Healthy Meal 🤤

image

Healthy Meal 🤤

image

Healthy Meal 🤤

image

Healthy Meal 🤤

imageimage
+4
20 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၅-၁၂-၂၀၂၄)

ဒီနေ့မှာလည်း အပြောင်းအလဲမရှိသေးတဲ့ စက်သုံးဆီစျေးနှုန်းများ

image

ဘွန်းဆွန်း လွတ်လာမှုက ယင်းလပ်ကို နိုင်ငံထဲဝင်နိုင်ဖို့ ကြိုးပမ်းခြင်းဟု စွပ်စွဲ

ဘန်ကောက်၊ ဒီဇင်ဘာ ၅

ထိုင်းနိုင်ငံတွင် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသည့် ကုန်သွယ်ရေးဝန်ကြီးဟောင်း ဘွန်းဆွန်း တာရီယာပီရွမ် (Boonsong Teriyapirom) သည် ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်လာမှုနှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့် ထင်ကြေးပေးမှုများကို ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ငြင်းဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဘွန်းဆွန်း ပြန်လည်လွတ်မြောက်လာခြင်းသည် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်(Yingluck Shinawatra)ကို နိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် လမ်းပွင့်သွားစေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဘွန်ဆွန်းသည် အကျဉ်းထောင်မှ ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီခဲ့၍ ခံဝန်ဖြင့် ပြန်လွတ်လာ ခြင်းဖြစ်ကြောင်း ၎င်း၏ လွတ်မြောက်မှုသည် အဒေါ်ဖြစ်သူ ယင်းလပ်နှင့် သက်ဆိုင်မှုမရှိကြောင်း ပေတုန်တန်က ပြောသည်။

"ဒါက အကျဉ်းဌာနရဲ့ စည်းကမ်းတွေနဲ့ ဆိုင်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်းလပ်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး" ဟု ပေတုန်တန်က ပြောသည်။

ထို့ပြင် ယင်းလပ်သည် ပြည်ပတွင် ကာလကြာရှည် ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လာ ရန် ၎င်းအား ဆက်သွယ် ပြောဆိုခဲ့သည်ဆိုသည့် သတင်းများကိုလည်း ပေတုန်တန်က ငြင်းဆိုခဲ့သည်။

အသက် ၆၈ နှစ်အရွယ် ဘွန်းဆွန်းသည် ဒီဇင်ဘာ ၂ ရက်က ပြန်လည်လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု စွဲချက်များဖြင့် ချမှတ်ခံထားရသည့် ထောင်ဒဏ် ၄၈ နှစ် ပြစ်-ဒဏ်ကို အာဏာပိုင်များက မကြာခဏ သက်တမ်းလျှော့ချပေးခဲ့ပြီး နောက်ဆုံးတွင် ၁၀ နှစ်အထိ လျှော့ချပေးခဲ့သည်။

ဘွန်းဆွန်းသည် ၂၀၂၈ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် လွတ်မြောက်ရမည် ဖြစ်သော်လည်း စောင့်ကြည့်ကာလ ၃ နှစ်နှင့် ၅ လကြာ ခြေချုပ်ဖြင့် လွှတ်ပေးခံခဲ့ရသည်။

ထိုကာလအတောအတွင်း ဘွန်းဆွန်းသည် တည်နေရာပြ လျှပ်စစ်ခြေပတ် ဝတ်ဆင်ထားရမည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ပေတုန်တန်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ဗန်းမော်နဲ့ မံစီမြို့မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဒီဇင်ဘာ ၅

ကချင်ပြည်နယ်ရှိ ဗန်းမော်နဲ့ မံစီမြို့မှာ မနေ့ ဒီဇင်ဘာ ၄ ရက်၊ မနက်ပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ KIA ပူးပေါင်းတပ်ဟာ မံစီရှိ ခြေမြန်တပ်ရင်း (ခမရ - ၃၁၉ ၊ ၆၀၁)၊ အမြောက်တပ် (အမတ - ၅၂၃)၊ ဗန်းမော်မြို့အနီးရှိ ခြေလျင်တပ်ရင်း (ခလရ - ၄၇)၊ စစ်လက်နက်ပစ္စည်းတပ် (စစန - ၆၄၁) တို့အပါအဝင် နစက တပ်စွဲထားတဲ့ နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“မံစီက လက်ကျန်စခန်းတွေကို ပြီးသတ် သိမ်းနိုင်ဖို့ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာ။ နစကဘက်ကလည်း ဒရုန်းတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ပြန်တိုက်နေတယ်။ KIA က မိုးမောက်ကိုသိမ်းပြီး ဗန်းမော်နဲ့ အနီးဆုံးမှာရှိတဲ့ မံစီဘက်ကို ဆက်ပြီး ထိုးစစ်ဆင်နေတာ။ မနေ့ ဒီဇင်ဘာ ၄ ရက်၊ မနက် ၅ နာရီလောက်စပြီး ဗန်းမော်နဲ့ မံစီမြို့ ပတ်ပတ်လည်က နစကတပ်စခန်းတွေကို KIA က တိုက်နေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့နယ်ကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက သိမ်းပိုက်ရရှိထားပြီး လက်ရှိမှာတော့ မံစီမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေသလို ရွှေကူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဗန်းမော်မှ မံစီမြို့ဘက်အထွက်ရှိ ဖန်းခါးကုန်းရွာ စစ်တပ်ဂိတ်စခန်းနဲ့ ညောင်ပင်သာ ဂိတ်စခန်း၊ ဖန်းခါးကုန်းရွာအနီးရှိ ခြေလျင်တပ်ရင်း (ခလရ - ၄၇) တို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် VOM အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“တိုက်ပွဲက ခုချိန်ထိ ပြင်းထန်နေတုန်းပဲ။ မနက်ကတည်းက ခုချိန်အထိ ပစ်ခတ်သံတွေ ကြားနေရတုန်း။ KIA တပ်တွေ ဗန်းမော်မြို့ထဲ ရောက်နေပြီလို့လည်း ပြောတယ်။ လက်ရှိကတော့ အ.ထ.က (၂) အကျော်က “ဖြိုး” မိုဘိုင်းဖုန်းဆိုင်နားမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရတယ်” လို့ ဗန်းမော်ဒေသခံတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ဗန်းမော်မြို့အတွင်းမှာ ဒေသခံတွေ ပိတ်မိနေပြီး လုံခြုံရေးအခြေအနေ စိုးရိမ်နေရတဲ့ အနေအထားဖြစ်တယ်လို့ သူက ပြောပါတယ်။

ဗန်းမော်မြို့ဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ (၂၃၆)၊ အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၃၆ ၊ ၃၀၄)၊ အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နဲ့ လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်ထားတဲ့ တပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ နစကဘက်ကရော KIA ဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

အခု ၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်ခဲ့တဲ့ ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မဘိမ်းမြို့နဲ့ ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့တွေ အပါအဝင် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

မောင်သာနိုး (သို့မဟုတ်) အဖြီးအဖြန်း မကြိုက်သူ (Part-2)

သူက ရဲဘော်ကောင်း ခေါင်းဆောင်ကောင်းဖြစ်သလောက် ဆရာကောင်း လည်းဖြစ် တပည့်ကောင်းလည်း ဖြစ်ပါတယ်။
၁၉၆၇ အင်းစိန်ထောင်က နောက်ဆုံးလွတ်ပြီး ရန်ကုန်တက္ကသိုလ် မြန်မာစာ မဟာဝိဇ္ဇာတန်း တက်ပါတယ်။ ကျူတိုရီယယ် သင်တန်းတွေကအစ တစ်ချိန်မှ အလွတ်မခံ၊ မှန်မှန်ကျောင်းတက်၊ မှန်မှန်လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ စာသင်ခန်း ထဲမှာ ဆရာ၊ ဆရာမက စာမေးရင် ကလေးငယ်တစ်ယောက်လို လက်ညှိုးထောင်ပြီး စာဖြေပါတယ်။ မာန်မာန လုံးဝမရှိပါဘူး၊ ဆရာ၊ ဆရာမတွေက ကိုသာနိုးအကြောင်း ကြားဖူးပြီးသားမို့ သူအတန်းထဲရှိနေရင် စာကောင်းကောင်း မသင်ရဲပါဘူး။ နောက် တော့ သူ့ရဲ့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး မာန်ချိုးနှိမ်မှုကြောင့် ဌာနတစ်ခုလုံးက ချစ်ခင်လေးစားခံရတဲ့ ကျောင်းသားကောင်းလို ့ နာမည်မွှေးပါတယ်။
“တပည့်ကောင်းဖြစ်ခဲ့လို့လည်း ဆရာကောင်းဖြစ်ပေတာပဲ’လို့ ကျွန်တော်တို့က မှတ်ချက်ချမိကြတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားဘာသာသင်ကျောင်းမှာလည်း ရုရှား ဘာသာ တက်နေသေးတယ်။ စည်းကမ်းရှိတဲ့ ကလေးငယ်တစ်ယောက်လို စနစ် တကျ ကျိုးကျိုးနွံနွံသင်ယူလေတော့ အတန်းမှာ ပထမရတာ မဆန်းပါဘူး။
ဦးသာနိုးဟာ ဖြီးတာ ဖြန်းတာ ဖားတာကို အလွန်မုန်းပါတယ်။ အပေါ်ယံ ကြည့်ရင် ပညာမာနနဲ့ ငါကွလို့ လက်မထောင်တတ်သူလို့ ထင်ဖွယ်ရှိပါတယ်။ တကယ်တတ်ကျွမ်းပြီး ရိုးသားတဲ့ပညာရှင်တွေကို အလွန်ရိုသေပါတယ်။ တပည့်ခံ
ပါတယ်။
ခုတော့ စာရေးခြင်း၊ အင်္ဂလိပ်စာသင်ခြင်းနဲ့ နာမည်လည်းကြီး ချမ်းလည်း ချမ်းသာနေပါပြီ။ သာဓု.သာဓု။
တင်မိုး

20 w - Translate

~~~ အမှတ်တရ ~~~ { ၃ }
#ဂျူး
ဘာအဓိပ္ပါယ်နှင့် ကျွန်မ ပြုလုပ်မိမှန်း မသိသော်လည်း ကျွန်မအတွက် ဤအိမ်ကလေးရှိနေမှ ဖြစ်မည်။ ဤအိမ်ကလေးသို့ တစ်နှစ်တွင် တစ်ခါ ၊ သို့မဟုတ် နှစ်ခါ လာရသည်မှာ မောင့်ထံ လာရသလိုပင် ကျွန်မ ခံစားရသည်။အိမ်ထဲ ၀င်လျှင်၀င်ချင်း မောင့်ကိုယ်ငွေ့ အနံ့အသက်များကို ကျွန်မရမည်။
ဘုရားစင်တစ်ခုမှ လွဲ၍ တခြား အိမ်ထောင်ပရိဘောဂများ ပြည့်စုံပါ၀င်သည့် ဤ အိမ်ကလေးသည် ကျွန်မ အတွက်တော့ နွေးထွေးသော လွမ်းဆွတ်ခြင်း တစ်ခုခုဖြစ်သည်။ ဤအိမ်သို့ ရောက်လျှင် ကျွန်မသည် မြို့မှာ ကျန်ရစ်ခဲ့သော လူနာများကို လည်းကောင်း ၊ ဆွေမျိုးများကိုလည်းကောင်း ၊ လှုမှုရေး ပြဿနာများကိုလည်းကောင်း သတိမရတော့ဘဲ ကျွန်မ၏ နှလုံးအိမ်နှင့် ဦးနှောက်မှာ မောင်တစ်ယောက်သာ ၀င်ရောက်နေတော့သည်။
မောင့်ကို ကျွန်မ မေ့ဖျောက်၍ မရအောင် ချစ်ခဲ့သည်။ မေပျောက်ဖို့ မကြိုးစားချင်လောက်အောင် မက်မောတွယ်တာခဲ့သည်။ နာကြည်းမုန်းတီး၍ မရလောက်အောင် မြတ်နိုး တမ်းတ ခဲ့သည်။
ကျွန်မ ချစ်သော မောင်သည် တောင်ပေါ်မြို့ကလေး တစ်ခုတွင် ကျွန်မနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းသာယာ ရှိနေလိမ့်မည်။ အထက်တန်းကျောင်းသား ဘ၀ ကတည်းက မောင် မြတ်နိုး၍ အသည်းအသန် လိုက်ယူခဲ့ရသည်ဟု သတင်းကြားသော မောင့်ဇနီးနှင့် ရယ်မောပျော်ရွှင် နေပေလိမ့်မည်။ အလုပ်မှ ပင်ပန်းစွာ ပြန်လာတိုင်း ချစ်စဖွယ် အပြုံးလေး နှင့် အရေးတယူ ဆီးကြို နှစ်သိမ့်မည့် လှပသော ဇနီးကို မောင် ကျေနပ်မြတ်နိုးမဆုံး ရှိလိမ့်မည်။
ဆေးခန်းမှ ညကိုးနာရီဆယ်နာရီ အိမ်ပြန်ရောက်သောအခါတိုင်း အေးစက်နေသော ထမင်းနှင့်ဟင်းကို ခြောက်ကပ်စွာ ကျွန်မ စားနေချိန်တွင် မောင်ကတော့ မောင့်ဇနီး ပြင်ဆင်ကျွေးသော ပူနွေးသည့်ညစာ ချစ်သော ဇနီးနှင့် စိုပြည်စွာ စားသောက်နေပေလိမ့်မည်။ အိပ်ရာ၀င်အချိန်တိုင်း အိပ်ရာပေါ်တွင် အလျားမှောက်ကာ ခေါင်းအုံးတွင် ပါးအပ်၍ ငြိမ်သက်ရပ်တန့်စွာ ကျွန်မ အိပ်ပျော်ဖို့ ကြိုးစားနေချိန်တွင် မောင်ကတော့ ချစ်ဇနီးကို ရင်ခွင်မှ ပွေ့ဖက်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပေလိမ့်မည်။ နံနက်အိပ်ရာထချိန် စားပွဲတင်နာရီ၏ နှိုးစက်မြည်သံဖြင့် ထိတ်လန့်တကြား ၊ ကျွန်မနိုးထချိန်တွင် မောင်ကတော့ ညင်သာသော အနမ်းတစ်ခုဖြင့် နှစ်သိမ့်စွာ နိုးထခဲ့ပေမည်။ စီစဉ်တကျ မဟုတ်သော နံနက်စာကို ကြုံသလို ကျွန်မ စားနေရချိန်တိုင်း မောင့်မှာတော့ အဆင်သင့် ပြင်ဆင်ကျွေးမွေးမည့် ဇနီးက ရှိနေသည်။
ကံဆိုးသော ပညာတတ်မိန်းမတစ်ယောက်နှင့် ကံကောင်းသော ပညာတတ် ယောက်ျားတစ်ယောက်သည် ဤမျှ ကွာခြားမှာပဲ မဟုတ်လား။
“မိန်းမဆိုတာ ပညာတတ်ဖို့မလိုဘူး ၊ ရုပ်ချောဖို့ပဲ လိုတယ် ၊ မိန်းမပီသဖို့ပဲ လိုတယ်”
ရယ်သလို မောသလို မကြာခဏ ကြွေးကြော်လေ့ရှိသော မောင်သည် သာမန် ဘွဲ့ရတစ်ဦးဖြစ်သည့် လှပသော မိန်းကလေးကို ရွေးချယ်တာ မှန်ကန်ပါသည်။
“ဒါဖြင့် ပညာတတ်ပြီး ရုပ်မချောတဲ့မိန်းမကို မောင်ဘာဖြစ်လို့ မောင့်ဘေးမှာ လက်တွဲခေါ်ခဲ့သေးလဲ”
မောင့်ကို ပြောချင်သော စကားများစွာထဲမှ သေးဖွဲသောစကားလေးတစ်ခွန်းသာ ဖြစ်ပါသည်။ ကျွန်မ စကားတစ်ခွန်းကြောင့် မောင် စိတ်ထိခိုက်မည်ဆိုလျှင် ကျွန်မကို ကျွန်မ အပြစ်ဒဏ် ခတ်ပစ်လိုက်မည်။ ကျွန်မကြောင့် မောင် မတွေဝေစေရပါ။ မောင့် ဆုံးဖြတ်ချက်သည် ကျွန်မကြောင့် မှားယွင်းမှု မရှိစေရပါ။ မောင် တစ်ခုခုမှားသည် ဆိုလျှင်လည်း ဤအမှားသည် မောင်ကိုယ်တိုင် ဖန်းတီး ပြုလုပ်ခဲ့သော အမှားသာ ဖြစ်စေရမည်။
သို့သော် မောင့်ဘ၀မှာ နောက်ထပ်အမှားဟူ၍ ရှိတော့မှာ မဟုတ်။ ကျွန်မကို ချစ်ခဲ့ခြင်းသည်သာ မောင့်အတွက် အကြီးဆုံး အမှားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မောင်နှင့်ကျွန်မသည် အစစအရာရာပေါင်းစပ်၍ မရနိုင်လောက်အောင် သီးခြားဖြစ်တည် နေခဲ့သောကြောင့် ဖြစ်သည်။ (ဤအချက်ကိုလည်း အချိန်လွန်မှ နှစ်ဦးစလုံး ရိပ်မိခဲ့ရသည်။)
မောင်က သူ့ချစ်သူကို မိန်းကလေး ပီသစေချင်သည်။
ကျွန်မသည် သနပ်ခါး လိမ်းဖို့ကိုပင် အလွန်ပျင်းရိသူဖြစ်ရာ မိန်းကလေးများလိမ်းအပ်သည့် မိတ်ကပ် ၊ ပေါင်ဒါ ၊ရေမွှေး ၊နှုတ်ခမ်းဆိုးဆေး စသည်တို့ကို စိတ်ကူးထဲ၌ပင် ထည့်ဖော်မရပါ။ အ၀တ်အစား အဆင်အပြင်ကိုလည်း ကြုံသလို ကောက်၀တ်သွားတတ်၏။ စိတ်နှလုံးနှင့် ဦးနှောက် အရည်အချင်းကိုသာ တန်ဖိုးထားတတ်သော ကျွန်မသည် ခန္ဓာကိုယ် အရေပြားပေါ်မှ အလှအပကို တန်ဖိုးမထားတတ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
#ဆက်ရန်ရှိ

image

ပူတာအိုခရိုင်တွင် ဆေးဝါး ပြတ်လပ်ပြီး ဈေးနှုန်း အဆမတန် မြင့်တက်နေ

ဒီဇင်ဘာ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အိမ်သုံးဆေးဝါးပြတ်လပ်နေပြီး တချို့သော ဆေးဝါးများသည် ဈေးနှုန်း အဆမတန် မြင့်တက်သွားသည်ဟု ပူတာအို ဒေသခံများထံမှ သိရသည်။

ပူတာအိုမြို့နယ်တွင် မကြာခဏ ဆေးဝါး ပြတ်-လပ်မှုနှင့် ကြုံတွေ့လေ့ရှိပြီး ပြီးခဲ့သည့် ဩဂုတ်လမှစတင်၍ ဆေးဝါး တင်သွင်းခြင်းကို ကန့်-သတ်လာသည့်အပြင် လက်ရှိတွင် ဆေးဝါးသယ်ယူပို့ဆောင်သည့် မြစ်ကြီးနား - ပူတာအို လမ်းကြောင်းကို အသုံးပြုရန် မလွယ်ကူခြင်းကြောင့် လေယာဉ်ဖြင့် သယ်ဆောင်ရသည့်အတွက် ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။

ယခင်က ၁၀၀၀ တန်ဆေးသည် လက်ရှိတွင် ၆၀၀၀ ကျပ်အထိ မြင့်တက်နေသည်ဟု ပူတာအို ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “တချို့ဟာတွေတော့ အကုန်လုံး ပြတ်တာ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ ဒါပေမယ့် စုံစုံလင်လင် မရတာ။ ဆေးရောင်းတဲ့သူတွေ ပြောတာက အရင်တုန်းက ကားနဲ့ တိုက်ရိုက်၊ ကားလမ်းကောင်းတော့ တိုက်ရိုက် ရောက် လာတယ်။ လွယ်လွယ်ကူကူနဲ့ ရတာပေါ့။ ဆေးကုမ္ပဏီတွေ အကုန်လုံးက ရန်ကုန်မှာပဲ ထိုင်ကြတာ။ အခု နောက်ပိုင်း ကားလမ်းတွေက ပျက်သွားတော့ ကားလမ်းတွေက တိုက်ရိုက်မရတော့ လှမ်းမှာရင် လေကြောင်း ကနေပဲ အဓိက ထားရတော့ တင်ဖို့မလွယ်ဘူး။ ဆေးဆိုရင် အရမ်းကြီး ခက်-ခဲတယ်။ ပြီးတော့ တအားကြီး ပိုက်ဆံလည်း ပိုတောင်းတယ်။ အရင်တုန်းက ကျနော်သောက်နေတဲ့ဆေးက ၁၀၀၀/၁၅၀၀ ကနေ အခုဆိုရင် ၆၀၀၀ လောက် ဖြစ်နေပြီ။ နောင်မွန်တို့ ခေါင်လန်ဖူးတို့ဆိုရင် ပိုဆိုးတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်၌ အသုံးပြုနေသည့် ဆေးဝါး၏ ၈၀ ရာခိုင်နှုန်းခန့်ကို လေကြောင်းဖြင့် တင်သွင်းနေရ ကြောင်း၊ ကားလမ်းကြောင်းဖြင့် တင်သည့် ဆေးဝါးသည်လည်း မြစ်ကြီးနားအထိသာ ရောက်ရှိသည့် အခြေအနေ ဖြစ်နေပြီး တခြားမြို့နယ်များသို့ အနည်းငယ်သာ ရောက်ရှိကြောင်း သိရသည်။

ဆေးဝါး ပြတ်-လပ်မှုကြောင့် ဆေးခန်းများတွင်လည်း ဆေးကုသမှု ကုန်ကျစရိတ်သည် ယခင်က ၁၀,၀၀၀ ကျပ် ရှိသည့်နေရာသည် လက်ရှိတွင် ၃၀,၀၀၀ ကျပ်ခန့် ပေးဆောင်နေရသည်။

နာတာရှည် ရောဂါဝေဒနာရှင်များ သောက်သုံးသည့် ဥပမာ ဆီးချို၊ သွေးကျဆေး၊ နှလုံးဆေး စသည့် ဆေးများ သည် ဝယ်ယူ၍ ရသော်လည်း ဈေးနှုန်း မြင့်တက်နေသည်ဟု သိရသည်။

လက်ရှိတွင် ဆေးအမျိုးအစား၊ တံဆိပ် အမျိုးမျိုး မရရှိတော့ဘဲ တံဆိပ်ရွေးပြီး ရောင်းချ၍မရသည့် အခြေအနေ ဖြစ်နေသည်ဟု ပူတာအိုမြို့နယ်မှ ဆေးအမျိုးမျိုး ရောင်းချနေသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လမ်းက ဖွင့်ပေမယ့် ဆေးက မဝင်ဘူး ဖြစ်နေတာ။ တရုတ်ဘက်ကနေ ဝင်တဲ့ ဆေးတွေပေါ့၊ တရုတ် ကုမ္ပဏီက ဆေးတွေလည်း ပြတ်တယ်။ မြန်မာဆေးတွေလည်း မန္တလေး - မြစ်ကြီးနားလမ်းပိုင်းက အလွန်ဆုံး ၅ ရက်၊ ပြီးတော့ ဈေးတက်တာကြောင့်မို့လို့ သိပ်မရှိတော့ဘူး အရင်တုန်းကလို။ အရင်တုန်းကလိုမျိုး တံဆိပ် အမျိုးမျိုး တင်လို့မရတော့ဘူး။ ဒီတစ်မျိုးဆို ဒီတစ်မျိုးပဲရှိတာပဲ ရောင်းရတော့တာ။ သောက်တဲ့သူတွေလည်း ရွေးချယ်ခွင့် မရှိတော့ဘူး။ တံဆိပ်ရွေးပြီး သောက်လို့မရတော့ဘူး။ ရှိတဲ့တံဆိပ်ပဲ သောက်ရတော့တာ အကောင်း ဖြစ်ဖြစ်၊ အညံ့ဖြစ်ဖြစ် အဲဒီလိုမျိုးပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်ကို ပြီးခဲ့သည့် ဇွန်လမှစတင်၍ ကုန်းကြောင်းဖြင့် ဆေးဝါး တင်သွင်းခွင့်ကို စစ်ကိုင်းတိုင်းအတွင်းမှ တင်းကြပ်ထားသည့်အတွက် ဆေးဝါးရှားပါးမှု၊ ပြတ်လပ်မှုသည် ပိုမိုဆိုးရွားလာနေခြင်း ဖြစ်သည်။

ပုံ - ဆေးဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

#centralnewsnaypyitaw

image