10 ပတ် - ဘာသာပြန်ပါ။

တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။
အဲဒါနဲ့ မီးရလိုရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။
တွေ့တော့ မျောက်က အဲဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။
မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။
မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးမတောက်မချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။
ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ်။
"ဟိတ်ကောင် အဲဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး"
မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။
"ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး"
မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။
"ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ"
ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သ-တ်ပစ်လိုက်ပါတော့တယ်။
အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။
တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။
Credit

image

ကျားဖြန့်သမားများ ထိန်းသိမ်းမှုတွင် အခက်အခဲများရှိဟု BGF ပြော

ဖေဖော်ဝါရီ ၁၉

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ ဖမ်းဆီးရမိထားသူများအား ထိန်းသိမ်းစောင့်ရှောက် ရာတွင် အခက်အခဲများရှိကြောင်း ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

ဖမ်းဆီးရမိထားသည့် လူဦးရေ ထောင်ကျော်ကို ထိန်းသိမ်းထားရခြင်းမှာ ဝန်ကြီးကြောင်းနှင့် နေရပ်သို့ အမြန်ဆုံး ပြန်ပို့နိုင်မည်ဆိုပါက အခက်အခဲမရှိကြောင်း ၎င်းက ပြောသည်။

ဒုဗိုလ်မှူးကြီးနိုင်‌မောင်ဇော်က “လက်ရှိ အခုပြန်ပို့မယ့် နေရာမှာ ပြန်ပို့ဖို့အတွက် စောင့်ဆိုင်းနေတဲ့ နေရာမှာ မြဝတီမြို့ စည်းကမ်းထိန်းသိမ်းရေးက လက်ခံရတာကို။ အဲဒီလို လက်ခံတဲ့အခါ ခုနက လူတွေ အရေအတွက် များလာတာနဲ့အမျှ ချက်ပြုတ်ကျွေးမွေးရတာ တစ်နေ့ကို ၃ နပ် ကျွေးတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက် မှုတွေ တချို့တွေ ကျန်းမာရေး မကောင်းဘဲနဲ့ ၉၆ ပါးရောဂါနဲ့ ပါလာတဲ့လူတွေရှိတယ်။ အဲဒီသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးရတယ်။ အစစ အရာရာပေါ့။ တွေးကြည့်ပေါ့ ကျနော်တို့ လူ ၁၀၀၀ ကျော်ကို နေရာတစ်ခု တည်းမှာ ထားထား ရတယ်ဆိုတာက တော်တော်လေးကို ဝန်ကြီးတယ်လေ။ အခက်အခဲတွေတော့ အများကြီးရှိ တာပေါ့။ လက်ရှိကတော့ ကျနော်တို့ အမြန်ဆုံး ပြန်ပို့နိုင်ရင်တော့လည်း တစ်သုတ်ပြီးတစ်သုတ် အချိန်မကြာဘဲ ပြန်ပို့နိုင်ရင်တော့ ကျနော်တို့အတွက် အခက်အခဲ သိပ်မရှိဘူးပေါ့။ ကျနော်တို့ကတော့ နှိမ်နင်းရေးက လုပ်သွား မှာပဲ။ တစ်ဖက်က ပြန်လည်လက်ခံတဲ့အပေါ်မှာ မူတည်တယ်။ ပြန်လည်လက်ခံတာ စောစောများများ လက်ခံနိုင် ရင် စောစောပြီးသွားမယ်။ ဒီအပေါ်မှာမှ အခက်အခဲတွေက အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဆက်စပ်မှုမရှိတဲ့ သံရုံးတွေက နိုင်ငံသားတွေဆိုရင်တော့ ပြန်ပို့ဖို့က နည်းနည်း အခက်အခဲရှိတယ်ပေါ့” ဟု ပြောသည်။

ထိုသို့ ပြန်ပို့ရန် အခက်အခဲရှိသည့် နိုင်ငံသားများကိုမူ မြန်မာဘက်အခြမ်းမှ တာဝန်ရှိသူတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသူ ၂၀၀၀ ကျော်ရှိပြီး တစ်ဦးချင်းစီကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် ထိုင်း ဗီဇာဖြင့် ဝင်ရောက်လာကြသူများ ဖြစ်ကြကြောင်း၊ ထိုထဲတွင် တရုတ်နိုင်ငံသား အများဆုံးဖြစ်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များမှ ကျားဖြန့်များအား နှိမ်နှင်းရန် မြဝတီမြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် နေရာ ၅ ခုကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားသည်။

ထို့‌နောက်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်ဗက်တာ၊ ဆိုလာပြား စသည့် လျှပ်စစ်ပစ္စည်းများ အပါအဝင် ထိုင်းနိုင်ငံ၏ ထုတ်ကုန် ၁၂ မျိုးကိုလည်း မြန်မာပြည်ထဲ တင်ပို့ခွင့်ကို ပိတ်ပင်ထား သည်။

ထိုကိစ္စကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေရသည့်အတွက် တာဝန်ရှိ အကြီးအကဲများအနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

၎င်းက “အဓိကကတော့ ကျနော်တို့အတွက် မဟုတ်ပါဘူး။ ကျနော်တို့ မြင်နေရတယ် မြေပြင်မှာ ကျနော်တို့ ဒေသမှာ ကျနော်တို့ရှိတဲ့အတွက် ကျနော်တို့ဒေသက ပြည်သူ ကျနော်တို့ချစ်တယ်။ ကျနော်တို့ဒေသက ပြည်သူ တွေ ဒီလိုအခက်အခဲဖြစ်နေရတာ နေ့တိုင်းမြင်နေရတာ အရမ်းဝမ်းနည်းတယ်။ ကျားဖြန့် အရေးနဲ့ပတ်သက်ပြီး ကျနော်တို့ အရှိန်အဟုန်နဲ့လုပ်နေပြီ။ အလုပ်လုပ်ပြနေပြီ။ ပါးစပ်နဲ့ပြောတာ မဟုတ်ဘူး။ လက်တွေ့ အကောင် အထည်ဖော်နေပြီ။ ဒါကိုလည်း အကုန်လုံးသိတာပဲ။ ကျနော်တို့ သေသေချာချာ လုပ်နေတယ်။ ၃ နိုင်ငံတောင်မှ ကျနော်တို့နိုင်ငံထဲမှာ လက်ရှိ မြဝတီမြေပေါ်မှာ နယ်စပ်ပေါ်မှာ ကျနော်ကြုံဖူးတာဆို ဒါပထမဦးဆုံးပဲ။ ထိုင်းနဲ့ မြန်မာနိုင်ငံ ဆွေးနွေးတာကတော့ ခဏခဏ တွေ့ဖူးပါတယ်။ အခုလို ထိပ်ပိုင်း ခေါင်းဆောင်တချို့တွေ ဒီလို လာဆွေးနွေးတာ ပထမဆုံးပဲ။ ဒါက ကျ‌နော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ အကြီးအကဲတွေက အသိအမှတ် ပြုတယ်လို့မှတ်ယူပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများထဲမှာ လူဦးရေ ၁၀၀၀ ‌ကျော်အား နေရပ်ပြန်ပို့ရေးကို လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြန်မာ-ထိုင်း-တရုတ် ၃ နိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့နှင့် KK Park နယ်မြေများသို့ သွားရောက်၍ ကျားဖြန့် ဂိုဏ်းများမှလူကုန်ကူးခံထားရသူများကို တွေ့ဆုံခဲ့ကြသည်။

ထို့ပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေကုက္ကိုလ်နှင့်မြဝတီမြို့များမှ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် အပါအဝင် လူကုန်ကူး ခံထားရသူများ ကယ်ထုတ်နိုင်ရေးကိုလည်း အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပုံ - BGF က ကျားဖြန့်များကို ဖမ်းပြီး နေရပ်ပို့ရန်လုပ်နေစဉ်

#သတင်းဟင်းလေးအိုးကြီး

image
10 ပတ် - ဘာသာပြန်ပါ။

ALpha gameplay
Alpha ဆိုတဲ့ Hero ကဘာကြောင့် အခုထိ Jungle မှာကြမ်းနေရတာလဲ???

image
10 ပတ် - ဘာသာပြန်ပါ။

(၁၉.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၅၀၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၃၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၂၀ ကျပ်(ဝယ်)၊ ၄၄၈၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၁၆၀ ကျပ်
Octane 95 - ၃၂၂၀ ကျ​ပ်
Premium Diesel - ၃၃၆၅ ကျပ်
Diesel - ၂၇၃၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image
10 ပတ် - ဘာသာပြန်ပါ။

Season End ရင် FREE ရမဲ့ Khaleed ရဲ့ S36 Skin 💥

image
10 ပတ် - ဘာသာပြန်ပါ။

Alpha Legend Skin Event ရဲ့ Background ကို Update ထပ်လုပ်ပေးထားပါတယ် 💥
ဒီ Alpha Legend Skin လေးက Promo Diamond တွေပြန်လာမဲ့အချိန် April လထဲလာနိုင်ပါတယ် 😍

image
10 ပတ် - ဘာသာပြန်ပါ။

“ဘာအနှောင်အဖွဲ့မှမထားနဲ့ ဘဝထဲလည်း ဘယ်သူ့ကိုမှ ခေါ်မသွင်းနဲ့”
မဟုတ်ရင်တော့ ဘဝတစ်ကွေ့ကွေ့မှာ သေရေးရှင်ရေးကြုံလာတဲ့အခါ မင်း စက္ကန့် (၃၀) အတွင်း ထွက်ပြေးနိုင်မှာ မဟုတ်ဘူး ။
Heat (1995)

image
10 ပတ် - ဘာသာပြန်ပါ။

တောင်ကိုရီးယားမှာ DeepSeek အသုံးပြုမှုပိတ်ပင်လိုက်ပြီး အက်ပ်လီကေးရှင်းစတိုးတွေကနေ ဖယ်ရှား

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၉

တရုတ် အေအိုင် DeepSeek ဟာ TikTok ရဲ့မိခင်ကုမ္ပဏီ ဘိုက်ဒန့်စ်နဲ့အတူ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို မျှဝေနေကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက စွပ်စွဲလိုက်ပြီး နိုင်ငံမှာရှိတဲ့ အက်ပ်လီကေးရှင်းစတိုးတွေကနေ ဖယ်ရှားလိုက်ပါတယ်။

DeepSeek ဟာ ဘိုက်ဒန့်စ်နဲ့ ဆက်သွယ်လုပ်ဆောင်နေတယ်ဆိုတာ အတည်ပြုခဲ့တယ်လို့ တောင်ကိုရီးယား အချက်အလက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။ ကိုယ်ရေအချက်အလက်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် DeepSeek အသုံပြုမှုကို နိုင်ငံတွင်းမှာ ပိတ်ပင်ခဲ့တာပါ။

တောင်ကိုရီးယားမှာ စနေနေ့ညကထိ DeepSeek ဒေါင်းလုတ်ဆွဲသူ တသန်းကျော်ရှိနေပြီး လက်ရှိမှာတော့ ဒီအက်ပ်လီကေးရှင်းတွေကို အက်ပဲနဲ့ ဂူဂဲစတိုးတွေကနေ ဖယ်ရှားခဲ့တာပါ။ DeepSeek နဲ့ဘိုက်ဒန့်တို့အကြား ဘယ်လိုအချက်အလက်တွေလွှဲပြောင်းခဲ့လဲ ဆိုတာနဲ့ ဘယ်လောက်အတိုင်းအတာထိရှိလဲဆိုတာ အတည်မပြုနိုင်သေးဘူးလို့ တောင်ကိုရီးယား အချက်အလက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။

တရုတ် အေအိုင် DeepSeek ဟာ ဇန်နဝါရီလမှာ စတင်ထွက်ပေါ်လာပြီးနောက် နည်းပညာလောကမှာ ဂယက်အကြီးအကျယ်ထခဲ့ပြီး အဓိကအားဖြင့် ChatGPT ထက် ကုန်ကျစရိတ်များစွာသက်သာတဲ့ပုံစံနဲ့လေ့ကျင့် နိုင်တာဖြစ်ကာ ChatGPT နည်းတူ စွမ်းဆောင်ရည်မြင့်မားပါတယ်။

DeepSeek ထွက်ပေါ်လာပြီးနောက် နိုင်ငံအများအပြားဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးဆိုင်ရာ အချက်အလက်တွေ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး သတိပေးခဲ့ကြပါတယ်။ DeepSeek နဲ့ ဘိုက်ဒန့်စ်ဟာ အလားအလာရှိတဲ့ အချက်အလက်မျှဝေမှုတွေရှိတယ်လို့ အမေရိကန် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတခုကလည်း ဖေဖော်ဝါရီလအတွင်းက စွပ်စွဲခဲ့ပါတယ်။

တရုတ်အစိုးရ ဝေဖန်သူတွေကတော့ တရုတ်ရဲ့ အမျိုးသားထောက်လှမ်းရေး ဥပဒေဟာ တရုတ်ကုမ္ပဏီတွေထံကနေ လိုချင်တဲ့အချက်အလက်မှန်သမျှကို တရုတ်အစိုးရက ရယူခွင့်ရှိနေတယ်လို့ ဆိုကြပါတယ်။

Ref:BBC
Photo:Getty Images

#centralnewsnaypyitaw

image
10 ပတ် - ဘာသာပြန်ပါ။

ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်ရမယ်လို့ ဟာရီကိန်းပြော

ဖေဖော်ဝါရီ ၁၉

ဘိုင်ယန်မြူးနစ်နဲ့ ဆဲလ်တစ်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအောဖ့် ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူးဟာရီကိန်းက ဖြစ်နိုင်ခြေရှိတဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းက “ကျနော်တို့ဟာ စကန်ဖတ်စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပြီး ဒဏ်ရာအခြေအနေကို မြင်တွေ့ ရမှာပါ။ လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ဖရန့်ဖတ်အသင်းနဲ့ပွဲစဉ်မှာ ကျနော်ပါဝင်ကစားနိုင်မလားဆိုတာ မသေချာဘူး”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဆဲလ်တစ်အသင်းနဲ့ပွဲမတိုင်ခင်ကတည်းက ဒဏ်ရာစိုးရိမ်မှု တွေရှိနေပေမယ့် နည်းပြကွန်ပနီက သူတို့အတွက် အရေးကြီးတဲ့ ဒီပွဲစဉ်မှာ သူ့ကိုပွဲထွက် လူစာရင်း အသုံးပြု ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြကွန်ပနီဟာ ပထမပိုင်းအပြီးမှာ ဟာရီကိန်းကို ကိုးမန်းနဲ့ လူစားလဲမှု ပြုလုပ်ခဲ့တာပါ။

ကွန်ပနီက ဟာရီကိန်းဟာ ဆက်မကစားနိုင်တော့တာကြောင့် လူစားလဲခဲ့တာဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးရင် သူ့ရဲ့အခြေအနေကို သိရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဒီပွဲမှာ ဆဲလ်တစ်အသင်းဟာ မိနစ် ၉၀ အထိ ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားပြီး အချိန်ပိုကစားနိုင်ဖို့ အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့တာပါ။

ဒါပေမယ့် နာကျင်အချိန်ပို ၄ မိနစ်မှာ အယ်လ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပထမအကျော့တုန်းက ဆဲလ်တစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အဖြစ် အသလက်တီကို ဒါမှမဟုတ် လေဗာကူဆင် အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

Source:Metro

#ဘောလုံးသတင်းစုံ

image