8 w - Translate

ထိုင်းအသင်းကို ကျဥ်းမြောင်းသည့်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း

၂၀၂၄ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ကျဥ်းမြောင်းသည့်ရလဒ်ဖြင့် ထိုင်းအသင်းကိုရှုံးနိမ့်ခဲ့ရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနှင့် ထိုင်း အမျိုးသမီးဖူဆယ်အသင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၈ ရက်ညနေ ၅ နာရီခွဲက ဖီလစ်ပိုင်နိုင်ငံရှိ Philsports Arena ၌ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ပထမပိုင်းပွဲပြီး ဆုံးချိန်၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအ သင်းက ထိုင်းအသင်းတို့သည် ဂိုးမရှိရလဒ်ဖြစ်ခဲ့သော်လည်း ဒုတိယပိုင်းပွဲကစားပြီးချိန်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းအသင်းအား ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ရသဖြင့် ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

အဆိုပါ ပြိုင်ပွဲ၌ Player of The Match ဆုကို မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း၏ ဂိုးသမား ချောစန္ဒီအောင် ကရရှိခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် မနက်ဖြန် နိုဝင်ဘာ ၁၉ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့်ဆက်လက်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

imageimage
8 w - Translate

မင်းကောင်မလေး မင်းကိုစိတ်ကောက်နေပြီလား ❤❤

အဲဒါ မင်းကောင်မလေးနော်........

မင်းအပေါ် အစစအရာရာ နားလည်သည်းခံပေးတဲ့ ကောင်မလေးနော် ......
မင်းကချော့လိုက်တာနဲ့ တန်းပျော့မယ့် မင်းရဲ့ကောင်မလေးနော်

တခြားယောက်ျားတွေကိုအသာထား
မင်းကိုမှ ရစ်ချင်တဲ့ မင်းရဲ့ ဂရုစိုက် မှုကိုမှ လိုချင်တဲ့ မင်းရဲ့ကောင်မလေးနော်

မင်းချော့တာခံချင်လို့ မင်းကိုမရအရလိုက်ရစ်နေတဲ့ မင်းရဲ့ကောင်မလေးနော်

anni day ၊V day အခါကြီးရက်ကြီးတွေကျ
တခြားးစုံတွဲတွေလို surpriseတွေဘာတွေမလုပ်ပေးတာတောင် မင်းကို စိတ်မပျက်သွားပဲ ဆက်ချစ်နေတဲ့ကောင်မလေးနော်

စိတ်ကောက်ရင် နှုတ်ခမ်းစူတူတူလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ မင်းရဲ့ကောင်မလေးက မင်းစိတ်ညစ်တဲ့အခါတိုင်း အမြဲတမ်းရင်ဖွင့်ပြောဆိုနိ်ုင်ပြီး မင်းနဲ့အေးအတူပူအမျှ နှစ်ကိုယ်တူ ဘဝကို ကျော်ဖြတ်ချင်တဲ့ကောင်မလေးနော်

မင်းကိုရစ်ပြီးတိုင်း ငါအဲ့လိုမရစ်လိုက်သင့်ဘူးဆိုပြီး
စိတ်ထိခိုက်နေတတ်တဲ့ ကောင်မလေးနော်

ကဲ.... ဘော်ဒါရေ
ငါးမိနစ်လောက်ချော့လိုက်တာနဲ့ စိတ်ကောက်ပြန်ပြေမယ့်
မင်းရဲ့ အနာဂတ်မဟေသီလောင်းလေးကို ရှိသမျှမာန အကုန်ခဝါချလို့ အမျက်တော်ပြေအောင် သွားချော့တော်မူစမ်း..

image
8 w - Translate

ပဲပေါင်းနဲ့မျှစ်ကြော်
————————
ပဲပေါင်းအိအိလေးနဲ့ အထပ်ထပ်ပြုပ်ထားတဲ့ မျှစ်ပေါက်လေးတွေကို
ကြက်သွန်နီ ဆီသတ်နွမ်းရင် နနွင်းထည့်ပါ
မျှစ်ထည့်ပါမီအေးအေးနဲ့မျှစ်တွေနွမ်းတဲ့အထိမွှေကြော်ပေးပါ
ပဲပေါင်းထည့်ပါ ငံပြာရည်နဲနဲနဲ့ နှစ်သက်ရာ အချိုမှုန့်ထည့်ပါ
အသားလေးမွှေပေးပါ ရေနွေးလေးနဲနဲထည့်ပါ ပဲနဲ့မျှစ်နဲ့လံးကွဲမနေပဲထွေထွေးလေးဖြစ်ရင်ရပါ

image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

Credit - MOI

#သတင်းဟင်းလေးအိုးကြီး

imageimage
+8
8 w - Translate

🐙🐙ဘဲဥငံ ကင်းမွန်ကြော်🐙🐙

🔥🔥ပါဝင်ပစ္စည်းများ 🔥🔥

1..ကင်းမွန် 👉👉၃၀ကျပ်သား
2..ဂျုံ မှုန့်. 👉👉၁ခွက်
3..အားလူးမှုန့်? 👉👉၁ခွက်
4..ဆားဘဲဥ. 👉👉၃လုံး
5..ကြက်ဥ. 👉👉၂လုံး
6..ထောပတ် 👉👉အနည်းငယ်
7..ပင်စိမ်း 👉👉၂ ပင်~(၁၂ရွက်ခန့်)
8..ငရုတ်သီးနီ 👉👉၄တောင့်(ပါးပါးလှီး)
9..သကြား ?👉👉 စားပွဲတင်ဇွန်း ၁ ဇွန်း
10..ဆား 👉👉စားပွဲတင်ဇွန်း ၁ ဇွန်း
11..ကြက်သွန်ဖြူ 👉👉၃မွှာ
12..ကြက်သွန်မြိတ်👉👉၁ပင်
13..ဆီ 👉👉👉👉👉👉၅၀က်ပ္​းသား

✂✂ချက်ပြုတ်နည်း✂✂

--ကင်းမွန် ကို သန့်စင်ပြီး အကွင်းလေးတွေလှီးထားပါ။ဆားဘဲဥကို ၁၀မိနစ်ခန့်ပြုတ်ပြီးခွာထားပါ။အနှစ်ကိုသာယူပါမယ် အကာတွေမသုံးပါ။

--ဆားဘဲဥ အနှစ်နှင့် ကြက်သွန်ဖြူ ကို ကြေအောင်နှပ်နှပ်စဉ်းထားပါ။

--ဂျုံ နှင့် အားလူးမှုန့် ကိုရောပြီး ဆားအနည်းငယ်ထည့်၍ မွှေထားပါ။ကြက်ဥနှစ်လုံးကိုခေါက်ထားပါ။

--ကင်းမွန်ကို ခေါက်ထားသော ကြက်ဥ တွင်နှစ်၍ ရောထားသော အမှုန့်နှစ်မျိုး နှင့်ကပ်ပါ။ပြီးနောက် ဆီဆူဆူတွင် deep fried(၁မိနစ်ခွဲ)ခန့် ကပ်ကြော်ပါ။

--ထောပတ်ကို အိုးထဲတွင်အပူပေးပြီး သကြား၊ပင်စိမ်းနဲ့ ချေထားသော ဆားဘဲဥ ထည့်ပါ။အမြှပ်လေးများထွက်လာတဲ့ အထိမီးအေးအေးနဲ့ မွှေပေးပါ။

-အမြှပ်လေးများထွက်လာရင် ငရုတ်သီးနှင့် ကြော်ထားသော ကင်းမွန်ကို ထည့်ပြီး မွှေပေးပါ ။ထိုနောက် ကြက်သွန်မြိတ်လေး ဖြူးပြီး ဆားဘဲဥနဲ့ကင်းမွန် ကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီး✌✌✌✌✌

image
8 w - Translate

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက (၁၈)သိန်းကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင် ယခုနှစ် မိုးစပါး (၁၈ ၀၈၂၅၇) ဧက လျာထားစိုက်ပျိုးခဲ့ပြီး ယခုအခါ (၁၄၇၇၅) ဧ က ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။

"မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ တောင်ယာစပါး၊ ရက်(၉၀)၊ ကောက်ညှင်း၊ GW-11၊ ရွှေသွယ်ရင်၊ လုံးသွယ်မွှေး၊ ရွှေရင်‌အေး၊ YSR-1 မျိုးတွေစိုက်ကြတာပါ။အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပါတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်သူ လယ်သမားများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်တွင် (၇၂၄၁၈) ဧက၊ တမူးခရိုင် တွင် (၄၈၇၁၆) ဧက၊ ကလေးခရိုင်တွင် (၁၇ ၆၆၅၉) ဧက၊ ခန္တီးခရိုင်တွင် (၈၂၇၉) ဧက၊ ဟုမ္မလင်းခရိုင်တွင် (၆၃၈၁၄) ဧက၊ နာဂဒေသတွင် (၂၅၄၂၈)ဧက၊ မုံရွာခ ရိုင်တွင် (၇၃၈၆၆) ဧက၊ ယင်းမာပင်ခရိုင်တွင် (၁၀၂၈၃၁) ဧ က၊ ရွှေဘိုခရိုင်တွင် (၃၄၅၉၃၁) ဧက၊ ရေဦးခရိုင်တွင် (၂၉ ၅၆၁၄) ဧက၊ ကန့်ဘူခရိုင်တွင် (၁၈၅၀၅၇)ဧက၊ စစ်ကိုင်းခရိုင်တွင် (၄၃၈၁၉) ဧက၊ ကသာခရိုင်တွင် (၁၇၃၁၅၂) ဧက၊ ကောလင်းခရိုင်တွင် (၁၉၂၆၇၃) ဧက၊ စုစုပေါင်း (၁၈၀၈၂ ၅၇) ဧကကို မေလဆန်းမှ စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုးစပါးရိတ်သိမ်းရာတွင် တစ်ဧက ပျမ်းမျှအထွက်နှုန်း (၆၃ ဒသမ ၇၂) ရာခိုင်နှုန်းဖြင့် စုစုပေါင်း စပါးတင်းပေါင်း (၉၄ ၁၄၀၈) ထွက်ရှိကာ ကျန်ရှိမိုးစပါးများကို ဇန်နဝါရီလကုန်အထိ ဆက်လက်ရိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

image
8 w - Translate

လိပ်စာက ဘယ်နားလေးလဲ 😝 လိပ်စာက ဘယ်နားလေးလဲ 😝

image
8 w - Translate

ပန်းတွေနဲ့ မိုးထားတဲ့အိမ်🌼

ပန်းခင်းထဲက အိမ်လေးတွေ🏡
အိမ်ဆိုတာ နှလုံးသားတည်ရှိရာပဲ🏡

image
8 w - Translate

ပန်းတွေနဲ့ မိုးထားတဲ့အိမ်🌼

ပန်းခင်းထဲက အိမ်လေးတွေ🏡
အိမ်ဆိုတာ နှလုံးသားတည်ရှိရာပဲ🏡

image
8 w - Translate

ပန်းတွေနဲ့ မိုးထားတဲ့အိမ်🌼

ပန်းခင်းထဲက အိမ်လေးတွေ🏡
အိမ်ဆိုတာ နှလုံးသားတည်ရှိရာပဲ🏡

image