ညောင်ဦးဒေသ ဂျိုးကန်နဲ့ကျောက်ပြင်ကန်မှာတိုက်ပွဲဖြစ်လို့ ဒေသခံထောင်နဲ့ချီ အရေးပေါ်စစ်ရှောင်နေကြ

ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်း ၊ညောင်ဦးမြို့နယ် ၊ ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာကြားမှာ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ညကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေထောင်နဲ့ချီပြီး အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာကြားကို ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းမှာ နစကမှ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာဒေသခံတွေ အများအပြားအရေးပေါ်စစ်ဘေးရှောင်ခဲ့ကြရသလို အနီးပတ်ဝန်းကျင်ရှိ ဇီးစားမြင် ၊ယာတောကြီး၊အနောက်အုံရွာက ဒေသခံပြည်သူအချို့လည်း စစ်ဘေးရှောင်မှုရှိနေတယ်လို့သိရပါတယ်။

" ဂျိုးကန်မှာမနေ့က စစ်သားတွေဝင်ပြီးမကြာဘူး ညကတည်းကစပြီးတိုက်ပွဲဖြစ်တာပဲ။ အဲဒီရွာကလူတွေလည်းနီးစပ်ရာအကုန်ပြေးကုန်ပြီ။အခုမနက် ဟတ်စကီးနဲ့ နှစ်ကြိမ်လာကြဲသွားတယ်။ဘယ်နေရာကျတယ်ဆိုတာအတိကျမသိသေးပေမယ့် ကျောက်ပြင်ကန်ကလည်း တော်တော်များများစစ်ရှောင်ကြပြီ။ကျောက်ပြင်ကန်ရွာဆိုအိမ်ခြေ ၁၀၀၀ နီးပါးလောက်တော့ရှိတယ်။ဂျိုးကန်ကတော့၁၀၀ ကျော်ရှိမယ်။အဲဒီရွာတကျောထဲကရွာတွေလည်း ရှောင်ကြပြီ။လေကြောင်းပါလာတော့ အကုန်ကြောက်ပြီး ရှောင်ကြတာ။ " လို့ ဂျိုးကန်အနီးနေထိုင်တဲ့ ကျေးရွာဒေသခံက ပြောပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့ ဂျိုးကန်နဲ့ ကျောက်ပြင်ကန်ရွာက ညောင်ဦး -ကျော က်ပန်းတောင်းကားလမ်းနဲ့ ဝေးပေမယ့် ကျေးရွာချင်းဆက် ရွာတွေကတော့ တိုက်ပွဲကူးစက်လာမှာကိုစိုးရိမ်တာကြောင့် ကြိုတင်ပြီးစစ်ဘေးရှောင်မှုတွေ ရှိလာတာဖြစ် တယ်လို့ သိရပါတယ်။

ဒါအပြင် သိုလှောင်ထားတဲ့ မြေပဲဆံတွေကိုလည်း အရေးပေါ် ထုတ်ပြီးရောင်းချမှုတွေရှိသလို တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ရွှေ့ပြောင်းသိမ်းဆည်းမှုတွေပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" မနက်ဖန် ရှောင်တော့မှာပါ။ဒီနေ့တန်ဖိုးကြီးပစ္စည်းဘာညာ ရွှေ့လို့ရတာကိုရွှေ့ပြောင်းနေကြပြီ။မြေပဲဆံတွေကတော့အရင်ရက်ကတည်းကရောင်းပြီးပြီ။အခုရွာထဲကတခြားသူတွေလည်းမြေပဲတွေရောင်းနေကြပြီ။ရှောင်ဖို့လုပ်နေကြတယ်။ကိုယ့်ရွာမှာပါတိုက်ပွဲရောက်လာရင်ပြေးဖို့မလွယ်ဘူး။" လို့ တိုက်ပွဲဖြစ်ပွားနေတဲ့ရွာအနီး ဒေသခံကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂျိုးကန်ရွာနဲ့ လမ်းပိုင်းတဆက်တည်းမှာရှိတဲ့ အနောက်အုံရွာအနီးမှာလည်း နစက တပ်တွေနဲ့ ဒေသတွင်းလက်နက်ကိုင်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

Photo – CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
10 w - Translate

#နည်းပညာသတင်း
သက်တမ်း နှစ် ၁ ဒသမ ၄ သန်း ရှိ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုး ရှေးလူမျိုးစိတ်သစ် မေးရိုး ဖြစ်နိုင်
တောင်အာဖရိနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့တဲ့ရှေးဦးလူကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးတစ်ခုဟာ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှေးလူမျိုးစိတ်သစ်တစ်မျိုးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
အဲဒီ ရှေးလူမျိုးစိတ်သစ်ကို Paranthropus capensis ရယ်လို့ ပြင်သစ်နိုင်ငံ ဘော်ဒိုးတက္ကသိုလ်ကသိပ္ပံပညာရှင်တွေက နာမည်ပေးထားပါတယ်။
Paranthropus capensis ရှေးလူတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း တစ်သန်းကျော်လောက်က ဒီနေ့ခေတ် တောင်အာဖရိကနိုင်ငံမှာ ရှင်သန်နေထိုင်ခဲ့တဲ့ရှေးလူတွေပဲဖြစ်ပါတယ်။
P. Capensis ရှေးလူတွေဟာ ခေတ်သစ်လူတွေနဲ့နီးစပ်တဲ့ Paranthropus လို့ခေါ်တဲ့ ရှေးလူမျိုးစိတ်ဝင်တွေထက် ကိုယ်ခန္ဓာအရွယ်အစား ပိုပြီးသေးငယ်ပါတယ်လို့ ပြင်သစ်သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
P. Capensis ရှေးဦးလူရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးကို ၁၉၄၉ ခုနှစ် ဧပြီလမှာ တောင်အာဖရိကနိုင်ငံ ဆွာ့ကရန်လိုဏ်ဂူထဲက တူးဖော်တွေ့ရှိခဲ့တာပါ။
P. Capensis ရှေးလူမေးရိုး ကျောက်ဖြစ်ရုပ်ကြွင်းဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁ ဒသမ ၄ သန်းအထိရှိပါတယ်။

imageimage
10 w - Translate - Youtube

#နွေဦးကံ့ကော်
ဒီပန်းလေးရဲ့အဓိပ္ပာယ်က
"မင်းကို ထာဝရချစ်နေမယ်"တဲ့
Lwan lite tr 😌

#ရုံးပတေသီးရဲ့ကောင်းကျိုးများ

image

#ခဝဲသီးရဲ့ကောင်းကျိုးများ

image
10 w - Translate

The Addams Family
(1991)

အဒမ်စ်မိသားစု ကာတွန်းလေး လာပါပြီ။ ဇာတ်လမ်းကတော့ ဟိုတယ်ထရန်ဆဗေးနီးယား နဲ့ နည်းနည်းဆင်ပါတယ်။ အဒမ်မိသားစုဟာ သီးခြားဆန်စွာ
ထူးထူးဆန်းဆန်းနေတတ်တဲ့ မိသားစုတွေပါ။ အပြင်လောကကို စိတ်ကုန်ပြီးရှောင်ပုန်းနေသူတွေဆိုလည်းဟုတ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ရှိနေတဲ့ တောင်ကုန်းရဲ့အောက်မှာ အိမ်အလှဆင်လုပ်ငန်းရှင် မာဂေါ့ နိဒလာက မြို့အိမ်ယာအသစ်လာတည်ထောင်ပြီး လူတွေကို ကြော်ငြာပြ ရောင်းချဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အိမ်ယာရှုခင်းမှာ အရုပ်ဆိုးနေတဲ့ အဒမ်စ်စံအိမ်ကြီးက ဖျက်နေတော့ မာဂေ့ါနဲ့ အဒမ်စ်မိသားစု ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။
ဒီကာတွန်းလေးကတော့ သရော်ကာတွန်းအမျိုးအစားပါပဲ။ အချို့သောလူတွေရဲ့အူကြောင်ကြောင်စိတ်ကူးတွေ၊ ဆိုရှယ်မီဒီယာ အယုံလွယ်တာတွေ စတာမျိုးတွေကို အတည်ပေါက်နဲ့ ထိထိမိမိလေးလှောင်ထား တွယ်ထားပါတယ်။ ရယ်လည်းရယ်ရသလို
ဆွဲဆောင်မှုလည်းရှိပါတယ်….Animation ကားကြိုက်သူတွေအတွက် လွန်စွာစိတ်ကျေနပ်စေမယ့် ကားလည်းဖြစ်ပါတယ်..

ဇာတ်ကားလင့်
https://t.me/c/2186686827/131

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

*တိုက်ရိုက် ဒီမိုကရေစီနှင့် ကိုယ်စားပြု ဒီမိုကရေစီ

အများပြည်သူတို့၌ မိမိတို့ ဘဝများအတွက်ရော၊ မိမိတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း အတွက်ပါ ချင့်တွက် ဝေဖန်လျက် ဆုံးဖြတ်ချက်များ ချမှတ် နိုင်စွမ်း ရှိသည်ဟူ၍ ယုံကြည်ခြင်းသည်ပင်လျှင် ဒီမိုကရေစီ အတွေးအခေါ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ရှေးဂရိပြည် အက်သင်း(စ)မြို့နိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးသည့် အခါ အထက်က ယုံကြည်ချက်ကို အပြည့်အဝ အသုံးချနိုင်အောင် ကြိုးစားသော သဘောဖြင့် နိုင်ငံအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါတိုင်းတွင် နိုင်ငံသားအားလုံး (သို့မဟုတ်၊ ၎င်းတို့ သတ်မှတ်ချက်အရ နိုင်ငံသားအရည်အချင်း ပြည့်ဝသ အားလုံး) ပါဝင်သည့် လူထုစည်းဝေးပွဲကြီးများ ကျင်းပ၍ အများ၏ သဘောဆန္ဒကို ရယူလေ့ ရှိကြသည်။
နိုင်ငံသားတိုင်း နိုင်ငံ့ရေးရာ၊ သို့မဟုတ် နိုင်ငံနှင့်ဆိုင်သော ဆုံးဖြတ် ချက်များ ချမှတ်ရာ၌ တိုက်ရိုက် ကိုယ်တိုင် ပါဝင်နိုင်ကြသဖြင့်၊ ၎င်းစနစ်ကို တိုက်ရိုက် ဒီမိုကရေစီ (direct democracy) စနစ်ဟု ခေါ်ကြပါသည်။
သို့သော် နိုင်ငံသားအားလုံး တက်ရောက်(နိုင်)သည့် လူထုစည်းဝေးပွဲကြီး ဟူသည် နိုင်ငံသားဦးရေ နည်းပါးသော ဂရိမြို့ပြနိုင်ငံများတွင် ဖြစ်နိုင် သော်လည်း လူဦးရေ သန်းချီရှိသည့် နိုင်ငံကြီးများ၌ ကျင်းပဖို့ရာမဖြစ်နိုင်။
သည်အခါ၊ နယ်မြေဒေသအသီးသီးမှာ ရှိသည့် နိုင်ငံသားတို့က မိမိတို့ အပါအဝင် ဖြစ်သော နိုင်ငံသားအားလုံး၏ အရေးကိစ္စများကို စဉ်းစား ဆုံးဖြတ်ရေးတွင် မိမိတို့ကိုယ်စား ဆောင်ရွက်ရန်အတွက် မိမိတို့ နှစ်သက်ရာ ပုဂ္ဂိုလ် အသီးသီးကို စုပေါင်း ရွေးချယ်၍ လွဲအပ်ခိုင်းစေသည့်၊ သို့မဟုတ် တာဝန်အပ်နှင်းသည့် စနစ်ကို ကျင့်သုံးလာရသည်။
နိုင်ငံအုပ်စိုးမှုတွင် နိုင်ငံသားအားလုံး တိုက်ရိုက် ကိုယ်တိုင် မပါဝင်နိုင်ဘဲ၊ ကိုယ်စားလှယ်များမှ တစ်ဆင့်သာ ဆောင်ရွက်ရသော ၎င်းစနစ်ကို ကိုယ်စားပြု ဒီမိုကရေစီ သို့မဟုတ် ကိုယ်စားလှယ် အုပ်စိုးမှုစနစ် (representative democracy) ဟု ခေါ်ကြသည်။
ဒီမို-ကရေစီ၏ အဓိပ္ပာယ် အတိအကျက လူထု-အုပ်စိုးမှုဟူ၍ ဖြစ်ရာ ကိုယ်စားပြု စနစ်သည် ဒီမိုကရေစီ တကယ် စစ်သလား ပြောစရာရှိလာသည်။ အကြောင်းက၊ လူဦးရေနှင့်စာလျှင် အရေအတွက် အလွန်နည်းပါးသည့် ကိုယ်စားလှယ်တို့က အုပ်စိုးတာ ဖြစ်သဖြင့်၊ ဒါသည်လည်း လူတစ်စုအုပ်စိုးမှု (oligarchy) တစ်မျိုးပဲဟု ရှုမြင်နိုင်သောကြောင့် ဖြစ်သည်။
သို့သော်၊ လူတစ်စုအုပ်စိုးမှုနှင့် ဘာတွေကွာသလဲ မပြောမီ ကိုယ်စားပြု စနစ်ကို နှစ်သက်သူတို့၏ အယူအဆကို အနည်းငယ် ဖော်ပြလိုသည်။

10 w - Translate

The Addams Family 2 (2021)

IMDb Rating – 6.2/10
ဒီတစ်ခါတော့ Animation ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ The Addams Family ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီ Animation ဟာ အပိုင်း(၁)တုန်းကလည်း လူကြိုက်များခဲ့ပြီး . အခုထွက်ရှိတာကတော့ သူ့ရဲ့ အဆက် အပိုင်း(၂)ဖြစ်ပါတယ်။
အရင်ကားမှာတုန်းက အက်ဒမ်မိသားစုရဲ့ ထူးဆန်းတဲ့ နေထိုင်ပုံ‌တွေ၊ ပတ်၀န်းကျင်နဲ့ သဟဇာတမဖြစ်မှု‌‌တွေ၊ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေကို ဟာသနှောပြီးတင်ဆက်ခဲ့သလိုမျိုးပဲ၊ ယခုနံပါတ် 2 မှာကတော့ မိသားစုအချင်းချင်း စည်းလုံးမှုပိုမိုရရှိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခရီးအတူတူထွက်ကြတဲ့အကြောင်းကို လွဲချော်မှုတွေ၊ ရယ်စရာတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။
Addam Family Animation ဟာ ထူးဆန်းတဲ့ရေးဆွဲဟန်ကြောင့် Animation တွေထဲမှာ အမြင်တစ်မျိုးတစ်မျိုးဆန်းသစ်ပြီး Hotel Transylvania လို Type မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်ကောင်းတဲ့ ကားကောင်း တစ်ကားဖြစ်ပါလိမ့်မယ်လို့ လို့မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ရပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/132

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image