8 w - Translate

cute 😍

image
8 w - Translate

cute 😍

image
8 w - Translate

cute 😍

image
image
image

ဟိုပုံး တန်ဆောင်တိုင်ပွဲတော်ကို ငါးရက်ကြာ ကျင်းပပြုလုပ်မယ်

နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ မီးထွန်းပွဲတော်နဲ့ တန်ဆောင်တိုင်ပွဲတော်ကို အခုနိုဝင်ဘာလမှာ ငါးရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီထံကနေ သိရပါတယ်။

သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးဝန်းအတွင်းမှာ နိုဝင်ဘာလ ၁၉ရက်ကနေ ၂၃ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မီးပဒေသာလှည့်လည်တာ၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲတွေ၊ ရိုးရာမီးပဒေသာ လှည့်လည်ခြင်းတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်သလို စိန်နားပန်နဲ့ ညမီးကြီး အမျိုးအစား မီးပုံးပျံတွေ လွှတ်တင်ပူဇော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“မနှစ်ကထက်တော့ ပိုပြီးစည်ကားအောင် ကျင်းပဖို့ပြင်ဆင်ထားပါတယ်။ ဘေးအန္တရာယ်အကင်းဆုံးဖြစ်ဖို့နဲ့ ခိုက်ရန်ဖြစ်ပွားတာတွေ၊ ယာဉ်ပိတ်ဆို့တာတွေ မဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်နေပါတယ်။ ကျင်းပရေး ကော်မတီက ဦးစီးပြီးတော့ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်တွေ ခွဲဝေချထားပြီးပါပြီ။ ပွဲလုပ်ရတဲ့ အဓိက အကြောင်းအရင်းက တနှစ်ပတ်လုံး အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းခဲ့ရတဲ့ ပြည်သူတွေ စိတ်အပန်းဖြေဖို့နဲ့ ရိုးရာကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်”လို့ ပွဲကျင်းပရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

ဟိုပုံးတန်ဆောင်တိုင်ကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပေမယ့် ၂၀၂၀ပြည့်နှစ်မှာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေတွေအရ မကျင်းပခဲ့သလို နစကအာဏာရယူပြီးနောက်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပွဲမကျင်းပခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်မှာတော့ ပြန်လည်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဟိုပုံးမြို့ဟာ တောင်ကြီးမြို့နဲ့ အနီးဆုံးမှာ တည်ရှိပြီး တောင်ကြီး တန်ဆောင်တိုင်ပွဲတော်စတင် ကျင်းပ ခဲ့တဲ့အချိန်ကာလမှ စတင်ကာ ဟိုပုံးမြို့ တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်မပြတ် ကျင်းပခဲ့ခြင်းဖြစ်ကာ ဟိုပုံးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲဟာ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲပြီးပါက ဒုတိယမြောက် အစည်ကားဆုံးသော ပွဲတော်တခုဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-Local

Credit - Myanmar News Network

#သတင်းဟင်းလေးအိုးကြီး

image
image
image

image

ပုဂံမြို့နှင့် လဲ့ရှန်းမြို့ ချစ်ကြည်ရေးမြို့တော်တည်ထောင်

နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ၊ ပုဂံမြို့နှင့် တရုတ်နိုင်ငံ၊ လဲ့ရှန်းမြို့တို့ကြား ချစ်ကြည်ရေးမြို့တော်တည်‌ထောင်သွားမည်ဖြစ်၍ မြို့တော်တည်ထောင်ရေးနား လည်မှုစာချွန်လွှာအား နိုဝင်ဘာ ၁၄ ရက်က တ ရုတ်နိုင်ငံ၊ စစ်ချွမ်းပြည်နယ်၊ လဲ့ရှန်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်၍ လဲ့ရှန်းမြို့ CPC ပါတီကော်မတီအတွင်းရေးမှူး Mr. Zhao Bo နှင့်အတူမိန့်ခွန်းပြောကြားခဲ့ကြပြီး နားလည်မှုစာချွန်လွှာအား မန္တလေးစည်ပင်၏ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးနှင့် လဲ့ရှန်းမြို့၊ မြို့တော်ဝန် Mr. Chen Guanghao တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ ပုဂံမြို့နှင့်လဲ့ရှန်းမြို့ ကြား ယဥ်ကျေးမှု၊ ခရီးသွားလာရေးလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများ၌ ပိုမိုပူး ပေါင်းဖလှယ်မှုများပြုလုပ်နိုင်ရန်အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

#centralnewsnaypyitaw

image

နေမာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အေးဂျင့် ငြင်း

နိုဝင်ဘာ ၁၈

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းထံ ပြန်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို သူ့ရဲ့အေးဂျင့် ဖြစ်သူက ငြင်းခဲ့ပါတယ်။

အေးဂျင့် ဇဟာဗီက “နေမာဟာ အယ်လ်ဟီလယ်အသင်းကနေ ထွက်ခွာဖို့ ဆွေးနွေးမှုတွေမပြုလုပ်ခဲ့ပါဘူး။ သူဟာ အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ရှိနေပြီး သူ ဒီမှာ အလွန်ပျော်ရွှင်နေပါတယ်။ နေမာရဲ့ဖခင်နဲ့ ကျနော်ဟာ သူ့ရဲ့ အနာဂတ်အကြောင်းကို ပြောနိုင်တဲ့ တစ်ဦးတည်းသောသူတွေပါ။ အခုထွက်ပေါ်နေတဲ့ ကောလာဟလတွေက ဘယ်ကနေလာလဲဆိုတာတော့ ကျနော်မသိဘူး”လို့ ဖာဘရီဇီယိုရိုမန်နိုကို ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက နေမာဟာ သူ့ရဲ့ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိ ထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းကနေ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပြီး ဆော်ဒီကလပ်က သူ့ကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့လည်း သတင်းတွေထွက်နေခဲ့တာပါ။

ဒါပေမယ့် နေမာရဲ့အေးဂျင့် ဇဟာဗီက ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ငြင်းခဲ့တာဖြစ်ပါတယ်။

ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲထံ တန်းတက်ပြီးနောက် နေမာကို ပြန်လည်ခေါ်ယူနိူင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဒူးအရွတ်(ACL)ဒဏ်ရာကြောင့် တစ်နှစ်ကြာအနားယူခဲ့ရတဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် လူစားဝင် အဖြစ် ၂ ပွဲပါဝင်ကစားအပြီးမှာ နောက်ထပ်ဒဏ်ရာရရှိခဲ့လို့ ရက်သတ္တပတ်အနည်းငယ် အနားယူရဦးမှာ ဖြစ်ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ နေမာရဲ့ ဒဏ်ရာအခြေအနေပေါ်မူတည်ပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ဒုတိယရာသီဝက် မှာ အသင်းလူစာရင်းထဲ ထည့်သွင်းဖို့ စဉ်းစားနေတာပါ။ အသက် ၃၂ နှစ်အရွယ်ရှိ နေမာဟာ အယ်လ်ဟီလယ် အသင်းအတွက် ၇ ပွဲသာပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။


Source - Goal

Credit - Myanmar Sport Report

#သတင်းဟင်းလေးအိုးကြီး

image

စက်သုံးဆီ လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမည်

နိုဝင်ဘာ ၁၈

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီ တင်သွင်းသောလုပ်ငန်းရှင်များသို အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တိုကို ထုတ်ရောင်းပေးလျက်ရှိရာ ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာ (၁၁) ရက်အထိ (၃)လခွဲအတွင်း ဒေါ်လာ (၂၅၆)သန်းကျော်၊ ထိုင်းဘတ် (၁)ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၄) သန်းကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဒေါ်လာဈေးနှုန်း ပြန်မြင့်တက်လာခဲ့၍ ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များ ဆက်တိုက်ထုတ်ရောင်းပေးမှုအပြင် ယခုဘဏ္ဍာနှစ် ၇ လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

#centralnewsnaypyitaw

image
8 w - Translate

လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ

#crd

image
8 w - Translate

လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ

#crd

image