Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လှိုင်သာယာ(အနောက်ပိုင်း) မြို့တွင် Taxi ငှားရမ်းသူနှစ်ဦးမှ ယာဉ်မောင်းအမျိုးသားကို ဓားဖြင့်ခုတ်ပြီး ပစ္စည်းများလုယက်ထွက်ပြေး
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ နည်းပညာတက္ကသိုလ်မီးပွိုင့်အကျော်တွင် Taxi ငှားရမ်းသူနှစ်ဦးမှ ယာဉ်မောင်းအမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးပြီး ပစ္စည်းများလုယက်ထွက်ပြေးသွားကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ ရက် ည ၈ နာရီကျော်တွင် အငှား Taxi ယာဉ်မောင်း ဦးမင်းကိုကိုမှာ အမှတ်(၅) လမ်းမကြီး၊ မီးခွက်ဈေးအောက်ထိပ်နှင့် DENKO စက်သုံးဆီဆိုင်အတိုင်း မောင်းနှင်လာစဉ် ထိုအနီးတွင် အမျိုးသားနှစ်ဦးမှ ထန်းတပင်မြို့နယ်၊ ကုန်းတလိကျေးရွာထိပ်ကို ငှားစီးရာမှ လှိုင်သာယာ(အနောက်ပိုင်း) မြို့ နယ်၊ နည်းပညာ တက္ကသိုလ်မီး ပွိုင့်အကျော်တွင် ထိုငှားရမ်းစီးသူနှစ်ဦးမှ အပေါ့သွားချင်သည်ဟုဆိုကာ ယာဉ် ကိုရပ်ပေးရာမှ ထိုငှားစီးသူတို့ထံတွင် အသင့်ပါလာသည့် ဓားမြောင်ဖြင့် ယာဉ်မောင်းအမျိုးသားကို ခုတ်ပြီး ယာဉ်မောင်း၏ ဖုန်းနှင့်ငွေ (၂) သိန်းဝန်းကျင်တို့ကို လုယူပြီးထွက်ပြေးသွားကြောင်း သိရသည်။
ဓားထိုးခံရမှုကြောင့် Taxi ယာဉ်မောင်း ဦးမင်းကိုကို၏ ညာဘက်နို့အုံအောက်တွင်ပြက်ရှဒဏ်ရာ၊ လက်ဖ မိုးပြတ်ရှဒဏ်ရာ၊ မျက်နှာတွင်ဖုရောင်ဒဏ်ရာများရရှိပြီး ၎င်းကိုလှိုင်သာယာပြည်သူ့ဆေးရုံသို့ လမ်းသွား ပြည်သူတစ်ဦးမှ ပို့ဆောင်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
Photo - Credit
#သတင်းဟင်းလေးအိုးကြီး
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်းနှင့် ထိုင်းဘတ်သန်း ၄၀ ထပ်မံရောင်းချပေးမည်
ဒီဇင်ဘာ ၁၁
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်းနှင့် ထိုင်းဘတ်သန်း ၄၀ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာလ ၁၀ ရက် (ယမန်နေ့)တွင် အသိပေးကြေညာထားသည်။
နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များ အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံး အရင်းဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ထုတ်ရောင်းပေးခဲ့ရာ ဒီဇင်ဘာလ ၂ ရက်မှ ၁၀ ရက်အထိ တစ်ပတ်ကျော်အတွင်း ဒေါ်လာ ၅၃ သန်း၊ ထိုင်းဘတ် ၃၀၇ ဒသမ ၄၆၆ သန်းရောင်းချပေးထားပြီးဖြစ်သည်။ ထို့အတူ ဒီဇင်ဘာလ ၁၀ ရက်တွင် တရုတ်ယွမ် ၉ သိန်းနီးပါး ထပ်မံထုတ်ရောင်း၍ စုစုပေါင်း တရုတ်ယွမ် ၇ ဒသမ ၉၀၇ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော် လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၆၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၃ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၂၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
#centralnewsnaypyitaw
ကမ္ဘာ့ပထမဆုံး ရေအောက် ဥမင်လှိုဏ်ခေါင်း ကားလမ်း။
ရေအောက် အနက် မီတာ ၄၀၀ မှာ ၂၇ ကီလိုမီတာ ရှည်လျားတဲ့ ဥမင်လှိုဏ်ခေါင်း ကားလမ်းကို နော်ဝေးနိုင်ငံမှာဆောက်လုပ်နေပြီ ဖြစ်ပါတယ်။
ကုန်ကျစရိတ်ကတော့ ဒေါ်လာဘီလျံ ၅၀ ဖြစ်ပါတယ်တဲ့။
#ရေအောက်
#ဥမင်လှိုဏ်ခေါင်း
#ကားလမ်း
#crd-photo
အင်အားကြီးအုပ်စုများက မီဒီယာကနေ တိုင်းပြည်ပြိုကွဲအောင်လုပ်နေဟု ပြော
ဒီဇင်ဘာ ၁၁
အင်အားကြီးသည့် အုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ် နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာပြီး ဆူပူအုံကြွ၍ တိုင်းပြည်ပြိုကွဲအောင် လုပ်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် မည်သည့် အင်အားကြီးနိုင်ငံများ၊ အုပ်စုများကို ရည်ညွန်းသလဲဆိုသည်ကိုတော့ ထည့်သွင်း ပြောကြားခဲ့ ခြင်းမရှိပေ။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စု များသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက် စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာ သမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြသည့်နည်းကို အသုံးပြုနေကြသည်မှာ အားလုံးအသိပင်ဖြစ် ကြောင်း၊ ယင်းမီဒီယာသမားများမှတဆင့် ပြည်သူများ၏ သဘောထားခံစားချက်များ၊ နစ်နာချက်များကိုပစ်ပယ် ပြီး ၎င်းတို့လိုလားသည့် ပုံစံများအတိုင်း ပုံဖော်သွတ်သွင်းထုတ်လွှင့် ဖော်ပြနေကြသည်ကို တွေ့မြင်ရမည်ဖြစ် ကြောင်း၊ အဆိုးရွားဆုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများကို မတည်မငြိမ်ဖြစ်အောင် ပဋိပက္ခများကြီးထွားလာအောင်၊ ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီအောင် ရည်ရွယ်ချက် အမျိုးမျိုး၊ ပုသဏ္ဍာန်အမျိုးမျိုးဖြင့် ပြလုပ်နေကြသည်” ဟု ပြောသည်။
သတင်းမီဒီယာသမားများသည် လူသားများပင်ဖြစ်သည့်အတွက် လူ့သဘာဝအတိုင်း အကြိုက်မတူခြင်း၊ ပုဂ္ဂလိ ဓိဋ္ဌာန် အစွဲများ ရှိနေတတ်ခြင်းကို မိမိတို့အနေဖြင့် နားလည်လက်ခံကြောင်း၊ သို့သော်လည်း နိုင်ငံ့အရေး၊ ပြည်သူ့ အရေးကိစ္စများတွင် မိမိအကျိုးစီးပွား အပါအဝင် မိမိယူဆချက်၊ မိမိသဘောထားကို ရှေ့တန်းမတင်ဘဲ အတ္တနောမတိ ကင်းကင်းဖြင့် အရာရာကို ရေးသားရှုမြင် ဆင်ခြင်ပေးကြရန် တိုက်တွန်းလိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို မှန်မှန်ကန်ကန် စနစ်တကျ ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအဖြစ် တည်ဆောက်ရန် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်တွင် ဥပဒေအရ လွတ်လပ်စွာရေးသား ထုတ်ဖော် ပြောဆို နိုင်ခွင့်များ ရှိရမည်ဖြစ်သကဲ့သို့ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း မရှိမဖြစ်လို အပ်ကြောင်း၊ ယင်းလိုအပ်ချက်များကို လိုက်လျောညီထွေရှိရှိ ဟန်ချက်ညီညီ မျှမျှတတ ဆောင်ရွက်ပေးကြရန်လို အပ်ကြောင်း” ပြောသည်။
အုပ်ချုပ်သူ လူတန်းစားများသည် သတင်းမီဒီယာကို မိတ်ဖက်အဖြစ် ရှုမြင်ကြလေ့ အလွန်နည်းပါးပြီး အတိုက်အခံ အဖြစ်သာ ရှုမြင်ကြလေ့ရှိနေခြင်းကို ပြောင်းလဲသင့်ကြောင်း၊ နစက အနေဖြင့် သတင်းမီဒီယာများကို ကွဲခြား ဆက်ဆံမှု မလုပ်ဘဲ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြန်လည် ဖြေကြားပေးခြင်းဖြင့်လည်း နားလည်မှု လွဲမှားခြင်းကို တည့်မတ်ရန်လိုအပ်ကြောင်း၊ ပြည်သူလူထု သိသင့်သိထိုက်သော သတင်းအချက် အလက်များကို မီဒီယာ၏ မေးမြန်းခြင်းကနေတဆင့် ပြန်လည်အသိပေးခြင်းကို အားကောင်းအောင် တည် ဆောက်နိုင်မည်ဆိုပါက နစကနှင့် မီဒီယာအသိုင်းအဝိုင်းကြား ယုံကြည်မှုတည်ဆောက်နိုင်မည်ဟု ထင်ကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းက ထောက်ပြကြသည်။
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
#centtalnewsnaypyitaw
မနေ့ကဆုံး:,ပါး:သွားခဲ့လို့ သူမရဲ့ fan လေးတွေ နှမြောတသဖြစ်နေကြတဲ့ ဂိမ်း Streaming လောကမှာ နာမည်ကြီးသူလေး Zing 💔💔💔
သူမဟာ Mobile Legend Streamer တွေထဲမှာ ချစ်စဖွယ်အမူအရာလေးတွေကြောင့် လူသိများ ထင်ရှားသူ
၁ဦးဖြစ်ပြီး စက်တင်ဘာလကုန်ကစပြီး ကျန်းမာရေးအခြေအနေကြောင့် အနားယူနေခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ရက်နေ့ မှာတော့ ညနေ ၅နာရီ ၅၀ မှာ Zing (ခ) စုမြတ်နွေး ဆုံး:,ပါး:သွားခဲ့ပြီဖြစ်ကြောင်း တရားဝlင်အသိပေးလာတာပဲ ဖြစ်ပါတယ်😢😢😢
ခင်မင်ရင်းနှီးသူတွေနဲ့ သူမရဲ့ ဖန်တချို့ကတော့ ငယ်ရွယ်စဥ်မှာ အခုလိုနှုတ်ဆက်ထွက်ခွာသွားတဲ့အတွက် နှမြောမဆုံး ဖြစ်နေကြပါတယ်😭😭😭
#streambyzing #sumyatnway #ဆုမြတ်နွေး #ddplus
#crd_photo
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပေးတဲ့ လူ့အခွင့်အရေးကာကွယ်သူဆုကို CHRO မှ ဆလိုင်းမန်ဟရဲလျန် ရရှိ
ဒီဇင်ဘာ ၁၁
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကာကွယ်သူဆု ကို မြန်မာနိုင်ငံက ချင်းလူအခွင့်အရေးအဖွဲ့ ( CHRO) မှ ဆလိုင်းမန်ဟရဲလျန်က ရရှိခဲ့တယ်လို့ CHRO က မနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ မှာ လူ့အခွင့်အရေးကာကွယ်သူများဆုချီးမြှင့်ခြင်းကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ( Antony Blinken ) ကိုယ်တိုင်တက်ရောက်ပြီး ဆုချီးမြှင့် ခဲ့ခြင်းဖြစ်ပါတယ်။
“ဒီဆုကိုချီးမြှင့်တဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုကျေးဇူးတင်ပါတယ်။ဒါဟာ ချင်းလူမျိုးများ အပါအဝင် တစ်ခြားသောတိုင်းရင်းသားအသိုက်အဝန်း အားလုံးအပေါ် အကြမ်းဖက်စစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ နက်နဲတဲ့ဒုက္ခကိုအသိအမှတ်ပြုခြင်း ဖြစ်တယ်။”လို့ ဆလိုင်းမာန်ဟရဲလျန်ကပြောတယ်လို့ CHRO ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆလိုင်း မာန်ဟရဲလျန်ဟာ လက်ရှိ ချင်းလူအခွင့်အရေးအဖွဲ့မှာ အစီအစဉ်ညွန်ကြားရေးမှူးအဖြစ်တာဝန်ယူ ဦးဆောင်နေသူဖြစ်ပြီး ဆယ်စုနှစ်ကြာအောင် လူ့အခွင့်အရေး၊ ရွေးကောက်ပွဲအတွင်း ပွင့်လင်းမြင်သာမှုရှိရေး နဲ့ မြန်မာ့နိုင်ငံရေးမှာ လူငယ်များပါဝင်မှုအားကောင်းအောင် ဆောင်ရွက်နေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။
ဆလိုင်းမာန်ဟရဲလျန်ဟာ ရန်ကုန်မြို့၊ဒဂုံတက္ကသိုလ်မှာ အဝေးသင် ဖြေကြားရင်း ခရစ်ယာန်ဓမ္မကျောင်းတက်ခဲ့ ပြီးနောက် Mahidol University မှာလူ့အခွင့်အရေးနဲ့ပက်သက်တဲ့ မဟာဘွဲ့ကိုရယူခဲ့သူဖြစ်ပါတယ်။
#သတင်းဟင်းလေးအိုးကြီး
❝စစ်ကိုင်းတိုင်းနဲ့ ရှမ်းအရှေ့တို့မှာ ဒီကနေ့ မြေငလျင်တွေလှုပ်ခတ်❞
ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးနဲ့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့တို့မှာ ဒီကနေ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုသီ လှုပ်ရှားသွားတယ်လို့ မိုး/ဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပထမမြေငလျင်က တမူးမြေငလျင်စခန်းရဲ့ တောင်- အရှေ့တောင်ဘက် (၄၂) မိုင်ခန့် အကွာ၊ မော်လိုက်မြို့ရဲ့ အရှေ့ဘက် (၃) မိုင်ခန့်အကွာကိုဗဟိုပြုပြီး ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၅၅)မိနစ်၊ (၅၈) စက္ကန့်အချိန်မှာ လှုပ်ရှားခဲ့တာဖြစ်ပြီး အင်းအားက ရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိတယ်လို့ ဆိုပါတယ်။
အလားတူ ဒုတိယမြေငလျင်ကတော့ ဒီဇင်ဘာ ၁၁ ရက်၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (၂၆) မိနစ်၊ (၂၀) စက္ကန့် အချိန်မှာ ကျိုင်းတုံမြေငလျင်စခန်းမှ တောင်- အရှေ့တောင်ဘက် မိုင် (၂၀) ခန့်ကွာဝေးတဲ့ မိုင်းဖြတ်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် (၂၀) ခန့်အကွာကို ဗဟိုပြုလှုပ်ရှားခဲ့တာဖြစ်ပြီး အင်အားရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw