6 w - Translate

ဘုရင့်ပွဲကြည့်ဆောင်ရှေ့က စခန်းချထားသောရွက်ဖျင်တဲများ

#crd

image
6 w - Translate

Nails arts

image
6 w - Translate

Nails arts

image
6 w - Translate

Nails arts

image
6 w - Translate

Nails arts

image
6 w - Translate

Nails arts

image
6 w - Translate

Nails arts

image
image
image
image
image
6 w - Translate

ရုရှားကို မြန်မာလုပ်သား ၂၄ ဦး စတင်စေလွှတ်
ရန်ကုန်၊ မတ် ၆
ရုရှားနိုင်ငံကို မြန်မာအလုပ်သမား ၂၄ ဦး စတင်စေလွှတ်လိုက်ကြောင်း နစက အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို ရောက်ရှိနေချိန်မှာ ဝန်ကြီးဌာနဘက်က Pilot Project အနေနဲ့ မတ်လ ၅ ရက်နေ့မှာ စေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေဖို့နဲ့ လုပ်ခလစာ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတွေထံ လုပ်သားစေလွှတ်ခြင်းဖြင့် လုပ်သားဈေးကွက် တိုးချဲ့ရှာဖွေနိုင်ဖို့ ရည်ရွယ်စေလွှတ်ခဲ့တာလို့ ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ Vista International Co., Ltd ရဲ့ အစီအစဉ်နဲ့ ရုရှား Join-Stock Company ‘Inturd’ Co., Ltd ထံ ကျွမ်းကျင်မြန်မာလုပ်သား ၄၅ ဦးအနက် ကနဦးအစီအစဉ်နဲ့ လုပ်သား ၂၄ ဦးကို စေလွှတ်ခဲ့တာပါ။
လုပ်သားတွေ စေလွှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ မတ်လ ၃ ရက်မှာ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းသင်ကြားပို့ချခြင်းနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကတ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ရုရှား အလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ MOU ရေးထိုးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ MOU လက်မှတ်ရေးထိုးထားတာ မရှိသေးပေမယ့်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး Pilot Project နဲ့ စေလွှတ်တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း - BETV Business

image

🇲🇲🌏(6/3/2025 ) ငွေစျေး🌏🇲🇲
🇱🇷(အမေရိကန်) USD - 1$ - 4380 MMK🇲🇲
🇸🇬(စင်ကာပူ) SGD - 1$ - 3310 MMK🇲🇲
🇹🇭(ထိုင်း) THB - 128.21 (779 B - 1သိမ်းကျပ်)🇲🇲
🇲🇾(မလေး) MYR - 1RM - 1005 MMK 🇲🇲
🇯🇵(ဂျပန်) JPY - 1ယန်း - 29.04 MMK🇲🇲
🇻🇳(တရုတ်) CNY - 1ယွမ် - 598 MMK🇲🇲
(အိုမန်) OMR - (1အိုမန်) 11600 MMK

#crd

ငါးသလောက်ပေါင်း(အရိုးနူးပေါင်းနည်)
🥘🥘🥘🥘🥘🥘🥘
ထမင်းမြိန်ပြီး လူကြိုက်များတဲ့ ငါးသလောက်ပေါင်း/ ငါးအရိုးနူးပေါင်းနည်းလေး ဖြစ်ပါတယ်။ တချို့ ငါးသလောက်မတည့်သော သူများအတွက်လည်း အခြားငါးတို့နဲ့ အစားထိုးပြီး ချက်နိုင်ပါတယ်။ ကျွန်မကတော့ ဒီတစ်ခါ ငါးသလောက်မရနိုင်တဲ့ အရပ်မှာမို့ Milkfish ကို အစားထိုးချက်ထားပါတယ်။ မြန်မာပြည်မှာတော့ ငါးကြင်းကို အစားထိုး ချက်လေ့ ရှိကြပါတယ်။ ချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

ငါးသလောက်/ငါးကြင်း/Milkfish ၆ဝဝ ဂရမ် (၄၀ ကျပ်သားခန့်)

ကြက်သွန်နီ- ၅ လုံး

ကြက်သွန်ဖြူ- ၁၀ မြွှာ

ချင်း- ၁ တက်

နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်- အနည်းငယ်

ဆား- စားပွဲဇွန်း ၁ ဇွန်း

ရှလကာရည်- ရေနွေးပန်းကန်လုံး ၁ လုံး

ငရုတ်သီးခြောက်- ၁၀ တောင့်

စပါးလင်- ၂ ချောင်း

ဆီ- လိုသလောက်

ပြုလုပ်နည်း

၁။ ငါးသလောက် သို့မဟုတ် မိမိနှစ်သက်ရာငါးကို ရေဆေးသန့်စင်၍ လိုသလို လှီးဖြတ်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ရှလကာရည်၊ ချင်းထောင်း

တစ်ဝက်၊ ကြက်သွန်ဖြူ ၅ မြွှာ၊ ကြက်သွန်နီ ၃ လုံး ခြမ်း၍ ထည့်ပြီး နယ်ထားပါ။ မီးဖိုမှာ တိုက်ရိုက်မပေါင်းဘဲ ချက်ပါက စပါးလင်ကို ထုပြီး အိုးအောက်ခြေ မှာ ခင်းပါ။ ကြံကိုလည်း အသုံးပြုနိုင်ပါတယ်။

၂။ အရသာနယ်ပြီးပါက ထမင်းပေါင်းအိုးထဲ ထည့်ပြီး ရေဖုံးအောင် ထည့်ပါ။

၃။ လက်ကျန် ကြက်သွန်နီ ၂ လုံးကို ပါးပါးစိတ်ပြီး ကြက်သွန်ဖြူ ၅ မြွှာကို ထောင်းထားပါ။ ငရုတ်သီးခြောက်ကို ရေစိမ်ပြီး ထောင်းထားပါ။ စပါးလင်ကို ထုပြီး လှီးဖြတ်ထားပါ။

၄။ အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲ ဆီထည့်ပြီး စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း လက်ကျန်တစ်ဝက်နှင့် ငရုတ်သီးထောင်းထားသည်တို့ကို

ဆီသတ်ပြီး ဆား အနည်းငယ် ထည့်ပါ။

၅။ ပြီးလျှင် ငါးသလောက်ပေါင်းမည့် အိုးထဲ ရောထည့်ပြီး အရိုးနူးသည်အထိ တည်ပေးပါ။ ၄ နာရီခန့်ကြာမြင့်တတ်ပြီး လိုအပ်ပါက ရေ ထပ်ထည့်ပါ။ အရိုးနူး ပါက ရေခန်း ဆီပြန်သည်အထိ ထားပြီး အရသာအပေါ့အငန်မြည်းကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

၆။ ထမင်းပေါင်းအိုးကို အသုံးပြုခြင်းဖြင့် အိုးကပ်တူးခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မီးဖိုမှာ တိုက်ရိုက်ချက်ပါက မီးအနေအထားကို အထူးဂရုပြု

ရမှာ ဖြစ်ပါတယ်။ အရိုးနူးပေါင်းအိုး Pressure Cooker ဖြင့် ချက်ပါက အချိန်ကုန်သက်သာပြီး မီးအားကုန်သက်သာစေမှာ ဖြစ်ပါတယ်။

credit

image