4 w - Translate

နယ်မြေချဲ့ထွင်ရန် မဖြစ်နိုင်သော မြို့

ဒီ‌နေချင်စဖွယ်မြို့ကလေးဟာ အီရတ်နိုင်ငံမြောက်ပိုင်း Dohuk ခရိုင် ကာဒစ်စတန်ဒေသတွင် တည်ရှိသော "Amedi"အာမီဒီ လို့ခေါ်တဲ့ တောင်ပေါ်မြို့က‌လေးတစ်မြို့ဖြစ်ပါတယ်။

အမြင့် ၁၂၀၀ မီတာ (၃,၉၀၀ ပေ) ရှိသော ကျောက် တောင်ကြီးတစ်ခုပေါ်တွင် တည်ဆောက်ထားသော ကြောင့် မြို့ပြအသွင်ကူးပြောင်းမှုအရ နယ်မြေချဲ့ထွင်ရန် မဖြစ်နိုင်သော ကမ္ဘာ့တစ်ခုတည်းသော မြို့အဖြစ်လဲ သတ်မှတ်ခြင်းခံထားရပါတယ်။

အာမီဒီ မြို့ဟာ ရှေးခေတ်ကတည်းက သမိုင်းဝင်ကျော် ကြားတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒေသထွက်ကျောက်တွေနဲ့ ဆောက်လုပ်ထားတဲ့ ကာဒစ်စတန်ရိုးရာ ပုံစံအဆောက် အဦးတွေကြောင့်လဲ အလွန်ထင်ရှားပါတယ်။

ဒီမြို့က‌လေးဟာ ကမ္ဘာ့အမြင့်ဆုံး လူနေထိုင်ရာ မြို့တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်သလို သမိုင်းဝင်ယဉ်ကျေးမှု အဆောက်အအုံများ နှင့် သဘာဝအလှတရားများကြောင့် ခရီးသွားတွေ အထူးစိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

image
4 w - Translate

တိမ်ဖုံးပါလို့ လမသာ - မစန္ဒာ
" ကိုကိုရာ ကိုကို ဆရာဝန်ဖြစ်ပြီပဲ
ကျွန်တော့်ကို တစ်လှည့် ထမင်းမကျွေးနိုင်
ကျောင်းမထားနိုင်ဘူးလားဟင် "
ခြုံစရာစောင်မရှိတဲ့အိမ်ကလေး ၊ လျှပ်စစ်မီး
မရှိတဲ့ အိမ်ကလေး ၊ မိုးရွာရင် ဆောင်းစရာ ထီး
မရှိလို့ ကျောင်းမသွားရတဲ့ အိမ်ကလေးက ကိုကို နဲ့ ညီညီ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ။
#မစန္ဒာ

image
4 w - Translate

မြစိမ်းပြာကမာရွတ် - နုနုရည်အင်းဝ
၁၉၉၃ ခုနှစ်ရဲ့ အမျိုးသားစာပေဆုကိုရရှိထားခဲ့တဲ့ ပြောဟန်အရေးအသားနဲ့ ဘဝသရုပ်ဖော်တွေ
ရေးရာမှာ နာမည်ကြီးလှတဲ့ ဆရာမနုနုရည်အင်းဝရဲ့ စာအုပ်ကလေးပါ ။
ကမာရွတ်မြို့နယ် မြစိမ်းပြာလမ်းထဲက ကန်ထရိုက် သုံးထပ်တိုက် တစ်လုံးမှာနေတဲ့ မိသားစု ငါးစုအကြောင်းကို အသေးစိတ်ရေးဖွဲ့ထားတဲ့
ဝတ္ထုရှည်ပါ ။
ခိုအိမ်ကလေးတွေလို တိုက်ခန်းလေးတွေမှာ
နေကြတဲ့ မိသားစုတွေရဲ့ ဘဝတွေနဲ့ ခံစားမှုအကြောင်း အစုံကို တပြိုင်တည်းပေးစွမ်းနိုင်တဲ့ စာအုပ်လေးပေါ့ ၊ တိုက်ခန်းတွေရဲ့ မီးလုံးဝါဝါလေး လင်းလာတာကအစ အသေးစိတ်ရေးဖွဲ့ထားလို့ ဇာတ်ကောင်တွေရဲ့ ဟန်ပန်လှုပ်ရှားမှုကို
သေသေချာချာ ပုံပေါ်လာပြီး ခံစားစေနိုင်ခဲ့တယ်။
ဦးသက်ဦး နဲ့ လတ်
အမြဲတမ်း စိတ်တိုနေတဲ့ ယောကျ်ားဖြစ်သူကို
ဦး လို့ ခေါ်ပြီး အလိုကျ ကျေနပ်အောင်လုပ်ပေး
နေတဲ့ လတ် ဆိုတဲ့ မိန်းကလေး တို့ စုံတွဲ ။
သူစိတ်ပျော်နေရင် သီချင်းတွေ အော်ဆိုတတ်တဲ့
ကြောင်တွေကို မုန်းတဲ့ ၊ ချတ်လစ် ချစ်လတ် ဆိုပြီး စကားပြောင်လေးတွေနဲ့ သူ့မိန်းမကို ခေါ်တတ်တဲ့
ဦးသက်ဦး ကြောင့်လည်း ပြုံးမိရသေးတယ် ။
အပျိုကြီး နှစ်ယောက်
လှည်းတန်းစျေးမှာ အထည်ဆိုင် ဖွင့်ထားတဲ့ အပျိုကြီး တူဝရီးနှစ်ယောက် ၊ ကြောင်တွေ
ဆယ်ကောင်လောက် မွေးထားတဲ့ သူတို့ အခန်းလေးဟာလည်း အံ့သြစရာ ၊ နတ်ပွဲတွေသွားကတဲ့
သူတို့ရဲ့ ယုံကြည်မှုတွေကိုလည်း မြင်ရအုံးမှာ ။
အညာကို လွမ်းတဲ့ ဦးဘတင်
သား မြေး ချွေးမ တွေနဲ့ အတူ ရန်ကုန်မှာ လာနေတဲ့ အညာသား အဘိုးကြီးတစ်ယောက် ၊ အညာကို လွမ်းနေပြီး ရှေးတုန်းက အကြောင်းတွေ
ပြန် ပြန်ပြောလို့ မြေးတွေ နှာခေါင်းရှုံ့ခံရသူပေါ့ ။
​တိုက်ခန်းထဲမှာ နေပြီး မြေမနင်းသား ဘဝကို
စိတ်ကုန်နေတဲ့ အဘိုးကြီးတစ်ယောက် ။
ကိုပျော်ရွှင်ကြီး ကိုဝင်းအောင်
စာအုပ်တစ်အုပ်လုံးမှာ သဘောကျရတဲ့ ဇာတ်ကောင်ပေါ့ ၊ ဘဝအမောတွေကြားမှာ
ပျော် ပျော်နေတတ်တဲ့ သူ့ရဲ့ ဟန်ပုံ အပြောအဆိုတွေ ဖတ်ရင်း ပြုံးရတယ် ၊ ရယ်ရတယ် ။
သီချင်းတကြော်ကြော်ဆိုပြီး ဟင်းတွေ အထူးအဆန်းချက်တတ်တဲ့ ကျူရှင်ဆရာ ၊
အပူတွေကို အပျော်နဲ့ ဖုံးပြီး နေပျော်အောင်နေတဲ့ ဇာတ်ကောင်ကြောင့် ဖတ်ရင်း အပျော်တွေတောင်ကူးစက်လို့။
မြေပိုင်ရှင် သားအမိ
သုံးထပ်တိုက်ရဲ့ မြေကိုပိုင်တဲ့ အန်တီမေရီ ဆိုတဲ့
မြေပိုင်ရှင် ၊ သူ့ဆီမှာ ဆွံ့အနားမကြားဖြစ်နေတဲ့
ဆန်နီ ဆိုတဲ့ သားကလေးရှိတယ် ၊ တစ်တိုက်လုံးက သနားချစ်ကြပြီး ခိုင်းသမျှကို လုပ်ပေးတဲ့ ကလေးလေး ။ ဖုန်းတစ်လုံးအနားမှာနေပြီး ဖုန်းဆက်လာတဲ့ လူတွေအကြောင်းကို ဆေးလိပ်သောက်ရင်း
စပ်စုတတ်တဲ့ ဆန်နီ တို့အမေ ။
ဒီ မိသားစုတွေရဲ့ အကြောင်းကို မနက်လေးနာရီက စပြီး ညအိပ်ရာဝင်ချိန်အထိကို ရေးဖွဲ့ထားတာပါ ၊ ရန်ကုန်မြို့ရဲ့ ကိုယ်ပိုင်မြေ မရှိတဲ့ တိုက်ခန်းငှါးနေရတဲ့ ဘဝအောက်ကလူတွေ ၊ အပေါ်ယံဆောက်ထားတဲ့ ခိုင်ခံ့မှု မသေချာတဲ့ ကန်ထရိုက်တိုက်မှာ နေကြတဲ့ သူတို့ ရဲ့ ပူပန်မှုတွေ ။
တိုက်ခန်းနေလူတွေရဲ့ ရေဒုက္ခ လျှပ်စစ်မီးဒုက္ခ
မီးဘေး ဒုက္ခတွေ အစုံကိုလည်း သူတို့နဲ့အတူ
စိုးရိမ်စွာ မွန်းကြပ်စွာ ခံစားရအုံးမှာပါ ။
ဒီစာအုပ်ကို ဖတ်ပြီးတော့ မြို့ပြမှာ နေထိုင်ရတဲ့ ​အခြေခံ လူတန်းစားတွေ ရဲ့ ရုန်းကန်မှုတွေ ၊
မွန်းကြပ်မှုတွေ နဲ့ အပူတွေ ဘဝတွေကို မြင်တွေ့ ခံစားခဲ့ရတယ် ၊ ဇာတ်သိမ်းခန်းဟာ မထင်ထားလောက်အောင် ရက်စက်လှတာမို့ ဖတ်ရင်း မျက်ရည်ပါ ကျခဲ့ရတယ် ။
ခိုအိမ်လေးတွေထဲမှာ နေကြတဲ့ မိသားစုဘဝတွေကို မြင်တွေ့ ခံစားစေရမဲ့ စာအုပ်လေးပေါ့ ။
" မနက်ခင်း မိုးလင်းရင် ခိုကလေးများတို့ရယ် ..."

image
4 w - Translate

အီတလီလူမျိုးများမှာ
ရှေးရိုးအစဥ်အလာအရ
အယူအဆတစ်ခုရှိတယ် ။
လူ့လောကကမ္ဘာကြီးဟာ
ဆင်းရဲဒုက္ခတွေများလွန်းလို့
အဖေတစ်ယောက်ရှိရုံနဲ့
မလုံလောက်ဘဲ
အဖေနှစ်ယောက်ရှိမှ
ဖြစ်မှာဆိုတဲ့ အယူရှိကြတယ် ။
ဒါ့ကြောင့် သူတို့မှာ
" ဂေါ့ဖားသား " ရယ်လို့
မွေးစားအဖေ သဘောမျိုး
ထားရှိတတ်ကြတယ် ။
- တက္ကသိုလ်နေဝင်း

image

\မေတ္တာတရားတွေထပ်တူကျမှ သစ္စာပန်းတွေစိုက်ပါ\

4 w - Translate

ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ - မိုးမိုးအင်းလျား
" ချစ်တာကို ဘာ့ကြောင့် ချစ်တယ်လို့
ပြောလို့မရသလိုဘဲ မချစ်တာကိုလဲ ဘာကြောင့်
မချစ်ဘူးလို့ ပြောလို့ရပါ့မလား မချစ်လို့
မချစ်တာပဲပေါ့ "
"လင်း" ဆိုတဲ့ ကလေးဆန်တဲ့ ကောင်မလေး
တက္ကသိုလ်မှာ ဘောလီဘောပုတ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပြီး အချစ်ကို စိတ်မဝင်စားတဲ့
အချစ်ကို နားမလည်တဲ့ ပတ္တမြားတွေထွက်ရာ
ဇာတိ မိုးကုတ်မြို့သူလေး ။
အချစ်ကို အရေးမထားသလို စိတ်မဝင်စားတဲ့ အကြောင်းက မိဘတွေ သဘောတူထားတဲ့သူကို
ကျောင်းပြီးရင် ယူရမှာမို့တဲ့လေ ။
" လင်းက ကိုကိုကြီးကိုပဲ ယူရမှာပါ " တဲ့ ။
ကိုကိုကြီး ဆိုတာက လင်းထက် ဆယ်နှစ်လောက်ကြီးပြီး ငယ်ငယ်ကတည်းက ဘေးနားက အစ်ကိုတစ်ယောက်လို ကြည့်နေပြီး ဂရုစိုက်ခဲ့တဲ့သူ ။
လူကြီးဆန်ပြီး တည်ငြိမ်တဲ့သူတစ်ယောက်ပေါ့ ။
မိဘချင်း သဘောတူကြပေမဲ့ ကိုကိုကြီးကရော
လင်း ကို ချစ်သလား ။ လင်းကရော ကိုကိုကြီးကို
ချစ်လေသလား ။
ကိုကိုကြီး နဲ့ အဖေတူ မအေကွဲညီတစ်ယောက်က
ကိုဇော် တဲ့ ၊ သွက်လက်ပြီး လူငယ်စရိုက်အပြည့်နဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကိုဇော်မိန်းကလေးတွေကြား ရေပန်းစားလောက်အောင် စွံတဲ့ ကိုဇော် ။
လင်း နဲ့ ရွယ်တူဖြစ်ပြီး လိုက်ဖက်လွန်းလို့ ဝါတော်ရှစ်ဆယ်ရ ဘုန်းကြီးလို နေတဲ့ ကိုကိုကြီးကို မယူဘဲ ကိုဇော့်ကို ယူပါလားလို့ သူငယ်ချင်းတွေက ပြောတဲ့အထိ လင်း နဲ့ ကိုဇော်က သိပ်လိုက်ပါတယ် ။
ကိုကိုကြီး ၊ ကိုဇော် နဲ့ လင်း ။
ကိုဇော် နဲ့ အေးအေးအောင်ဆိုတဲ့ အမျိုးသမီး အတူတွဲသွားလာနေတာကို မြင်တဲ့ လင်းတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ မနာလိုစိတ်နဲ့ ကြည်နူးစိတ်တွေ ဖြစ်ပေါ်လာခဲ့တယ် ။
လင်းတစ်ယောက် မိဘစကားနားထောင်ပြီး
ကိုကိုကြီးကိုပဲ လက်ထပ်ယူမှာလား ။
အချစ်အတွက် သတ္တိရှိစွာ နဲ့ ကိုဇော့်ကို ရွေးချယ်
မလား ။
ရေခဲတုံးလို အေးစက်တဲ့ ကိုကိုကြီး ရဲ့ နှလုံးသားကရော လင်းအတွက် နွေးထွေးမှုတွေ အချစ်တွေ
ရှိနေသလား ။
ဝေမလိုနဲ့ ကြွေကျသွားတဲ့ ပန်းကလေးတွေ
ကြွေမလိုနဲ့ ဝေသွားတဲ့ ပန်းကလေးတွေ
အမြင်နဲ့ ဆုံးဖြတ်မရနိုင်တဲ့ အရာတွေပေါ့ ။
လင်း ရဲ့ ရင်ထဲက ပန်းကလေးက ဘယ်သူ့အတွက် ဝေဆာဖူးပွင့်မှာလဲ ။
ဆရာမိုးမိုးအင်းလျား ရဲ့ ဒီအချစ်ဇာတ်လမ်းလေးမှာ ဖတ်ရှုကြည့်လိုက်ပါ ။

image
4 w - Translate

မေတ္တာရှင်မလေးပေါ်လီယာနာ(Rating4.5/5)
"ခြေနှစ်ချောင်းရှိခြင်းရဲ့တန်ဖိုးကိုလမ်းမလျှောက်နိုင်တဲ့အချိန်ကြမှ သိပါလိမ့်မယ်..."
ဒီစာအုပ်လေးကိုကြားဖူးတာကြာပြီ
အခုသင်္ကြန်အတွင်းမှဖတ်လိုက်တာတကယ့်ကိုဘဝအတွက်လိုအပ်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်နေပါတယ်
ဒီစာအုပ်လေးဖတ်လိုက်တော့Positive Energyနဲ့Positive Vibesလေးတွေအများကြီးရခဲ့ပါတယ်🥰
ဇာတ်လမ်းအကျဉ်းကိုပြောပါဆိုရင်
11နှစ်အရွယ်သာရှိတဲ့ပေါ်လီယာနာဆိုတဲ့ကောင်မလေးဟာမိဘနှစ်ပါးဆုံးပါးသွားပြီးတဲ့နောက်သူမနေထိုင်ရာအရပ်နဲ့ဝေးရာ ရပ်ဝေးဆီကအပေါက်ဆိုးဆိုးသူ့အဒေါ်ဆီမှာမွေးစားခိုလုံခွင့်ရခဲ့ပါတယ်
သူမ အဒေါ်ဟာသူမကိုတာဝန်ဝတ္တရားအရသာမွေးစားထားပြီး
သူမကိုစိတ်ပျက်အောင်စိတ်ဓာတ်ကျအောင်တွေအမျိုးမျိုးလုပ်ပြီးမျက်နှာထားနဲ့ခပ်ထန်ထန်ဆက်ဆံခဲ့ပါတယ်🥺
သို့သော်ပေါ်လီယာနာလေးကသူမအဖေမသေခင်ကမှာထားခဲ့တဲ့အတိုင်း
အခက်အခဲဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရရင်တောင်ဝမ်းသာစရာအကြောင်းကိုရှာပြီးဝမ်းသာစရာကစားနည်းလေးကိုအမြဲကစားပြီးသူကိုယ်တိုင်တင်မဟုတ်ဘဲဘေးပတ်ဝန်းကျင်ကလူတွေကိုပါထိုကစားနည်းကိုကစားစေပြီပျော်ရွှင်အောင်လုပ်ပေးပါသေးတယ်
သူမကိုအမြင်မကြည်တဲ့သူမအဒေါ်ဖြစ်သူတောင်တဖြေးဖြေးနဲ့သူမရဲ့စကားတတ်ပုံတွေချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့်သူမအပေါ်ကိုချစ်လာပါတော့တယ်
အရင်ကရန်ငြိုးတွေအမုန်းတရားတွေနဲ့ပြည့်နေတဲ့အရပ်ဟာပေါ်လီယာနာလေးရောက်လာတဲ့အချိန်ကစပြီးသူမရဲ့မေတ္တာကြောင့်နေချင်စဖွယ်နဲ့ပျော်ရွယ်ဖွယ်နေလို့ကောင်းလာပါတော့တယ်
လီယံတို့ဘဝမှာလည်းမကောင်းဘက်ကဘဲအမြဲကြည့်နေမယ်ဆိုစိတ်ချမ်းသာစရာကိုတွေ့မှာမဟုတ်ပါဘူး
ဝမ်းသာစရာကိုရှာ၊ဝမ်းသာစရာကိုရင်ဝယ်ပိုက်မှဘဝမှာနေလို့ပျော်မှာဖြစ်ပါတယ်🤍
လီယံတို့နေထိုင်ရာရပ်ရွာမြို့နယ်တိုင်းမှာ
ပေါ်လီယာနာလို(ဆည်းလည်း)လေးတစ်လုံးစီသာရှိရင်ကမ္ဘာကြီးဟာအခုထက်နေလိုကောင်းမှာအသေချာပါဘဲ‎🤍

image
4 w - Translate

စောက်ရေးမပါတဲ့ ဒီနှစ်တွေမှာ ငါဟာ
ဘာမှဖြစ်ဖြစ်မြောက်မြောက် မဖြစ်ခဲ့တာကို
ဂုဏ်ယူနေမိတယ် ။
- အောင်ခင်မြင့်

4 w - Translate

ကိုယ်တို့လမ်းခွဲခြင်းလေးက
သေသပ်လိုက်တာ အချစ်ရယ်
ရန်လဲမဖြစ်ခဲ့ဘူး မုန်းတယ်လို့လဲမပြောခဲ့ဘူး
ချစ်တယ်လို့လဲ မပြောတော့ဘူး
- မယ်ညို

4 w - Translate

"ဘယ်တော့မှ ပြန်မတွေ့ဖြစ်တော့မဲ့
လူတစ်ယောက်ရဲ့ ပါးကို အဝေးကနေ
လှမ်းနမ်းရတာ ဆန်းပါတယ် . . . ။
လွမ်းတယ်လို့ မပြောပဲ လွမ်းနေရတာမျိုးကို
အချစ်ဟောင်းလို့ခေါ်တယ် Emily . . . ။"
#စစ်ငြိမ်း - ချစ်သောEmily