Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မမတွေက မောင်....ဆိုပြီး
ချွဲနေတတ်သလိုမျိုး
ကိုကြီးဆိုတဲ့ သူတွေလည်း အရမ်းပင်ပန်းတဲ့အခါ
ညီလေးရဲ့ ရင်ခွင်ထဲပြေး ဝင်ချင်တတ်ပါတယ်
#1997b
အဆီပြန် ဝက်ခြံသမားတွေအတွက် သင့်တော်မဲ့ Yoonskin ရဲ့ Mugwort essence ☘️
Noe အရင်က I’m from ရဲ့ Mugwort essence လေး review တင်ဖူးတယ်နော် မှတ်မိမလားတော့မသိ အခုတော့ စျေးတွေကြီးလို့ essence step ကို skip ထားခဲ့တာကြာပြီ🥲ခုတခါ Yoon skin ရဲ့ essence တွေ့တော့ I’m from သုံးနေကျသူ၊သုံးဖူးလို့ကြိုက်တဲ့သူဆို ဒီ Yoonskin essence လေးကို သုံးလို့ရတယ် အတော်လေးလည်း budget save ဖြစ်သွားတယ် I’m from ကအရမ်းစျေးမြောက်နေပြီလေ ဆိုတော့ Korea made ချင်းအတူတူ Yoon skin essence သာရွေးသုံးလိုက်တော့☘️
သူ့မှာMugwort extract 99% ပါဝင်ပြီးအဆီပြန် အဆီဖုထွက် ဝက်ခြံထွက်တာ အသားရေနီမြန်းရောင်ရမ်းတာ အနီစက်နဲ့ မျက်နှာယားယံတာတွေသိသိသာသာသက်သာစေတယ် Acne prone skin / sensitive skin /combination skin တွေအေးဆေးသုံးလို့ရနိုင်တယ်
texture ကတော့ ရေလိုပဲ အရည်ကျဲကျဲလေးနဲ့ အနံ့ကအရမ်းအရမ်းကိုပျော့တယ်မရှိသလောက်ပဲအသားပေါ်တင်ကျန်မနေပဲစိမ့်ဝင်မြန်တယ် သုံးပြီးရင်လည်းခြောက်ခြောက်ကြီးမဖြစ်ပဲ Hyaluronic Acid ပါလို့စိုစိုတင်းတင်းလေးနဲ့အစိုဓာတ်ပြည့်စေတယ်
အဆီဖုတွေ ဝက်ခြံတွေ ပျစ်နေအောင်ထွက်နေတယ်နီမြန်းရောင်ရမ်းနေတယ်ဆိုရင်တော့ cotton pad ထဲ essence ရွှဲရွှဲလေးထည့်ပြီး mask လို ၁၀မိနစ်လောက်ကပ်ထားပေး ပြီးရင်တန်းမလွှင့်ပစ်နဲ့ ကျောမှာအဆီဖုဝက်ခြံလေးတွေရှိရင် အဲ့cotton pad လေးနဲ့ပဲ ပွတ်ပေးလိုက်နော်
ဗူးဆိုဒ်အနေနဲ့ဆိုလည်း 100ml မဟုတ်ပဲ ၊ 150ml ပါတာမို့ အတော်လေးအသုံးခံတယ် တန်တယ်ပြောရမှာပေါ့ essence ကောင်းကောင်းတခုလောက် ညွှန်းပေးဆို ဒီ Yoon skin လေးကိုလည်း ထည့်ညွှန်းပေးရတော့မယ် try ကြည့်ကြည့်နော် ☘️💚
#reviewbynoe #mugwortessence #yoonskin #yoonskinessence #yoonskinmugwortessence #crd