10 w - Translate

ဘယ်အချိန်ပြန်ဖတ်ဖတ် မရိုးအောင်ချစ်ရသော အောင်ဘာလေရယ်ပါ ... 💗📖

တကယ့် လူတကာကို ကူညီချင်တဲ့ နက္ခတ်နဲ့မွေးလာပြီး
တစ်ရပ်ကွက်လုံးရဲ့ အချစ်ကိုခံရ၊ မြင်ဖူးတွေ့ဖူးသမျှ
လူတိုင်းရဲ့မေတ္တာကို ခံရတာ သူ့ရဲ့ကူညီချင်တဲ့စိတ်လေးကြောင့်ပဲ။ မွှမ်းစရာစကားမရှိလောက်အောင် သဘာဝကျလွန်းတဲ့ ဆရာမင်းလူ အသက်သွင်းထားတဲ့ ဇာတ်ကောင်ပါ 🥰

မိုးလေးအေးနေတာနဲ့ အိမ်မှာနေတုန်းလေး အောင်ဘာလေကို ပြန်ဖတ်လိုက်တာ ပါးစပ်စိမရတော့ဘူး။ တချို့ခန်းတွေဆို တော်တော်သဘောကျလို့ ထပ်ကာထပ်ကာပြန်ဖတ်မိတဲ့အထိပဲ။ မွေးတည်းက တစ်ဖက်ကုတင်က ကလေးအမေက နို့မထွက်ဘူးဆိုလို့ သူ့အမေနို့ကို တစ်ဖက်ပဲစို့ပြီး ကျန်တစ်ဖက်ကို တခြားကလေးအတွက် ချန်ထားပေးတာ၊ အချုပ်ခံရတော့လည်း အချုပ်ထဲကထွက်မယ့်နေ့မှာ ကျွန်တော်ဒီကိုပြန်လာလို့ရမလား စာရင်းကိုင်အဖိုးကြီးနေမကောင်းလို့ လိုတာလေးတွေ ကျွန်တော် ပြန်လာပေးချင်လို့ပါဆိုတာမျိုး၊ ကလေးက အစ ခွေးလေးကြောင်လေးတွေအထိ အကုန်ကူညီချင်စိတ်ကြီးမားတဲ့ လူပီသစိတ်အပြည့်ရှိတဲ့ အောင်ဘာလေရယ်ပါ။

နောက်ထပ် သဘောကျတာကတော့ လေရူး ... 🍃
ဇာတ်ကောင်က မျက်လုံးထဲမြင်လာပြီး တခွိခွိဖြစ်တဲ့ထိပါပဲ။ တာမင်နေတာဝင်စားတာဆိုတဲ့ ဆရာကြီး 🤣

နေတိုးနဲ့ ရုပ်ရှင်ပြန်ရိုက်ထားတာမို့ ကြည့်ဖူးတဲ့သူတွေရှိမှာပါ။ ရုပ်ရှင်ထဲက အောင်ဘာလေဇာတ်ရုပ်ကလည်း ကွက်တိကျပေမယ့် စာအုပ်ထဲက အောင်ဘာလေလေးကို ပိုသဘောကျ ပိုချစ်မိတယ်။ စိတ်ညစ်နေတဲ့အချိန်ဖတ်လိုက်ရင် ညစ်နေတဲ့စိတ်တွေ ဘယ်ရောက်သွားမှန်းမသိအောင် ပါးစပ်မစိရဘဲ တခွိခွိဖြစ်စေတဲ့စာအုပ်ပါ။

ဆရာမင်းလူရဲ့အောင်ဘာလေကို မဖတ်ရသေးရင် ဖတ်ကြည့်ကြဦးနော်။ ဖတ်ပြီးရင် ချစ်သွားစေရမယ် အာမခံတယ်။

image
10 w - Translate

ဝူဟန်မြို့မှာရှိတဲ့ ကမ္ဘာ့ပထမဆုံး မိုးပျံရထားကို တွေ့ရတာဖြစ်ပါတယ်။ monorail လို့ခေါ်တဲ့ သံလမ်းမှာ ရထားကို တွဲလောင်းခိုအနေအထားနဲ့ စီးရတာမျိုးဖြစ်ပြီး မြို့ရဲ့သယ်ယူပို့ဆောင်ရေးအဆောက်အအုံနဲ့ ခရီးသွားတိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

image
10 w - Translate

ဝူဟန်မြို့မှာရှိတဲ့ ကမ္ဘာ့ပထမဆုံး မိုးပျံရထားကို တွေ့ရတာဖြစ်ပါတယ်။ monorail လို့ခေါ်တဲ့ သံလမ်းမှာ ရထားကို တွဲလောင်းခိုအနေအထားနဲ့ စီးရတာမျိုးဖြစ်ပြီး မြို့ရဲ့သယ်ယူပို့ဆောင်ရေးအဆောက်အအုံနဲ့ ခရီးသွားတိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

image
10 w - Translate

ဝူဟန်မြို့မှာရှိတဲ့ ကမ္ဘာ့ပထမဆုံး မိုးပျံရထားကို တွေ့ရတာဖြစ်ပါတယ်။ monorail လို့ခေါ်တဲ့ သံလမ်းမှာ ရထားကို တွဲလောင်းခိုအနေအထားနဲ့ စီးရတာမျိုးဖြစ်ပြီး မြို့ရဲ့သယ်ယူပို့ဆောင်ရေးအဆောက်အအုံနဲ့ ခရီးသွားတိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

image
10 w - Translate

ဝူဟန်မြို့မှာရှိတဲ့ ကမ္ဘာ့ပထမဆုံး မိုးပျံရထားကို တွေ့ရတာဖြစ်ပါတယ်။ monorail လို့ခေါ်တဲ့ သံလမ်းမှာ ရထားကို တွဲလောင်းခိုအနေအထားနဲ့ စီးရတာမျိုးဖြစ်ပြီး မြို့ရဲ့သယ်ယူပို့ဆောင်ရေးအဆောက်အအုံနဲ့ ခရီးသွားတိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

image
image
image

F4 Teaser Trailer မှာတွေ့ရတဲ့ Glactacus

#internationalmovienews

image
10 w - Translate

အသက်ကြီးလာရင်
ကိုယ့်ဘဝ ကိုယ်ပိုင်မယ်ထင်ခဲ့တာ။
ဘယ်ဟုတ်လိမ့်မလဲ။
အသက်ကြီးလာလေ ကိုယ့်ဘဝကို ကိုယ်မပိုင်လေဘဲ။
ငဲ့ညှာထောက်ထားရမှာတွေ
တာဝန်ယူရမှာတွေကြားမှာ
ကိုယ့်ဘဝတည်ရှိမှုတောင် မေ့သွားရော။

#စာတို

10 w - Translate

ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ်
သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့…။
ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတိုက
အဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက
ပါဝင်သရုပ်ဆောင်ပေးထားပါတယ်…
ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား…။
ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်…။
ဗစ်ကရမ်…။
သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင်
လက်ရွံတွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာ
အားကိုးရတဲ့ရဲတစ်ယောက်…။
ဗဒေါး…။
သူဟာလည်း လက်ခနောင်းမြိုတခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး
ဘယ်သူမှမော်မကြည့်ရဲကြသလို မြိုနေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့
ဂိုဏ်းစတားတစ်ယောက်…။
လက်ခနောင်းမြိုနယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်း
သတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြိုနေပြည်သူများဟာ
အသက်အန္တရာယ်စိုးရိမ်နေရပါတယ်…
ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို ရဲဌာနကနေ အထူးတပ်ဖွဲတစ်ဖွဲ
ဖွဲစည်းလိုက်တယ်..တပ်ဖွဲရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို
လိုက်လံရှာဖွေသတ်ပစ်ဖိုပဲ
အဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို
အကြောင်းဖန်လာပါတော့တယ်…
ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့
ကြည့်ရဦးမှာမို မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်…
လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့
ကြည့်လိုကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို
ညွှန်းပေးလိုက်ပါတယ်နော်…။

#crd
#storymode

image
10 w - Translate

Tom and Jerry: Cowboy up (2022)

ဘိုးဘွားပိုင်ခြံဖြစ်တဲ့ ဘန်ဆင်မွေးမြူရေးခြံကြီးကို
ခရစ်ဒ်ချလီလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ကမျက်စိကျသွားခဲ့ပါတယ် ခရစ်ဒ်ချလီဆိုတာ
တခြားလူမဟုတ်ပါဘူး ဘဏ်ဓားပြ/စာချုပ်အတုတွေနဲ့ လိမ်လည်ဖန်တီးနေလို့ နိုင်ငံတော်ကအလိုရှိတဲ့
လူလိမ်တစ်ယောက်ပါ ဘန်ဆင်ခြံပတ်လည်မှာရှိတဲ့မြေကွက်တွေကိုလိမ်လည်ပြီးရယူခဲ့တာကြောင့်
ဘန်ဆင်ခြံကြီးကလွဲကျန်တဲ့ဘေးပတ်လည်ကသူ့အပိုင်ပါပဲ ဘန်ဆင်ခြံကိုတော့ သူဘယ်လိုပဲဝယ်ယူဖို့
ကြိုးစားကြိုးစားမရခဲ့ပါဘူး ဒီလိုနဲ့ ဝယ်မရရင် လုမယ်ဆိုပြီး ပူးကောင်ပေါင်းများစွာကို ဘန်ဆင်ခြံထဲ‌
မောင်းသွင်းလိုက်ပါတယ် ဒါကိုမသိလိုက်တဲ့ ဘင်ဆန်မိသားစုက ပူးပြဿနာတက်နေတာပေါ့
အဲ့ဒီအချိန်မှာသူ့ရဲ့လက်ထောက် ကလဲမ်ကိုပူးပြဿနာဖြေရှင်းနိုင်တယ်ဆိုပြီး ဘန်ဆင်မိသားစုဆီကပ်ခိုင်းပြီး
မြေကွက်ပိုင်ဆိုင်ကြောင်းအထောက်အထားစာချုပ်ကိုရှာဖွေဖျက်စီးခိုင်းပါတော့တယ် Tomကတော့
မြို့သားကြီးပေါ့ တွမ်ကသူ့ရဲ့သခင်နဲ့အတူ ဘန်ဆင်ခြံထဲကိုအလည်လာရင်း ကျွဲလက်ကနေသူ့ကိုကယ်တင်ပေးခဲ့တဲ့
Jerryနဲ့ မိတ်ဆွေတွေဖြစ်သွားကြပါတယ် ဒီလိုနဲ့ ဘန်ဆင်မိသားစု ခရီးထွက်ချိန်မှာ ကျန်ခဲ့တဲ့
ခရစ်ဒ်ချလီရဲ့လက်ထောက်ကလဲမ်ကသူ့ရဒ့အစီအစဉ်ကိုစပါတော့တယ်
ကလဲမ်တစ်ယောက် စာချုပ်ကိုရှာတွေ့သွားမှာလား တွမ်နဲ့ဂျယ်ရီက သူတို့သခင်ရဲ့ခြံကြီးကို
အလွဲလွဲအမှားမှား‌တွေကြားကဘယ်လိုကာကွယ်မလဲဆိုတာ ဆိုတာ
ဟာသနှောပြီးပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ရောလူရောပင်ပန်းနေကြမယ့်
ကြည့်ရှုသူတွေအတွက် ခဏတာစိတ်အပန်းဖြေဖို့ တင်ဆက်ပေးလိုက်ရပါတယ်

ဇာတ်ကားလင့်
https://t.me/c/2186686827/41

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
Apu Lay shared a post  
10 w

10 w

🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟

(၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
စီးပွားရေး ကံမျှတကောင်းမွန်‌ေနပါလိမ့်မည်။မထင်မှတ်ထားသောငွေကြေးများရရှိတတ်ပါသည်။ပညာရေးတွင်အတွေးအမြင်အသစ်များရရှိပြီးအဆင်ပြေကောင်းမွန်ပါလိမ်မည်။ကျန်းမာရေး အနေနှင့်ခါးအထက်ပိုင်းကိုပိုဂရုစိုက်ရပါမည်။
အချစ်ရေးတွင်စိတ်ဖိစီးတတ်သောကြောင့်ဆုံးဖြတ်ချက်များမမှားယွင်းစေရန်သတိပြုသင့်ပါသည်။

(၇) ဂဏန်းသမားများ(၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
စီးပွားရေး တွင်အနဲငယ်ခက်ခဲနိုင်သော်လည်းသင့်တင့်သောငွေကြေးရရှိပါလိမ့်မည်။သို့သော်မိမိရရှိသောဝင်ငွေထက်လုပ်အားပိုလုပ်ရပါလိမ်မည်။ပညာရေးတွင်မိမိစိတ်ပါဝင်စားသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေဖြင့်အသင့်အတင့်ကောင်းမွန်သောလည်းရောဂါအခံရှိသူများအနေပြုသတိပြုရန်လိုအပ်ပါသည်။အချစ်ရေးတွင်အချင်းချင်းအပြန်အလှန်ငြင်းခုန်ခြင်းကြောင့်စကားများရတတ်သည်ကိုသတိပြုရပါမည်။


(၈) ဂဏန်းသမားများ ( ၈၊ ၁၇၊၂၆)
စီးပွားရေး နှင့်ငွေကြေးကံကောင်းမွန်ပြီးဝင်ငွေထွက်ငွေကိုထိန်းညှိစီမံရန်လိုအပ်ပါသည်။ပညာရေးတွင်ရွေးချယ်စရာများပေါ်ပြီးအရေးကြီးဆုံးဖြတ်ချက်များချမှတ်နိုင်ပါမည်။ကျန်းမာရေး တွင်ကိုယ်တွင်းဆိုင်ရာဝေဒနာများသတိထားရန်လိုအပ်ပါသည်။အချစ်ရေးတွင်အသင်အတင့်ရှိပြီးအဆင်ပြေပါလိမ့်မည်။

 (၉) ဂဏန်းသမားများ(၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
စီးပွားရေးကံအတော်အသင့်ကောင်းမွန်တည်ငြိမ်ပြီးငွေအဝင်အထွက်မျှပါလိမ့်မယ်။ မမျှောင့်လင့်ထားသောအခွင့်ကောင်း အကြံကောင်းရတတ်ပါတယ်။ပညာရေးမှာနိုင်ငံခြားကံကောင်းမွန်သောကာလဖြစ်ပါမယ်။ကျန်းမာရေးကိုတော့ ကိုယ်လက်ထိခိုက်မှုနဲ့ထိခိုက်ရှနာကိုအထူးသတိပြုရပါမယ်။အချစ်ရေးတွင့်သင့်တင့်မှုရှိပြီး တစ်ယောက်နဲ့တစ်ယောက်သည်းခံနားလည်မှုရှိပါကပို၍အဆင်ပြေပါလိမ့်မယ်။

#tarotqueen