ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၁၆

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၈၂ ဒေါ်လာ

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၀၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၇၀ ကျပ်
ဝယ်ဈေး - ၄၅၅၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၅၉၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၂ ကျပ်
ဝယ်ဈေး - ၂၈.၄၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၃၈ ကျပ်
ဝယ်ဈေး - ၅၀.၀၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၈ ကျပ်
ဝယ်ဈေး - ၃.၀၀ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၀၀ ကျပ်
ဝယ်ဈေး - ၅၄၅၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၅ ကျပ်
ဝယ်ဈေး - ၂၇၅၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၅ ကျပ်
ဝယ်ဈေး - ၃၀၅၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၂ ကျပ်
ဝယ်ဈေး - ၅၅၇ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၂ ကျပ်
ဝယ်ဈေး - ၁၁၈၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image

ဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခု ယာယီပိတ်ခံရ

ဖေဖော်ဝါရီ ၁၆

CDM ဆရာဝန်များကို အလုပ်ခန့်ထားခြင်းနှင့် PDF များကိုထောက်ပံ့ခြင်းကြောင့် ဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခုကို ယာယီပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါဆေးရုံများသည် မတ်လမှစတင်ကာ ပိတ်သိမ်းရမည်ဖြစ်ပြီး၊ ရုံးလုပ် ငန်းများကိုမူ ပုံမှန်အတိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

"ဂရန်းဟံသာဆေးရုံလည်းပါတယ်။ ဆာကူရာလည်းပါတယ်။ ဆေးရုံကိုးခုပေါ့။ စစ်ဆေးစရာတွေရှိလို့ ခဏပိတ်ထားမယ်။ ရုံးလုပ်ငန်းတွေကတော့ ဆက်လုပ်မှာပေါ့။ ဆေးကုသခွင့်ကတော့ မရဘူးပေါ့။ မတ်လ ၁ ရက်ကနေစပြီးပိတ်မယ်။" ဟု အစိုးရအဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုကဲ့သို့ ယာယီပိတ်သိမ်းရန်ညွှန်ကြားထားသည့် ဆေးရုံများမှာ ဂရန်းဟံသာဆေးရုံကို တစ်နှစ်၊ ဆာကူရာဆေးရုံကို ခြောက်လ၊ OSC ဆေးရုံကို တစ်နှစ်၊ သမိုင်းဆေးရုံကို သုံးလ၊ ကောင်းဆေးရုံကို သုံးလ၊ ကောင်းစုအောင်ဆေးရုံကို နှစ်နှစ်နှင့် ကျန်းမာသုခဆေးခန်း၊ ချမ်းမြေ့ဆေးခန်း၊ မြတ်တော်ဝင်ဆေးခန်းစ သည့် ဆေးခန်းသုံးခုကို အပြီးပိတ်ရန်ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဂရန်းဟံသာဆေးရုံနှင့် ဆာကူရာဆေး ရုံများက သတင်းအမှားသာဖြစ်ကြောင်း၊ ၂၄ နာရီဝန်ဆောင်မှုပေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့ နယ်၊ (၂၇)ရပ်ကွက်၊ ဆရာစံလမ်းတွင်ဖွင့်လှစ်ထားသည့် ပင်လုံ ပုဂ္ဂလိကဆေးရုံကို ဖေဖော်ဝါရီလနှင့်မတ်လ နှစ်လယာယီပိတ်သိမ်းခဲ့သေးသလို ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို မေလ ၁ ရက်နေ့ကစ ပြီး အချိန်နှစ်လကြာ ယာယီပိတ်သိမ်းခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image

ဝယ်ချင်ရင် ကစားသမားတွေ ရောင်းဖို့လိုတယ်လို့ အာမိုရင်ပြော

ဖေဖော်ဝါရီ ၁၆

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းအနေနဲ့ နွေရာသီမှာ ကစားသမားသစ်တွေ ဝယ်ယူချင်ရင် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို ရောင်းချဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

အာမိုရင်က “ရိုးရိုးလေးပါ၊ တစ်ခုခုလုပ်ချင်ရင် ကစားသမားတွေ ရောင်းချဖို့လိုပါတယ်။ ကျနော်တို့ဟာ အခု အချိန်မှာ ကစားသမား ခေါ်ယူမှု မလုပ်နိုင်သလို အပြောင်းအရွှေ့ကလည်း ပိတ်သွားပါပြီ။ ကျနော်တို့ဟာ လာမယ့်ပွဲတွေကို အာရုံစိုက်ဖို့လိုအပ်ပြီး နွေရာသီကျရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုကို ရှောင်ချင်တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ကြယ်ပွင့်ကစားသမား ဂါနာချိုကို ရောင်းချဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဂါနာချိုကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စားပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာကြောင့် ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က အသင်းမှာ လုပ်ခလစာ အများကြီးရရှိနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကိုလည်း အငှားချခဲ့ပါတယ်။

ဂါနာချိုကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက် အကယ်ဒမီထွက် ကိုဘီမိုင်နူးကို ခေါ်ယူဖို့ နွေရာသီမှာ ကြိုးပမ်းလာဖွယ်ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ကိုဘီမိုင်နူးကိုလည်း သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားဖွယ် ရှိနေပါတယ်။

မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက လက်ချီအသင်း နောက်ခံလူ ဒေါဂူနဲ့ အာဆင်နယ်အသင်းကြယ်ပွင့် ဟီဗန်တို့ကိုသာ ခေါ်ယူနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် လင်ဒီလော့ဖ်နဲ့ အဲရစ်ဆန်တို့ကို ထွက်ခွာခွင့် ပေးမှာဖြစ်ပြီး ဆန်ချိုကို ချယ်လ်ဆီးအသင်းထံ အပြီးသတ်ရောင်းချကာ ရက်ရှ်ဖို့ဒ်နဲ့ ကတ်စီမီရိုတို့ကိုလည်း ရောင်းချဖို့ စီစဉ်ထားပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ဂါနာချိုနဲ့ ကိုဘီမိုင်နူးတို့ကို အသင်းမှာ ဆက်ထိန်းသိမ်းချင်ပေမယ့် သူတို့ထဲက တစ်ဦးကို နွေရာသီမှာ ဆုံးရှုံးရဖွယ်ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro

ပုံ - အာမိုရင်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ငါးသိုင်းချောင်းမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေ

ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့အခြေစိုက် ဂွ - ငါးသိုင်းချောင်းလမ်းပိုင်းရှိ အမြောက်တပ် (၃၄၄) အနီးမှာ နစကတပ်နဲ့ AA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မနက်ပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး AA က နစကရဲ့ အမြောက်တပ် (၃၄၄) ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“နစကရဲ့ အမြောက်တပ် ၃၄၄ တပ်ရင်းကို AA က အပြင်းအထန် ထိုးစစ်ဆင်နေတာ။ နစကရဲ့ စက်တပ်လေထီးတွေကတော့ ဆက်တိုက်ဆိုသလို ဝဲပျံနေတာ။ လက်နက်ကြီးတွေ သုံးပြီးတော့လည်း ပြင်းပြင်းထန်ထန်ကို ခုခံနေတယ်။ အထိအခိုက်လည်း များနိုင်တယ်။ စာဥစမ်းမှာ နစကရဲ့ ထောက်ပို့ ဂိုဒေါင်တွေလည်းရှိတယ်လို့ သိရတယ်။ AA က မရပ်မနား ထိုးစစ်ဆင်နေတာဆိုတော့ တိုက်ပွဲကတော့ အခုထက်ပိုပြီး ပြင်းထန်လာနိုင်ခြေရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဂွမြို့နဲ့ မိုင် ၅၀ ကျော်ခန့် ကွာဝေးတဲ့ ငါးသိုင်းချောင်းမြို့ဟာ အမှတ် (၃၄၄) အမြောက်တပ်နဲ့ ၁၁ မိုင်ခန့် အကွာမှာ တည်ရှိတာဖြစ်ပြီး လက်ရှိမှာ ငါးသိုင်းချောင်းနဲ့ ၁၃ မိုင်ခန့်အကွာမှာ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ဧရာဝတီတိုင်းအတွင်း ထိုးဖောက် ဝင်ရောက်လာပြီး ဂွ - ငါးသိုင်းချောင်း လမ်းပိုင်းမှ နစကစခန်းတချို့နဲ့ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရဲစခန်း၊ ဘောမိကျေးရွာရှိ နစကတပ်စခန်းတွေကို ထိန်းချုပ်ပြီးနောက် လက်ရှိမှာ ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်ဘက်မှာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ လက်ရှိမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပြီး လတ်တလော တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော AA ဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒါအပြင် ဧရာဝတီတိုင်းထဲက သားပေါင်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာရှိ နစကစခန်းတခုကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ရခိုင်နဲ့အစပ် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ချင်းစုရွာမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံအများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်ဟာ နစကရဲ့ အမြောက်တပ် အမတ - ၃၄၄ တည်ရှိတဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အရေးပေါ် ရဟတ်ယာဉ်ကွင်း စတင်တည်ဆောက်ထားတဲ့ မြို့နယ်တခု ဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

#centralnewsnaypyitaw

image

မော်တင်စွန်းဘုရားပွဲ နှစ်စဉ်ကျင်းပမြဲအတိုင်း ၁၅ ရက်ကြာ ပြုလုပ်မယ်

ဖေဖော်ဝါရီ၁၆

ဧရာ၀တီတိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် မော်တင်စွန်းဘုရားပွဲတော်ကို မူလကျင်းပမြဲရက်များ အတိုင်းသာ ၁၅ရက်ကြာပြုလုပ်သွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ကပြောပါတယ်။

မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၁၃ ရက်အထိကျင်းပပြုလုပ်ဖို့ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ဘုရားပွဲတော်ကျင်းပဖို့ ဘုရားစေတီတော်ရင်ပြင် သန့်ရှင်းစေဖို့ပြင်ဆင်ဆောင်ရွက်တာတွေနဲ့ ဘုရားဖူးတွေရဲ့လုံခြုံရေးပိုင်းတွေအတွက် လုပ်ဆောင်ဖို့ပြုလုပ်နေတယ်လို့ဆိုပါတယ်။

" ဘုရားပွဲကလုပ်ဖြစ်တာဟုတ်ပါတယ်။နှစ်စဉ်အတိုင်းပါပဲ ၊နှစ်စဉ်ပြုလုပ်နေကြ ရက်အတိုင်း လုပ်နေကြအတိုင်းလုပ်မှာပါ၊ကျန်တဲ့ဘုရားပွဲတော်အစီစဉ်တွေက ဘုရားပွဲလုပ်မယ့်ရက်နီးလာရင်ပြန်ပြောမှာပါ"လို့ မော်တင်စွန်းစေတီတော်ဂေါပကအဖွဲ့ဝင်တယောက်ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်များအတွင်း ရခိုင်ပြည်နယ်အစပ်ဖြစ်တဲ့၊ဧရာဝတီတိုင်းငပုတောမြို့နယ်အနီးကရွာတွေမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားတာတွေရှိခဲ့သလို မော်တင်စွန်းတောင်ခြေအနီးနဲ့ ဘုရားဖူးလာရာလမ်းတွေမှာ လုံခြုံရေးတပ်ဖွဲ့စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေ ပြုလုပ်စစ်ဆေးတာတွေရှိနေကြောင်း ဒေသခံတွေထံကသိရပါတယ်။

" မော်တင်စွန်းဘုရားပွဲကဒီနှစ်တော့အကျဉ်းချုံးလုပ်မယ်ကြားနေရတာပဲ၊၁၅ရက်လုပ်တာကတော့နှစ်စဉ်အဲဒီရက်အတိုင်းပါပဲ။တိုက်ပွဲတွေဖြစ်တာရှိတော့အရင်ကလောက်တော့စည်မှာမဟုတ်ဘူးထင်တယ်။ဈေးဆိုင်ခန်းနဲ့တည်းခိုနေရာတွေတော့ မလုပ်ကြသေးဘူး။ပွဲတော်ကျင်းပရေးဘက်ကတော့ ဈေးဆိုင်တွေကိစ္စမကြာခင်ပြောမယ်ပြောတယ်။ခုထိတော့ ဘုရားပွဲတော်အတွက်သေချာမသိသေးဘူး။ရေကြောင်းကနေဘုရားဖူးလာမယ့်သူတွေအတွက်ကတော့ဒီဖေဖော်ဝါရီ၅ရက်ထဲကသင်္ဘောစပြေးနေတယ်"လို့ ငပုတောမြို့နေ ဒေသခံတယောက်ကပြောပါတယ်။

နှစ်စဉ် တပေါင်းလဆန်း ၁ ရက်ကနေ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်ကြာ မော်တင်စွန်းဘုရားပွဲတော်ကို ကျင်းပတာဖြစ်ရာ ဘုရားဖူးများတနှစ်ထက်တနှစ်များပြားလာခဲ့လို့၂၀၂၃ခုနှစ်မှာ စေတီတော်ရင်ပြင်ကို တိုးချဲ့ပြုပြင်တာတွေရှိခဲ့တယ်လို့သိရပါတယ်။

မော်တင်စွန်းဘုရားမှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းအနီး ပင်လယ်ကမ်းစပ်ရှိ မော်တင်အငူတွင်တည်ရှိတဲ့ ဆံတော်ရှင် စေတီတော်မြတ်တစ်ဆူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်နဲ့ ငသိုင်းချောင်းဘက်မှာ နစကနဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ရေးတင်းမာနေပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

စနေညပိုင်းနှင့် တနင်္ဂနွေမနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

imageimage
+4

ဖေဖော်ဝါရီ ၁၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ဖေဖော်ဝါရီ ၁၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
10 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။ချီလီကမ်းရိုးတန်းအနီး၌လှေလှော်သူတစ်ဦးသည်ဟမ်ပ်ဘတ်ဝေလငါးကြီး၏ပါးစပ်အတွင်းခဏတာဝင်ရောက်သွားပြီး အံ့ဖွယ်ကံကောင်းစွာဒဏ်ရာမရဘဲ ပြန်ထွက်လာသည့်အခိုက်အတန့်ကို ကင်မရာဖြင့် ဖမ်းယူရိုက်ကူးမိခဲ့သည်။

၂။အ​မေရိကန်သမ္မတထရမ့်ကကုန်သွယ်​ဖောက်ကားမှုတွင်မဟာမိတ်နိုင်ငံများသည်ရန်သူနိုင်ငံများထက်ပင်ဆိုးဝါးသည်ဟု​ပြောလိုက်သည်။

၃။အ​မေရိကန်သမ္မတထရမ့်သည်အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့်ကြာသပ​တေး​နေ့ကပူးတွဲပြုလုပ်​သောသတင်းစာရှင်းလင်းပွဲ၌အိန္ဒိယကိုအ​မေရိကန်၏ F-35ကိုယ်​ပျောက်တိုက်​လေယာဥ်များ​ရောင်းချ​ပေးမည်ဟု​ပြောလိုက်သည်။

၄။ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်​လေပြွန်​ရောင်​ရောဂါဖြင့်​ဆေးရုံတကိကုသခံ​နေ​ကြောင်းဗက်တီကန်နန်း​တော်ကသတင်းထုတ်ပြန်သည်။

၅။​တောင်ကိုးရီးယားစီးပွားကူးသန်းဝန်ကြီးကအ​မေရိကန်၏၏သံမဏိနှင့်အလူမီနီယမ်အ​ပေါ်အခွန်၂၅%​ကောက်ခံခြင်းသည်​တောင်ကိုးရီးယားကုမ္ပဏီများ၏အမြတ်အစွန်းကိုထိခိုက်​သော်လည်း​စျေးကွက်အသစ်များရှာရန်အခွင့်အလမ်းလည်းဖြစ်​ကြောင်း​ပြောလိုက်သည်။

NOM

ရွှေကုက္ကိုရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ဝင်ဖမ်းပြီး စစ်ဆေးတွေ့ရှိတဲ့နိုင်ငံခြားသားတွေကို ထိုင်းကိုပို့မယ်

ဖေဖော်ဝါရီ ၁၅

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တဲ့ နေရာတွေကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ကရင်နယ်ခြားစောင့်တပ် BGF ကဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားသားထောင်နဲ့ချီစစ်ဆေးတွေ့ရှိခဲ့ရပြီး ထိုင်းဘက်ကိုလွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ နိုင်ငံခြားတွေထဲမှာ တရုတ်နိုင်ငံသားတွေပါဝင်မှုများပြီး တွေ့ရှိနိုင်ငံခြားသားတွေထဲမှာ ရိုက်နှက်ခံထားရခြင်းရှိမရှိနဲ့ လူကုန်ကူးခံရပြီးရောက်ရှိလာခြင်းဟုတ်မဟုတ်ကို BGF ကစစ်ဆေးခဲ့ပြီး နေရပ်ပြန်လိုသူတွေကိုစာရင်း ကောက်ယူမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ဖေဖောဝါရီ၁၄ ရက်နေ့မှာ ရွှေကုက္ကိုလ်ထဲက နေရာတခုတည်းကို ဝင်ရောက်ရှာဖွေးစစ်ဆေးအရ နိုင်ငံခြားသား ၂၀၀၀ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

" ဒီနေ့ ထိုင်းကိုပြန်လွှဲပေးကြမယ်သိရတယ်။ ထိုင်းဗီဇာနဲ့ဝင်လာတာဖြစ်လို့ထိုင်းကိုပြန်လွှဲပေးတာ။ပြန်ချင်တဲ့သူတွေကို ဘာသာပြန်နဲ့စာရင်းတွေကောက်တာလည်းရှိတယ်ဆိုတော့ လူလွှဲပေးတာဘယ်လိုပုံစံလာမလည်းမသိသေးဘူး။ သူတို့စစ်ဆေးတွေ့ရသမျှ လူတွေကိုအကုန်လုံး ထိုင်းပို့ပေးရင် ထိုင်းကအကုန်လုံးလက်ခံမှာလား ဆိုတာရှိတယ်။နိုင်ငံခြားသားတွေကိုသက်ဆိုင်ရာနိုင်ငံတေံကလက်မခံရင်ထိုင်းမှာပဲ သောင်တင်နေမယ့်အခြေအနေဆိုတော့ စောင့်ကြည့်ရမှာပဲ။ကျားဖြန့်လုပ်နေတဲ့ဂိုဏ်းတွေကို တကယ်ထိရောက်အောင်ပပျောက်အောင်လုပ်ဖို့တော့လိုတယ်။" လို့ ဒေသခံက သုံးသပ်ပြောပါတယ်။

မနေ့က ရွှေကုက္ကိုလ်မြို့ထဲက သဲပုံဂိတ်၊ ဝမ်ဖာဂိတ်၊ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရထိုက်ကုမ္ပဏီဝင်းနဲ့ အပိုလိုကုမ္ပဏီဝင်း တို့ကို BGF တပ်တွေက ဝင်ရောက်စီးနင်းပြီး စစ်ဆေး ရှာဖွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

BGF က ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖွဲ့စည်းပြီးနောက်မှာ ခုလို ဝင်ရောက်စီးနင်းပြီး ရှာဖွေမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအစိုးရက ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခိုကူးမှုတွေနဲ့ပတ်သက်ပြီး ဖိအားတွေပေးနေသလလို BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့အထိ လုပ်ဆောင်မှုရှိလာတာကြောင့် BGF ဘက်ကလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခိုကူးမှုတွေနဲ့ပတ်သက်ပြီး ခုလိုမြန်မြန်ဆန်ဆန်ပင် ရှာဖွေဖမ်းဆီးမှုတွေကိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

ကျားဖျန့်နှိမ်နင်းရေး၊ ပြန်လည်ပို့ဆောင်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က တော့ ရွှေကုက္ကိုလ်မြို့အတွင်း ရှာဖွေတွေ့ရှိထားတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးပြီး ထိုင်းကို ချစ်ကြည်ရေးတံတားကနေ ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ မီဒီယာအချို့ကိုပြောဆိုထားပါတယ်။

ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့လူမှောင်ခိုကူးမှုတွေကို ရွှေကုက္ကိုလ်ဘက်မှာအဓိကလုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Photo- CJ

#centralnewsnaypyitaw

image
image
image