Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငွေမရှိတဲ့ဘဝ အတော်ဆိုးပါတယ်ကွာ ကိုယ်အပေါ်
ပိုးဆိုးပက်စက် ပြောနေတာတောင်မှ ဘာမှမခံစားရ
သလိုနဲ့ သွားလေးဖြီးပြီး /မပြုံးချင်တဲ့ အပြုံးတွေ
တောင်ပြုံးပြလိုက်ရတဲ့သေးတယ် တော်တော်တရား
ကျဖို့ကောင်းတဲ့ လောကကြီးပါကွာ......!!
#စာတို
ဒေါ်လာ ၅၀၀ မကျော်သည့် သစ်အချောထည်များကို စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုရန် တင်ပြထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀ နှုန်းထက် မကျော်တဲ့ သစ်အချောထည်တွေ ပြည်ပတင်ပို့ရာမှာ စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုဖို့ သစ်တောဦးစီးဌာနထံ တင်ပြထားကြောင်း မြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
ကန်ဒေါ်လာ ၅၀၀ အောက် တန်ကြေးရှိတဲ့ ပရိဘောဂပစ္စည်းတွေထဲမှာ စားပွဲ၊ ကုလားထိုင် စတာတွေ ပါဝင်ပြီး ဒါတွေကို စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုရေး ညှိနှိုင်းနေတာလို့လည်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သစ်အချောထည်အဖြစ် ကျွန်းသစ်ကို အချောထည်ပြုလုပ်ကာ အဓိကထား တင်ပို့ပြီး ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း စတဲ့ သစ်အမျိုးအစားတွေကိုလည်း ပါကေးအစားထိုး ပြုလုပ်တင်ပို့လျက်ရှိပါတယ်။
ပြည်တွင်းပရိဘောဂလုပ်ငန်းများအတွက် လိုအပ်တဲ့ ကျွန်းသစ်အပါအဝင် သစ်အမျိုးအစားတွေကို မြန်မာ့သစ်လုပ်ငန်းကနေ လေလံဆွဲ ဝယ်ယူကာ သစ်အချောထည်တွေအဖြစ် ပြန်လည်ထုတ်လုပ်နေတာပါ။
လက်ရှိမှာ မြန်မာ့သစ်လုပ်ငန်းကနေ ဝယ်ယူထုတ်လုပ်တဲ့ ၂၄ စတုရန်းလက်မထက် မကျော်လွန်သော တစ်ဝက်တစ်ပျက် ကုန်ကြမ်းသစ်ခွဲသားတွေကို တင်ပို့ခွင့်ရရှိထားပြီး ၃၂ စတုရန်းလက်မရှိတဲ့ သစ်ခွဲသားတွေကိုတော့ တင်ပို့ခွင့်ပိတ်ထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် အိန္ဒိယ၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေထံ သစ်အချောထည် ပရိဘောဂပစ္စည်းတွေနဲ့ အချောထည်သစ်ကြမ်းခင်းတွေကို တင်ပို့လျက်ရှိပါတယ်။
အဲဒီအထဲက ပရိဘောဂတွေ အိန္ဒိယဈေးကွက်ထံ အဓိကတင်ပို့နေသလို Myanmar Flooring လို့ခေါ်တဲ့ ကြမ်းခင်းတွေကတော့ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေ တင်ပို့နေတာတွေရှိပါတယ်။
သစ်အချောထည်နဲ့ ကြမ်းခင်းတင်ပို့မှုအနေနဲ့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖိုးခန့် တင်ပို့နိုင်ခဲ့ကြောင်း သစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။
ရုပ်ရှင်တစ်သက်တာဆုကြီးပိုက်ပြီး ပရိသတ်ကြီးဆီ ပြန်လာနေပြီဆိုတဲ့ ဝါဝါဝင်းရွှေ 🥰
သူမဟာ ၂၀၂၄ ခုနှစ် အကယ်ဒမီပေးပွဲမှာ ပေးအပ်ခဲ့တဲ့ ရုပ်ရှင်တစ်သက်တာဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်တစ်သက်တာဆုဟာ ရုပ်ရှင်လောကက သက်ကြီး ဝါရင့်အနုပညာရှင်ကြီး တွေသာရရှိကြတာပါ။ ထိုဆုတွေထဲမှာ ဝါဝါဝင်းရွှေလည်းပါဝင်ခဲ့တာပါ။ ဝါဝါဝင်းရွှေက သူမရခဲ့တဲ့ ဆုကြီးနဲ့ ပရိသတ်ဆီပြန်လာနေပြီလို့ဆိုပါတယ်။
#celenews
အိန္ဒိယနိုင်ငံက အာကာသအတွင်း ချိတ်ဆက်ဆိုက်ကပ်မှုလုပ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာ
အိန္ဒိယနိုင်ငံဟာ အာကာသအတွင်း ချိတ်ဆက်ဆိုက်ကပ်မှု(space docking) လုပ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ အိန္ဒိယစံတော်ချိန် နံနက် ၉ နာရီအချိန်မှာ အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) ဟာ အာကာသအတွင်း ချိတ်ဆက်ဆိုက်ကပ်မှု(SpaDeX) လုပ်နိုင်ခဲ့တာလို့ ISRO ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အခုလို စွမ်းဆောင်နိုင်တာဟာ အမေရိကန်ဒေါ်လာ ၄၀၀ ဘီလျံတန်ကြေးရှိပြီး
တဟုန်ထိုး ကြီးထွားလာပြီး အာကာသဈေးကွက်မှာ ဝေစု ပိုရလာဖို့ ရည်မှန်းထားတဲ့ အိန္ဒိယနိုင်ငံအတွက် နည်းပညာပိုင်းဆိုင်ရာ မိုင်တိုင်တစ်ခု ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။
အကြမ်းဖျဉ်းအားဖြင့် ရေခဲသေတ္တာကြီးတစ်လုံးစာ အရွယ်အစားရှိတဲ့ ISRO ဂြိုဟ်တု(၂)လုံး( Target နဲ့ Chaser လို့ အမည်ပေးထား)ဟာ ပတ်လမ်းအတွင်း ပူးချည်၊ ခွာချည်လုပ်ပြီး လှည့်လည်ခဲ့တာပါ။ ဂြိုဟ်တုဝန်ဆောင်မှု၊ အာကာသစခန်းဆိုင်ရာ လုပ်ဆောင်မှု၊ ဂြိုဟ်တွေကြား သွားလာမှု အစရှိတဲ့အပိုင်းတွေမှာ အရေးပါတဲ့ ဒီနည်းပညာကို လုပ်ဆောင်အောင်မြင်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံဟာ အာကာသစီးပွားရေးနဲ့ စူးစမ်းရှာဖွေရေးအခန်းကဏ္ဍမှာ သိသိသာသာ ပါဝင်လှုပ်ရှားလာနိုင်တော့မှာ ဖြစ်ပါတယ်။
အီဖယ်မျှော်စင်ထက် နှစ်ဆနီးပါး ပိုမြင့်တဲ့ တံတားကြီး
ကမ္ဘာကျော် အီဖယ်မျှော်စင်ထက် ၂ ဆနီးပါး ပိုမြင့်တဲ့ တံတားကြီးတစ်စင်းကိုတော့ တရုတ်နိုင်ငံမှာ သိပ်မကြာခင် ဖွင့်လှစ်ဖို့ ရှိနေပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဟွာကျန်းချောက်ကြီးကို ဖြတ်သန်းတည်ဆောက်ထားတာဖြစ်ပြီး ခရီးသွားလာမှု ကြန့်ကြာချိန်ကို တစ်နာရီနီးပါး လျှော့ချပေးနိုင်မှာပါ။
ဟွာကျန်းတံတားဟာ မီတာ ၁၄၂၀ ရှည်လျားပြီး ၆၂၅ မီတာ မြင့်မားပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၈၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ အဲဒီတံတားဟာ တောင်တန်းဒေသမှာ ဆောက်လုပ်ခဲ့တဲ့ တံတားတွေအနက် ကမ္ဘာ့အကြီးဆုံး Span Bridge ဖြစ်လာမှာဖြစ်ပြီး အခုနှစ်နောက်ပိုင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
အစာအိမ်ရောဂါနဲ့ ဗိုက်အောင့်၊ ဗိုက်နာခြင်းအတွက် အကောင်းဆုံး ကုသနည်းများ
အစာအိမ်ရောဂါနဲ့ ဗိုက်အောင့်၊ ဗိုက်နာခြင်းတို့ဟာ သန့်ရှင်းလတ်ဆတ်မှု မရှိတဲ့ အစားအစာတွေ စားမိရာကစလို့ နာတာရှည် ခံစားနေရတဲ့ ရောဂါတွေအထိ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားတတ်ပါတယ်။ ထိုမှတစ်ဆင့် ညောင်းညာကိုက်ကဲခြင်း၊ ခေါင်းကိုက်မူးဝေခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနှင့် အခြားသော အစာအိမ်နဲ့ ပါတ်သတ်တဲ့ ရောဂါ လက္ခဏာတွေဟာ ရက်အတော်ကြာအောင် ဖြစ်ပွားတတ်ပါတယ်။
ဒါ့ကြောင့်မို့ သင့်ရဲ့ ဝေဒနာတွေကို အမြန်ဆုံး ပျောက်ကင်းစေမယ့် လွယ်ကူ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။
၁။ ဂျင်း (သို့) ဂျင်းအနွယ်ဝင်ဖြစ်တဲ့ နနွင်းတက်ဟာဆိုရင် အမြစ်နွယ်ဝင် အမျိုးအစားဖြစ်ပြီး မြေအောက်မှာပင် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေရဲ့ဒါဏ်ကို ကြံ့ကြံ့ခံပြီး ကောင်းစွာဖွံ့ဖြိုးလာကြတဲ့အတွက် အစာအိမ် ယောင်းယမ်းခြင်းကို သက်သာစေနိုင်ပါတယ်။ ဗိုက်အောင့်၊ ဗိုက်နာ ဝေဒနာ ခံစားနေရတဲ့အခါမျိုးမှာ ဂျင်း (သို့) နနွင်းတက် စိမ်ထားတဲ့ရေကို အနည်းငယ်လောက် သောက်ပေးပါ။ သင့်အနေနဲ့ အန်ထွက်လောက်အောင် သောက်ချင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရေအနည်းငယ် (သို့) အခြား ဖျော်ရည် အနည်းငယ်တို့ကို တစ်လှည့်စီ နည်းနည်းချင်း သောက်သုံးပေးတာကလည်း အရသာရှိစေပါတယ်။
၂။ ပျို့အန်ခြင်း (သို့) ဝမ်းပျက် ဝမ်းလျောဖြစ်ပြီးတဲ့အခါ လူတစ်ယောက်မှာ လိုအပ်တဲ့ ဆားဓာတ်၊ သကြားဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေဟာ ဆုံးရှုံးသွားရပါတယ်။ ဒီအလိုအချိန်မျိုးမှာ ဆားဓာတ်ပါဝင်မှုများပြားလှတဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြန်လည်ဖြည့်တင်းဖို့အတွက် သောက်သုံးနိုင်ပါတယ်။
၃။ ပျို့အန်ခြင်း (သို့) ဝမ်းသွားပြီးတဲ့နောက်မှာတော့ ဝမ်းဗိုက်ဟာ အနည်းငယ် သက်သာလာပြီး ဗိုက်ဆာလာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အထူးသတိထားရမှာကတော့ များပြားလှတဲ့ အစာပမာဏကို တစ်ခါတည်း မစားမိစေဖို့နဲ့ တစ်နေ့လုံး နည်းနည်းချင်းစီသာ အချိန်ယူ စားသုံးပေးဖို့ပဲ ဖြစ်ပါတယ်။
၄။ BART (Banana (ငှက်ပျောသီး)၊ white rice (ထမင်းဖြူ)၊ applesauce (ပန်းသီးချဉ်ရေ)၊ toast (ပေါင်မုန့်မီးကင်)) ဆိုပြီး အသိများကြတဲ့ အစားအသောက်တွေကို ကန့်သတ်စားသုံးခြင်းဟာ ကလေးငယ်တွေအတွက်တော့ အာဟာရချို့တဲ့မှုကို ဖြစ်စေပါတယ်။ သင့်အနေနဲ့ ဝမ်းဗိုက်နဲ့ပတ်သတ်ပြီး အခြေအနေမဟန်သူဆိုရင်တော့ သင့်ရဲ့တစ်နေ့တာ အစားအစာတွေထဲမှာ ရှောင်ကြဉ်ရမယ့် အစားအသောက်တွေ များစွာရှိနေပါတယ်။
အသင့်စား အစားအသောက်တွေဟာ အစာချေအင်္ဂါကို ထိခိုက်စေပြီး Lactose ဓာတ်ကို စုပ်ယူတဲ့နေရာမှာလည်း အနှောင့်အယှက်များစွာ ဖြစ်စေပါတယ်။ နေကောင်းပြီးခါစ အချိန်တွေမှာ အူလမ်းကြောင်း ပုံမှန်အတိုင်း ပြန်လည်အလုပ် လုပ်နိုင်ဖို့အတွက် နာလန်ထူအောင် လုပ်နေချိန်မျိုးမှာ lactose ဓာတ်တွေနဲ့ပတ်သတ်ပြီး သတ်ပုတ်နေရတာမျိုး သင်ကိုယ်တိုင် ကြုံဖူးမှာပါ။
အစာအိမ်နဲ့ အူလမ်းကြောင်း ပြန်လည်ပြုပြင်နေချိန်မှာ အဆီဓာတ် ပါဝင်မှု မြင့်မားတဲ့ အခွံမာသီး၊ ဆီနဲ့ ထောပတ်သီးတွေအပြင် အပူအစပ်၊ အချဉ်ဖောက်ထားတဲ့ အစားအသောက် (ဥပမာ – ဒိန်ချဉ်)၊ အရက်နဲ့ ကော်ဖီတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။