ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#နိုင်ငံတကာသတင်း
◾️ယူကရိန်းအရေးအတွက် ဥရောပခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးပြုလုပ်မည်
ယူကရိန်းပဋိပက္ခအပေါ် ဒေါ်နယ်ထရန့်၏ တစ်ကိုယ်တော်ကိုင်တွယ်မှုကို အခိုင် အမာ တုံ့ပြန်ရန် ဥရော က ကြိုးစားနေစဉ်မှာပင် ယူကရိန်းစစ်ပွဲ နှင့် ဥရောပလုံခြုံရေးကို ဆွေး နွေး ရန် ဥရောပခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကိုလက်ခံ ကျင်းပ သွားမည် ဖြစ်ကြောင်း ပြင်သစ်နိုင်ငံက ပြောကြားသည်။
ကိဗ် အတွက် လုံခြုံရေးနှင့်ပတ်သက်၍ ၎င်းတို့ပေးအပ်နိုင်မည့် အာမခံချက်များ အကြောင်း မေးမြန်းထားသော မေးခွန်းများကို ဝါရှင်တန်က ဥရောပအစိုးရများထံ ပေးပို့ခဲ့ပြီးနောက် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဥရောပအတွက်နေရာ မရှိကြောင်း ထရန့်၏ ယူကရိန်းအရေးအထူးကိုယ်စားလှယ် ကိသ်ကဲလော့ဂ် က စနေနေ့တွင် ပြောကြားခဲ့သည်။
ထို့နောက်ဥရောပလုံခြုံရေးနှင့်ပတ်သက်၍ ဆွေးနွေးရန် ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် က အဓိကဥရောပနိုင်ငံများနှင့် တွေဆုံသွားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး ဂျင်နိုဝယ်ဘာရော့က ပြင်သစ် အင်တာ ရေဒီယိုအားပြောကြားသည်။
ယင်းအစည်းအဝေးသို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ ၊ ဂျာမနီအဓိပတိ အိုလဖ်ရှိုးဇ် ၊ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတဲ ၊ ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါလီယန်း တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားသည်။
ထို့ပြင်အီတလီ ၊ ပိုလန် ၊ စပိန် ၊ နယ်သာလန် နှင့် ဒိန်းမတ်ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဟု ပြင်သစ်သမ္မတရုံးက ယမန်နေ့က ထပ်မံပြောကြားသည်။
မော်စကို က အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အလားတူထိပ်သီးအစည်းအဝေးများကို ဥရောပကို အကြိမ်များစွာကျင်းပခဲ့သော်လည်း ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ၊ ရုရှားနိုင်ငံနှင့်ဆက်ဆံရေး တို့နှင့်ပတ်သက်၍ နိုင်ငံရေးအားနည်းမှု ၊ တစ်ခါတစ်ရံ စည်းလုံးညီညွတ်မှုမရှိခြင်း နှင့် စည်းစည်းလုံးလုံးရှိသော အစီအစဉ်များကို ပြသရန် ရုန်းကန်နေခဲ့ရကြောင်း သတင်းက ဖော်ပြသည်။
ယခုထိပ်သီးအစည်းအဝေးတွင် ယူကရိန်းအား ချက်ချင်းမည်သို့ ကူညီနိုင်မည် ၊ ကိဗ်အတွက် လုံခြုံရေးအာမခံချက် ပေးရာတွင် ဥရောပက မည်သို့သောအခန်းကဏ္ဍမှ ပါဝင်နိုင်သည်နှင့် ဥရောပအတွက် အားလုံးပါဝင်သည့် လုံခြုံရေးကို တောင့်တင်းအောင် လုပ်ဆောင်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ကြောင်း ဥရောပသံတမန်များက ပြောကြားကြသည်။
ယူနိုက်တက်နည်းပြ ရာထူးအတွက် စိုးရိမ်မှုမရှိဘူးလို့ အာမိုရင်ပြော
ဖေဖော်ဝါရီ ၁၇
ယူနိုက်တက်အသင်းဟာ စပါးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၂ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် နည်းပြအာမိုရင်က သူ့ရဲ့နည်းပြရာထူးအတွက် စိုးရိမ်မှုမရှိဘူးလို့ ပြောခဲ့ပါ တယ်။
အာမိုရင်က “ကျနော် စိုးရိမ်မှုမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ ထင်မြင်မှုတွေ ကို ကျနော် နားလည်ပါတယ်။ ကျနော်ဟာ ရှုံးနိမ့်ရတာကို မုန်းတီးပြီး ဒီခံစားချက်က ဆိုးရွားလွန်းပါတယ်။ တခြား အရာတွေကို မစဉ်းစားဘဲ ကစားသမားတွေကို ကူညီဖို့ ကျနော် ရောက်ရှိနေတာပါ။ ကျနော့်ရဲ့ အခြေအနေ၊ ကျနော့်ရဲ့ အလုပ်ကိုနားလည်ပြီး ပွဲတွေကို အနိုင်ရယူချင်ပါတယ်။ အမှတ်ပေးဇယား ရပ်တည်မှုက စိုးရိမ်စရာ ဖြစ်ပေမယ့် ကျနော့်အတွက်တော့ ကျနော်မစိုးရိမ်ဘူး”လို့ BBC ကိုပြောခဲ့တာပါ။
နည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ် ၁၄ ပွဲ ကိုင်တွယ်အပြီးမှာ ၈ ပွဲအထိ ရှုံးပွဲကြုံတွေ့ ထားတာကြောင့် သူ့ရဲ့နည်းပြရာထူးဟာ ဖိအားတွေရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာ ကို ရောက်ရှိသွားခဲ့ပြီး နှစ်ပေါင်း ၅၁ နှစ်အကြာမှာ အဆိုးရွားဆုံးအဆင့် ရပ်တည်မှုဖြစ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာနှိပ်စက်မှုတွေကြောင့် အရန်ခုံတန်းပေါ်မှာ လူငယ်ကစားသမား အများအပြားကို ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြအာမိုရင်ဟာ တိုက်စစ်မှူး ချီဒိုအိုဘီ တစ်ဦးတည်းကိုသာ စပါးအသင်းနဲ့ပွဲမှာ လူစားလဲ အသုံးပြုခဲ့တာပါ။
နည်းပြအာမိုရင်က ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် လူငယ်ကစားသမားတွေကို သတိထားကိုင်တွယ်ဖို့ ကြိုးစားနေပြီး အပြောင်းအလဲ ပြုလုပ်ဖို့ မလိုဘူးလို့ ခံစားခဲ့ရကြောင်း ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အဓိက ကစားသမားဖြစ်တဲ့ အာမတ်ကို ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားပေးရဖို့ ရှိနေပြီး ကိုဘီမိုင်နူးနဲ့ အူဂါတေးတို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးထားရတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရလဒ်ကောင်းတွေရရှိနေတဲ့ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
ပုံ - အာမိုရင်ကိုတွေ့ရစဉ်
#ဘောလုံးသတင်းစုံ
Well aging ကို target ထားတဲ့ Product 2ခုထဲက
🌻Which One's for you?🌻
Beauty of Joseon Ginseng Essence Water /
Sur.Medic Azulene Soothing Peptide Ampoule
Anti-aging အတွက် ထိရောက်တာမျိုး ရှာနေတဲ့သူတွေအတွက် 👨⚕Nyi ဒီနေ့ review ရေးပြီးသား product 2ခုကို comparison လေး လုပ်သွားပါမယ်။
🌱Ingredients
BOJ --> Well aging အတွက် ginseng root water ကို သုံးထားတယ်။ Ginseng က အရေပြားက collagen synthesis ကို လှုံ့ဆော်နိုင်တဲ့အပြင် well aging အတွက်လဲ ကောင်းလို့ anti-aging အတွက်တင် မဟုတ်ဘဲ youthful glowing skin ရချင်တဲ့သူတွေပါ သုံးလို့အဆင်ပြေတယ်👍 Niacinamide 2% လဲပါလို့ niacinamide % များတာတွေ သုံးလို့အဆင်မပြေတဲ့သူတွေအတွက်လဲ ဒီ essence က ရွေးချယ်စရာတခုဖြစ်နိုင်တယ်။ အားလုံးသိတဲ့အတိုင်း niacinamide✨ က sebum production ကို regulate လုပ်ပေးတယ်, အသားအရေကို brighten ဖြစ်စေတယ်, post acne red marks တွေ hyperpigmentation တွေ သက်သာစေတယ်, weakened skin barrier ကိုလဲ တဖက်တလမ်းကနေ အထောက်အပံ့ပေးတယ်။ Glycerin 4%, sodium hyaluronate လဲ ပါလို့ hydration မကောင်းမှာလဲ မပူရဘူး💦
Sur.Medic --> သူကကြတော့ anti-aging အတွက် peptide တွေကို အားပြုထားတယ်🍳 အများစုမသိတာက peptide တွေက collagen synthesis ကို လှုံ့ဆော်လို့ anti-aging အတွက် အသုံးများတယ်ဆိုပေမဲ့ aging problem မရှိဘဲ အသားအရေကို healthy ဖြစ်ချင်တဲ့သူတွေပါ သုံးလို့အဆင်ပြေတယ်❣️ နောက်ပြီး သူ့မှာ azulene နဲ့ centella ရဲ့ active compounds တွေ ထည့်ပေးထားလို့ တခြား anti-aging products တွေနဲ့ ယှဥ်ရင် skin repairing, calming, soothing ပိုင်းမှာ အရမ်းအားသာတယ်။ Ceramide လဲပါလို့ skin barrier ပိုင်းမှာပါ အနည်းငယ်အားဖြည့်ပေးနိုင်တယ်။
🌱How I feel
BOJ --> Essence တခုအနေနဲ့ တော်တော်လေးကို တာဝန်ကျေတဲ့ product တခုလို့ ပြောလို့ရတယ်။
အရည်ကျဲကျဲ, ginseng နံ့သင်းသင်းလေးနဲ့ လိမ်းလို့ကောင်းတယ်။ Layering အနေနဲ့ သုံးလို့ကောင်းသလို skin pad လုပ်ပြီး သုံးလို့လဲ အဆင်ပြေတယ်🎗️ Hydration ကောင်းတာ တွေ့ရသလို sebum control ပိုင်း, skin brightening ပိုင်းမှာလဲ အာနိသင်ထိရောက်တယ်။ အသားအရေက အဆီပြန်သလိုလို အသားခြောက်သလိုလိုနဲ့ inner dryness ရနေတဲ့ သူတွေ, overall skin complexion ကို improve ဖြစ်ချင်တဲ့သူတွေ ဒါလေးသုံးသင့်တယ်✌️
Sur.Medic --> BOJ နဲ့ စာရင် texture က အနည်းငယ် body လေးရှိတယ်💧 ဒါပေမဲ့ လိမ်းရတာ heavy ဖြစ်မသွားဘူး, စိမ့်ဝင်တာမြန်တယ်, sticky မဖြစ်ဘူး, hydration နဲ့ moisture မျှတယ်လို့ ခံစားရတယ်။ Aging ပိုင်းအတွက် အသားအရေတင်းရင်းတာ သိသာသလို အကြောင်းအမျိုးမျိုးကြောင့် skin inflammed ဖြစ်နေရင်လဲ skin redness ကို လျှော့ချပေးနိုင်တယ်🔥 BOJ ထက် anti-aging ပိုင်းမှာ ပိုပြီးထိရောက်တာ, အသားခြောက်လို့ moisture ကောင်းကောင်းပေးနိုင်တာမျိုး လိုချင်ရင် ဒါကိုသုံးသင့်တယ်။
🌱Which One's for you?
Overall အနေနဲ့ ကိုယ်က anti-aging ဘက်ကို ပါးပါးလေးပုတ်ချင်တယ်, ကိုယ်ရဲ့ routine ထဲကို မသိမသာလေးထည့်ချင်တယ်, hydration လဲ ကောင်းရမယ်, brightening effect လေးလဲ လိုချင်တယ်ဆိုရင် BOJ နဲ့ အဆင်ပြေပါမယ်❤️ All skin types အဆင်ပြေပေမဲ့ combination, oily skin တွေအတွက်တော့ အကောင်းဆုံးပါ📌
အကယ်၍ ကိုယ်က အဲ့လိုမဟုတ်ဘဲ အရွယ်ရလို့ mature skin လိုမျိုး ဖြစ်နေပြီ, anti-aging အတွက် ထိရောက်တာမျိုး သုံးချင်ပေမဲ့ vitamin c, retinol လို intense ဖြစ်တာမျိုးလဲ သုံးရမှာကြောက်တယ်, အသားခြောက်ပြီး မျက်နှာက နီလွယ်ယားလွယ်တယ်ဆိုရင် Sur.medic သုံးသင့်ပါတယ်💙 သူ့ကိုတော့ combination, normal to dry skin တွေထိ recommend လုပ်ပါတယ်🎯
#crd
မွေးမြူရေးစရိတ် ကြီးမြင့်လာပြီး ကြက်ဈေးကျလာလို့ ရှမ်း/တောင်က ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အရှုံးပေါ်
ဖေဖော်ဝါရီ ၁၇
မွေးမြူရေးကုန်ကျစရိတ် မြင့်တက်လာပေမယ့် ကြက်ခြံဖမ်းစျေးက လက်ရှိဖေဖော်ဝါရီလအတွင်း ကျဆင်းလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းက ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ အရှုံးပေါ်နေရတယ်လို့ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။
ကုမ္ပဏီထုတ် မွေးမြူရေးအစာစျေးတွေ အပါအဝင် ကြက်ပေါက်စျေးမြင့်တက်လာသလို စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက်လာပေမယ့် လက်ရှိကာလမှာ ကြက်ပေါက်ဖွားမှုနှုန်း လျော့ကျနေတဲ့အပြင် ကြက်ခြံဖမ်းစျေးကလည်း ကျဆင်းနေတာကြောင့် အရှုံးပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ရှေ့လတုန်းကတော့ ခြံဖမ်းဈေးက တပိဿကို ၁၂၀၀၀လောက် ရတယ်။ အခုက ၁၁၀၀၀ ဝန်းကျင်ပဲ ရတော့တယ်။ ကြက်တစ်ပိဿအတွက် မွေးမြူရေးကုန်ကျစရိတ်က ၁၃၀၀၀ကျော်လောက် ရှိတော့ တပိဿကို ၂၀၀၀လောက် ရှုံးနေပြီ။ ဒီကြားထဲ ကြက်ပေါက်နှုန်းက မဖြစ်ရင် ပိုဆိုးတာပေါ့”လို့ တောင်ကြီးမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကြက်အစာစျေးနူန်းတွေအနေနဲ့ အမျိုးအစားအလိုက် တအိတ်ကို ၉၀၀၀၀ ကျပ်ဝန်းကျင်ကနေ ၁၀၅၀,၀၀ ကျပ် ဝန်းကျင်ခန့်အထိ ပေါက်စျေးရှိနေပြီး ကြက်အရှင် ခြံဖမ်းစျေးကတော့ တစ်ပိဿာကို ၁၀၅၀၀ ကနေ ၁၁၀၀၀ ကျပ်လောက်ထိ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
“တပိုင်တနိုင်နည်းနည်းလေးပဲ မွေးကြတဲ့သူတချို့ကတော့ လုပ်ငန်းရပ်ကုန်ကြပြီ။ လုပ်ငန်းရှင်တွေကတော့ ရှူံးနေပေမယ့် လုပ်ငန်းရပ်လို့ မဖြစ်ဘူးလေ။ အရင်းအနှီးကများတော့ ရုန်းကန်ရင်း ဆက်လည်ပတ်နေရတာပေါ့”လို့ ရပ်စောက်မြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အသားစာကြက် မွေးမြူရေးလုပ်ငန်းတွေကို တောင်ကြီး၊ ရပ်စောက်၊ အောင်ပန်းစတဲ့ ဒေသတွေမှာ အများဆုံးလုပ်ကိုင်ကြပြီး တပိုင်တနိုင်လုပ်ကိုင်ကြသူတွေကတော့ မြို့နယ်တိုင်းလိုလိုမှာ ရှိနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-gg
#centralnewsnaypyitaw