့် ပြင်းထန်သော ဆိုက်ကလုန်းမုန်တိုင်းတစ်ခုအဖြစ်သို့ အားကောင်းလာရန် မျှော်လင့်ရပြီး ကြာသပတေးနေ့အနှောင်းပိုင်းတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည်ဟု မိုးလေဝသရုံးက ပြောဆိုသည်။
ခရိုင် ၁၄ ခုမှ စာသင်ကျောင်းများကို ဗုဒ္ဓဟူးနေ့မှ သောကြနေ့အထိ ပိတ်ထားရမည်ဖြစ်ပြီး ရေလုပ်သားများကိုလည်း ပင်လယ်ပြင်သို့ အရဲစွန့်ထွက်ခွာခြင်းမျိုး မပြုကြရန် တိုက်တွန်းထားသည်ဟု သဘာဝဘေး စီမံခန့်ခွဲမှုများကို ကိုင်တွယ်ရသော အထူးပြန်လည်ထူထောင်ရေး ကော်မရှင်နာရုံးမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ရိုက်တာကို ပြောဆိုသည်။
နာမည်ကျော် Jagannath ဘုရားကျောင်းတည်ရှိရာ ကမ်းရိုးတန်းမြို့ ပူရီသို့ လာရောက်လေ့ရှိကြသော ခရီးသွားများနှင့် ဘုရားဖူးများကို မြို့မှ ထွက်ခွာကြရန် တိုက်တွန်းထားသည်ဟု တာဝန်ရှိသူများက ပြောဆိုပြီး ကယ်ဆယ်ရေးအဖွဲ့များ အသင့်ပြင်ထားသည်ဟု ဆိုခဲ့သည်။
သြရိဿတွင် နောက်သုံးရက်ကြာအထိ သည်းသည်းမဲမဲ မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသရုံးက ပြောဆိုပြီး မုန်တိုင်းကြောင့် နေအိမ်များ၊ လမ်းများ၊ သီးနှံစိုက်ခင်းများ၊ ဓါတ်အားလိုင်းများ ပျက်စီးနိုင်ကာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်သည်ဟု သတိပေးခဲ့သည်။
မုန်တိုင်းငယ်သည် ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင်(၂၁၀)ခန့်ကို ဗဟိုပြုနေသော်လည်း မြန်မာနိုင်ငံဘက်သို့ရောက်ရှိလာမည်မဟုတ်
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင်(၂၁၀)ခန့်ကို ဗဟိုပြုနေသော်လည်း မြန်မာနိုင်ငံဘက်သို့ရောက်ရှိလာမည်မဟုတ်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၂၂ ရက်ည ၇ နာရီက မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၃/၂၀၂၄)အဖြစ် ထုတ်ပြန်ခဲ့သည်။
မုန်တိုင်းငယ်သည် ရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေကာ ဗဟိုချက်လေဖိအားသည် (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)မှ(၃၅)မိုင်နှုန်းခန့်ရှိသည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။
၎င်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၃ ရက်(မနက်ဖြန်)တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်သည်ဟုလည်း မိုးဇလကခန့်မှန်းထားသည်။
အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ အောက်တိုဘာ ၂၂ ရက်ညမှ အောက်တိုဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလကအသိပေးခဲ့သည်။
ထို့ပြင် အချို့ ဒေသများတွင်လည်း ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။
ထို့အတူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ မိုးသက်လေပြင်းများကျရောက်၍ အမြင့် ၁၁ ပေမှ ၁၅ ပေခန့်အထိ လှိုင်းများဖြစ်ပေါ်နိုင်သည်ကာ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးဇလကအသိပေးခဲ့သည်။
ကမ္ဘာကျော် ဘောလုံးသမားဖြစ်တဲ့ အိုဇေးဟာ
ကွင်းထဲမှာ သူ့ကိုပစ်ပေါက်ခဲ့တဲ့ ပေါင်မုန့်ကို
(လူတွေ အများကြီးရှေ့မှာ) ကောက်နမ်းပြီး နဖူးနဲ့ထိကာ အရိုအသေပေးခဲ့ပါတယ် ။
အိုဇေးကို အဆိုပါ လုပ်ရပ် အတွက် အင်တာဗျုးမှာတော့ …
“ မုန့်ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းတွေကို
တောင်သူ လယ်သမားတွေ၊မွေးမြူရေး သမားတွေဟာ
ပင်ပန်းကြီးစွာနဲ့ (တစ်ချို့ဆိုရင် အသက်နဲ့ရင်းပြီး)
ထုတ်လုပ်ခဲ့ကြတာပါ ။
ဒါကိုလေးစားတဲ့အနေနဲ့ မုန့်တွေကို အလဟဿ မဖြုန်းတီး
မပစ်သင့်ပါဘူး “
“ စားစရာမုန့်ကို အလွယ်တကူဝယ်လို့ရတဲ့ နေရာတွေမှာ
မသိသာပေမဲ့ စားစရာမုန့်တွေကို အလွယ်တကူမရနိုင်တဲ့
စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ ငတ်မွတ်ခေါင်းပါးတဲ့နေရာတွေမှာတော့ ဒီမုန့်တွေဟာ အလွန်အရေးပါ ပါတယ် “
“ ကိုယ်ပစ်လိုက်တဲ့ အစားအသောက်ဟာ အဲ့ဒီဒေသတွေက
လူတွေ ကလေးတွေ အတွက်တော့ အလွန် အဖိုးတန်ပါတယ် “
ဒါကြောင့် အစားအသောက်တွေကို လေးစားပါ ၊ အလဟဿ မဖြုန်းတီးပစ်ကြပါနဲ့ ခင်ဗျာ
ဆာလောင်ဖူးမှ အစားအသောက်ရဲ့
တန်ဖိုးကို သိပါလိမ့်မယ် ❤️ “
🎙️အိုဇေးလ် 🇩🇪
#ozil
ဂိုးသွင်းနိုင်ရေးအာရုံစိုက်ရန် ဘာပေကို အန်ဆလော့တီ ပြော
----------------------
ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ အန်ဆလော့တီဟာ အသင်းရဲ့တိုက်စစ်မှူး အမ်ဘာပေကို အသင်းအတွက် အခု ထက်ပိုပြီး ဂိုးတွေသွင်းယူပေးဖို့ကိုသာ အာရုံစိုက်ထားဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေကို အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘန်ဇီးမား ကစားခဲ့သလိုမျိုး ကစားဖို့ကိုသာ နည်းပြအန်ဆလော့တီက ပိုပြီးအလိုရှိနေခဲ့တာ ပါ။ သွင်းဂိုးတွေကို သွင်းယူပေးဖို့ဆိုတာက တိုက်စစ်မှူးတွေရဲ့ အဓိကတာဝန်ဖြစ်တာကြောင့် အမ်ဘာပေကိုလည်း အသင်းအတွက် အခုထက်ပိုပြီး ဂိုးတွေသွင်းယူပေးဖို့ အလိုရှိတယ်လို့ နည်းပြအန်ဆလော့တီက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘန်ဇီးမား ကစားပေးခဲ့သလိုမျိုး ကစားပေးဖို့အတွက် အမ်ဘာပေကို အကြံပေးခဲ့သလို သူ့ဆီကနေ သွင်းဂိုးတွေကို အခုထက်ပိုပြီး မျှော်လင့်မိတယ်လို့လည်း နည်းပြအန်ဆလော့တီက ဆက်လက် ပြောကြားခဲ့ပါတယ်။ အမ်ဘာပေဟာ အခုဘောလုံးရာသီမှာမှ ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်လာခဲ့တာ ဖြစ်ပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံ(၁၂)ပွဲ ကစားပြီးချိန်မှာ (၈)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။