20 w - Translate

MRF sells 38,000+ sacks of rice at fair prices in Nov

Myanmar Rice Federation (MRF) sold 8,717 rice sacks (108-pound) and 30,292 small 10-kilogramme sacks in November according to monthly reference prices set by the Consumer Affairs Department under the Ministry of Commerce.
Last month’s sales figures were 34,728 rice sacks (108-pound) and 43,992 small 10-kilogramme sacks.
The distribution includes door-to-door delivery in Yangon and Mandalay cities, sales at supermarkets, 78 civil servant households in Yangon, 44 in Nay Pyi Taw, factories and 58 retail shops.
The ministry determined reasonable market prices by considering the following factors; fair profit for the farmers, millers and distributors, reasonable prices for consumers, last year’s market price, global market prices and other commodity prices. There are separate reference prices for modern trade with consumer packaging at mini-marts and supermarkets.
If individuals have difficulty buying rice, they are urged to contact the Myanmar Rice Federation. The buyers can complain about overpricing to the Consumer Affairs Department and MRF.
MRF warned that overpricing, sales with inaccurate measurement and quality and non-compliance with directives are subjected to fines, taxation and prosecution under Section 5 of the Essential Supplies and Services Law. Thus, rice millers, rice shops, traders and merchants are encouraged to strictly adhere to the rules. — NN/KK

image

မြေရှားထွက်ရှိရာဒေသကို KIA ထိန်းချုပ်လိုက်လို့ ကမ္ဘာ့မြေရှားစျေးကွက် လှုပ်ခတ် မြင့်တက်လာ

ဒီဇင်ဘာ ၅

မြန်မာနိုင်ငံ၊ ကချင်အထူးဒေသ (၁) က အဓိကထွက်ရှိတဲ့ မြေရှားသတ္တုထွက်ရာဒေသကို သူပုန်လက်နက်ကိုင် KIA တိုက်ခိုက် သိမ်းပိုက်မှုကြောင့် မြေရှားသတ္တု ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်သွားခဲ့တယ်လို့ ကမ္ဘာ့သတင်းတွေမှာ ဖော်ပြလာပါတယ်။

KIA ရဲ့ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် မြေရှားစျေးနှုန်း မြင့်တက်လာတဲ့အပြင် ဒီလို မရှိမဖြစ်လိုအပ်တဲ့ ဓာတ်သတ္တု ရရှိနိုင်မှုအပေါ် စိုးရိမ်မှု မြင့်တက်လာစေခဲ့စေတဲ့အပြင် လက်နက်ကိုင်ပဋိပက္ခဟာ မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်မှုနဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ စိုးရိမ်မှုတွေကို မီးမောင်းထိုးပြခဲ့တဲ့အခြေအနေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

ကမ္ဘာ့မြေရှားစျေးကွက်ထဲကို အဓိကတင်ပို့နေတဲ့ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုထွက်ရာမိုင်းတွင်းတွေရှိတဲ့ ကချင်အထူးဒေသ (၁) နယ်မြေတွေနဲ့ ကုန်သွယ်မှုအချက်အခြာဖြစ်တဲ့ ကန်ပိုင်တည်မြို့ကို KIA တိုက်ခိုက်သိမ်းယူနေတဲ့ နိုဝင်ဘာလတစ်လျှောက်လုံးဟာလည်း ကမ္ဘာ့မြေရှားစျေးကွက်ကို ​ပြဿနာများစွာရိုက်ခတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ စျေးကွက်ထဲက မြေရှားသတ္တုရရှိနိုင်မှုဟာ ထူးထူးခြားခြားရိုက်ခတ်မှုမရှိသေးပေမဲ့ လစဥ်အညွှန်းကိန်းအရ ကမ္ဘာ့စျေးကွက် သတ္တုဝင်ရောက်မှု အနည်းငယ် ကျဆင်းလာတာမြင်ရသလို KIA ကသာ မြေရှားသတ္တုတွင်းတွေ ဆက်လက်ထိန်းချုပ်ထားရင် ကမ္ဘာ့ဈေးကွက်ကလည်း ဈေးနှုန်းမြင့်တက်မှုနဲ့ မတည်ငြိမ်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ သို့ပေမယ့်လည်း တရုတ်နိုင်ငံရဲ့မြေရှားဒြပ်စင် ပေါများလာမှုက စျေးကွက်အပေါ် သက်ရောက်နေတဲ့ ဖိအားတွေကို ကျဆင်းစေနိုင်ပေမဲ့လည်း လာမယ့် ဇန်နဝါရီမှာ ထရန့်အစိုးရက တရုတ်သွင်းကုန်အပေါ် အခွန်စည်းကြပ်မယ်ဆို ဒါကလည်း ပြောင်းလဲသွားနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံဆီ ​မြေရှားဒြပ်စင် (HREEs) တွေကို အဓိက ပံ့ပိုးပေးနေတဲ့ နိုင်ငံဖြစ်ပြီး စျေးကွက်ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ရှိနေတာပါ။ ပန်ဝါကအကြီးဆုံး မြေရှားသတ္တုတွင်း အပါအဝင် သတ္တုတူးဖော်ရေး နယ်မြေတွေကို KIA က သိမ်းပိုက်လိုက်တာကြောင့် သတ္တုတူးဖော်ရေး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားလိုက်ရတာဟာ ကမ္ဘာ့မြေရှားစျေးကွက်အပေါ် သက်ရောက်မှုအပြင် မြန်မာအစိုးရအတွက် ပိုင်နက်နယ်မြေထိန်းချုပ်မှုလျော့ကျတာနဲ့ ဝင်ငွေလမ်းကြောင်းပြတ်တောက်မှုကို ဖြစ်ပေါ်စေခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ် မေလနောက်ပိုင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်တင်ပို့မှု ရပ်ဆိုင်းသွားတာကြောင့် ကမ္ဘာ့စျေးနှုန်း မြင့်တက်လာနိုင်ပြီး ဥပမာအားဖြင့် မြေရှားဒြပ်စင် Dysprosium Oxide ဈေးဟာ တစ်ကီလို ၂၆၁၀ ယွမ် (၃၅၆ ဒေါ်လာ) အထိ ခုန်တက်သွားပြီး စေခဲ့သလို မရှိမဖြစ်လိုအပ်တဲ့ သတ္တု ရရှိနိုင်မှုနှင့် ပတ်သက်လို့ စိုးရိမ်မှု တိုးလာစေခဲ့ပါတယ်။

လက်ရှိမှာတော့ KIA ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဖောက်ဖျက်ပြီး သူသိမ်းယူထားတဲ့ ကချင်အထူးဒေသ (၁) ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ထားသလို မြေရှားသတ္တုစျေးကွက်မှာလည်း တန်ဖိုးအမြင့်ဆုံးထဲက Terbium ဆိုရင် တစ်ကီလို ၁၄၀၀ ဒေါ်လာဝန်းကျင်ဖြစ်လာပြီး ၄ နှစ်အတွင်း ရာခိုင်နှုန်း ၁၀၀ ကျော် စျေးမြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် Gallium ဆိုရင်လည်း တစ်ကီလိုကို ဒေါ်လာ ၉၃၀ ကျော်လာပြီး တစ်နှစ်အတွင်း ၂၃ ရာခိုင်နှုန်းကျော် စျေးနှုန်းမြင့်တက်ခဲ့သလို အဆိုးဆုံးမြင့်တက်မှုတွေအဖြစ် Germanium စျေးနှုန်းက တစ်ကီလိုဂရမ်ကို ၄၀၆၃ ဒေါ်လာဖြစ်ပြီး ၄ နှစ်အတွင်း ၉၉ ရာခိုင်နှုန်းနီးပါးနဲ့ Hafnium ရဲ့ လက်ရှိစျေးနှုန်းက တစ်ကီလိုဂရမ်ကို ၄၃၇၄ ဒေါ်လာဖြစ်လာပြီး လေးနှစ်အတွင်း ရာခိုင်နှုန်း ၁၈၀ နီးပါး စျေးတက်ခဲ့သလို မြေရှားဒြပ်စင်အကုန် အတက်စျေးမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။

KIA သိမ်းယူလိုက်တဲ့ ကချင်အထူးဒေသ (၁) မှာ မြေရှားလုပ်ကွက်ပေါင်း ၃၀၀ ခန့်ရှိနေသလို ကမ္ဘာ့စျေးကွက်ကို နှစ်စဥ်ဒေါ်လာ သန်းရာချီတင်ပို့နေတယ်လို့ Global Witness အဖွဲ့က ၂၀၂၄ မေလ မှာထုတ်ပြန်ခဲ့သလို ဒီ ၃ နှစ်ကျော်အတွင်း မြေရှားသတ္တုတရားမ၀င်တင်ပို့ရောင်းချတာကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ဝင်ငွေရခဲ့တယ်လို့ Global Witness က ပြောခဲ့ပါသေးတယ်။

မြေရှားမိုင်းတွင်းတွေကို KIA ထိန်းချုပ်အပြီးမှာ ဘာဆက်လုပ်မယ်ဆိုတာကို ထုတ်မပြောထားသေးပေမဲ့ မြေရှားထုတ်လုပ်တင်ပို့မှု ပြတ်တောက်တာဟာ ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားကို ဆက်လက် ထိခိုက်စေပြီး ဈေးနှုန်း တက်လာနိုင်ဖွယ်ရှိတာကြောင့်၊ မြေရှားကို အသုံးပြုရတဲ့ ပစ္စည်းတွေအပေါ်မှီခိုရတဲ့ စက်မှုလုပ်ငန်းတွေက အကျိုးသက်ရောက်မှုကိုလျှော့ချဖို့အတွက် အခြားအရင်းအမြစ်တွေကိုရှာဖွေတာ ဒါမှမဟုတ် ပြန်လည်အသုံးပြုတဲ့နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်မှာပါ။ မြေရှားဒေသကို KIA သိမ်းယူတာဟာ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေအတွက် ကြီးမားတဲ့ အကျိုးဆက်ရှိနေပြီး ဒီစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာတော့ တာဝန်သိတဲ့ အရင်းအမြစ်တွေနဲ့ ရေရှည်တည်တံ့တဲ့ အလေ့အကျင့်တွေ မြှင့်တင်ဖို့အတွက် နိုင်ငံတကာက ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်မှာပါ။

Ref , Metal Miner (Photo – KNG & Credit)

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+5
20 w - Translate

5 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,350
USD Sell - MMK 4,450
EUR Buy - MMK 4,585
EUR Sell - MMK 4,705
SGD Buy - MMK 3,310
SGD Sell - MMK 3,380
THB Buy - MMK 127,39
THB Sell - MMK 130.72
JPY Buy - MMK 29.04
JPY Sell - MMK 29.80
MYR Buy - MMK 983
MYR Sell - MMK 1,010
CNY Buy - MMK 600
CNY Sell - MMK 616

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,770,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,130,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image

ကလေးမြို့မှာ စစ်ဘေးရှောင်တွေများလာလို့ အိမ်ငှားခတွေ ဈေးတက်

ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ဘေးတိမ်းရှောင်သူတွေ များလာတာကြောင့် အိမ်ငှားရမ်းခတွေ အရင်ကထက် ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က တစ်လကို ၅ သောင်းကျပ်နဲ့ ဌားရမ်းနိုင်တဲ့ သစ်သားပျဉ်ထောင်အိမ်တွေကို လက်ရှိမှာ ၁သိန်းခွဲကျပ်လောက်အထိ ပေးပြီး ငှားရမ်းနေရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် တီးတိန်မြို့၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့တွေက ဒေသခံတွေဟာ ကလေးမြို့ကို အများစု တိမ်းရှောင်လာတာကြောင့် ငှားရမ်းနေထိုင်နိုင်တဲ့ အိမ်တွေလည်း ရှားပါးလာတယ်လို့ ဆိုပါတယ်။

” အရင်က လေးငါးသောင်းလောက်နဲ့ အိမ်ဌားလို့ ရနိုင်တယ်။ အခုတော့ အိမ်ငှားခ တော်တော် ဈေးတက်သွားတယ်။ တချို့ဆို ခြောက်သိန်းလောက်အထိကို တက်တယ်။ အိမ်ငှားဖို့ကလည်း ရှားလာတယ်။ “

အိမ်ငှားခ ဈေးတက်လာတာကြောင့် ငှားရမ်းနေထိုင်ဖို့ စစ်ဘေးရှောင်တွေဟာ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အိမ်ငှားရှာမရတဲ့ စစ်ဘေးရှောင်တွေဟာ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာပဲ နေနေရတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
20 w - Translate

နည်းပြသစ်အာမိုရင်လက်ထက် မန်ယူအသင်း ပထမဆုံးရှုံးပွဲတွေ့

မန်ယူအသင်းဟာ နည်းပြသစ် အာမိုရင်လက်ထက်မှာ အာဆင်နယ်ကို အရေးနိမ့်ပြီး ပထမဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ပါတယ်။

မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ အာမိုရင်လက်ထက် ၃ ပွဲကစားခဲ့အပြီးမှာ တပွဲသရေ ၂ ပွဲနိုင်ရလဒ်နဲ့တာထွက်လှခဲ့ပြီး အာဆင်နယ်နဲ့ ၄ ပွဲမြောက်ပွဲစဉ်မှာ ပထမဆုံးရှုံးပွဲ တွေ့ခဲ့ရတာပါ။

မနေ့ညက ပွဲစဉ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမဲ့ ဒုတိယပိုင်း ၅၅ မိနစ်မှာ ယူလီယန်တင်းဘား ထောင့်ကန်ဘောကနေခေါင်းတိုက်ပြီး အာဆင်နယ်အသင်းဦး ဆောင်ဂိုးရခဲ့ပါတယ်။

အာဆင်နယ် အသင်းရရှိတဲ့ ဒုတိယဂိုးဟာလည်း ထောင့်ကန်ဘောကနေဖြစ်ပြီး ပါတေးရဲ့ ခေါင်းတိုက်ဘောဟာ နောက်ခံလူ ဆလီဘာနဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့တာပါ။

ဒီရလဒ်ကြောင့် မန်ယူအသင်းက ဖူဟမ်၊ ဘုန်းမောက်တို့ထက် တပွဲပိုအခြေအနေမှာ အဆင့် ၁၁ နေရာမှာ ရပ်တည်ခဲ့ပြီး အာဆင်နယ်ကတော့ ချဲလ်ဆီးနဲ့ရမှတ်တူ အဆင့် ၃ နေရမှာ ရပ်တည်နေပါတယ်။
DVB

image

ဆန်သိုလှောင်ဈေးကစားမှုများ လုံးဝမပြုလုပ်ရန် MRF နှိုးဆော်

နေပြည်တော်၊ ဒီဇင်ဘာ ၅

ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားမှုများ လုံးဝမပြုလုပ်ရန်နှင့် ရည်ညွှန်းဈေး သတ်မှတ်ချက်အတိုင်း သာ ရောင်းဝယ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တိုက်တွန်းနှိုးဆော်ထားသည်။

ယခုကာလအတွင်း လူမှုကွန်ယက် စာမျက်နှာများတွင် ဆန်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသည့် ကြော်ငြာ မျာအား တွေ့ရှိလာရခြင်း၊ ဈေးကွက်အတွင်း၌လည်း ဆန်ဈေးနှုန်းများကို ရည်ညွှန်းဈေးက် ပိုမိုတိုးမြှင့် ရောင်းချမှုများကို တွေ့ရှိရခြင်း၊ အထူးသဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများကို စပါးသစ်ပေါ်ချိန်တွင် ဈေးကိုမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ကို ကြားသိနေရကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ ပြည်တွင်းစားဆန်များ ဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေစသာ၊ မဂျမ်းတော၊ မနောသုခ စသည့် ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားမှုများ လုံးဝမပြုလုပ်ရန်နှင့် ရည်ညွှန်းဈေး သတ်မှတ်ချက်အတိုင်းသာ ရောင်းဝယ်ရန် ထပ်မံ၍ တိုက်တွန်းနှိုးဆော် အသိပေးအပ်ကြောင်း ရောင်းဝယ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

အဆိုပါ ပြည်တွင်းစားဆန်များသည် ပြည်ပတင်ပို့မှု လုံးဝမရှိဘဲ ပြည်တွင်း၌သာ ပစ္စည်းမှန်၊ ဈေးမှန် ရောင်းဝယ် ကြသည့် ဆန်များ ဖြစ်ပြီး၊ ပြည်တွင်းစားဆန် ပေါ်ဆန်များကို Exportပို့၍ ဈေးတက်သည်၊ သဘောဝ ဘေးဒဏ်ကြောင့် အထွက်များ အလွန်ထိခိုက်သည်ဆိုသော ဈေးမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချို့သော ကုန်သည်များမှ ထုတ်ပြန်လာသည့် သတင်းများမှာ သတင်းမှားများသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်းများဖြင့် လိုက်နာဆောင်ရွက် ရောင်းဝယ်ကြရန်နှင့် လိုက်နာဆောင်ရွက်မှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅)အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စသည့် ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်လျက်ရှိသောကြောင့် အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ကြရန် ထပ်မံ အသိပေး တိုက်တွန်းနှိုးဆော်ကြောင်း ရောင်းဝယ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image

နစကဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံသံအမတ်တို့ တွေ့ဆုံပြီး ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးကိစ္စရပ်များဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟနွိုင်းမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍများနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကျောင်းသား၊ ကျောင်းသူများ လာရေးခရီးစေလွှတ်ရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာတော်သင်များစေလွှတ်နိုင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

#newvisionmedia

imageimage

လိုက်ပ်ဇစ်နည်းပြရာထူးအတွက် တန်ဟတ်ကို ပစ်မှတ်ထား

ဒီဇင်ဘာ ၅

လိုက်ပ်ဇစ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ မာကိုရို့စ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင် ယူနိုက်တက် အသင်းနည်းပြဟောင်း အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါ အိမ်ကွင်းပွဲစဉ်မှာ ဝုလ်ဖ်ဘတ်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲ အပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ သရေကျပြီး ၅ ပွဲအထိ ရှုံးနိမ့်ခဲ့တာပါ။

လိုက်ပ်ဇစ်အသင်းဟာ နိုင်ပွဲပျောက်ဆုံးနေပေမယ့် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၉ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် နည်းပြ မာကိုရို့စ်ဟာ လိုက်ပ်ဇစ်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးရမှာဖြစ်ပြီး ဒီလိုမလုပ်နိုင်ရင် ရာထူးကနေ ထုတ်ပယ်ခံရနိုင်တာပါ။

Sky Germany က လိုက်ပ်ဇစ်အသင်းဟာ နည်းပြ မာကိုရို့စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် သူတို့ရဲ့ လျာထားတဲ့ နည်းပြစာရင်းထဲမှာ အဲရစ်တန်ဟတ် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

အသက် ၅၄ နှစ်အရွယ်ရှိ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းရဲ့ ရာသီအစ ရလဒ်ဆိုးတွေကြောင့် အောက်တိုဘာက နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို FA ဖလားနဲ့ ကာရာဘောင်းဖလား ရယူပေးနိုင်ခဲ့တဲ့ အရာတွေကြောင့် လေးစားဖို့ကောင်းတဲ့ နည်းပြတစ်ဦးအဖြစ် ဆက်ရှိနေပြီး လိုက်ပ်ဇစ်အသင်း နည်းပြရာထူးအတွက် ပစ်မှတ်ထားခံ နေရတာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်း နည်းပြရာထူးအတွက် ပြီးခဲ့တဲ့ သြဂုတ်ကမှ ဘင်ဖီကာအသင်းကနေ ထွက်ခွာခဲ့တဲ့ ရော်ဂျာရှမစ် လည်း ပစ်မှတ်ထားခံနေရပြီး သူကတော့ ရာသီအလယ်ပိုင်းမှာ နည်းပြလောထဲကို ပြန်ဝင်ဖို့ မသေချာသေးတာပါ။

လိုက်ပ်ဇစ်အသင်းဟာ နည်းပြမာကိုရို့စ်ကို ရာထူးကနေ ထုတ်ပယ်ပြီး သူ့ရဲ့နေရာမှာ အစားထိုး ဝင်ရောက်မယ့် နည်းပြကတော့ လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်နဲ့ လက်တွဲ အလုပ်လုပ်ရမှာဖြစ်ပါတယ်။

ကလော့ပ်ဟာ ဇန်နဝါရီ ၁ ရက်က စတင်ကာ လိုက်ပ်ဇစ်အသင်းကို ပိုင်ဆိုင်တဲ့ ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အကြီးအကဲရာထူးကို စတင်တာဝန်ယူတော့မှာပါ။

လိုက်ပ်ဇစ်အသင်းဟာ ဒီတစ်ပတ် ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ဟိုလ်စတိန်းကီရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Source: Metro

ပုံ - အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

တောင်ကိုရီးယားသမ္မတယွန်ကို တရားစွဲဆိုမယ့်ကိစ္စ အာဏာရပါတီ ကန့်ကွက်မည်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတယွန်ဆောက်ယုန်ကို တရားစွဲဆိုဖို့အ တွက် လွှတ်တော်ထဲမှာ ဒီဇင်ဘာ ၅ ရက်နေ့က အဆိုတင်သွင်းခဲ့ပေမဲ့ သမ္မတရဲ့အာဏာရပါတီက အဲဒီအဆိုကို ကန့်ကွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော်အမတ်တွေက ဒီကိစ္စကို သောကြာနေ့ (ဒီဇင်ဘာ ၆ ရက်နေ့) မနက်ပိုင်းမှာ မဲခွဲဆုံးဖြတ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

သမ္မတယွန်ရဲ့ အာဏာရပါတီက ဒီကိစ္စကို ကန့်ကွက်သွားမယ်လို့ပြောပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီတွင်းမှာ လည်း သဘောထားကွဲလွဲနေတယ်လို့ဆိုပါတယ်။

အခုကိစ္စ ဥပဒေမူကြမ်းတင်သွင်းနိုင်ဖို့အတွက် လွှတ်တော်ထဲက အမတ်ဦးရေအများဆုံးအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီဟာ လက်ရှိအာဏာရပါတီဘက်က အနည်းဆုံး ထောက်ခံမဲ ၈ မဲ လိုအပ်ပါတယ်။

“ယွန်ဆောက်ယုန်အစိုးရရဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာမှုဟာ အခြေအနေတွေကို ရှုပ်ထွေးစေခဲ့ပြီး ပြည် သူတွေ ကြောက်ရွံ့စိုးရိမ်ခဲ့ကြရပါတယ်။” လို့ ဒီမိုကရက်ပါတီရဲ့ လွှတ်တော်အမတ် ကမ်ဆောင်းဝန်က ကြာသပ တေးနေ့ မနက်ပိုင်းကကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့မှာ သမ္မတယွန်က စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီး အာရှတိုက်ရဲ့စတုတ္ထစီးပွားရေးအင်အား အကောင်းဆုံးနဲ့ အမေရိကန်ရဲ့ အဓိကမဟာမိတ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ မီဒီယာတွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

သမ္မတကို တရားစွဲဆိုဖို့ အဆိုတင်သွင်းမယ့် မနက်ပိုင်းမှာ အာဏာရပါတီက လွှတ်တော်အမတ် ၁၀၈ ဦးက လွှတ်တော်ကို တက်ရောက်လာခြင်းမရှိပါဘူး။

အဆိုပြုချက်ထဲမှာ ဒီကိစ္စကို ၂၄ နာရီကနေ ၇၂ နာရီအတွင်း မဲခွဲဆုံးဖြတ်ဖို့ တင်ပြထားပါတယ်။

သမ္မတယွန်က စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီး နိုင်ငံတစ်ဝန်း ဝရုန်းသုန်းကားဖြစ်သွားပြီးနောက် စစ်သားတွေ တားဆီးနေတဲ့ကြားက လွှတ်တော်အမတ်တွေက မီးသတ်ဆေးဘူးတွေနဲ့ စစ်သားတွေကို မှုတ်ထုတ်ပြီး လွှတ် တော်ထဲကို ခြံစည်းရိုးခွကျော်ဝင်ရောက်လာခဲ့ကြပါတယ်။

အဲဒီနောက် အခုလို သမ္မတကို တရားစွဲဆိုပြီး ဖြုတ်ချမယ့် အစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

“လွှတ်တော်ကို ကာကွယ်နေတဲ့ ပြည်သူတွေနဲ့ လွှတ်တော်ဝန်ထမ်းတွေက ကျွန်တော်တို့ကို သူတို့ ခန္ဓာကိုယ်နဲ့ ကာကွယ်ပေးခဲကြတယ်။ အခုတော့ ကျွန်တော်တို့ ပြည်သူကို ကာကွယ်ဖို့ အချိန်ရောက်လာပါပြီ။” လို့ ကမ်က ပြောပါတယ်။

“ကျွန်တော်တို့ သမ္မတယွန်ရဲ့အခွင့်အာဏာကို ချက်ချင်း ကန့်သတ်ပစ်ဖို့လိုပါတယ်။ သူဟာ ပြည်သူကို ဆန့် ကျင်ပြီး မယုံနိုင်လာက်တဲ့ သမိုင်းဝင်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်။ ပြည်သူတွေ ပုံမှန်ဘဝလမ်းကြောင်းပေါ် ပြန်လျှောက်နိုင်အောင်လို့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို နှစ်သိမ့်ပေးဖို့ လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

Ref: South Korean ruling party to oppose Yoon impeachment after martial law debacle

#centralnewsnaypyitaw

image
Frankie shared a post  
20 w

20 w

Part_2
၅.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........

#တင်ဒါ
#လေလံ

imageimage
+4