20 ပတ် - ဘာသာပြန်ပါ။

(၇) ရက်သားသမီး အဟောများ....
တနင်္ဂနွေ သား/သမီး--
အလုပ် /ငွေကြေးပိုင်းအထစ်အငေါ့ နှင့် အဆင်မပြေမှုများ ကြုံတွေ့နေရတတ်မည်။သို့သော် ငွေးကြေးလည်ပတ်မှု အသင့်အတင့် ရှိနေမည်။ကျန်းမာရေး ကောင်းမွန်နေသော်လည်း အာရုံကြောပြဿနာအချို့ ခံစားနေရတတ်မည်။အချစ်ရေး အဆင်မပြေမှုများ ကြုံနေရမည်။အိမ်ထောင်ရေးကံ ကောင်းမွန်၍ အဆင်ပြေနေမည်။ပညာရေး ကံညံ့နေတတ်၍ ကြိုးစားသလောက် အရာမထင်ဖြစ်နေတတ်မည်။
ယတြာ--- မွေးနေ့ မွန်းလွဲပြီးနောက် စေတီတစ်ဆူ၏တနင်္ဂနွေထောင့်တွင် အုန်း(၆) ညွန့်လှူ၍ လိုရာဆုတောင်းပါ။
------
တနင်္လာ သား/သမီး
အလုပ်တွင် အတက်အကျ အပြောင်းအလဲများ ကြုံနေရတတ်မည်။ငွေကြေးကံ သင့်တင့်စွာ ကောင်းမွန်နေမည်။ကျန်းမာရေး အညံ့ရှိ၍ဝမ်းဗိုက်ပိုင်း၊အစာအိမ်ရောဂါများထဲမှ သတိပြုရမည်။အချစ်ရေး အညံ့ကြုံ၍ ချစ်သူနှင့် လမ်းခွဲတတ်မည်။အိမ်ထောင်ရေး ကံသင့်တင့်စွာကောင်းနေသော်လည်း အိမ်ထောင်ဖက်၏ အလုပ်(သို့) ခရီး ထွက်နေရမှုကြောင့် ယာယီခွဲနေရသကဲ့သို့ ဖြစ်နေရတတ်မည်။ပညာရေး ကံ ကောင်းမွန်၍ အောင်မြင်မှုရနေတတ်မည်။
ယတြာ--- စေတီတစ်ဆူ၏ တနင်္လာထောင့်တွင် မွေးနေ့ နေ့လည်ပိုင်းလောက်တွင်ကံ့ကော်(၁၅) ညွန့် ကပ်လှူပေးပါ။
----
အင်္ဂါ သား/သမီး
အလုပ်၊ငွေကြေးပိုင်း တိုးတက်ဖြစ်ထွန်းမှူအချို့ကြုံရပါမည်။ငွေကြေးရသင့်သလောက်ရသော်လည်း ပေးစရာများ
ကြောင့် အကြပ်အတည်းကြုံရတတ်မည်။ကျန်းမာရေး အညံ့ရှိ၍ဆေးမှား၊အစာမှားခြင်းသတိပြုပါ။အစာမကြေ၊လေပွခြင်းမျိုး သတိပြုပါ။လေဖြတ်နိုင်ခြင်းသတိပြုပါ။အချစ်ရေး ကံ ကောင်းမွန်၍ အဆင်ပြေ၍ သာယာကြည်နူးစရာများ ကြုံရတတ်မည်။အိမ်ထောင်ရေး ကံ ညံ့တတ်ပြီး အိမ်ထောင်ဖက်နှင့် ကတောက်ကဆဖြစ်တတ်မည်။ပညာရေးကံကောင်း၍ အောင်မြင်တိုးတက်မှုများ ရမည်။
ယတြာ--- စေတီတစ်ဆူ၏ အင်္ဂါထောင့်တွင် မွေးနေ့ နံနက်ပိုင်း၌ ယပ်အနီ(၈) လက် လှူပေးပါ။
----
ဗုဒ္ဓဟူး သား/သမီး
အလုပ်/ငွေကြေးပိုင်း အဆင်မပြေ၊ရပ်နားရမလို ဖြစ်နေတတ်မည်။ယာယီအခက်အခဲဖြစ်၍ နောက်ပိုင်း ပြေလည်သွားပါမည်။ကျန်းမာရေး ကောင်းမွန်နေမည်။အိမ်ထောင်ရေး အဆင်မပြေ မျက်နှာချင်းဆိုင်သည်နှင့်စကားများ ရန်ဖြစ်နေရတတ်မည်။ပညာရေးပညာသင်ချင်စိတ် ပျောက်ဆုံးနေတတ်၍မကြိုးစားနိုင်ဖြစ်နေတတ်မည်။
ယတြာ-- မွေးနေ့ မွန်းလွဲပိုင်းတွင်မွေးနံထောင့်၌ ရွက်လှ(၁၇)ညွန့် လှူပေးပါ။
----
ကြာသပတေး သား/သမီး---
အလုပ်တွင် အထစ်အငေါ့ နှောင့်နှေးမှု အချို့နှင့်ကြုံနေရတတ်မည်။ငွေကြေးပိုင်းကားအဆင်ပြေစွာ လည်ပတ်နေနိုင်ပါမည်။ကျန်းမာရေး ကံ သာမန်သာရှိ၍ ပူစရာမလိုပါ။ဝမ်းပျက်တတ်ခြင်းမျိုးသတိထားပါ။အချစ်ရေးအဆင်မပြေ လမ်းခွဲရတတ်သည်ထိ ကြုံနိုင်ပါသည်။မာနပြိုင်၍ ဖြစ်ဖွယ်ရှိသည်။အိမ်ထောင်ရေး ကောင်းမွန်အဆင်ပြေ၍အပန်းဖြေခရီးမျိုး ထွက်တတ်မည်။ပညာရေး ကံပုံမှန်အခြေအနေတွင်ရှိမည်။
ယတြာ--- ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ဘုရားမွေးနံထောင့်၌ စပါယ်ပန်း(၅) ကုံးလှူ ပေးပါ။
----
သောကြာ သား/သမီး
စီးပွားရေး အပြိုင်အဆိုင်များကြားမှ အောင်မြင်မှုရမည်။ငွေကြေးကံ တိုးတက်ရရှိပါမည်။ကျန်းမာရေးတွင်အာရုံကြော နှင့် အရေပြားရောဂါမျိုး သတိပြုပါ။အချစ်ရေး ကံ ကောင်းမွန်၍ အဆင်ပြေပျော်ရွှင်ရပါမည်။အိမ်ထောင်ရေး ကတောက်ကဆအဖြစ်မမျိုး ကြုံရနိုင်သော်လည်အဆင်ပြေသွားပါမည်။ပညာရေး ကံကောင်းမွန်၍ ဝီရိယကြောင့် အောင်မြင်မှုရမည်။
ယတြာ-- သောကြာနေ့ နံနက်ပိုင်းတွင် ဘုရားသောကြာထောင့်၌ ရေသက်စေ့ ပူဇော်သပ္ပာယ်ပေးပါ။
---
စနေ သား/သမီး
အလုပ်တွင် တိုးတက်မှုမရှိ လုပ်ငန်းများ တုံ့ဆိုင်းနေတတ်မည်။ငွေကြေးလည်ပတ်မှု အကြပ်ဆိုက်တတ်မည်။ကျန်းမာရေး အညံ့ရှိ၍ မျက်စိရောဂါ၊ပင်ပန်းနွမ်းနယ် အားနည်းသကဲ့သို့ခံစားရခြင်း၊စိတ်ဖိစီးခံရခြင်းများ ကြုံနေရတတ်မည်။အချ စ်ရေး ချစ်သူ၏တစ်ဖက်သတ် လမ်းခွဲမှုမျိုး ကြုံရတတ်မည်။အိမ်ထောင်ရေး ညံ့လွန်း၍ကွာရှင်းပြတ်စဲခြင်းမျိုးထိ ကြုံရနိုင်သည်။ပညာရေးအလွန်ညံ့၍ ရပ်တံ့တုံ့ဆိုင်း သွားတတ်မည်။
ယတြာ-- စနေနေ့ မွန်းမလွဲမီ စေတီတစ်ဆူ၏ မွေးနံထောင့်၌ဘုန်းကြီးဆောင်းထီးတစ်လက် ထားရှိ လှူဒါန်းပေးပါ။

ဆရာဝင်းမင်း(B.Sc)

20 ပတ် - ဘာသာပြန်ပါ။

ဒီဇင်ဘာ ၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

image
20 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာသတင်းတိုများ

၁။ရုရှားတိုက်ခိုက်​ရေး​ရေငုတ်သင်္ဘောကိုဖိလစ်ပိုင်အထူးစီးပွား​ရေးဇုန်အတွင်း​တွေ့ရှိရသဖြင့်စိုးရိမ်ပူပန်​ကြောင်းဖိလစ်ပိုင်သမ္မတက​ပြောသည်။

၂။အကြမ်းဖက်အုပ်စုများအဝိုင်းခံထားရ​သောဆီးရီးယားအလယ်ပိုင်းမြိုဟမ်းမားမှအစိုးရတပ်များဆုတ်ခွာသွားသည်။

၃။ဂျာမနီနိုင်ငံခြား​ရေးဝန်ကြီးသည်ယူကရိန်းငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်တရုတ်နိုင်ငံသိုထွက်ခွာသွားသည်။

၄။ယူကရိန်းသမ္မတဇလင်စကီးက​​ဂျော်ဂျီယာနိုင်ငံအစိုးရအဖွဲဝင်များကိုရုရှားအားအညံ့ခံသည်ဆိုကာစီးပွား​ရေးပိတ်ဆိုမှုများချမှတ်ပြီးအီယူနှင့်အ​မေရိကန်သည်လည်းသူ့အတိုင်းလုပ်​ဆောင်မည်​မျှော်လင့်​ကြောင်း​ပြောကြားလိုက်သည်။

၅။တရုတ်ကစစ်ဘက်အရပ်ဘက်နှစ်မျိုးသုံးနိုင်သည့်ရှားပါးသတ္တုများအ​မေရိကန်သို​ရောင်းချခြင်းကိုပိတ်ပင်လိုက်သည်။

NOM

20 ပတ် - ဘာသာပြန်ပါ။

ဘာတွေပို့မှန်းကို မသိဘူး 😢

image
20 ပတ် - ဘာသာပြန်ပါ။

Mom : အရင်လို ဖုန်းကြည့်ပြီး ပြုံးစိစိနဲ့စာတွေ
မရို-က်တော့ဘူးလား
Me : ဝေးသွားကြပြီ အမေရေ ဝေးသွားကြပြီ

image
20 ပတ် - ဘာသာပြန်ပါ။

💅 💚

image
20 ပတ် - ဘာသာပြန်ပါ။

💅 💚

image
20 ပတ် - ဘာသာပြန်ပါ။

💅 💚

image