25 w - Translate

How to make me happy:

image
25 w - Translate

How to make me happy:

image
image
image
image
25 w - Translate

မပြည့်စုံတဲ့ ဘဝက လာတာမို့
ငယ်ငယ်ကတည်းက
ကိုယ်လုပ်မှ ကိုယ်ရ မယ်ဆိုတဲ့ စိတ်မျိုး အရိုးစွဲခဲ့တာ ။

တစ်ခုခု လိုချင်တာရှိရင်တောင်
မိဘတွေရဲ့ မျက်နှာကိုကြည့်ပြီး
ဘာမှ မတောင်းဆိုခဲ့တဲ့ သားသမီးတွေထဲ
ကျွန်မ ပါခဲ့တယ် ။

Background ကောင်းကောင်းနဲ့
ဆင်းသက်လာတာ မဟုတ်လို့
သူများတွေ သက်တောင့်သက်သာ
လျှောက်လို့ရတဲ့လမ်းကို
နှစ်ဆလောက် ပင်ပန်းပြီး လျှောက်ခဲ့ရတယ် ။

ဘဝထဲမှာ အမှားတွေရော ဒဏ်-ရာ တွေရော
ပြီးတော့ ခံနိုင်ရည်တွေကလည်း
သူများတွေ ထက် ပိုခဲ့တယ် ။

သိတတ်တဲ့ အရွယ်က စပြီး
ကိုယ့်လိုအင်ဆန္ဒနဲ့ ပတ်သက်လို့
မိဘကို စိတ် သောက မပေးခဲ့ဖူးတဲ့အတွက်
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရပြန်တယ် ။

မိဘရဲ့ အထောက်အပံ့နဲ့ အိမ်မက်နောက်လိုက်နိုင်တဲ့
သူတွေကို မြင်တိုင်း အားကျမိပေမယ့်
အိမ်မက်ထက် လက်တွေ့ဘဝကို
ကြိုးစားရုန်းကန်ခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုယ်
တကယ် ဂုဏ်ယူမိပြန်တယ် ။

ဘာရယ် မဟုတ်ဘူး
မိဘတွေဆိုတာ သားသမီးကို
အောင်မြင်စေချင်တယ်
ဖြစ်ထွန်းစေချင်တယ် ဆိုတဲ့ သူတွေချည်းမို့
သားသမီးဆန္ဒကို ဖြူတယ် မည်းတယ် မပြောဘဲ
အကုန်ဖြည့်ဆည်းပေးရင်း
ဘဝကို လုံးပါး ပါး သွားကြတဲ့ မိဘတွေကို
မြင်ရတော့ .. မိသားစုတစ်ခုမှာ
သားသမီး‌တစ်ယောက်ရဲ့သိတတ်မှုဟာ
အင်မတန် အရေးကြီးပါလား တွေးမိလာလို့ ။

Supporting ကောင်းကောင်းရနေတုန်းမှာ
လမ်းမလွဲဖို့ ..
မိဘတွေရဲ့ အားထုတ်မှုဟာ အကျိုးရှိရှိဖြစ်သွားဖို့ ..
မဖြစ်နိုင်တဲ့အရာတွေအပေါ် အားစိုက်နေမယ့်အစား
ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်ရင်းနဲ့
မိဘ အပေါ် သိတတ်ကြဖို့ ပြောချင်ပါတယ် ။

မိဘတွေဟာ ကျလူ ဖြစ်ပြီး
ကိုယ်က တက်လူပါ ..
မိဘတွေ ငယ်ရွယ်ချိန်မှာ စု‌ေဆာင်းခဲ့သမျှဟာ
ကိုယ့်ကြောင့် အလဟဿကုန်သွားတာမျိုး
မဖြစ်စေဖို့ သိပ်အရေးကြီးပါတယ် ။

လက်ရှိမှာ ကိုယ့်မိဘတွေကို
ပြည့်ပြည့်စုံစုံ မထားနိုင်သေးရင်တောင်
ငွေကြေးအရ မထောက်ပံ့နိုင်သေးရင်တောင်
ကိုယ်ကြောင့် ဒုက္ခရောက်သွားနိုင်တဲ့ စွန့်စားမှုမျိုးနဲ့
မိဘတွေရဲ့ မေတ္တာကို ပုံဖော်မခိုင်းပါနဲ့ .. ။

ကျွန်မကတော့
သိတတ် လိမ္မာတဲ့ သားသမီးမျိုးအဖြစ်နေတာကလည်း မိဘကိုကျေးဇူးဆပ်တာပဲလို့ ခံယူထားပါတယ် ။

image
25 w - Translate

I need to go to the seaside to think about some things>>🌊✨

image
25 w - Translate

ငယ်ငယ်ကအရက်မူးတဲ့လူတွေ့ရင်
ကြောက်စရာလို့ထင်ခဲ့တာ

အဲ့မယ်ငါ့အလှည့်ကျမှ
ချစ်စရာလေး...😁

25 w - Translate

ငါပြန်လိုချင်တာ မင်းဖြစ်ပြီး ငါပြန်မလိုချင်
လောက်အောင် စိတ်ကုန်ရတာလဲ မင်းပဲ . . .

ရင်ဖွင့်စရာနေရာဟာ မင်းဖြစ်ပြီး ငါ့ကို နားမလည်
နိုင်တဲ့သူကလည်း မင်းဖြစ်တယ် ။

မင်းအနားရှိရင် ဒဏ်ရာတွေသက်သာပြီး ဒဏ်ရာ
တွေ ပေးနေတာကလဲ မင်းကိုယ်တိုင်ပဲ ။

ကိုယ်ဟာ အဘက်ဘက်က ပြိုလဲနေတဲ့သူပါကွယ်
ငါ့အတွက်တော့ အရာရာဟာ မင်းဖြစ်ပြီး ပျက်ဆီး
အောင် ဖျက်စီးပြစ်တာကလဲ မင်းပဲ ။ ။

25 w - Translate

နှစ်သစ်မှာကိုယ့်ကိုယ်ကိုတကယ်ပြောင်းလဲတော့မယ်ဆိုရင်

(1) တစ်ယောက်တည်းနေတတ်မှရမယ်

ဘဝဆိုတာအမြဲတမ်း Give & Takeပဲ။ ကိုယ်လိုချင်တာတစ်ခုအတွက် ကိုယ်ပြန်ပေးဆပ်ရမှာတွေလည်း ရှိတယ်။ အရင်လိုသူငယ်ချင်းတွေနဲ့ အမြဲအတူသွားအတူစား လုပ်လို့မရတော့ဘူး။ အချို့ Conversationတွေထဲ အမြဲပါချင်နေလို့မရတော့ဘူး။ ကိုယ့်အတွက်မသင့်တော်တဲ့ Energy တွေကို စွန့်ခွာရနိုင်ရပါမယ်။ လုပ်စရာရှိတာတွေလုပ်ဖို့ အချိန်ပေးရပါမယ်။

(2) ကိုယ်တိုင်ဆုံးဖြတ်ချက်ချရဲရမယ်

အွန်လိုင်းကနေ ပစ္စည်းလေးတစ်ခုဝယ်ဖို့ကို လူတွေအများကြီးနဲ့ လိုက်တိုင်ပင်မေးနေတုန်းပဲလား။ အလုပ်တွေလုပ်တော့မယ်ဆိုရင်ရော အမြဲလိုက်တိုင်ပင်နေဦးမှာပဲလား။ စာတွေဖတ်ပါ။ နည်းပညာတွေကိုလေ့လာပါ။ မိတ်ဆွေကောင်းတွေနဲ့ပေါင်းသင်းပါ။ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချပါ။ ကိုယ့်ဆုံးဖြတ်ချက်တွေကို ကိုယ်တာဝန်ယူပါ။

(3) အားနာတတ်လို့မရပါဘူး

ကျွန်တော်တို့တွေက ရှိတယ်၊ အလုပ်ကိစ္စဆို ထုတ်ပြောရမှာ ဝန်လေးတယ်၊ ငွေရေးကြေးရေးကိစ္စဆို အားနာတတ်တယ်။ ခုရှုပ်မှနောင်ရှင်း ဆိုသလိုပဲ အလုပ်ကိစ္စတွေမှာက တာဝန်ယူမှုတွေရှိတာမလို့ ပြောစရာရှင်းစရာတွေကို အပြုသဘောဆောင်တဲ့ဘက်ကနေ အားမနာဘဲပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။ အဆင်ပြေမှလုပ်ပါ။ အားနာလို့ခင်လို့ဆိုတာက နှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည် မကောင်းပါဘူး။

(4) ရေရှည်ကိုကြည့်ပါ

အလုပ်တစ်ခါလုပ်ဖို့က လွယ်ပေမယ့် ရေရှည်အလုပ်ဖြစ်ဖို့က ရင်းနှီးရတာတွေလည်း ရှိသလို ကိုယ့်ဘက်က တွေးတောပေးရတာတွေလည်းအများကြီးပါ။ ပြီးပြီးရောမဟုတ်ဘဲ ရေရှည်အတွက်ကြည့်ပြီး ပိုမိုကောင်းမွန်တဲ့အစီအစဉ်တွေကို ချမှတ်ပါ။ ဉပမာ ဂျပန်ရောက်ပြီးရောမဟုတ်ဘဲ စာသေချာလေ့လာပြီးမှသွားတာမျိုးပေါ့။

(5) ကိုယ့်ကိုယ်ကိုရင်းနှီးမြုပ်နှံပါ

အခုလိုအင်တာနက်ခေတ်ကြီးမှာ ခလုပ်တစ်ချက်နှိပ်တာနဲ့ ကိုယ်လေ့လာချင်တာအကုန်လေ့လာလို့ ရပေမယ့် ကျွန်တော်တို့ ဘာကြောင့်ပိုက်ဆံတွေထပ်အကုန်ခံပြီး သင်တန်းတွေတက်နေတာလဲဆိုတော့ တကယ်လုပ်ဖြစ်အောင်လို့ပါ။ အဲ့ဒါကြောင့် သင်တန်းတက်လို့ စာနည်းနည်းကျက်ဖြစ်မယ်ဆိုလည်း တန်ပါတယ်။ အချိန်ကုန်တာမြန်တဲ့အတွက် ကိုယ့်ကိုယ်ကို စာလုပ်ဖြစ်အောင် ဘယ်လိုနည်းနဲ့တိုက်တွန်းရ တိုက်တွန်းရ တိုက်တွန်းပေးပါ။

တစ်လောကလုံးနဲ့မတည့်လို့ရတယ်၊ ကိုယ့်ကိုယ်ကိုမုန်းနေလို့တော့မရပါဘူး။ ဘယ်သူ့အတွက် ဘယ်သူရှိတယ်ဆိုတာထက် ကိုယ့်အတွက်ကိုယ်ရှိတယ်ဆိုတဲ့ ခွန်အားက ဘာနဲ့မှမတူတာ။ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ်ဂုဏ်ယူရတဲ့ ကိုယ်ဖြစ်အောင် ကိုယ့်ကိုယ်ကို ကြိုးစားပြလိုက်ပါနော်။

25 w - Translate

မိန်းကလေးတစ်ဦးဟာ အဖေရကံကောင်းရင်ကောင်း. ...
မဟုတ်လို့ လက်တွဲဖော်ရကံကောင်းရင် ဘဝခရီးကို တစ်ဝက်လောက် သက်သောင့်သက်သာနဲ့ လမ်းလျှောက်ခွင့်ရနိုင်တယ်။

ပြောရရင် သူ့အတွက် အဖေက ပုခုံးတစ်ဖက်မဖြစ်ပေးနိုင်တဲ့အခါ. ....
သူရွေးချယ်ခဲ့တဲ့အမျိုးသားကရော သူ့လက်တစ်ဖက်အဖြစ် ရှိနိုင်ခဲ့လား။
အဖေလျစ်လျူရှုခဲ့တဲ့ဆန္ဒတွေကို သူ့လက်တွဲဖော်က ဖြည့်ပေးလား။
အဖေမပေးတဲ့မေတ္တာကို သူ့လက်တွဲဖော်ဆီက ရလား။

ဒါဆိုရင် အဲ့အမျိုးသမီးက အစမှာပိုပင်ပန်းခဲ့ပေမယ့်. ....ဘယ်လောက်ပဲ ဒဏ်ရာအနာဆွေးဟောင်းတွေရှိနေပါစေ၊ အဲ့အပေါ်ပန်းပွင့်လေးတွေ ထိုင်ဆွဲပေးရင်း ဖုံးအုပ်ကာကွယ်ပေးခြင်း ခံရတာနဲ့တူတယ်။

"အနာရှိပေမယ့် ဆေးရှိတယ် "

အကယ်၍ သူ့လက်တွဲဖော်က မကောင်းဘူးဆိုရင်လည်း အချိန်မရွေးသူမဟာ အိမ်ကိုပြန်ပြေးလိုက်တာနဲ့. ....ဘယ်လောကဓံမှ ငါ့သမီးကို မထိနဲ့လို့ အကာအကွယ်ပေးမယ့် အဖေ၊
အင်အားရှိတဲ့အဖေ၊ အဆင်သင့်ဖြစ်နေတဲ့အဖေကို တွေ့ခွင့်ရနိုင်တယ်ဆိုရင်
အဲ့အမျိုးသမီးဟာလည်း ဘယ်သွားသွား ခလုတ်တိုက်ပြီး ငိုပြန်လာတာနဲ့ ချော့မြူစိုးရိမ်ပေးခြင်းခံရတဲ့ ကလေးနဲ့တူတယ်။

" အနာရှိပေမယ့် ဆေးရှိတယ် "

မဟုတ်ပဲ ဘဝမှာ ချစ်ပေးတဲ့အဖေရော
လက်တွဲဖော်ကောင်းကိုပါ မရခဲ့တဲ့အမျိုးသမီးကတော့. ...ကိုယ်လဲရင် ကိုယ်ထ၊ ကိုယ့်ဒဏ်ရာ ကိုယ်ကုရင်း. .....
နောက်ဆုံး မခံနိုင်တော့ဘူးလို့ တိတ်တိတ်ကလေး ချောင်မှာသွားကပ်မှိုင်နေရင်တောင်
ဘယ်သူကမှ အရေးတယူ လာထူပေးခြင်းမခံရတဲ့ မေတ္တာတရားရဲ့ ဘေးထွက်ဆိုးကျိုးလို လူဖြစ်တာပါပဲ။

"အနာပဲ ရှိတယ်၊ ဆေးမရှိဘူး "
ဖြစ်ရင် ကိုယ့်အနာနဲ့ပဲ ကိုယ်ပြန်ကုရတယ်။

ပိုသန်မာလာမှာပါလို့ ခဏခဏ အားပေးခြင်းခံရပေမယ့် ကိုယ့်ဘာသာ ကုန်းရုန်းထနေရတာတော့
ခံစားချက်အားလုံးကို ကိုယ်ကိုယ်တိုင်ပဲသိတာမဟုတ်လား ။

25 w - Translate

ဖောက်ပြန်ခြင်းမရှိတဲ့ ချစ်ခြင်းမေတ္တာတွေမှ
ပြီးပြည့်စုံလိမ့်မယ်လို့ မထင်နဲ့။

မေတ္တာတွေ ထုတ်ဖော်မပြပဲ ကိုယ့်ကိုကျ နားလည်ခိုင်းပြီး
တစ်ဖက်လူရဲ့ ခံစားချက်ကို တစ်စွန်းတစ်စလေးမှ
နားမလည်ပဲ လျစ်လျူရူ့ခဲ့ရင် ..!!!

သဲသောင်ပြင်မှာ လမ်းလျှောက်ပြီး ကျန်ခဲ့တဲ့ ခြေရာလို
တဖြေးဖြေးနဲ့ ပျောက်ကွယ်သွားနိုင်ကြောင်း
တစ်ချို့ လူတွေ သိစေချင်တယ်။ ။

image

image