20 ပတ် - ဘာသာပြန်ပါ။

Photo Wall Decor Ideas 🫶☁️

image
20 ပတ် - ဘာသာပြန်ပါ။

Photo Wall Decor Ideas 🫶☁️

imageimage
+4
20 ပတ် - ဘာသာပြန်ပါ။

တောင်ကိုရီးယားသမ္မတအား စုံစမ်းစစ်ဆေးမှုစတင်

တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာမှုအပြီး တိုင်းပြည်တွင် မငြိမ်မသက်မှုများပေါ်ပေါက်လာရခြင်းကြောင့် ယင်းအမိန့်ကို ရုတ်တရက်ထုတ်ပြန်ကြေညာလိုက်ခြင်းနှင့်ပတ်သက်၍ သမ္မတ ယွန်ဆွန်ယိုအား စုံစမ်းစစ်ဆေးမှုများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တောင်ကိုရီးယား အကြီးတန်းရဲအရာရှိတစ်ဦးက ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားလိုက်သည်။

တောင်ကိုရီးယားနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့၏ အမျိုးသားစုံစမ်းထောက်လှမ်းရေးဌာနချုပ်အကြီးအကဲ ဝူးဂျွန်ဆူးက "အဲဒီအမှုကိုစုံစမ်းစစ်ဆေးဖို့ တာဝန်အသီးသီးပေးအပ်လိုက်ပြီးပါပြီ"ဟု လွှတ်တော်အမတ်များအား ပြောကြားလိုက်ခြင်းဖြစ်သည်။

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုသည် အင်္ဂါနေ့ညက နိုင်ငံတွင် အရေးပေါ် စစ်အုပ်ချုပ်ရေးကို ရုပ်မြင်သံကြားမှတဆင့် ရုတ်တရက် ကြေညာခဲ့ပြီး၊ "မြောက်ကိုရီးယား၏ ကွန်မြူနစ်အင်အားစုများထံမှ နိုင်ငံကို ကာကွယ်ရန်နှင့် နိုင်ငံတော်ဆန့်ကျင်နေသည့် အစိတ်အပိုင်းများကို ဖယ်ရှားပစ်ရန် ယခုဆောင်ရွက်မှုသည် လိုအပ်ကြောင်း" ကိုပါ ထည့်သွင်း ပြောဆိုခဲ့သည်။

ထိုသို့ကြေညာလိုက်ပြီးနောက် လူထုဆန္ဒပြမှုများပေါ်ပေါက်လာခဲ့ပြီးနောက်တွင် ပါလီမန်အမတ်များသည် အမျိုးသားလွှတ်တော်တွင် စုဝေးကာ သမ္မတ၏ ကြေညာချက်အပေါ် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ မဲခွဲဆုံးဖြတ်မှုအရ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းကြောင်း တောင်ကိုရီးယားသမ္မတက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ထပ်မံကြေညာခဲ့ရပြန်သည်။

ထို့နောက် သမ္မတအား နှုတ်ထွက်ရန်တောင်းဆိုဆန္ဒပြမှုများပေါ်ပေါက်လာပြီး၊ တောင်ကိုရီးယားသမ္မတရုံး ဦးစီးအရာရှိချုပ်အပါအဝင် အကြီးတန်းအတွင်းဝန်များအားလုံးသည် ဒီဇင်ဘာ ၄ ရက်နေ့တွင် အစုလိုက်အပြုံလိုက်ရာထူးမှနှုတ်ထွက်စာ တင်ခဲ့ကြသည်။

အာဏာရပါတီ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီကလည်း အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် မငြိမ်မသက်မှုများဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်‌ကြောင်း အဆိုတင်သွင်းခဲ့ရာ ကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်သည်လည်း နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင်ပင် သမ္မတထံ နုတ်ထွက်စာ တင်ခဲ့ပြန်သည်။

သမ္မတယွန်ဆွတ်ယိုကို စွပ်စွဲပြစ်တင်ရန်အတွက် အတိုက်အခံပါတီ ခြောက်ခုက ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် လွှတ်တော်အစည်းအဝေး၌ တင်ပြသွားမည်ဖြစ်ပြီး၊ သမ္မတအား စွပ်စွဲပြစ်တင်ရေးအတွက် လွှတ်တော်တွင် ဒီဇင်ဘာ ၆ ရက် သိုမဟုတ် ဒီဇင်ဘာ ၇ ရက်တွင် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

image
20 ပတ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်နိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu အား ဒီဇင်ဘာ (၄) ရက်က ချုံချင့်မြို့၊ စီးပွားရေးရာကော်မရှင်ရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ချုံချင့်မြူနီစီပယ်မြို့အစိုးရ စီးပွားရောရာကော်မရှင်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများ တင်းမာမှုကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ရန် တရုတ်အစိုးရ ထပ်မံတောင်းဆို

ဒီဇင်ဘာ ၅

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို စောင့်ကြည့်နေကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် တင်းမာမှုများကို ရှောင်ရှားရန်၊ ငြိမ်းချမ်းစွာဆွေးနွေးမှုမှတစ်ဆင့် မတူကွဲပြားမှုများကို ဖြေရှင်းရန်၊ တိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Lin Jian က ဒီဇင်ဘာ ၄ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်သော (MNDAA) အဖွဲ့က ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုနှင့်အတူ မြန်မာအ?စိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း၊ ဒီဇင်ဘာ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကိုးကန့် လက်နက်ကိုင်အဖွဲ့၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။

၎င်းက “တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးဖို့ ကတိပြုထားပါတယ်။ စေ့စပ်ဆွေးနွေးမှုတွေ စီစဉ်ဆောင်ရွက်ပေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ကတိပြုထားပါတယ်။ အထူးသဖြင့် MNDAA အဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးဟာ တရုတ်နယ်စပ်ဒေသတစ်လျှောက် ဧရိယာတွေကို ဘေးကင်းလုံခြုံရေး မထိခိုက်အောင်၊ အန္တရာယ်မဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်တယ်။ တရုတ်နိုင်ငံသားတွေဟာ နယ်စပ်ဒေသတစ်လျှောက်ဧရိယာတွေမှာ နေထိုင်နေတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေ၊ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်စီမံကိန်းတွေရှိနေတယ်” ဟု ပြောသည်။

REf : cgtn

Credit - Myanmar Transparwcy News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
20 ပတ် - ဘာသာပြန်ပါ။

ဘဝမှာအဆင့်၁နဲ့လူရွေးမှားတဲ့ဆုကိုမယူကြနဲ့🥲
စိတ်ပင်းရဆုံးမို့-------🥀

image
20 ပတ် - ဘာသာပြန်ပါ။

ရတ်ရှ်ဖို့ဒ် ဟာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကစားနေခဲ့တယ်လို့ ရွိုင်ကိန်း အပြစ်တင်
--------------------------------------------
ရုပ်သံသုံးသပ်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရွိုင်ကိန်းက ရတ်ရှ်ဖို့ဒ် ဟာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကစားခဲ့တဲ့အချက်ကလည်း အာဆင်နယ်နဲ့ပွဲမှာ မန်ယူ ရှုံးရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရတ်ရှ်ဖို့ဒ် ဟာ လူစားဝင်ကစားသမားအဖြစ် အာဆင်နယ်နဲ့ မန်ယူပွဲစဉ်ကို ပါဝင်ကစားခဲ့ကာ သာမန်ထက်ပိုတဲ့ ခြေစွမ်းမျိုးကို ထုတ်မပြနိုင်ခဲ့လို့ အတော်ပဲ စိတ်ပျက်လက်ပျက်ဖြစ်မိတယ်လို့ ရွိုင်ကိန်းက ပြောသွားခဲ့ပါတယ်။

ရတ်ရှ်ဖို့ဒ် တုန်လှုပ်နေပုံဟာ မယုံကြည်နိုင်လောက်စရာဖြစ်ခဲ့ရသလို ပွဲကစားသွားပုံကလည်း လျော့တိလျော့ရဲနိုင်လွန်းနေခဲ့တယ်လို့ ရွိုင်ကိန်းက မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ တန်ဟတ်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက်ပိုင်း မန်ယူအနေနဲ့ အရှုံးရလဒ်ကို ပထမဆုံး ရင်ဆိုင်လိုက်ရတဲ့ပွဲစဉ်ဖြစ်ပြီး မန်ယူယာယီနည်းပြဟောင်းဖြစ်ခဲ့သူ နစ္စတယ်လ်ရွိုင်းက လက်စတာအတွက် နိုင်ပွဲယူပေးတဲ့သီတင်းပတ်မှာ မန်ယူအမြဲတမ်းနည်းပြသစ် အေမိုရင်က ရှုံးပွဲကြုံဆုံလိုက်ရတာဖြစ်ပါတယ်။

မန်ယူဟာ ပုံစံကောင်းရဖို့အတွက် ရုန်းကန်နေရပြီး ရတ်ရှ်ဖို့ဒ်ဆိုရင် ဘောလုံးထိချက် ၂၂ ကြိမ်သာ ရှိခဲ့ပါတယ်။ အဲ့ဒီ ၂၂ ကြိမ်မှာ ရတ်ရှ်ဖို့ဒ်က ဂိုးပေါက်က၊န်သွင်းချက် တစ်ကြိမ်မှ မရှိခဲ့သလို အရေးပါတဲ့‌ေ၊ဘာလုံးပေးပို့မှုလည်း တစ်ကြိမ်မှ မရှိခဲ့ပါဘူး။

“ရတ်ရှ်ဖို့ဒ်က လိုအပ်ချက်တွေ များလွန်းနေခဲ့တယ်။ သူဟာ ပွဲမတိုးတော့တဲ့ကစားသမားတစ်ယောက်လိုကို ဖြစ်နေခဲ့တာ။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ တုန်လှုပ်နေခဲ့တယ်။ ကြောက်စိတ်တွေ များနေသလိုပဲ။ သူက ကစားသမားကောင်းတစ်ယောက်ပါ။ သူ့မှာ လုပ်နိုင်စွမ်းတွေ အများကြီးရှိပါတယ်။ မန်ယူဟာ အသင်းကြီးတစ်သင်းဖြစ်ကြောင်း သက်သေပြချင်ရင် ဒီလိုပွဲတွေကို အနိုင်ကစားရလိမ့်မယ်။ မန်ယူ လုပ်ပြနိုင်ဖို့ လိုနေပါပြီ”လို့ ရွိုင်ကိန်းက ပြောသွားခဲ့ပါတယ်။

image
20 ပတ် - ဘာသာပြန်ပါ။

မင်းပဲ စိတ်ဆိုး
မင်းပဲ စိတ်ကောက်
မင်းပဲ အနိုင်ယူ
မင်းပဲ ဘုကလန့်ပြော
မင်းပဲ ရစ်
မင်းပဲ အနိုင်ယူ

ငါပဲ အလျှော့ပေးမယ်
ငါပဲ ချော့ပေးမယ်
ငါပဲ လိုက်လျောပေးမယ်
ငါပဲ သဘောထားကြီးပေးမယ်
ငါပဲ အရှုံးပေးမယ်

စိတ်ဆိုး စိတ်ကောက်ခြင်းက
မင်းရဲ့ မွေးရာပါ အကျင့်ဆိုရင်
မင်း ကျေနပ်အောင် ချော့ဖို့ကလည်း
ငါရဲ့ သေရာပါ တာဝန်ပဲ ဖြစ်လိမ့်မယ် ...

❤️🌻

image
20 ပတ် - ဘာသာပြန်ပါ။

#ငါးချဉ်ပေါင်ချက်

အချဉ်ဟင်းမဟုတ်ဘဲ ပျစ်ပျစ်လေးချက်ထားတဲ့ဟင်းပါ။ ချဉ်ပေါင် ငပိစိမ်းစား နဲ့ ငရုတ်သီးစိမ်းကို ဒီတိုင်းအဖုံးအုပ်တည်ထားပြီး ၃မိနစ်လောက်ကြာတော့မှ ချဉ်ပေါင်အရွက်နွမ်းတွေကို ဇွန်းနဲ့ မကျေတကျေလေးချေပြီး မီးပိတ်ထားလိုက်တယ်။

ငါးကို ဆား အရသာမှုန့် ဆနွင်းအနည်းငယ်ထည့်ပြီး နယ်ထားကာ နှပ်ထားပေးပါ။

ကြက်သွန်ဖြူနီညက်အောင်ထောင်းပြီး ဆီသပ်ပါ။ အရောင်လှစေဖို့အတွက် ငရုတ်အစိမ်းမှုန့်အနည်းငယ်ထည့်ပြီး ဆီသပ်ပေးပါ။ ပြီးမှ ငါး ဆား အရသာမှုန့် ရေအနည်းငယ် ထည့်ပြီး ချက်ပါ။ ရေခမ်းပြီဆို မီးပိတ်ထားလိုက်တယ်။ ကျက်တဲ့ထိချက်စရာမလိုပါဖူး။

ခုနကချက်ထားတဲ့ချဉ်ပေါင်ထဲကို ရေထည့်။ အရည်ကျဲတောက်ကြီးဖြစ်အောင်ရေတွေမတရားမထည့်ပါနဲ့။ အနေတော်လေးဘဲထည့်ပြီးတည်ပါ။ ဟင်းအိုးဆူလာပြီဆို အပေါ်က ချက်ထားတဲ့ ငါးရော ဟင်းအဆီအနှစ်တွေရော ချဉ်ပေါင်အိုးထဲရောထည့်။ ဆား အရသာမှုန့် ထည့်ပြီး ကြာကြာလေးပွက်ပွက်ဆူသည်အထိတည်ပါ။ နောက်ဆုံးမှ ပင်စိမ်းအုပ်ပါ။ တစ်ခွက်ထဲနဲ့ ထမင်းမြိန်စေတဲ့ ဟင်းလေးဖြစ်မှာပါနော် …

image
20 ပတ် - ဘာသာပြန်ပါ။

မူးယစ်ဆေးထုတ်လုပ်မည့် ဓာတုပစ္စည်းအများအပြားကို မြဝတီဘက်သို့ ပို့ဆောင်မည့် မြန်မာ ၄ ဦးကို ထိုင်းတပ်မတော် ဖမ်းဆီး

ဒီဇင်ဘာ ၅

မူးယစ်ဆေးထုတ်လုပ်မည့် ဓာတုပစ္စည်းများကို ကရင်ပြည်နယ်၊ မြဝတီဘက်သို့ပို့ဆောင်ရန် လုပ်ဆောင်နေသော မြန်မာ ၄ ဦးကို ထိုင်းတပ်မတော်က ဖမ်းဆီးထားကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် ညနေ ၆ နာရီအချိန်ခန့်က ထိုင်းတပ်မတော်အနေဖြင့် ထိုင်းနိုင်ငံ၊ တာက့်ခရိုင်၊ ဖိုးဖမြို့နယ်၊ ချောင့်ခဲ့ပ်ကျေးရွာအုပ်စု၊ ငေါင်ဖိုင်ကျေးရွာ အုပ်စုအတွင်း နယ်မြေလုံခြုံရေးကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ လူတစ်စုကို တွေ့ရှိ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် အဆိုပါလူတစ်စုကို ခေါ်ယူ၍ ဖော့ဖယရဲစခန်း၏ ရဲအရာရှိများက စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ သားများဖြစ်နေပြီး ယင်းတို့က မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုမည့် ဓာတုပစ္စည်းများဖြစ်သော ဆာလဖျူရစ်အက်ဆစ်၊ နိုက်ထရစ်အက်ဆစ်နှင့် အခြား ဓာတုပစ္စည်းများ စုစုပေါင်း ဓာတုဆေးဝါး ၉ စည်ကို တရားမဝင် ပို့ဆောင်ရန်လုပ်ဆောင်နေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတုပစ္စည်းများနှင့်တွေ့ရှိခဲ့သည့် မြန်မာအမျိုးသားလေးဦးမှာ အသက် ၃၉ နှစ်အရွယ် မျိုးသူ၊ အသက် ၄၀ အရွယ် ကိုထွန်း၊ အသက်၂၇ နှစ်အရွယ် တူးလော်၊ အသက် ၃၁ နှစ် အရွယ် ကိုသို တို့ဖြစ်ကြေင်း သိရသည်။

ယခုအခါ ဖမ်းမိထားသူ ၄ ဦး ကို ဖော့ဖယရဲစခန်း၌ ချုပ်နှောင်ထားပြီး ထိုင်းနိုင်ငံ အကောက်ခွန်လုပ်ထုံးလုပ် နည်းများဥပဒေအရ အကောက်ခွန်ဌာနက အရေးယူဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image