5 w - Translate

ကလေးမြို့နယ်တွင် ပြည်ပပို့ကုန် နှမ်းသီးနှံ ဧက (၂၂၀၀၀) ကျော် ရိတ်သိမ်း

ပြည်ပပို့ကုန်နှမ်းသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ရိတ်သိမ်းနေပြီဖြစ်ရာ ဧက(၂၂၀၀၀) ကျော်ရိတ်သိမ်းပြီးဖြစ်ကြောင်း ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် မိုးသီးနှံနှမ်းကို သြဂုတ်လက စတင်ရိတ်သိမ်းနေရာ ယနေ့အထိ (၂၂၁၆၄) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

"လက်ရှိစိုက်ထားတဲ့ နှမ်းစိုက်ခင်းအားလုံးရာနှုန်းပြည့်ရိတ်သိမ်းပြီးပါပြီ။ အထွက်နှုန်းကောင်းမွန်တဲ့ GAP နည်းစနစ်နဲ့စိုက်ခဲ့ကြတာပါ။ တစ်ဧက ၆.၆၁ တင်း ထွက်ရှိနေပါတယ်" ဟု ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးဦးနိုင်ထွန်းဝင်းက ပြောသည်။

ကလေးမြို့နယ် နှမ်းစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်နဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ အ ထွက်နှုန်းကောင်းမွန်သည့် မျိုးများစိုက်ပျိုးနိုင်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"GAP နည်းစနစ်နဲ့ စိုက်ပျိူးထုတ်လုပ်တဲ့ သီးနှံတွေဟာ အခြားစိုက်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သီးနှံတွေထက် အရည်အသွေး ပိုမိုကောင်းမွန်ပြီး ပြည်တွင်းစျေးကွက်သာမက ပြည်ပစျေးကွက်ကိုပါ တင်ပို့ရောင်းချနိုင်ပါတယ်"ဟု နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

imageimage
5 w - Translate

သားကြီး ငါ့တို့ကကြောင်‌ တွေ လေ ကွာ
ဘာများတတ်နိုင်မှာ...လဲ

image
5 w - Translate

Morning 🌄🌄

image
5 w - Translate

ဖြစ်ချင်တာ Korea Look
ဖြစ်နေတာ အာဖရိက လွတ်ခ်
စိတ်တွေလဲ ညစ်ပါတယ်ဟယ်
#kuukuu

image
5 w - Translate

သတိရချင်တဲ့အခါ
ရယ်သံတွေအစ ခေါ်သံတွေအဆုံး
အရာအားလုံးဟာ
လူကို နွမ်းလျစေတာချည်းပဲ

အချိန်တိုင်းတော့မဟုတ်ပေမယ့်
တိမ်တွေဆီငေးတိုင်းတော့ သတိရတယ်

ပါခဲ့သလောက် ရေစက်တွေထဲ
ရောင့်ရဲစိတ်ကို ဖျော်ထည့်ထားရတယ်
အဲ့ဒီလိုမှမဟုတ်ရင် အလိုက်သိစိတ်က
စံကားပွင့်တွေလို
အချိန်အခါနဲ့ပွင့်တတ်မှာ မဟုတ်ဘူး
ဒါဆို ကျနော်လည်း မကြည်မလင်
မင်းလည်း အဆင်မပြေဘယ်ဖြစ်တော့မလဲ
အချစ်ကလေးရဲ့ ။

#ရွယ်ရည်

image
5 w - Translate

မကြောက်နဲ့နော်။ မင်းနားမှာ ကိုယ်ရှိတယ်။
သာမန်မျက်စိနဲ့တော့ ဘယ်မြင်နိုင်မလဲ....သဲ 👻

image
5 w - Translate

ပကာသနမပါတဲ့ လမ်းဘေးဆိုင်လေးတဲ့
အခုတော့ ၁သိန်းလောက်ကျသွားပြီ

image
5 w - Translate

ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်

စကားတွေနေ့တိုင်းလာပြောနေပြီး
ရုတ်တရက်ကြီး စကားလာမပြောတော့ဘူး ။
အမြဲလိုလို ကိုယ့်အနားမှာရှိနေပြီး
ရုတ်တရက်ကြီး ကိုယ့်အနားမကပ်တော့ဘူး ။
တစ်ခုခုဆို လာအစီရင်ခံလေးရှိတဲ့သူက
ရုတ်တရက်ကြီး အနေစိမ့်သွားတယ်...
နွေးထွေးပြီထင်ခဲ့တဲ့ conversation တွေဟာလည်း
ခြောက်ကပ်သွားခဲ့တယ် ။
Romantic ဆန်လိုက်တာလို့တွေးခဲ့တဲ့
ဇာတ်လမ်းလေးဟာလည်း
Sad ending တွေဖြစ်ကုန်တယ် ။

ဘာလို့ ရုတ်တရက်ကြီးပြောင်းလဲသွားရတာလဲလို့
မမေးခဲ့ပေမယ့် အဓိကအဖြေကို ကိုယ်သိနေခဲ့တယ် ။

မင်းရဲ့ စိတ်ထဲ ငါမဟုတ်တဲ့
တစ်ခြားတစ်ယောက် ဝင်သွားခဲ့လို့ပဲ
သိနေခဲ့ပါတယ်
ကိုယ်သိနေနှင့်ခဲ့ပါတယ် ။

🍀🖤
#ᗩᒪoᑎᗴ

image
5 w - Translate

ချစ်တတ်လို့ပါ

image
5 w - Translate

လူတစ်ယောက်မှာ ဘဝနှစ်ခုရှိတယ်တဲ့...
ချစ်နိုင်သ၍ မရှုံးဘူး
ဒီသံသရာမှာစ
နောက်ဘဝသံသရာအထိ
ခနခနခလုတ်တိုက်ချင်တယ် ။

ချစ်တယ်
မျှော်လင့်ခြင်း ကင်းမဲ့စွာချစ်မယ်
ငေးမျှော်ခြင်းဖြင့် ဆက်၍ချစ်‌နေမည် ။

မိုးဆောင်းဝေ

image