4 ပတ် - ဘာသာပြန်ပါ။

အပါးဆုံး ဘေးဘောင် Bezel နဲ့ ဖုန်းဖြစ်လာမယ့် OPPO Find X8s
.
OPPO ကနေ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ Find X8 Ultra ဖုန်းတွေအပြင် OPPO Find X8s | Find X8s+ ဖုန်းတွေလည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေတယ်။
ဒီထဲမှာ OPPO Find X8s ဖုန်းက လက်ရှိမှာ ဘေးဘောင်အပါးဆုံးဖုန်းဖြစ်လာမယ်ဆိုပဲ - ဘေးဘောင် (Bezel) အထူက 1.25mm ပဲရှိမယ့်အပြင် လေးဖက်စလုံး - ဘေး၊ အပေါ်အောက်ဘောင်တွေအကုန် Symmertical ဖြစ်မယ်ဆိုတော့ ဘောင်ပါးတဲ့ဖုန်းလိုချင်ရင် တော်တော်လေးမိုက်တဲ့ဖုန်းဖြစ်လာလောက်တယ်။
Specs တွေကတော့ သိထားသလောက် MediaTek Dimension 9400+ Chipset ကိုပဲ သုံးထားမယ်၊​ 6.3" 1.5K AMOLED Display ကိုမှ Metal Frame တွေ၊​ အထူက 8mm အောက်နဲ့ အလေးချိန်ကလည်း 180g အောက်ပဲရှိမယ်။ Triple 50MP Camera Setup ပါမယ်။
အသေးစိတ်ကတော့ မိတ်ဆက်မှပဲ သိရမယ်၊ အခုပုံတွေက OPPO ကနေ ဘောင်ပါးကြောင်းကို Teaser အနေနဲ့ နှိုင်းယှဥ်ပြီး ကြော်ငြာထားတာ သဘောကျမိလို့ ပြန်တင်တာပါ။ OPPO က ဒီနောက်ပိုင်း Find N5 ထဲက ကြော်ငြာတွေကို သေချာလုပ်လာတာတော့ သတိထားမိနေပြီ 👀

image
4 ပတ် - ဘာသာပြန်ပါ။

အပါးဆုံး ဘေးဘောင် Bezel နဲ့ ဖုန်းဖြစ်လာမယ့် OPPO Find X8s
.
OPPO ကနေ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ Find X8 Ultra ဖုန်းတွေအပြင် OPPO Find X8s | Find X8s+ ဖုန်းတွေလည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေတယ်။
ဒီထဲမှာ OPPO Find X8s ဖုန်းက လက်ရှိမှာ ဘေးဘောင်အပါးဆုံးဖုန်းဖြစ်လာမယ်ဆိုပဲ - ဘေးဘောင် (Bezel) အထူက 1.25mm ပဲရှိမယ့်အပြင် လေးဖက်စလုံး - ဘေး၊ အပေါ်အောက်ဘောင်တွေအကုန် Symmertical ဖြစ်မယ်ဆိုတော့ ဘောင်ပါးတဲ့ဖုန်းလိုချင်ရင် တော်တော်လေးမိုက်တဲ့ဖုန်းဖြစ်လာလောက်တယ်။
Specs တွေကတော့ သိထားသလောက် MediaTek Dimension 9400+ Chipset ကိုပဲ သုံးထားမယ်၊​ 6.3" 1.5K AMOLED Display ကိုမှ Metal Frame တွေ၊​ အထူက 8mm အောက်နဲ့ အလေးချိန်ကလည်း 180g အောက်ပဲရှိမယ်။ Triple 50MP Camera Setup ပါမယ်။
အသေးစိတ်ကတော့ မိတ်ဆက်မှပဲ သိရမယ်၊ အခုပုံတွေက OPPO ကနေ ဘောင်ပါးကြောင်းကို Teaser အနေနဲ့ နှိုင်းယှဥ်ပြီး ကြော်ငြာထားတာ သဘောကျမိလို့ ပြန်တင်တာပါ။ OPPO က ဒီနောက်ပိုင်း Find N5 ထဲက ကြော်ငြာတွေကို သေချာလုပ်လာတာတော့ သတိထားမိနေပြီ 👀

image
image
image
4 ပတ် - ဘာသာပြန်ပါ။

"ဘရာဇီးလ်ဘောလုံးလောကအတွက် ၀မ်းနည်းစရာပါပဲ၊ ဘရာဇီးရဲ့အငွေ့အသ-က်ကိုခံစာ၊းရဖို့ ခက်ခဲလာခဲ့ပါပြီ။ နောက်ဆုံးနှစ်တွေအတွင်း အဆိုးရွားဆုံးအသင်းလို့ထင်ပါတယ်၊ ခေါင်းဆောင်ကောင်းတွေမရှိဘူး အားလုံးက သာမန်ကစားသမားတွေပဲ။
ဘောလုံးမှာအရေးကြီးဆုံးက အသင်းဂျာစီအပေါ်ချစ်မြတ်နိုးမှုနဲ့ တန်ဖိုးထားမှုပါ၊ ထပ်ပြောပါမယ် ကျွန်တော်မြင်ဖူးသမျှထဲမှာ လက်ရှိဘရာဇီးအသင်းက အဆိုးရွားဆုံးပါ" 💔
🗣️ရော်နယ်ဒင်ဟို

image
4 ပတ် - ဘာသာပြန်ပါ။

တကယ်ရောင်းသင့်တာ 🫠
.
Apple TV+ က Severance Series က တလောကမှ Season 2 အဆုံးသတ်သွားတာဖြစ်ပါတယ်။ ဒီ Severance Series က Apple ဘက်ကနေ Season 2 မစခင်ထဲ တခြား Apple TV+ Show တွေထက် ပိုပြီး Promotion တွေလုပ်ခဲ့သလို အခုလည်း ထပ်ပြီး ထူးထူးခြားခြား Promote လုပ်နေပြန်ပါပြီ။​
ဒါကတော့ Apple Website ထဲက Mac တွေရဲ့ နေရာမှာ Severance Series ထဲက LUMON ကုမ္ပဏီက Micro Data Refinement လုပ်တဲ့နေရာမှာ သုံးရတဲ့ Terminal Pro ကွန်ပျူတာကို ထည့်ပြီး ပြသထားတာဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုမကောင်းတာက ဒီ Lumon Terminal Pro ကို ဝယ်နိုင်မှာတော့မဟုတ်ပဲ Apple ကနေ Severance Series ကို Series အကုန်လုံးကို Mac mini | iMac နဲ့ MacBook Pro တွေကိုပဲ သုံးပြီး ဘယ်လိုရိုက်၊ ဘယ်လို Edit လုပ်ထားတယ်ဆိုတဲ့ Video ကိုပဲ ကြည့်လို့ရပါမယ်။
Severance Series က Apple TV+ ရဲ့ အကောင်းဆုံး Series တစ်ခုလို့ပြောလို့ရတယ်၊​ Concept ကအစ ကွဲထွက်ပြီး ပြင်ပဘဝနဲ့ အလုပ်ထဲကဘဝကို မဆက်စပ်မိတော့တဲ့အထိ ခွဲခြားထားတဲ့ Work/Life Balance ကို ရည်ရွယ်ထားတယ်ဆိုပေမယ့် တစ်ပိုင်းပြီးလေ စိတ်ဝင်စားစရာပိုကောင်းလာလေဖြစ်တဲ့ Series ပါ။
Apple TV+ က Overall Series တွေတော်တော်လေးကောင်းတယ်၊ ဒါပေမယ့် တလောကသတင်းအရဆို Apple က အခုအထိ Apple TV+ နဲ့ ပတ်သက်ပြီး တစ်နှစ်ကို ဒေါ်လာ ၁ ဘီလီယံအရှုံးပေါ်နေတုန်းလို့လည်း သိရတယ်။ ဒါကြောင့်ပဲ ပိုကြည့်အောင် အခုလို ကြော်ငြာနေလားတော့ မသိဘူးပေါ့...။​
ဘာပဲဖြစ်ဖြစ် Sci-Fi ပိုင်း စိတ်ဝင်စားရင် Apple TV+ က တော်တော်လေးကောင်းတဲ့ Streaming Service တစ်ခုပါ၊ လောလောဆယ် Mac ဝယ်ရင် Apple TV+ ကို ၃ လ Free ကြည့်လို့ရအောင်လည်း Promotion လုပ်နေတယ်ဆိုတော့ Severance လို Series တွေက ကြည့်ကြည့်သင့်ပါတယ်။ ကြည့်ပြီးရင်လည်း Season 2 Ending က Mark လုပ်ရပ်မှန်လား ငြင်းကြတာပေါ့ 🫠

image
4 ပတ် - ဘာသာပြန်ပါ။

“ပွဲမတိုင်ခင် ဘယ်သူ့ကိုမှ ကျနော်တို့ မလေးမစားမလုပ်ဘူး၊ ပြီးခဲ့တဲ့နှစ်တွေမှာ ကျနော်တို့ မလေးစားခံရတာတွေ အများကြီးကြုံခဲ့ရတယ်၊ ဘယ်တဦးတယောက်မှလည်း ငါတို့ကို ကူညီခဲ့တာမဟုတ်ဘူး၊ ငါတို့ရခဲ့တဲ့ အောင်မြင်မှုက ကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့တာ၊ ဒါကို သက်သေပြနိုင်ဖို့ ငါတို့လုပ်နေတာ၊ နောက်ဆုံး ၆ နှစ်အတွင်းမှာ ငါတို့အသင်းက အကောင်းဆုံးလက်ရွေးစင်အသင်းပဲ”
- ဒီပေါလ်

image
4 ပတ် - ဘာသာပြန်ပါ။

Studio Ghibli ပုံစံပဲ ထုတ်ပေးနိုင်တယ်ဆိုပြီး ပျော်နေရင် အလိမ်မိတော့မှာပါ 🫠
.
ChatGPT ကနေ တနေ့တုန်းက GPT-4o Image Generation Feature အသစ်ကို မိတ်ဆက်လိုက်တယ်။ ဒါက AI တွေကို ပုံထုတ်ခိုင်းတဲ့ Feature ဖြစ်ပေမယ့် လုံးဝ Next Level ဖြစ်သွားတာပါ။
ဘာကြောင့်လဲဆိုရင် 4o Image Generation က ပုံထုတ်တဲ့အချိန်မှာ စာသားတွေကို လုံးဝမှန်ကန်အောင် ထုတ်ပေးနိုင်တယ်။ ဟိုးအရင်တုန်းက AI တွေကို ပုံထုတ်ခိုင်းရင် စာတွေ တလွဲဖြစ်နေတယ်ဆိုတာက ဒီ 4o Image Generation ခေတ်မှာ လုံးဝ ပျောက်သွားတာပါ။
ဒါပေမယ့် အခုဘာဆိုးကျိုးဖြစ်နေသလဲဆိုရင် ဒီ​ ChatGPT ကိုခိုင်းပြီး Bank Slip တွေ၊​ Payment Transfer Screenshot တွေကို အစစ်နဲ့ ခွဲမရလောက်တဲ့အထိ တူတဲ့ အတုတွေထုတ်နိုင်နေတာဖြစ်ပါတယ်။ ပုံမှန်က Photoshop နဲ့လုပ်ရင်တောင် အချိန်ပေးရ၊ တူတဲ့ Font Design | Size | Width တွေကအစ တူအောင်လုပ်ပေမယ့် အခုက ChatGPT ကို Sample Bank Slip ပြပြီး ဘာတွေပြင်ပေးဆိုတာကို Prompt ရိုက်၊​ ခိုင်းလိုက်ရုံနဲ့ အစစ်အတိုင်း အတုတွေ ထုတ်ပေးနိုင်နေတာပါ။
ဒါက လောလောဆယ် ထိုင်းဘက်မှာတောင် Warning တွေအကြီးအကျယ်လုပ်နေကြပြီ။​ စမ်းကြည့်နေကြသလောက်ဆိုရင် တခြား Kpay လိုမျိုး အသုံးများတဲ့ Payment Transfer Slip တွေပါ အကုန်အတုလုပ်ပေးနိုင်တယ်ဆိုပဲ။
အရင်ကလည်း အတုလုပ်တာမျိုး ရှိတယ်ဆိုပေမယ့် ဒီတစ်ခါက တကယ်ကို အရေးကြီး ဂရုစိုက်သင့်တဲ့အချက်ဖြစ်နေပါပြီ။
ဥပမာ - စျေးဝယ်၊ စားသောက်ဆိုင်ထိုင်နေတုန်း ကိုယ်ရှင်းရမယ့် ပိုက်ဆံပမာဏကို တကယ်မပေးပဲ ရှင်းမယ့်အချိန်ကို ကြိုပြီး ChatGPT ကို ခိုင်း၊ အချိန်တွေ၊ ငွေပမာဏတွေအကုန် အစစ်အတိုင်း ထုတ်ခိုင်းပြီး Screenshot ပြပြီး လိမ်လို့ရနေတာပါ။
ဆိုတော့ အခုအချိန်မှာ လုပ်သင့်တာက တစ်ယောက်ယောက်က Payment Transfer လုပ်ပြီဆိုတာနဲ့ လွှဲပြီးပြီပဲ ဆိုတာနဲ့ မထားလိုက်ပဲ ကိုယ့်ဆီကို တကယ် ငွေဝင်၊ မဝင်စစ်ကြပါ။ Online Shopping လိုမျိုး Online ကနေ ငွေလွှဲ၊​ ငွေလက်ခံပြီဆိုရင်လည်း Screenshot ပုံမြင်တာနဲ့ ရပြီမဟုတ်ပဲ ငွေဝင်မဝင်၊ Transaction Number တွေပါ တိုက်စစ်ကြည့်ပါ။
တစ်ခုနည်းနည်းတော်သေးတာက လောလောဆယ်အထိ အခု ChatGPT ရဲ့4o Image Generation Feature ဟာ Free User တွေမှာ သုံးလို့မရသေးပဲ ChatGPT Plus လို Subscription နဲ့မှ သုံးနိုင်သေးတာဖြစ်ပါတယ်။ ဒါပေမယ့် OpenAI ကနေ Free User တွေပါ နောက်ပိုင်း ပေးသုံးဖို့ အစီအစဥ်ရှိတယ်ဆိုတော့ အခုပြဿနာကို သိရှိပြီး မပြင်ဆင်သေးသရွေ့ ကိုယ့်ဘက်က သတိထားနေတာ အကောင်းဆုံးပါ။
ChatGPT က Studio Ghibli ပုံစံမျိုး ချစ်စရာ ကာတွန်းပုံလေးတွေပဲ ထုတ်ပေးနေတာဆိုပြီး လျော့တွက်နေရင် ကိုယ်ပဲ အလိမ်ခံရနိုင်ပါတယ်။ ဂရုစိုက်ကြပါ 🫠

image
4 ပတ် - ဘာသာပြန်ပါ။

တရုတ်ခရီးစဉ်မှာ DeepSeek ကို ချီးကျူးခဲ့တဲ့ တင်မ်ကွတ်
Apple CEO ကတော့ တရုတ်ရောက်တုန်း DeepSeek အစွမ်းကိုပါ ချီးကျူးသွားပါတယ်။
တင်မ်ကွတ်က ဇန်နဝါရီသုံးလပတ် ကုမ္ပဏီဝင်ငွေရလဒ် ရှင်းတမ်းကြေညာတုန်းကလည်း DeepSeek ကို ရည်ရွယ်ပြီး "အလုပ်ဖြစ်ပြီး ထိရောက်တဲ့ တီထွင်ဆန်းသစ်မှုက ကောင်းတဲ့အရာ" လို့ ပြောခဲ့ပါတယ်။ အခု တရုတ်ပြည်ရောက်ချိန်မှာလည်း DeepSeek ရုံးစိုက်တဲ့ ဟန်ကျိူးအထိ သွားလည်ခဲ့တယ်လို့ ဆိုပါတယ်။
ဟန်ကျိူးဆိုတာ တရုတ်ရဲ့ နည်းပညာဇုံလို့ ပြောရမယ့် မြို့ပါ။ ကမ္ဘာကျော် Alibaba Group ရုံးစိုက်တဲ့ ဒီမြို့မှာ "နဂါး ၆ ကောင်" လို့ တင်စားထားတဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီ ၆ ခုလည်း ရှိပါတယ်။ နဂါး ၆ ကောင်လို့ တင်စားခံရတဲ့ ကုမ္ပဏီတွေက AI ကုမ္ပဏီ DeepSeek ၊ Manycore Tech ၊ စက်ရုပ်ကုမ္ပဏီ Unitree Robotics ၊ DEEP Robotics ၊ Neuralink စတိုင် အာရုံကြောသိပ္ပံကုမ္ပဏီ BrainCo နဲ့ ဝူခုန်းဂိမ်းကုမ္ပဏီ Game Science တို့ပါ။
တင်မ်ကွတ်ရဲ့ ဟန်ကျိူးခရီးစဉ်မှာ ဒီကုမ္ပဏီတွေနဲ့ တွေ့မတွေ့တော့ မသိရပါဘူး။ ဟန်ကျိုးကို ရောက်တုန်း တင်မ်ကွတ်က Zhejiang University က ကျောင်းသားတွေနဲ့ တွေ့ခဲ့သလို ကျောင်းကိုလည်း ယွမ်သန်း ၃၀ လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ ဒီကျောင်းက DeepSeek founder လျန် ဝမ်ဖန်းနဲ့ PDD Holding e-commerce လုပ်ငန်းစုသူဌေး ကောလင်းဟွမ်တို့ တက်ခဲ့တဲ့ ကျောင်းပါ။
၂၀၂၅ အတွက် တင်မ်ကွတ်ရဲ့ ပထမဆုံးတရုတ်ခရီးစဉ်က Apple Intelligence တရုတ်မှာ သုံးခွင့်ရဖို့ကိစ္စအပြင် ရှန်ဟိုင်းမှာ developer ကွန်ဖရင့် ကျင်းပဖို့လည်း ပါပါတယ်။ Apple ရဲ့ ရှန်ဟိုင်း developer ကွန်ဖရင့်မှာ Apple Intelligence အကြောင်း တရုတ် developers တွေကို အသေးစိတ် ပြောသွားဖို့ ရှိပါတယ်။
လောလောဆယ်တော့ တရုတ်က iPhone တွေမှာ AI သုံးနိုင်ရေးအတွက် Apple နဲ့ Alibaba တို့ ပါတနာလုပ်ထားတယ်လို့ ဆိုပါတယ်။ တရုတ်ဈေးကွက်ထဲ ဝင်တဲ့ iPhone တွေမှာ AI မပါတာနဲ့ ပြည်တွင်းဖုန်း Brand တွေရဲ့ စိန်ခေါ်အားကောင်းမှုတွေကြောင့် iPhone ရောင်းအား ကျလိုက်လာနေပါတယ်။
၂၀၂၄ စတုတ္ထသုံးလပတ်အတွက် တရုတ်ဈေးကွက်ထဲ iPhone တင်ပို့မှုဟာ အရင်နှစ်ကထက် ၂၅% အထိ ကျသွားပြီး တစ်နှစ်လုံးရောင်းအားဆို ၁၇% အထိ ကျဆင်းမယ်လို့လည်း ခန့်မှန်းထားပါတယ်။

image
4 ပတ် - ဘာသာပြန်ပါ။

ဂျော်ဂျီနာက အာဂျင်တီးနားကဆိုတာ အရင်တုန်းက သိပ်မသိခဲ့ကြဘူး၊ ကျနော်ကလည်း အာဂျင်တီးနားဆိုရင် သဘောမကျဘူးလို့ လူတွေက ထင်ခဲ့တယ်၊ မဟုတ်ပါဘူး၊ အာဂျင်တီးနားကိုလည်း ကျနော်ကြိုက်ပါတယ်၊ အရမ်းသဘောကျတာပါ"
- ရော်နယ်ဒို

image
4 ပတ် - ဘာသာပြန်ပါ။

ဝါရှင်တန်မှာ မောင်းသူမဲ့အငှားကား ပြေးဆွဲမယ့် Waymo

အမေရိကန်မှာတော့ Waymo မောင်းသူမဲ့ကားတွေ တော်တော်အလုပ်ဖြစ်နေပါပြီ။

Waymo က Google မိခင်လုပ်ငန်းစု Alphabet ပိုင်တဲ့ မောင်းသူမဲ့ ကားကုမ္ပဏီပါ။ အမေရိကန်ရဲ့ ပထမဆုံး ယာဉ်မောင်းမပါတဲ့ မောင်းသူမဲ့အငှားကားလုပ်ငန်းကို ပြောဆိုရင် Waymo ကို ပြောရပါလိမ့်မယ်။ ဒီကုမ္ပဏီက Tesla ကုမ္ပဏီရဲ့ မဖြစ်သေးတဲ့အိပ်မက်ကို အစောကြီး အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီပါ။

Waymo ရဲ့ robotaxi တွေက အရီဇိုးနားက ဖီးနစ်မြို့ ၊ ကယ်လီဖိုးနီးယားက ဆန်ဖရန်စစ္စကို ၊ ဆီလီကွန်ဗယ်လီ နဲ့ လော့စ်အိန်ဂျလိစ်တို့မှာ ပြေးဆွဲနေပါပြီ။ အခုမတ်လအထိ Waymo One အခပေးဝန်ဆောင်မှုက တစ်ပတ်ခရီးလမ်းကြောင်း ၂ သိန်းကျော်နှုန်း ရှိနေပြီလို့ ဆိုပါတယ်။

လာမယ့် ၂၀၂၆ ခုနှစ်ဆို Waymo မောင်းသူမဲ့ကားတွေက မြို့တော် ဝါရှင်တန်ကို ရောက်တော့မှာပါ။ ဒီအတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေဆီက ခွင့်ပြုချက်အရင် ယူရဖို့ ရှိပါတယ်။ ဝါရှင်တန်မှာက အလိုအလျောက်မောင်းယာဉ်တွေ ပြေးမယ်ဆို ယာဉ်လုံခြုံရေးအတွက် safety ဒါရိုက်ဘာထည့်ပေးဖို့ သတ်မှတ်ထားပါတယ်။

Waymo က သူ့ကားတွေ ဝါရှင်တန်မှာ နှစ်အတော်ကြာအောင် စမ်းသပ်ထားတာ ဖြစ်လို့ ဈေးကွက်ဝင်ဖို့ အဆင်သင့်ဖြစ်နေပုံပါပဲ။ ပြိုင်ဘက် Tesla က ဒီနှစ်နှစ်လယ်ပိုင်းမှာ အလိုအလျောက်မောင်း robotaxi စနစ်ကို တက္ကဆက်ပြည်နယ် အော်စတင်မှာ စပြီး ဆွဲဖို့ စီစဉ်ထားပေမယ့် သိပ်တော့ မသေချာသေးပါဘူး။

"Tesla က Waymo ကို ဆယ်နှစ်နီးနီး ယှဉ်ဖိုက်ခဲ့တယ်။ အခုထိ သူတို့ မယှဉ်နိုင်သေးဘူး။ Tesla က ယာဉ်မောင်းအကူ system တစ်ခုနဲ့ ကားကုမ္ပဏီလောက်ပဲ။အခု Waymo လို တစ်လ ခရီးစဉ်သန်းချီမပြောနဲ့ အပြည့်အဝမောင်းသူမဲ့စနစ်ကနေ ဝင်ငွေရတဲ့ လမ်းကြောင်းတစ်ခုတောင် ရှိတာ မဟုတ်ဘူး။"

အရင် Waymo ရဲ့ CEO ဂျွန် ကရက်ဖ်စစ်ကတော့ robotaxi ပိုင်းမှာ Tesla ကို ရှယ်ဖဲ့ထားတာပါ။

Tesla က မနှစ်ကပဲ နှစ်ယောက်စီး Cybercab robotaxi ကို မိတ်ဆက်ပြသခဲ့ပေမယ့်‌ နောက်နှစ်ထဲမှ ထုတ်လုပ်မှုလုပ်ဖို့ ရှိပါတယ်။ ဈေးကွက်ထဲ ဘယ်အချိန် ဝင်မလဲ မသိပေမယ့် Cybercab ကို ဒေါ်လာ ၃ သောင်းအောက်ဈေးနဲ့ ရောင်းမယ်ဆိုတဲ့ အီလွန်မတ်စ်စကားကတော့ မက်လောက်စရာပါပဲ။

image
4 ပတ် - ဘာသာပြန်ပါ။

ဘောလုံးလောကမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်လာပြီဆိုရင် သတိသာထားပေတော့။ ဒီဘဲကြီးက သူလိုချင်တာတွေ့ပြီဆိုရင် မရရအောင်၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ အရယူလေ့ရှိတယ်။ အသင်းကိုလည်း သူ့ရဲ့အသက်မှာအောင်မြင်မှုတွေရအောင်လုပ်ပေးခဲ့သလို ရီးရဲလ်မက်ဒရစ်ရဲ့ဘောလုံးအသင်းအတွက် ဖလား 37 လုံး၊ ဘတ်စကတ်ဘောအသင်းအတွက် ဖလား 28 လုံးရအောင် ပီရက်ဇ်ကလုပ်ဆောင်ပေးထားတယ်။

ဒီအောင်မြင်မှုတွေကို အသုံးချပြီးတော့လည်း ပီရက်ဇ်က သူလိုချင်တာတွေ့ပြီဆိုတာနဲ့ အရယူလေ့ရှိတယ်။ ဒါကလည်းသူ့ရဲ့အရည်အချင်းပဲလေ၊ ရီးရဲလ်ကိုအောင်မြင်အောင် သူကိုယ်တိုင်လုပ်ပေးခဲ့တာကိုး။ အမ်ဘာပေလို ဘောလုံးလောကရဲ့ဈေးအမြင့်ဆုံးကစားသမားကို ပီအက်စ်ဂျီကနေအလွတ်နဲ့မရရအောင်ခေါ်ပြခဲ့သလို လီဗာပူးပရိသတ်တွေရဲ့အသည်းကျော် အာနိုးလ်ကိုလည်း အလွတ်နဲ့ရအောင် အောင်မြင်မှုတွေကိုအသုံးချပြီးခေါ်ပြသွားခဲ့တာက ကြောက်ဖို့ကောင်းလွန်းလှပါတယ်။

image