ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စင်စစ် ဒီကားက ..
ဟိုး 2003ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Saamy ကားရဲ့ အဆက်ပါ။တောင်ပိုင်းကားဆိုပေမယ့် နယူးဒေလီ,ဒေလီမြိုတိုမှာ အခြေပြုရိုက်ကူးထားတဲ့ကားပေါ့။
2015 ခုနှစ်က ထွက်ခဲ့တဲ့ခါးကုန်းကြီးကား "I" ဆိုတာကို ကြည့်ဖူးရင် . . .
ဒီကားထဲက မင်းသားကြီး Vikram ရဲ့
သရုပ်ဆောင်မှုကို ခန့်မှန်းမိမယ်ထင်ပါတယ်။
Vikram ဟာ လူလတ်ပိုင်း တမီးလ်အနုပညာရှင်တွေထဲမှာ ကျွန်တော့်အကြိုက်ဆုံး မင်းသားပါ။
တမူထူးခြားတဲ့ ဇာတ်အိမ်နဲ့ ရိုက်ကူးမှုပုံစံတွေ ကွဲထွက်နေတာဟာ Vikram ရွေးချယ်ထားတဲ့ စတိုင်လ်တစ်ခုလိုတောင် ဆိုချင်ပါတယ်။
ကဲ
ဇာတ်လမ်းအကျဉ်းကို ဆက်ရအောင်. . .
အာရွန်းဆာမိဆိုတာ Singam လိုမျိုး
ထက်မြက်တယ်၊ဥာဏ်ပြေးတယ်၊ဖြောင့်မတ်တယ်၊ ဒေါသလည်း ကြီးတယ်။
တကယ့် ဇက်ဇက်ကြဲ သတ္တိဗျတ္တိရှိတဲ့သူပါ။
ဇာတ်လမ်းရဲ့ စစချင်း တမီးလ်နာဒူးပြည်နယ်က
တီရူးနဲလ်ဝေလီလို ခေါ်တဲ့ ဒေသမှာ
အာရွန်းဆာမိဟာ ရာဇဝတ်သား လူမိုက်ကြီးတစ်ယောက်ရဲ့ နောက်ကို
သဲကြီးမဲကြီး လိုက်နေပါတယ်။
လူမိုက်ကြီး နာမည်က ပီရူးမဲလ်ပီချိုင်းတဲ့။
တကယ့်ကို လက်ရဲဇက်ရဲနဲ့ တီရူးလ်နဲဝေလီ ဒေသကို လက်ဝါးကြီးအုပ်ထားသူပေါ့။
မတရားမှုပေါင်းများစွာကို ကျူးလွန်ထားတဲ့ ပီရူးမဲလ်ပီချိုင်းကို တီရူးနဲလ်ဝေလီ ဒေသခံ ရဲတွေ နိုင်ငံရေးသမားတွေအခွန်ကောက် အရာရှိတွေ ဘယ်သူမှ မထိပါးရဲပေမယ့်အာရွန်းဆာမိကတော့ ပီးရူးမဲလ်ကို
ရိုက်နှက်ပြီး အရှင်လတ်လတ် မီးရှိသတ်ပစ်လိုက်ပါတယ်။
ဒီအဖြစ်အပျက်က နှစ်ပေါင်း 28 နှစ် ကြာသွားခဲ့ပြီ။
အာရွန်းဆာမိနဲ့ ဇနီးသည် ဘူဝနာတိုကနေ ရမ်ဆာမိကို မွေးဖွားခဲ့လိုယခုဆိုရင် ရမ်ဆာမိဟာ အရွယ်ရောက်ပြီး IAS စာမေးပွဲ ဖြေဖို ဒေလီမြိုက ဝန်ကြီးရုံးမှာ
အလုပ်လုပ်ရင်း စောင့်ဆိုင်းနေပါတယ်။
ဖခင်နဲ့ စိတ်သဘောထားချင်း ချွတ်စွပ်တူတဲ့ ရမ်ဆာမိကို အဖိုးနဲ့ အဘွားတိုက ဒေလီကို ခေါ်လာပြီး
ဗြဟ္မဏအဖြစ် ပြုစုပျိုးထောင် ပေးထားတာပါ။
လိမ္မာယဉ်ကျေးပြီး အေးဆေးနေတတ်တဲ့ ရမ်ဆာမိဟာ ရဲယူနီဖောင်းနဲ့ ထိတွေ့မိရင် ဖခင်ရဲ့ စိတ်တွေ ဝင်လာတတ်ပြီးမတရားတဲ့သူတွေကို ရိုက်နှက်တတ်ပါတယ်။
မသိစိတ်ထဲမှာ ဖခင်သွေး အပြည့်ပါနေသူပေါ့။
သူ့အလုပ်ရှင် ဝန်ကြီး ဗစ်ရ်ှဝါနသန်ရဲ့ သမီး ပြန်ပေးအဆွဲခံရမှုကို အမှတ်မထင် လိုက်ကူညီရင်း ဒိတ်ဒိတ်ကြဲ လူဆိုးလူမိုက်ကြီး ရာဝဏ္ဏပီချိုင်းနဲ့ ငြိမိပါတယ်။
ရာဝဏ္ဏပီချိုင်း...
ရာဝဏ္ဏပီချိုင်း ဆိုတာ
ဒေလီမြိုမှာ နာမည်တစ်လုံးနဲ့ နေတဲ့သူ။
နိုင်ငံရေးသမားတွေ စီးပွားရေးလုပ်ငန်းရှင်တွေ တရားမဝင် လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ငွေမည်းတွေကို နေရာတစ်ခုကနေ တစ်ခုကို
တရားမဝင်လမ်းကြောင်းကနေ ပိုပေးရင်း ကော်မရှင်ခနဲ့ ရပ်တည်နေသူပေါ့။အဲ့ဒီလိုပိုဆောင်မှု တစ်ခုလုပ်ဖို လာတဲ့
ဗင်ကားတစ်စီးနဲ့ ရမ်ဆာမိရဲ့ ဆိုင်ကယ် တိုက်မိပြီး ဗင်ကားကို ရမ်ဆာမိ ယူသွားပါတော့တယ်။
ဗင်ကားပေါ်မှာက တရားမဝင်ငွေမည်း
သန်း 4800 ပါတော့ ရာဝဏ္ဏပီချိုင်းဒေါကန်ပြီလေ. . .
ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းကြည့်လိုက်တော့ သူ့ဖခင်နဲ့ ရန်ကြွေးရှိခဲ့ဖူးသူ အာရူးဆာမိရဲ့သား ရမ်ဆာမိဖြစ်နေတာကို သိသွားတဲ့အခါ. . .
Singam လို အက်ရှင်ကောင်းကောင်းပါတဲ့ ကားတွေကို တောင့်တနေတဲ့ ပရိတ်သတ်ကြီးအတွက်
တကယ့်ကို အကြိုက်တွေ့စေမယ့် ကားကြီးမို...
#crd
#storymode
မန်ကျည်းသီးအနှစ်အခဲလေးတွေ🥰
မန်ကျည်းသီးအထုပ်ရဲ့တစ်ဝက်ကိုရေနွေးဆူဆူနဲ့ပြုတ်ပြီး၊အနှစ်တိုက်…
ရေခဲခွက်နဲ့ခဲ…
Ziplocနဲ့သိမ်း…
ချဉ်ရည်ဟင်းချက်မလား?
ငါးပိကြော်ချဉ်စပ်ထဲထည့်မလား?
နွေရာသီမှာ ပျားရည်(or) ထန်းလျက်ရည်နဲ့ ဖျော်ရည်လုပ်သောက်မလား?
ဗျတ် ဆို ကောက်ထည့်လိုက်ရုံပဲ..။
အားနေရင် ဒီလိုမျိုးလေးမီးဖိုချောင်အိုင်ဒီယာတွေလုပ်ထားတတ်ရင် လူသက်သာ၊အချိန်ကုန်သက်သာသပေါ့..။