11 w - Translate

ခိုးကြမ်းနေတဲ့ ဒမ်ဘီလီ
တစ်ချိန်ကဆေးရုံအုပ်ကြီးဒမ်ဘီလီကတော့ ဘရက်စ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီး ခြေစွမ်းထပ်ပြလိုက်ပြန်ပါပြီ။ ဆက်တိုက်ဂိုးမြူးနေတာဖြစ်ပြီး ၂၀၂၅ ထဲမှာ ၁၅ ဂိုးအထိ ရသွားပြီ။ ထိပ်တန်းလိဂ်ငါးခုမှာ ဒီနှစ်ထဲ ၁၀ ဂိုးနဲ့အထက် ဂိုးသွင်းထားတာ သူတယောက်တည်းပဲ ရှိပါတယ်။ ဆေးရုံအုပ်ကြီးအဖြစ်ကနေ သူက ကစားသမားဘ၀ နောက်တဆင့်ကိုတောင် တက်သွားပြီလို့ ပြောရမယ်။
လူး၀စ္စအင်းနရစ်အတွက်တော့ ဒမ်ဘီလီကို ခေါ်ယူခဲ့တာ မှန်ကန်နေပြီလို့ လက်ခမောင်းခတ်နိုင်ခဲ့ပါပြီ။ ဒေါ့မွန်၊ ဘာကာတို့မှာကတည်းက ကစားသမားကောင်းပုံစံကို သူ ပြသခဲ့တာပါ။ ဒဏ်ရာတွေကြောင့် အကောင်းဆုံးခြေစွမ်းကိုမပြနိုင်ခဲ့ဘူး။ အခုတော့ ကစားသမားဘ၀ အကောင်းဆုံးအချိန်တွေ သူ ပိုင်ဆိုင်နေပါပြီ။

image
11 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◾️မြ၀တီမြို့ ဆန္ဒပြပွဲများကြောင့် ထိုင်းအစိုးရဆုံးဖြတ်ချက် ပြောင်းလဲသွားလိမ့်မည်မဟုတ်
မြ၀တီမြို့၌ ဖြပ်ဒေသစ်ပွားခဲ့သော ဆန္ဒပြပွဲများကြောင့် မြန်မာနယ်စပ်ဒေသများအတွက် လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီ ပေးပို့ဖြည့်ဆည်းမှုများ ဖြတ်တောက်ထားရေး ဆုံးဖြတ်ချက် ပြောင်းလဲသွားလိမ့်မည်မဟုတ်ကြောင်းထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းဖေဖော် ဝါရီ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာနိုင်ငံဘက်ခြမ်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများကိုဖြိုခွင်းရေး ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ တာချီလိတ်မြို့၊မြ၀တီမြို့နှင့် ဘုရားသုံးဆူမြို့များသို့လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့်လောင်စာဆီ ပေးပို့ ဖြည့်ဆည်းမှုများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းစတင်ဖြတ်တောက်ခဲ့သည်။
ထိုင်းအစိုးရ၏ အထက်ပါလုပ်ဆောင်ချက်ကို ကန့်ကွက်သည့်အနေဖြင့် မြ၀တီမြို့၌ ဖေဖော်ဝါရီ ၈ ရက်တွင် ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး ဆန္ဒပြသမားများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်တို့ကို ချိတ်ဆက်ပေးထားသော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားများကို ပိတ်ထားရန် မြန်မာတာဝန်ရှိသူများကိုတောင်းဆိုခဲ့ကြသည်။
သို့ရာတွင် အထက်ပါ မြ၀တီမြို့ ဆန္ဒပြပွဲကြောင့် ထိုင်းအစိုးရ၏ဆုံးဖြတ်ချက် ယိုင်နဲ့ပြောင်းလဲသွားလိမ့်မည် မဟုတ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းကပြောကြားခဲ့သည်။
ယင်းအပြင် မြ၀တီမြို့မှ ဆန္ဒပြသမားများအနေဖြင့် မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအားလုံးကို ဖယ်ရှားပေးရေးအတွက် သက်ဆိုင်ရာ မြန်မာတာဝန်ရှိသူများကို တိုက်တွန်းသင့်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထိုင်းကာကွယ်ရေး ဝန်ကြီးဝီချာယာချိုင်းသည် ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၆ ရက်တို့တွင် မြန်မာနိုင်ငံဘုရားသုံးဆူမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့များသို့ သွားရောက်၍အခြေအနေများကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် အထက်ပါခရီးစဉ်များအတွင်း မည်သူတို့နှင့် တွေ့ဆုံဆွေးနွေးမည်ကို ထိုင်းကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။
ထိုင်းအာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံသို့ နေစွမ်းအင်ပြားများ တင်ပို့မှု ရှောင်ရှားရန် စီးပွားရေးလုပ်ငန်းများကို အကြံပေးထားချိန်တွင် ထိုင်းအမျိုးသားကောင်စီကလည်း မြန်မာဘက်ခြမ်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ နေစွမ်းအင်ပြားအသုံးပြု ထုတ်ယူနိုင်မှုကိုပိတ်ပင်ရေးအတွက် မြန်မာဘက်ခြမ်းသို့ နေစွမ်းအင်ပြားများ တင်ပို့မှု တရားဝင်ပိတ်သိမ်းထားရေးကိုလည်း စဉ်းစားနေကြောင်း သိရသည်။

image
11 w - Translate

Mo Salah 🇪🇬👑

• ဒီရာသီ သွင်းဂိုး : ၂၇ ဂိုး
• ဂိုးပါဝင်ပတ်သက်မှု (G/A) : ၄၆ ဂိုး

အသက် ၃၃နှစ် *

image

ရေးဆွဲနေရင်းနဲ့ အရောင်တွေ မှိန်ခဲ့တယ်..

နှစ်ယောက်အတူ စိတ်ကူးထားတဲ့ ပန်းတိုင်လေး..
လူတစ်ယောက်နဲ့တစ်ယောက်အကြောင်းပြချက်မရှိပဲ ရုတ်တရက်ဖြစ်ပေါ်လာရာကနေ
ထာဝရအဖြစ်ပြောင်းလဲပြီး မွေးဖွားလာတဲ့ ချစ်ခြင်းတရားတွေ...

နောက်ဆုံးတော့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုကြားမှာ ဒီပန်းချီကားလေး အရောင်တွေ မှိန်ခဲ့ရတယ် ..
အိမ်မက်တွေနဲ့ ရေးခြယ်ထားတဲ့ ပန်းချီကားလေးတစ်ချပ်က အချိန်မတိုင်ခင် အရောင်တွေ လွင့်သွားခဲ့ရတယ်..
ဘယ်သူကိုမှ အပြစ်မတင်ရက်ပါဘူး။
ချစ်မိတဲ့သူက အရှုံးပေါ့.

image
11 w - Translate

ရာအူးလ် အဆန်ဆီယိုကတော့ ညကမန်စီးတီးအသင်းနဲ့ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်မှာ အတော်လေးကိုကောင်းခဲ့တာပါ။
ရူဒီဂါဒဏ်ရာရရှိသွားတာကြောင့် ရရှိလာတဲ့ဒီလိုအခွင့်အရေးမျိုးကို အဆန်ဆီယိုအနေနဲ့ အကောင်းဆုံးအသုံးချနိုင်ခဲ့တာဖြစ်ပြီး၊တစ်ဦးချင်းအတွေ့မှာဖျက်ထုတ်ပုံတွေ၊ boxထဲကိုမျှောပေး‌တဲ့ဘောလုံးမျိူးကို ရဲရဲ၀င်တာမျိူးတွေက ရာမို့စ်ကြီးကိုပြန်မြင်နေရတဲ့အတိုင်းပါပဲ။
ဟာလန်း၊ ဒီဘရိုင်းတို့လိုကစားသမားတွေဆို အဆန်ဆီယိုကိုကျော်ဖြတ်ဖို့အတော်လေးကိုရုန်းကန်ခဲ့ရတာတွေ့ရပြီး၊ ရီးရဲလ်မက်ဒရစ်ရဲ့ခံစစ်တန်းတစ်ခုလုံးကို အဆန်ဆီယိုကပဲ ဦးဆောင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။
မထုံတထေးမျက်နှာထားနဲ့ ဘယ်သူ့ကိုမှရှိန်မနေပဲနောက်တန်းမှကြမ်းပြနေတာမျိုးကို၊ မက်ဒရစ်ဖန်တွေကလည်း အတော်လေးသဘောတွေ့ခဲ့ကြပြီး ၊ အဆန်ဆီယိုတစ်ယောက် ပွဲကြီးတွေမှာသုံးလို့ရတဲ့အရည်အချင်းမျိုး ကောင်းကောင်းရှိနေပြီ ဖြစ်ပါတယ်။

image

တချို့က ဖြစ်နေတဲ့ ပြဿနာအတွက်
ခဏတာ အဆင်ပြေသွားမယ့်
အကိုက်အခဲပျောက်ဆေးကိုပဲရှာတယ်

ဥပမာ ပျင်းတယ်ဆိုရင်
challenge မဖြစ်တဲ့ ဘဝနေထိုင်မှုကို
ပြောင်းလဲရမယ့်အစား

အကိုက်အခဲပျောက်ဆေးနဲ့တူတဲ့
entertainment နဲ့အစားထိုးတဲ့အခါ

ရောဂါကိုခဏမေ့သွားတာဖြစ်ပြိိး
ဆေးပျယ်သွားရင် ပြန်နာနေဦးမှာဗျ

တကယ်ဖြစ်နေတာတွေကို
တကယ်ရှင်းနိုင်လေလေ

Level တက်လာလေလေပဲ

#crd

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ရန် ခိုင်လုံသည့်သက်သေ မရှိသေးဟု ထိုင်းတရားရေးဝန်ကြီးဌာနက ပြောကြား

ဖေဖော်ဝါရီ ၁၃

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ရန် ခိုင်လုံသည့် သက်သေမရှိသေးဟု ထိုင်းတရားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ယင်းတို့ကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန ( DSI ) က ရှာဖွေထားသည့် အချက်အလက်များမှာ မခိုင်လုံသောကြောင့် ခိုင်လုံသည့် သက်သေအထောက်အထားများကို ထပ်မံရှာဖွေတင်ပြရန် ထိုင်းတရားရေးဝန်ကြီးဌာန၊ ဥပဒေအကြံပေးအရာရှိက ယနေ့တွင် ညွှန်ကြားခဲ့ကြောင်း အဆိုပါ သတင်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ထိုင်းအစိုးရ၏ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူတို့ ၃ ဦးကို ဖမ်းဝရမ်း ထုတ်ရန် စီစဉ်နေခြင်းမှာ လတ်တလောအခြေအနေတွင် ဖြစ်လာနိုင်ဖွယ်မရှိသေးကြောင်း သုံးသပ်ပြောဆိုနေကြကြောင်းလည်း သိရသည်။

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန ( DSI ) က မြန်မာနိုင်ငံ၊ မြဝတီဘက်သို့ အိန္ဒိယနိုင်ငံသား ၈ ဦး လူကုန်ကူးခံခဲ့ရသောကိစ္စအပေါ် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်၊ ဗိုလ်မှူး တင်ဝင်းတို့ ၃ ဦးကို ဖမ်းဝရမ်းထုတ်ရန် စီစဉ်ဆောင်ရွက်နေခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ဝီချယာချိုင်းက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူတို့ ၃ ဦးထိုင်းနိုင်ငံကို ဝင်ရောက်မည်ဆိုလျှင် ဖမ်းဆီးခံရမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးက ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏လက်ထောက်နှစ်ဦးသည် လူကုန်ကူးမှုများ ကျူးလွန်ရန်အတွက် ထိုင်းနိုင်ငံကို ကြားခံလမ်းကြောင်းအဖြစ် အသုံးပြုခဲ့ကြောင်း၊ထိုင်း DSI က မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်သုံးဦးကို ဖမ်းဝရမ်းထုတ်ရန်အတွက် ထိုင်း ရှေ့နေချုပ်ရုံးနှင့် တိုင်ပင်နေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ဗိုလ်မှူးကြီးစောချစ်သူကို ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံပိုင်နက်ကို ချိုးဖောက်မည်မဟုတ်သော်လည်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ၎င်း၏အိမ်သို့ လာရောက်မည်ဆိုလျှင် ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ထပ်မံပြောဆိုထားကြောင်း သိရသည်။

#centralnewsnaypyitaw

image

တချိန်က ဘော'စိတွေဆိုတာ ဒီလို၊
ခုခေတ်နဲ့ဆို i ph 16 pro max ကိုင်တဲ့သူတွေလိုပေါ့😆

#funny

image

မြဝတီမြို့နယ်အတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၀ ဦးကို DKBA က ထိုင်းအစိုးရထံ လွှဲပြောင်း

ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၀ ဦးကို ထိုင်းအစိုးရထံ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) က ဖေဖော်ဝါရီလ ၁၂ ရက်တွင် လွှဲပြောင်းလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အမျိုးသား ၂၂၁ ဦးနှင့် အမျိုးသမီး ၃၉ ပါဝင်သော လူကုန်ကူးခံ နိုင်ငံခြားသားများမှာ အီသီယိုးပီးယားနိုင်ငံသား ၁၃၈ ဦး၊ ကင်ညာနိုင်ငံသား ၂၃ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၁၆ ဦး၊ မလေးရှားနိုင်ငံသား ၁၅ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၀ ဦးတို့ အပြင် တန်ဇန်းနီးယား၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ နိုင်ဂျီးရီးယား၊ ဂါနာနှင့် အိန္ဒိယ တို့မှ တစ်ဦးစီပါဝင်သည်ဟု Khaosod သတင်းဌာနက ကနဦးဖော်ပြသည်။

လူကုန်ကူးခံရသူ ၂၆၀ ဦးအား ဘုန်းတော်ကြီးများနှင့် တွေ့ဆုံ၍ လူကုန်ကူးမှု စိစစ်ရေးစနစ်သို့ ဆက်လက်ပို့ ဆောင်ရန် ခရိုင်သို့ ထိုင်းတပ်မတော်က စစ်ကား ၁၈ စီးဖြင့် စောင့်ဆိုင်း သယ်ဆောင်သွားကြကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသားများအား ဖွန်ဖရာခရိုင်ရုံးသို့ ခေါ်ဆောင်ပြီး ယင်းကတစ်ဆင့် မဲဆောက်ခရိုင် နယ်ခြားစောင့်ရဲ တပ်ခွဲတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+8

၇ပွဲမောင်း…၆ပွဲအပြည့်စားပီး နောက်ဆုံးပွဲမှ ထကျိုးသောအခါ

image