19 w - Translate

🥹

image
19 w - Translate

အိမ်သာမပိုင်တာ ပီးရင် သူအယွဆုံး

image
19 w - Translate

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ နောက် (၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်နေသည့် အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းသည် နောက် (၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာနက ယနေ့ ဒီဇင်ဘာ (၁၀)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ဒီဇင်ဘာ (၁၁)ရက်နေ့(မနက်ဖြန်)တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(သီရိလင်္ကာနိုင်ငံကမ်းလွန် - အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေသို့ ရောက်ရှိလာနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

လတ်တလောတွင် ဒီဇင်ဘာ (၇)ရက်မှစတင်၍ ဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် ဆက်လက်တည်ရှိနေသည်ဟု မိုး/ဇလက အသိပေးထားသည်။

image
19 w - Translate

ယူကရိန်းစစ်ပွဲ ချက်ချင်းအပစ်အခတ်ရပ်ရေး ထရမ့်ပ် တောင်းဆို

ပါရီမြို့တော်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီး၌ ဆီးရီယားတွင် အာဆတ်အစိုးရအဖွဲ့ပြု-တ်သွားခဲ့သဖြင့် ယူကရိန်းနှင့် ရုရှားအကြား တိုက်ပွဲကို ချက်ချင်း အပစ်ရပ်စဲကြရန် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က တနင်္ဂနွေနေ့အစောပိုင်းတွင် တောင်းဆိုခဲ့သည်။

အာဆတ်သည် သူ့နိုင်ငံမှ ထွက်ပြေးပြီဖြစ်ကြောင်း၊ ဗလာဒီမာပူတင်ဦးဆောင်သော ရုရှားနိုင်ငံအနေဖြင့် သူ့ကို ဆက်လက် ကာကွယ်ပေးရန် စိတ်မဝင်စားတော့ကြောင်းနှင့် ပထမဦးစားပေးနေရာထားရန် ရုရှားအတွက် အကြောင်းပြချက်မရှိတော့ကြောင်း ထရမ့်ပ်က Truth Social ပေါ်တွင် ပို့စ်တင် ပြောဆိုခဲ့သည်။

“ယူကရိန်းစစ်ပွဲကြောင့် ဆီးရီးယားမှာရှိတဲ့ အကျိုးစီးပွားအားလုံးကို သူတို့ ဆုံးရှုံးခဲ့ရပါပြီ၊ ထာဝရမပြီးဆုံးနိုင်ဖြစ်သွားနိုင်တဲ့ လုံး၀ မစသင့်ခဲ့တဲ့ စစ်ပွဲမှာ ရုရှားစစ်သည် ၆ သိန်းနီးပါး ဒဏ်ရာရ၊ ကျဆုံးခဲ့ရပါတယ်” ဟု ထရမ့်ပ်က ဆက်လက် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်အစောပိုင်းတွင် ရုရှားက ပထမဆုံးကျူးကျော်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းစစ်သားနှင့် အရပ်သား များသည် ထောင်ပေါင်းရာချီ၍ ဆုံးရှုံးခဲ့ခြင်းကို ထောက်ရှုကာ ဇလန်စကီးသည် သဘောတူညီချက်တစ်ခု ရလိုနေပြီး ရူးမိုက်မှုကို ရပ်တန့်လိုနေသည်ဟု ထရမ့်ပ်က အခိုင်အမာ ပြောဆိုသည်။

"ချက်ချင်း အပစ်ရပ်ပြီး ညှိနှိုင်းသင့်တယ်” ဟု ထရမ့်ပ်က ရေးသားသည်။ အသက်ပေါင်းများစွာ မလိုအပ်ဘဲ အလဟသဆုံးရှုံးနေကာ မိသားစုပေါင်းများစွာ ပြိုကွဲပျက်စီးခဲ့ရကြောင်းနှင့် ယင်းအတိုင်း ဆက်သွားနေပါက ဆုံးရှုံးမှုများပိုကြီးမားသွားနိုင်ကြောင်း သူက ပြောသည်။ ထို့အပြင် ဗလာဒီမာအကြောင်းကို သူကောင်းကောင်းသိကြောင်း၊ ယခုအချိန်သည် သူ လုပ်ဆောင်ရမည့်အချိန်ဖြစ်ကြောင်းနှင့် တရုတ်က အကူအညီပေးနိုင်သကဲ့သို့ ကမ္ဘာကြီးက စောင့်ကြည့်နေပါကြောင်းလည်း ထရမ့်ပ်က ပြောဆိုခဲ့သည်။

နိုထရာဒမ် ဘုရားကျောင်းပြန်လှည်ဖွင့်လှစ်ပွဲသို့ တက်ရောက်သည့် ပြင်သစ်နိုင်ငံခရီးစဉ်အတွင်း ပါရီတွင် ဇလန်းစကီး၊ ပြင်သစ်သမ္မတ အီမန်နျူလ် မက်ခရွန်တို့နှင့် တွေ့ဆုံခဲ့အပြီး နာရီပိုင်းအကြာတွင် ထရမ့်၏ထိုကဲ့သို့ ပြောကြားချက်များ ထွက် ပေါ်လာခြင်းဖြစ်သည်။

image
19 w - Translate

Set-up Ideas 💡

image
19 w - Translate

Set-up Ideas 💡

image
19 w - Translate

Set-up Ideas 💡

image
19 w - Translate

Set-up Ideas 💡

image
19 w - Translate

Set-up Ideas 💡

image
19 w - Translate

Set-up Ideas 💡

image