Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြန်မာနိုင်ငံတွင် အသိအမှတ်ပြုလက်မှတ်ထုတ် ပေးထားသည့် အလုပ်သမားအဖွဲ့အစည်း (၃၀၀၀)ကျော်ရှိ
မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုလက် မှတ်ထုတ်ပေးထားသည့် အလုပ်သမားအဖွဲ့အ စည်းပေါင်း(၃၀၅၄)ဖွဲ့ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။
အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ ယနေ့အ ချိန်အထိ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားသော အခြေခံအလုပ်သမားအဖွဲ့အစည်း(၂၈၃၃) ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း(၂၆)ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း(၁၅၈)ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း(၁)ဖွဲ့၊ တိုင်း/ပြည်နယ်အလုပ်သမားအဖွဲ့အစည်း(၂၅)ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် (၉)ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ်(၁)ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(၁)ဖွဲ့ (စုစုပေါင်း ၃၀၅၄ ဖွဲ့)ရှိသည်ဟု ပြောသည်။
အဆိုပါ အလုပ်သမားအဖွဲ့အစည်းများအား လွတ်လပ်စွာဖွဲ့စည်းနိုင်ရေးကို သက်ဆိုင်ရာဝန် ကြီးဌာနမှ ဥပဒေနှင့်အညီဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံ၏ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်စေရေးကို ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ခုံသမာဓိကောင်စီအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သ မားကိုယ်စားလှယ်များ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံနေရသည့် လုပ် ငန်းဆိုင်ရာအခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြသည်။