Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အိန္ဒိယ အာသံပြည်နယ် အများပြည်သူဆိုင်ရာ နေရာတွေမှာ အမဲသားစားသုံးခွင့် တားမြစ်
ဒေလီ၊ ဒီဇင်ဘာ ၆
အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသံပြည်နယ်ဟာ စားသောက်ဆိုင်နဲ့ ပွဲလမ်းသဘင်တွေအပါအဝင် အများပြည်သူဆိုင်ရာနေရာတွေမှာ အမဲသားစားသုံးတာကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။
ဘုရားကျောင်းလို ဘာသာရေးနေရာတွေအနီးမှာ အမဲသားရောင်းချတာကို တားမြစ်ထားတဲ့ အစောပိုင်းက စည်းမျဉ်းတွေကို ထပ်မံတိုးချဲ့လိုက်တာလိုပ ပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။ ဒါပေမယ့်လည်း အသားတွေကို စျေးကဝယ်ပြီး နေအိမ်သိုမဟုတ် စက်ရုံအလုပ်ရုံတွေမှာ စားနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ နွားကိုအလေးထားတာကြောင့် အိနိ္ဒယမှာတော့ အမဲသားစားသုံးမှုဟာ ထိရှလွယ်ကြပြဿနာတခုဖြစ်ပါတယ်။ အာသံအပါအဝင် ဝန်ကြီးချုပ်မိုဒီရဲ့ အာဏာရ ဘီဂျေပီပါတီ အုပ်ချုပ်တဲ့ အာသံအပါအဝင် ပြည်နယ်အများအပြားမှာ မကြာသေးမီနှစ်တွေအတွင်း နွားသတ်တာကို ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပါတယ်။
အိန္ဒိယပြည်နယ် ၂၈ ပြည်နယ်ရဲ့ သုံးပုံတပုံနှစ်ပုံကို ဘီဂျေပီပါတီက အုပ်ချုပ်ထားပြီး အဲဒီပြည်နယ်တွေမှာ နွားသတ်တာနဲ့ အမဲသားစားသုံးတာကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အ၀ တားမြစ်ပိတ်ပင်ထားပါတယ်။
အာသံမှာတော့ ဟိန္ဒူ၊ ဂျိန်းနဲ့ ဆစ်ခ်လူမျိုးတွေ နေထိုင်ရာဒေသတွေမှာ အမဲသားရောင်းချတာနဲ့ ဝယ်ယူတာကို ၂၀၂၁ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။ အခြားနိုင်ငံရေးအတိုက်အခံတွေကတော့ ဒီတားမြစ်ချက်ဟာ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်စေတယ်လို့ ဝေဖန်ထားပါတယ်။
Ref:BBC
Photo:Getty Images
#သတင်းဟင်းလေးအိုးကြီး
တောင်ကိုရီးယားသမ္မတက ကာကွယ်ရေးဝန်ကြီးသစ်အမည် တင်သွင်း
ဆိုးလ်၊ ဒီဇင်ဘာ ၆
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol)က ဆော်ဒီအာရေဗျဆိုင်ရာ တောင်ကိုရီးယားသံအမတ် ချွဲဗြောင်ဟွတ်(Choi Byung-hyuk)ကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ကြောင်း သမ္မတရုံးက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
သမ္မတယွန်းသည် ကာကွယ်ရေးဝန်ကြီး ကင်မ်ယောင်ဟွန်း(Kim Yong-hyun)၏ နုတ်ထွက်စာကို လက်ခံပြီး နောက် ကာကွယ်ရေးဝန်ကြီးသစ်ကို အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၄ ရက်က ရာထူးမှ နုတ်ထွက်စာ တင်ခဲ့သည့် ကင်မ်သည် ဒီဇင်ဘာ ၃ ရက်က ယွန်း၏ စစ်အုပ်ချုပ်ရေး ကြေညာမှုတွင် အဓိကပုဂ္ဂိုလ်အဖြစ် မြင်တွေ့ရသည်။
ကင်မ်က ယွန်းကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရန် ထောက်ခံ အားပေးခဲ့ကြောင်း အကြီးတန်း စစ်ဘက် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယွန်း၏ ဦးစီးအရာရှိချုပ် ချန်ဂျင်ဆော့(Chung Jin-suk)ကမူ ချွဲသည် ၎င်း၏တာဝန်များကို ဇွဲရှိရှိဖြင့် ထမ်းဆောင် ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဖက် အုပ်ချုပ်ရေးကို ဆိုင်းငံ့ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာခဲ့ကာ စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
အတိုက်အခံများကမူ ယွန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ကြောင်း ပြောကြားခဲ့ပြီး စွပ်စွဲပြစ်တင်ရန် အဆိုပြုချက် တင်သွင်းခဲ့သည်။
ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်ပတ်သက်ပြီး ပုန်ကန်မှုအတွက် တောင်ကိုရီးယား ရဲတပ်ဖွဲ့က ယွန်း အား စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်း ထိပ်သီးရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြား ခဲ့သည်။
Source: Nikkei Asia
ပုံ - သမ္မတ ယွန်းဆော့ရွဲနဲ့ ချွဲဗြောင်ဟွတ်ကို တွေ့ရစဉ်
#centralnewsnaypyitaw
မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်းကော်မတီဖွဲ့စည်း
နေပြည်တော်၊ ဒီဇင်ဘာ ၆
တရုတ်နိုင်ငံမှ အဆိုပြုပေးပို့လာသည့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လုံခြုံရေးကုမ္ပဏီ(Joint Venture Security Company) တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီမှ တာဝန်ယူဆောင်ရွက် မည်ဖြစ်ပြီး၊ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ်(၂)၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စစ်ဥပဒေချူပ်ရုံး အရာရှိကြီး ၁ ဦး အပါအဝင် စုစုပေါင်း ၁၄ ဦးဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်ခြင်း ရှိမရှိ စိစစ်ခြင်း၊ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးကျေးဇူးဖြစ်ထွန်းဖွယ်ရာ ရှိမရှိစိစစ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်မှု ရှိမရှိစိစစ်ခြင်း၊ လုံခြုံရေးကုမ္ပဏီတည်ထောင်ပြီးပါက ကုမ္ပဏီမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာကိစ္စရပ်များအပါအဝင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများအပေါ် ဖောက်ဖျက်ကျူးလွန်မှုရှိပါက မည်ကဲ့သို့ အရေးယူဆောင်ရွက် မည်၊ မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက်မည်စသည့် အချက်များကို ဖြည့်စွက်ရန် လိုမလို စိစစ်ခြင်း စသည့် လုပ်ငန်းတာဝန်များ ပါဝင်ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
အာဆီယံဝန်ကြီးများ ထိုင်းတွင် မြန်မာ့အရေး ဆွေးနွေးမည်
ဂျာကာတာ၊ ဒီဇင်ဘာ ၆
ယခုလကုန်ပိုင်းတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ထိုင်းတွင် ဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်ပြီး မြန်မာ့အရေးကို ဆွေးနွေးရန် စီစဉ်နေကြောင်း အင်ဒိုနီးရှားက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံ၏ ဖိတ်ကြားချက်အရ အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် မြန်မာ့တပ်မတော်က အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး အကျပ်အတည်း အား အဖြေရှာရေးနှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်တို့ကို ဆွေးနွေးသွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရွိုင်း ဆိုမီရတ် (Roy Soemirat) က သတင်းထောက်များကို ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်က အာဏာရယူခဲ့ပြီးနောက် လအနည်းငယ် အကြာဖြစ်သည့် ဧပြီလတွင် အာဆီယံ၏ ဘုံသဘောတူညီချက်ကို ထုတ်ပြန်ခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာရရှိခဲ့သည်။
မြန်မာ့တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကမူ ရန်လိုမှုများကို ရပ်တန့်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြ သည်။
အောက်တိုဘာလက ပြုလုပ်သည့် အာဆီယံ အစည်းအဝေးတွင်လည်း အာဆီယံက အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ မြန်မာက ဦးဆောင်သည့် အမျိုးသားရေးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ ကြသည်။
ထိုင်းတွင် ပြုလုပ်မည့် အစည်းအဝေးကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ရန် မျှော်မှန်းထားကြောင်း ရွိုင်းက ပြောကြားခဲ့ပြီး ထိုအစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်ဟု ဆိုသည်။
Source: ရိုက်တာ
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
#centralnewsnaypyitaw
♦️ ဝုဗ်ဗာဟမ်တန်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မားသီးယက်ကူညာကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အက်စတွန်ဗီလာ ၊နယူးကာဆယ်၊ မန်ချက်စတာယူနိုက်တက် ၊ စပါး အသင်း နဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူချင်နေကြပါတယ်။
♦️အာဆင်နယ်အသင်းကတော့ ကစားသမားကို ခေါ်ယူနိုင်ရေးအတွက် ကနဦး ဆွေးနွေးမှု အချို့ စတင်ထားပြီလို့ သိရပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၅ ရက်၌ ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO သည် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပသည့် ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ ယဉ်ကျေးမှုညီလာခံမှ မြန်မာ့ရိုးရာအတာသင်္ကြန် ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် "မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်" Certificate ရရှိမှုမှတ်တမ်းပုံရိပ်များကို ဖော်ပြလိုက်ပါသည်။