10 ပတ် - ဘာသာပြန်ပါ။

Ghost Game (2006)

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ခန့်က ကမ္ဘောဒီးယားက တားဆီးနယ်မြေ Case ၁၇ မှာ ဝင်သွားတဲ့လူတွေ အကြောင်းရင်းမရှိဘဲ သေဆုံးခဲ့ကြပါတယ်
အဲ့နောက်ပိုင်း အဲ့နေရာကို ဘယ်သူမှမသွားရဲတော့ပါဘူး

ဒါကို Reality Show တခုက ဂိမ်းပြိုင်ပွဲတခုလုပ်လိုက်ပါတယ်
အဲ့ဒီနေရာကိုသွားပြီး အကြောက်တရားတွေကိုခံနိုင်သူ နောက်ဆုံးကျန်ရစ်ခဲ့သူက အနိုင်ရသူဖြစ်ပြီး ဆုငွေ ၅ သန်းရမှာဖြစ်ပါတယ်
ယှဉ်ပြိုင်သူအားလုံး ၁၁ ယောက်ရှိပြီး သူတို့တွေ ဘယ်လိုရုန်းကန်ကြမှာလဲ
အဲ့ထဲမှာရော ဘယ်လောက်တောင်ခြောက်ခြားစရာကောင်းနေမလဲ ဇာတ်ကားထဲမှာကြည့်ရှုရအောင်နော် ။

ဇာတ်ကားလင့်
https://t.me/c/2222390798/191

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
10 ပတ် - ဘာသာပြန်ပါ။

လူတစ်ယောက်ကို အပူအပင်ကင်းကင်းနဲ့
ချစ်ချင်တယ်
သဝန်တိုတာရော မယုံကြည်တာတွေရော
ဘာမှ ဖြစ်မနေချင်ဘူး
အေးအေးချမ်းချမ်း စိတ်အေးအေးနဲ့ပဲ
ချစ်နေချင်တယ်
ယုံကြည်မှုအပြန်အလှန်ရှိနေပြီးတော့
စိတ်ချစွာနဲ့ ချစ်နေချင်တယ်
အနီးလို့ မဟုတ်ခဲ့ရင်တောင်မှ
အနေဝေးလို့ ဖြစ်နေရင်လဲ
ဖုန်းလေးခေါ်လိုက် စာလေးပို့လိုက်နဲ့
အရမ်းလွမ်းလာတဲ့အခါ
Video call လေးနဲ့ တစ်ယောက်မျက်နှာ
တစ်ယောက်ကကြည့်ပြီး ချစ်ချင်တယ်
ဝမ်းသာစရာဆိုရင် အတူတူရယ်မောပြီး
ဝမ်းနည်းစရာဆို နှစ်သိမ့်ပေးချင်တယ်
တနေ့ နီးရမယ်ဆိုတဲ့ အသိလေးနဲ့ပဲ
ကြိုးစားရုန်းကန်ရင်း
ဘဝတစ်ခုကို စိတ်အေးချမ်းချမ်းနဲ့
နှစ်ယောက်အတူ ဖြတ်သန်းချင်မိတယ်,,
နေခ/စာတိုက်ပုံး

image
10 ပတ် - ဘာသာပြန်ပါ။

လူကောင်းတစ်ယောက်မဟုတ်သလို
လူလိမ္မာလည်း မဟုတ်ပြန်ဘူး
ဒါပေမယ့် သိပ်ရိုးရှင်းသော
သာမန်လူတစ်ယောက်ပါ
တတ်နိုင်သလောက် ကူညီလိုက်တယ်
တန်ပြန် ကျေးဇူးတရားတွေကို
မျှော်လင့်မထားဘူး
အကောင်းဆုံး ချစ်ပေးလိုက်တယ်
ဘာမှပြန်မမျှော်လင့်ဘူး
ဘာကြောင့်ဆို
တချို့က
ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကိုမသိတာထက်
တစ်ဖက်လူရဲ့တန်ဖိုးကိုမသိတာ
ဒါကြောင့်
လူတွေကိုသံယောဇဥ်ရှိခြင်းထက်
ပန်းတွေနဲ့စာအုပ်တွေကို ပိုတွယ်တာမိတယ်
သူတို့က ငါ့ကို ဘယ်တော့မှ
နာကျင်အောင်မလုပ်နိုင်တဲ့
အေးချမ်းခြင်းတွေ ဖြစ်နေလို့ပဲ......
#ဘဝအတွက် #ဉာဏ #စာပေ #အသိပညာ #ဗဟုသုတ

image
10 ပတ် - ဘာသာပြန်ပါ။

တချို့က ညံ့လွန်းလို့ နေရာမရတာ
မဟုတ်ဘူး။
သူတို့ထက်သာမှန်းသိလို့
ချောင်ထိုးခံလိုက်ရတာ။
တချိုက ဦးစားပေးခံရတာ
မဟုတ်ဘူး။
ထိုးကျွေးခံလိုက်ကြရတာ။
တချို့က လူရာဝင်ဆန့်နေကြတာ
မဟုတ်ဘူး၊၊
အတင်းတိုးဝင်နေရာယူနေကြတာ။
တချို့က အသံတိတ်နေတာ
မဟုတ်ဘူး။
ပြောဆိုခွင့်မရအောင်
ပစ်ပယ်ထားခံကြရတာ။
တချို့က ပျောက်နေတာ
မဟုတ်ဘူး၊၊
အနောက်ကို
အပို့ခံလိုက်ကြရတာ။
တချို့က မထင်ပေါ်တာ
မဟုတ်ဘူး၊၊
စင်ပေါ်ကလူတွေကို
ပြုံးပြုံးကြီး ကြည့်နေကြတာ။
မိုးခါးရေ မသောက်သည့် သင့်အနေနဲ့
ဘာအတွက်မှ အားမငယ်စေနဲ့ ။
ခါးသက်သက် အမှန်တရားကလည်း
နောက်နည်းနည်း ကျတတ်ပါတယ်။
crd...

image
10 ပတ် - ဘာသာပြန်ပါ။

ဘဝမှာ လူတစ်ယောက်ကို သီချင်းတွေ၊ရနံ့တွေနဲ့ တွဲပြီးမှတ်မိနေတာဟာ ကြောက်စရာအကောင်းဆုံးပဲ။
မသိမသာရော၊ သိသိသာသာပါ ရူးမူးခဲ့ရတဲ့ဖြစ်စဉ်တွေဟာ အဲ့ဒီအရာတွေနဲ့ အစပျိုးခဲ့လိုက်တာ။ အချိန်တွေကြာသွားရင်တောင် သူ့ဆီကနေပြေးပုန်းလို့ရမယ့်နေရာကို ခက်ခက်ခဲခဲ ရှာဖွေနေရတုန်း။

10 ပတ် - ဘာသာပြန်ပါ။

အဲ့ခေတ်က လူမင်းနဲ့စိုးမြတ်နန္ဒာ
ဘာဖြစ်ခဲ့ကြလဲ စိတ်မဝင်စားပေမဲ့
ရှေ့ကအမကြီးက
ဆေးဂါလို့ မှိုင်နေတာလား
ဝေးကွာလို့ ငိုင်နေတာလားပဲသိချင်မိတယ်

image
10 ပတ် - ဘာသာပြန်ပါ။

“စကားပြောဖော်”
ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်ဘဝမှာ
ပျော်စရာလေးတွေ ကြုံတဲ့အခါကျတော့လည်း
အဖြစ်အပျက်လေးတွေကို ပြန်ပြီးဝေမျှဖို့၊
စိတ်ညစ်စရာအကြောင်းတွေဖြစ်လာပြန်တော့လည်း
ကိုယ်ရဲ့ အခက်အခဲလေးတွေကို အနည်းအကျဉ်း
ရင်ဖွင့်ဖို့ စကားပြောဖော်တစ်ယောက်တော့
လိုအပ်ပါတယ်။
စကားပြောဖော်ဆိုတဲ့နေရာမှာ
ငါနေ့တိုင်းစကားပြောဖို့ဆိုပြီး သီးသန့်ကြီး
လူတစ်ယောက်ကို လိုက်ရှာနေစရာမလိုဘူး
ငါနဲ့နေ့တိုင်းစကားပြောပေးမလားဆိုပြီး
Requestလုပ်စရာမလိုဘူး
ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ယောက်၊
ညီအစ်ကိုမောင်နှမတွေထဲက တစ်ယောက်ယောက်၊
အိမ်နီးချင်းတွေထဲကတစ်ယောက်ယောက်၊
ဘယ်သူ့မှ မရှိတဲ့အဆုံး ကိုယ့်ရဲ့မိဘ (သို့မဟုတ်)
ကိုယ့်ရဲ့ ချစ်သူရည်းစားပေါ့ - It can be anyone.
ကျွန်တော်ဖတ်ဖူးတဲ့ Quoteလေးတစ်ခုရှိတယ်
“လူတွေက ဘာလို့ စကားပြောရတာကြိုက်လဲဆို
သူတို့ကို စိတ်သက်သာရာ ရစေလို့”တဲ့ - That’s true.
တစ်ခါတစ်လေ အသည်းကွဲနေတဲ့အခါမျိုးမှာ
ဘယ်လောက်ပဲ ခံစားနေရပါစေဦးတော့
သူငယ်ချင်းတစ်ယောက်နဲ့ အချိန်အတန်ကြာ
စကားတွေပြောလိုက်တဲ့အခါ ကိုယ့်စိတ်ထဲ
အတော်ပေါ့ပါးသွားတယ်လေ။
အကြာကြီး မျိုသိပ်ထားရတဲ့ခံစားချက်တွေကို
တစ်ဦးတစ်ယောက်ဆီမှာ ရင်ဖွင့်လိုက်တဲ့အခါ
နေရတာ သက်တောင့်သက်သာရှိသွားတတ်တယ်
မဟုတ်လား။
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်း
ကျွန်တော်တို့အတွက် လူတစ်ယောက်တော့လိုပါတယ်
အချိန်ပြည့်မဟုတ်ရင်တောင်
ရင်ဖွင့်ချင်တဲ့အချိန်လေးခဏ အားနာစရာမလိုဘဲ
အားရပါးရစကားတွေပြောနိုင်မယ့်
‘စကားပြောဖော်’လေး တစ်ယောက်လောက်ဖြစ်ဖြစ်ပေါ့။
Oᴀᴋ
💭

image
10 ပတ် - ဘာသာပြန်ပါ။

The Animal Kingdom [2023]
လူသားတွေဟာလည်း သန္ဓေပြောင်းမှု တစ်မျိုးနဲ့ကြုံတွေ့ရပြီးလူစင်စစ်ကနေ တိရိစ္ဆာန်တစ်ပိုင်း သတ္တဝါကြီးတွေဖြစ်ကုန်ပါတယ်….။
ဒီလိုဖြစ်လာရင်တော့ စစချင်းမှာ လူမှုအသိုင်းအဝိုင်းကရှောင်ဖယ်၊ တိုက်ခိုက်ကြတာ ဓမ္မတာပါပဲ…။ ကံဆိုးပြီး သန္ဓေပြောင်းသွားတဲ့ လူတွေအတွက်တော့စိတ်မကောင်းစရာပဲပေါ့…။
ဒီလူတွေထဲမှာ ဖရန်ဆွာရဲ့ ဇနီးဖြစ်သူလည်းပါခဲ့ပါတယ်…။ ဇနီးဖြစ်သူ ဒီသန္ဓေပြောင်းရောဂါကနေ ပြန်ကောင်းလာနိုးလာနိုးနဲ့‌ဆေးကုသမှုခံယူနေရင်းနဲ့ပဲ သားဖြစ်သူပါ ဒီရောဂါနဲ့ကြုံတွေ့လာရတဲ့အခါ….။
Horror၊ Sci-fi၊ Adventure၊ Dramaစတဲ့ ရုပ်ရှင်အမျိုးအစားရသစုံပါဝင်တဲ့အပြင် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ကားမိုတင်ဆက်ပေးလိုက်ပါဗျာ…။
#movie

image
10 ပတ် - ဘာသာပြန်ပါ။

ဝါဝါဝင်းရွှေကို သွားရောက်ကန်တော့ရင်း ၂၂ နှစ်ကြာ မကိုင်ခဲ့ရတဲ့ အကယ်ဒမီရုပ်လေးကို ကိုင်ကြည့်ခဲ့ကြတဲ့ ခင်ဇာခြည်ကျော်တို့သားအမိ 🏆
သူမကိုယ်တိုင်လည်းအကယ်ဒမီဆုရှင်ကြီးဖြစ်ခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာ ငါ၊သူတပါး၊ ယောက်ကျား၊ မိန်းမ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့ရရှိခဲ့တာပါ။ ယခုနှစ် ရုပ်ရှင်တစ်သက်တာဆုကိုရရှိခဲ့တဲ့ ဝါဝါဝင်းရွှေဆီကို သွားရောက်ဂါရဝပြုရင်း အကယ်ဒမီဆုနဲ့ အလှမ်းဝေးကွာသွားခဲ့တာ ၂၂ နှစ်ကြာခဲ့ပြီမို့ နတ်သမီးရုပ်လေးကို ကိုင်ကြည့်ခဲ့တယ်လို့ သူမက ပြောပါတယ်။

image
10 ပတ် - ဘာသာပြန်ပါ။

💎 ကြက်တောက်တောက်ကြော် 💎

👉 အသားပြားကြော်ရန်

အသား ( ဓါးနဲ့ ပေါက်ထားပါ။ )
ဆား,
သကြား,
အချိုမှုန့်,
ငရုတ်ကောင်း
ကော်မှုန့်,ကြက်ဥ
( ရောနယ်လိုက်ပါ။ )

အိုးထဲဆီများများ ထည့်ပီး ဆီပူအောင်တည်ပါ။
နယ်ထားတဲ့ အသားကို အပြားပုံစံလေး ထည့်ကြော်ပါ။
အနိမ့်ဆုံး မီးအားနဲ့ အထဲကအသားတွေ ကျက်တဲ့အထိကြော်ပါ။
အသားများ နီရဲလာရင် တဖက်လှန်ပေးပါ။
၂ ဖက်လုံး နီရဲလာရင်ရပါပီ။
( ကြော်နေစဉ် အဖုံးအုပ်ထားပေးပါ။ )

_____________________________________________

👉 တောက်တောက်ကြော်ဖို့ ပြင်ဆင်ထားရန်

ကြက်သွန်နီ ၁ လုံးကို အကွင်းလိုက်လှီးထားပါ။
ကြက်သွန်ဖြူ ၄ မွှာ ကြိတ်ထားပါ။
မိမိနှစ်သက်ရာ အသီးအရွက်များ လှီးထားပါ။
ဝက်သားပြားကို လှီးထားပါ။
ကော်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း ရေဖျော်ထားပါ။

_____________________________________________

👉 တောက်တောက်ကြော် ကြော်ပါတော့မယ်။

အိုးထဲဆီထည့်ပီး ဆီဆူလာရင်

🌟 ကြက်သွန်ဖြူ/နီ ပျော့လာအောင်ကြော်ပီး
🌟 အသီးအရွက်များ ထည့်ကြော်,
🌟 အသားပြားကြော်ထည့်မွှေပါ။
🌟 ရေ ( 500 ml ) ထည့် အဖုံးအုပ်ထားပါ။
🌟 အချိုမှုန့် ( လဖက်စားဇွန်း ၁ ဇွန်း )
🌟 သကြား ( လဖက်စားဇွန်း ၃ ဇွန်း )
🌟 ပဲငံပြာရည်အကြည်(ထမင်းစားဇွန်း ၁ ဇွန်း)
🌟 အနောက် ( ထမင်းစားဇွန်း ၁ ဇွန်း )
🌟 ခရုဆီ ( ထမင်းစားဇွန်း ၃ ဇွန်း )
🌟 ငရုတ်ကောင်း (လဖက်စားဇွန်း တစ်ဝက်)
🌟 ကြက်ဥ ( ၁ လုံး ) ခေါက်ထည့်ပါ။
🌟 ကော်မှုန့် ( လဖက်စားဇွန်း ၂ ဇွန်း )
🌟 တရုတ်နံနံ အုပ်ပီးရင်
🌟 ငုံးဥထည့်ပီး အိုးချ စားသုံးလို့ ရပါပြီ။
#crd

image