မြန်မာ့တိုင်းရင်းဆေးပညာပါရဂူဘွဲ့အထိပေးအပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်ပညာသင်နှစ်ကစတင်ပြီး ပါရဂူသင်တန်းများကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ပြောကြား

နိုဝင်ဘာ ၂၃

မြန်မာ့တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့အထိပေးအပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစတင်ပြီး ပါရဂူသင်တန်းများကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်က တိုင်းရင်းဆေးပညာကဏ္ဍကို မြှင့်တင် ပေးလျက်ရှိကြောင်း၊ ၁၉၈၉ ခုနှစ်၊ ဩဂုတ်လ (၃)ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနအဖြစ် သီးခြား ဖွဲ့စည်းတိုးမြှင့်ပေးသည့်အတွက် တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုလျင်မြန်လာခဲ့ ကြောင်း၊ ၂၀၀၁ ခုနှစ်က မန္တလေးမြို့တွင် တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်ခဲ့ပြီး မျိုးဆက်သစ်များကို မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့များ အပ်နှင်းနိုင်ခဲ့ကြောင်း၊ နိုင်ငံတော် အနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရန်အတွက် ကျန်းမာရေးကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

နိုင်ငံတော်အစိုးရက တိုင်းရင်းဆေးအခန်းကဏ္ဍကို အလေးအနက်ထားပြီး အားပေးချီးမြှောက်ပေးလျက် ရှိနေသလို တိုင်းရင်းဆေးပညာရှင်များကလည်း ကြိုးစားအားထုတ်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ထိုသို့ကြိုးစားအားထုတ်ကြရာတွင် ကျင့်ဝတ်နှင့်အညီ စည်းကမ်းတကျဖြစ်စေရန် တိုင်းရင်းဆေးကောင်စီဥပဒေ၊ တိုင်းရင်းဆေးဝါးဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန် မှာကြား လိုကြောင်း။ ယခုအခါတွင် တိုင်းရင်းဆေးတက္ကသိုလ်က မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်မှ တိုင်းရင်းဆေးပညာမဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေး ထုတ်ပေးနေပြီဖြစ်သလို နိုင်ငံတော် အစိုးရ၏ ချီးမြှောက်ပံ့ပိုးမှုနှင့် မြန်မာ့တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့အထိပေးအပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ် ကစတင်ပြီးပါရဂူသင်တန်းများကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မြန်မာ့တိုင်းရင်းဆေးပညာကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာ ကဏ္ဍများနှင့်လည်း ယခုထက် ပိုမိုချိတ်ဆက်လေ့လာပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်အစရှိသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာ ကဏ္ဍများတွင် အတူလိုက်ပါ ပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများအရည်အသွေးပြည့်ဝစွာ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောသည်။

Credit - NV Media

#သတင်းဟင်းလေးအိုးကြီး

image

ဇက်ခ်ဇီကို စိတ်ရှည်ဖို့ ယူနိုက်တက်ကို လီဝန်ဒေါစကီးပြော

နိုဝင်ဘာ ၂၃

ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက ပရီးမီးယားလိဂ်မှာ အသားကျဖို့ ရုန်းကန်နေရတဲ့ ဘိုင်ယန်မြူးနစ် အသင်းဖော်ဟောင်း ဇက်ခ်ဇီကို စိတ်ရှည်ဖို့ ယူနိုက်တက်အသင်းကို ပြောခဲ့ပါတယ်။

လီဝန်ဒေါစကီးက “ဇက်ခ်ဇီက အံ့သြစရာကောင်းလောက်အောင် ကစားနိုင်တဲ့သူဖြစ်ပြီး ဘောလုံးကို ထိန်းနိုင်သလို တစ်ချက်၊ နှစ်ချက်အထိ အပေးအယူတွေနဲ့လည်း ကစားနိုင်ပါတယ်။ သူဟာ ဂိုးဧရိယာ ထဲမှာလည်း ကောင်းမွန်စွာ အဆုံးသတ်နိုင်ပါတယ်။ အခုက သူ့အတွက်အချိန်အနည်းငယ်လိုအပ်ပါတယ်။ မျှော်လင့်ချက်ကြီးမားတဲ့ ဒီလိုအသင်းကြီးမှာကစားမယ်ဆိုရင် ဒါကပုံမှန်ပါပဲ။ သူ့ကိုသာ ကောင်းမွန်စွာ အသုံးပြုနိုင်ရင် သူဟာ အသင်းဖော်တွေနဲ့ အသင်းကို တကယ်အကူအညီပေးနိုင်တဲ့သူပါ။ သူဟာ ဂိုးသွင်း နိုင်သလို အသင်းဖော်တွေအတွက် နေရာလွတ်ဖန်တီးပေးနိုင်တဲ့ ကစားသမားပါ”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီက ပေါင် ၃၆.၅ သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဇက်ခ်ဇီဟာ ယူနိုက်တက် အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုအများအပြားခံနေရတာဖြစ်ပါတယ်။

ဇက်ခ်ဇီဟာ ယူနိုက်တက်အသင်းကစားသမားဘ၀ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်းကစားခဲ့တဲ့ ၁၅ ပွဲစလုံးဂိုးပေါက်ပျောက်ဆုံးနေခဲ့တာပါ။

ဇက်ခ်ဇီဟာ ယူနိုက်တက်အသင်းမှာတင်မဟုတ်ဘဲ နယ်သာလန်လက်ရွေးစင်အသင်းမှာလည်း ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့သတင်းတွေမှာ ယူနိုက်တက်အသင်းဟာ ဇက်ခ်ဇီကို ပြန်ရောင်းချပြီး နောက်ထပ် တိုက်စစ်မှူးတစ်ဦးခေါ်ယူမယ်လို့ ဖော်ပြထားတာပါ။

ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးကတော့ ဇက်ခ်ဇီဟာ နည်းပြသစ် အာမိုရင်လက်ထက် အင်္ဂလိပ်ဘောလုံးလောကမှာ ခြေစွမ်းကောင်းတွေပြသနိုင်မယ်ဆိုတာကို သံသယမရှိတာဖြစ်ပါတယ်။

ဇက်ခ်ဇီအနေနဲ့ နည်းပြသစ် အာမိုရင်လက်ထက် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရနိုင်ဖို့ အများကြီး ကြိုးစားရဖို့ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Metro

ပုံ - လီဝန်ဒေါစကီးနဲ့ ဇက်ခ်ဇီကိုတွေ့ရစဉ်

#centralnewsnaypyitaw

image

Part-1
တစ်ခဏ

လောကမှာ ထာဝရဆိုတာ
ဘယ်တော့မှ မရှိဘူး
တစ်ခဏလေးတေ္ ချည်းပါပဲ။
ဒေါက်တာအရှင်နန္ဒမာလာဘ်ဝံသ
ဆရာတော်ပြောတဲ့ “တစ်ခဏ”ဆိုတာ ဆရာနိုးမဲ့ ကျွန်မအတွက်တော့ နှစ်ပေါင်း ၅၂ နှစ်ပါပဲ။ ၁၉၇၀ ဆရာ့ဆီ ကျူရှင်တက်ခဲ့တယ့် နှစ်ကနေ စရေတွက်လိုက်ရင်သူ ကျွန်မကိုခွဲထားရစ်ခဲ့တယ့် ၂၀၂၂ နှစ်ထိ နှစ်ပေါင်း ၅၂ နှစ်ဟာ ကျွန်မတို့တွက်တော့ တစ်ခဏပါပဲ။ အချိန်တွေဆွဲဆန့်လို့ရရင်တော့ အတိုင်းထက်အလွန်ပေါ့လေ။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော် ၁၉၇၀-၇၁ ရော့သင်တန်းတက်ဖို့ ဖေဖေကိုယ်တိုင် ဆရာ့ဆီကိုလိုက်အပ်ပေးတယ့်အချိန်ကစပြီး ဆရာနဲ့ကျမတို့ရဲ့ အမှတ်မထင်ကနေ တစ်ဘဝစာ အမှတ်တရရှိခဲ့ရတာလေ။ ပြန်တွေးတိုင်းမြင်ယောင်နေမိတယ်။ သူ့စားပွဲရှေ့က ကပ်လျက်ခုံတန်းမှာ ကျွန်မနဲ့ သူငယ်ချင်းရွှေနီတို့ အတူထိုင်ခဲ့ကြတာ ဆယ်တန်းသင်တန်းမပြီးမချင်းပေါ့။ Grammar လေ့ကျင့်ခန်းလုပ်တယ့်နေ့တွေမှာ ကျွန်မကလေ့ကျင့်ခန်းတွေဖြေနေချိန် ဆရာက သူ့စားပွဲပေါ်မှာ မြေဖြူနဲ့ ကျွန်မပုံတူဆွဲနေတတ်ပါတယ်။
ဘာကြောင့် တခြားကျောင်းသူပုံမဆွဲဘဲ ကျွန်မပုံကိုမှ ဆွဲတာလဲဆိုတာတော့သူမှသိနိုင်မှာပါပဲ။ ၁၉၇၁ ဇန်နဝါရီနှစ်သစ်မှာ ကျူရှင်ခ ၁ဝိ တန်အသစ်လေးပေါ်မှာ Happy New Year လို့ ရေးရမှာကို New အစား New လို့ကိုယ့်နာမည်ပေါင်းနေကျအကျင့်ပါပြီး Happy New Year ဖြစ်သွားတော့တာပေါ့။ ကျွန်မက ဘာရယ်မဟုတ် နှစ်သစ်မို့ အမှတ်တရရေးပေးမိတာပါ။ အဲ့ဒီ ၁ဝိ တန်လေးကို ကျွန်မဘွဲ့ရပြီးတယ့်အချိန် ဆရာ့ဆီရောက်တော့ ဆရာထုတ််ပြတော့ အံ့ဩသင့်ပြီး ဆရာ့အတွင်းစိတ်ကို ကျွန်မခန့်မှန်းလို့ရခဲ့တယ်။ ပညာရေးတက္ကသိုလ်တက်နေတဲ့တစ်လျောက်လုံး ဆရာနဲ့ မကြာမကြာတွေ့ကြပေမဲ့ အဲ့ဒီ ၁ဝိ တန်လေးအကြောင်းတစ်ခွန်းမှ မဟခဲ့ဘူး။ ဒီလိုသိမ်းထားလိမ့်မယ်လို့လည်း ကျွန်မ မထင်ခဲ့မိဘူး။ အခုလည်း ဘယ်မှာသိမ်းထားလဲမသိ၊ သူ့ပစ္စည်းတွေ ရှင်းလင်းရေးလုပ်နေတာမတွေ့မိသေးဘူး။
ကျွန်မဘွဲ့ဓာတ်ပုံလေး ပန်းချီဆွဲပေးမယ်ဆိုပြီးတောင်းတော့ ပေးလိုက်တယ့်အချိန်မှာ ပုံနောက်မှာ သူ့လက်မှတ်ကောက်ထိုးလိုက်တာ၊ အပိုင်ယူတယ်ဆိုတဲ့ သဘောပေါ့လေ။ ညားသာသွားရော ပန်းချီကားဖြစ်မလာဘူး။ ဓာတ်ပုံလေးကိုတော့ သူ့ရဲ့ငွေစုစာအုပ်ထဲမှာညှပ်ထားတာ တွေ့ရတယ်။ သမီးရည်းစားကာလမှာ ပြောဖူးတာကတော့ ဘဏ်စာအုပ်မှာ ငွေစုသလို အချစ်တွေစုတယ်လို့ ပြောတာပဲ။ သောကြာသား စာရေးဆရာ ကဗျာဆရာဆိုတော့လည်း စကားကြွယ်တာပေါ့လေ။

#ဆက်ရန်ရှိ

8 w - Translate

သုံးလေလေ အကျိုးများလေလေ
မိန်းမသားဆန်ဆန်လှပမှုအတွက် မိန်းကလေးတိုင်းသုံးပေးသင့်တဲ့ Daily Need 💗
မိန်းမသားတစ်ယောက်အတွက် ကျန်းမာခြင်းအပြည့် လှပခြင်းအပြည့်နဲ့ တောက်ပနိုင်ဖို့...
- ကိတ်ပြီးဖြူ တကယ်ထိရောက်တဲ့ ကိတ်ဖြူကော်လဂျင်
- မိန်းမကိုယ်ကျဥ်း ကျန်းမာပြီး အိမ်ထောင်ရေးသုခပြည့်စုံစေမဲ့ သောက်ဆေး
- တင်၊ ရင်သားကို သဘာဝအတိုင်း ကျန်းမာစွာ ရှယ်ကိတ် ရှယ်လှစေမဲ့ Herbal Cream
- မိန်းမကိုယ်သန့်ရှင်းရောဂါကင်းစေမဲ့ Feminine Wash, Feminine Soap စတဲ့ မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ်လေးတွေကို အခုပဲ အမြန် Message Box မှာ မှာယူလိုက်တော့နော် 📢📢
#herbalcream #dailyneed #ကိတ်ဖြူ #collagen #femininewash

image

ကျောက်မျက်ရတနာ ပြပွဲမှာ ကျောက်မျက်အတွဲပေါင်း (၆၂)တွဲ ရောင်းချထားနိုင်ခဲ့ပြီဟုဆို

နိုဝင်ဘာ ၂၃

နေပြည်‌တော်မှာ ကျင်းပပြုလုပ်နေတဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ မှာ ကျောက်မျက်အတွဲပေါင်း (၆၂) တွဲ ရောင်းချထားနိုင် ခဲ့ပြီလို့ ပြပွဲ ကျင်းပရေး ကော်မတီက ပြောပါတယ်။

ပြပွဲမှာ ပုလဲအတွဲပေါင်း (၂၈၀)တွဲ၊ ကျောက်မျက်အတွဲပေါင်း (၁၆၀)နဲ့ အုပ်စု (A,B,C) သုံးအုပ်စုခွဲခြားထားတဲ့ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

ရောင်းချရတဲ့ ကျောက်မျက် အတွဲ (၆၂) တွဲဟာ ကျောက်မျက်အတွဲ (၁) ကနေ အတွဲအမှတ် (၁၆၀) အတွင်းကနေ ရောင်းချထားရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲကို နိုဝင်ဘာ (၁၈) ရက်ကနေ (၂၇) ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

မှတ်ပုံမတင်တဲ့ ဆန်စပါးသိုလှောင်ရုံတွေ လုပ်ငန်းယာယီ ပိတ်သိမ်းသည်အထိ အရေးယူမယ်လို့ဆို

နိုဝင်ဘာ ၂၃

မှတ်ပုံမတင်တဲ့ ဆန်စပါးသိုလှောင်ရုံတွေကို လိုအပ်ပါက လုပ်ငန်းယာယီ ပိတ်သိမ်းသည်အထိ အရေးယူသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာရဲ့ ထုတ်ပြနိချက်အရ သိရပါတယ်။

အဲ့ဒီလို အရေးယူသွားမယ်ဆိုတဲ့အကြောင်းကို အောက်တိုဘာ (၂၄)ရက်နေ့ကတည်းက ထုတ်ပြန်အသိပေးထား ပြီး ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ပုံတင်ကို (၂၅)တန်နဲ့ အထက် သိုလှောင်ရုံ (သို့) စပါးတင်း (၂၅၀၀) နဲ့ အထက် သိုလှောင်ရုံ ပိုင်ဆိုင်ထားသူတွေ လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမိန့်ထုတ်ပြန်ပြီးတဲ့ နေ့ကနေစပြီး (၂) လပြည့်တဲ့ နေ့မှာတော့ သတ်မှတ် ဆန်စပါးသိုလှောင်ရုံတွေ မှတ်ပုံမတင်ရှိပါက စာနဲ့ သတိပေးတာ၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ လိုင်စင် / မှတ်ပုံတင် လက်မှတ်/ လုပ်ကိုင်ခွင့် ‌တွေကို ယာယီ ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်တွေအနေနဲ့လဲ လိုက်နာဆောင်ရွက်ကြဖို့ကို စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက အသိပေးပြောဆိုထားပါသေးတယ်။

#centralnewsnaypyitaw

image

လွှတ်ချရအုံးမယ် ထင်ပါရဲ့ ..
နေပျော်ပါတယ်..
အရင်ကလဲ .တစ်ယောက်ထဲ..
အခုလဲ.တစ်ယောက်တည်း..

#စာရယ်ကဗျာရယ်

image
Frankie shared a post  
8 w

8 w

ထူးခြားမွန်မြတ်လှတဲ့ ထီးအရိပ် အလှူ

"ဒါနတစ်ခု နေ့စဉ်ပြုပါ" ဆိုတဲ့စကားအတိုင်း မြတ်သောအလှူဒါနများစွာထဲမှ အခုတစ်ခေါက်မှာတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားခဲ့တဲ့ ထူးခြားမွန်မြတ်လှတဲ့ ထီးလှူဒါန်းရခြင်းမှ ရရှိနိုင်တဲ့ အကျိုးတရားအထွေထွေတို့ကို ဓမ္မဒါန ပရိတ်သတ်ကြီးအတွက် လက်ဆင့်ကမ်းမျှဝေလိုက်ရပါတယ်။

"ထီးလှူရခြင်းအကျိုး (၈) မျိုး"
၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။
၄။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများမဖျက်ဆီးနိုင်ခြင်း။

အလှူတစ်ခုပြုကြတိုင်း သဒ္ဒါစိတ်ယိုဖိတ်ကာလှူဒါန်းခြင်းဖြင့် မိမိတို့ရဲ့ အလှူကို အထမြောက်အောင် လှူဒါန်းနိုင်ကြတဲ့ သူများဖြစ်စေဖို့ ဆုတောင်းအကြံပြုရင်း နိဂုံးချုပ်ရပါတယ်။
ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေ။

#ဓမ္မဒါန
#frankiestories

image

ထူးခြားမွန်မြတ်လှတဲ့ ထီးအရိပ် အလှူ

"ဒါနတစ်ခု နေ့စဉ်ပြုပါ" ဆိုတဲ့စကားအတိုင်း မြတ်သောအလှူဒါနများစွာထဲမှ အခုတစ်ခေါက်မှာတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားခဲ့တဲ့ ထူးခြားမွန်မြတ်လှတဲ့ ထီးလှူဒါန်းရခြင်းမှ ရရှိနိုင်တဲ့ အကျိုးတရားအထွေထွေတို့ကို ဓမ္မဒါန ပရိတ်သတ်ကြီးအတွက် လက်ဆင့်ကမ်းမျှဝေလိုက်ရပါတယ်။

"ထီးလှူရခြင်းအကျိုး (၈) မျိုး"
၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။
၄။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများမဖျက်ဆီးနိုင်ခြင်း။

အလှူတစ်ခုပြုကြတိုင်း သဒ္ဒါစိတ်ယိုဖိတ်ကာလှူဒါန်းခြင်းဖြင့် မိမိတို့ရဲ့ အလှူကို အထမြောက်အောင် လှူဒါန်းနိုင်ကြတဲ့ သူများဖြစ်စေဖို့ ဆုတောင်းအကြံပြုရင်း နိဂုံးချုပ်ရပါတယ်။
ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေ။

#ဓမ္မဒါန
#frankiestories

image
8 w - Translate

တစ်ခွန်းနဲ့တင် လုံလောက်တဲ့ စကားပြောတွေ ✅

#englisheverywhere

image