Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မိန်းမတယောက်ကအိမ်ထောင်ဖတ်အဖြစ်ရှာဖွေတဲ့ယောက်ကျားမျိုးက
ငွေကြေးချမ်းသာပြီး ရုပ်ရည်ချောမောလွန်းတဲ့သူမျိုးဖြစ်နေဖို့ ထက်
ဘ၀တစ်လျောက်လုံးမှာချစ်သူတစ်ယောက်လို နားလည်ပေးပြီး ..
ဖခင်တစ်ယောက်လို အားကိုးရမယ့်သူ
အကိုတစ်ယောက်လို ဖေးမပေးမယ့်သူ
ဆိုးအတူ ကောင်းအတူ သစ္စာရှိပြီးချစ်ပေးမယ့်သူမျိုး .....။
ယောက်ကျားတစ်ယောက်ကအိမ်ထောင်ဖတ်အဖြစ်ရှာဖွေတဲ့မိန်းခလေးက
ရုပ်ရည်ချောမောပြီး ဗိုင်းကောင်းကျောက်ဖိဖြစ်နေဖို့ ထက်
ဘ၀တစ်လျောက်လုံးမှာချစ်သူတစ်ယောက်လို နားလည်ပေးပြီး ..
မိခင်တစ်ယောက်လို နွေးထွေးမှု့ပေးမယ့်သူ
အမတစ်ယောက်လို နှစ်သိမ့်ပေးမယ့်သူ
ဆိုးအတူ ကောင်းအတူ သစ္စာရှိပြီးချစ်ပေးမယ့်သူမျိုး .....။
တကယ်တော့ ဘ၀လက်တွဲဖော်ဆိုတာ..
ကိုယ့်လက်ကိုတွဲခေါ်သွားမယ့်သူမျိုးလေ
အဲ့တာကြောင့် ရုပ်ရည်၊ ချမ်းသာကြွယ်၀မှု့တွေထက်
စိတ်သဘောထားချင်းတိုင်ဆိုင်သူကသာ ပိုအဆင်ပြေနိုင်မယ် မဟုတ်လား..။
မနော ဖြူ
နိုဝင်ဘာလ၂၁ရက်နိုင်ငံတကာသတင်းတိုများ
၁။ယူကရိန်းတွင်လတ်တလောပြုလုပ်သောစစ် တမ်းအရယူကရိန်းနိုင်ငံ သား ၅၂% ရာနှုန်းကစေ့စပ်ညှိနှိင်းဖြင့်စစ်ကိုအမြန်ဆုံးရပ်စဲရန်ဆန္ဒပြုခဲ့သည်။
၂။အစ္စရေးလေတပ်ကဆီးရီးယားနိုင်ငံသဲကန္တာရမြိုဖြစ်သောပယ်လ်မီရာမြိုကိုဗုံးကြဲတိုက်ခိုက်ရာလူ၃၆ဦးသေဆုံးသည်။
၃။ဂါဇာမြောက်ပိုင်းကာမဲလ်အက်ဒ်ဝမ်ဆေးရုံကိုအစ္စရေးကဗုံးကြဲရာကလေးအများစုအပါအဝင်လူ၆၆ဦးသေပြီး၁၀၀ကျော်ဒဏ်ရာရသည်။
၄။ကမ္ဘာ့ဖျော်ဖြေရေးနပမ်းWWE၏ အမှုဆောင်အရာရှိချုပ်ဟောင်းဘီလီယံနာသူဌေးမ မက်မာမွန်ကိုရွေးကောက်ခံသမ္မတထရမ့်ကပညာရေးဝန်ကြီးအဖြစ်ခန့်အပ်လိုက်သည်။
၅။အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း၊အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမိုက်ကယ်ဖလိုင်းကတတိယကမ္ဘာစစ်မဖြစ်စေရန်ဘိုဒင်ကိုသမ္မတသက်တမ်းမကုန်မီရာထူးမှဖယ်ရှားရန်အကြံပြုလိုက်သည်။
၆။ရုရှားကအီးယူနိုင်ငံများသိုနှစ်စဥ်သဘာဝဓါတ်ငွေ့၆၀ဘီလီယံကုဗမီတာပိုနေသောနော့စထရင်းရေအောက်ပိုက်လိုင်းကို၂၀၂၂ကဖောက်ခွဲမှုကိုအမေရိကန်ဗဟိုထောက်လှမ်းရေးCIA နှင့်ယူကရိန်းထောက်လှမ်းရေးတိုပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းဂျာမန်စပီဂျဲလ်မဂ္ဂဇင်းကထုတ်ဖော်ရေးသားလိုက်သည်။
"ဒစ်ဂျစ်တယ်ဘဏ်များသည် ဘရာဇီးငွေချေးသူများကြား အမြတ်အစွန်းရရှိမှုကို ဦးဆောင်နေကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။"
၎င်း၏ဘဏ္ဍာရေးတည်ငြိမ်မှုအစီရင်ခံစာတွင်၊ နိုင်ငံ၏ဘဏ်လုပ်ငန်းစနစ်အတွက် ရှယ်ယာအပေါ်ပြန်အမ်းငွေ (ROE) သည် ဇွန် 30 တွင် 15.11% အထိ မြင့်တက်လာပြီး 2023 ခုနှစ် ဒီဇင်ဘာလကုန်တွင် 14.23% မှ 15.11% အထိ မြင့်တက်လာကြောင်း ဗဟိုဘဏ်က မှတ်ချက်ပြုခဲ့သည်။
ဒစ်ဂျစ်တယ်ဘဏ်များသည် ၎င်းတို့၏ ROE သည် ဇွန်လကုန်တွင် 19.1% အထိ မြင့်တက်လာပြီး ယခင်နှစ်ဒီဇင်ဘာလကုန်တွင် 11.45% နှင့်စာလျှင် အမြင့်ဆုံးဖြစ်သည်။