8 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
8 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
8 ပတ် - ဘာသာပြန်ပါ။

#tattooideas

imageimage
+5

Tshirt ရယ် Jean ရယ် Sneaker ကောင်းကောင်းရယ်ဆိုရှယ်ဖြုတ်လို့ရပြီဗျာ

8 ပတ် - ဘာသာပြန်ပါ။

လူတွေဟာ ဘယ်အချိန်ကျမှ
ရှင်သန်ခြင်းကို တန်ဖိုးထားတတ်လဲ။

☸️ဘယ်နေ့ကို ဘာလုပ်မယ်,
ဘယ်နေ့ကို ဘာလုပ်မယ်လို့
အလုပ်ကိစ္စတွေ , နေရေးတွေကိုချည်း
အမြဲ စဉ်းစားမနေသင့်ဘူး။

☸️"ဘယ်အချိန်မှာ ငါ့ခန္ဓာကိုယ်ဟာ
ဖောက်ပြန်ပြီးတော့ ထပြီးတော့
တစ်မျိုးတစ်မည် ဖြစ်မယ် မသိဘူး"လို့
သေရေးကိုလည်း စဉ်းစားရတယ်တဲ့
ဉာဏ်ပညာရှိတဲ့လူဆိုတာ။
ပရိသတ်ရေ အတိတ်မရှိ နိမိတ်မရှိလို့
မထင်ပါနဲ့နော်။

☸️သေခြင်းတရားကို စဉ်းစားရင်
အကုသိုလ်ကို ကြောက်ပြီးတော့
ကုသိုလ်ကို အားကိုးပြီးတော့ မြတ်နိူးပြီးတော့ လူကောင်း သူကောင်းတစ်ယောက်
သေချာပေါက် ဖြစ်နိုင်တယ်။
အင်မတန်လည်း အားတက်လာတယ်။
ဘယ်လိုနည်းနဲ့ အားတက်လာသလဲဆိုတော့
ဘဝကို ပိုပြီးတော့ တန်ဖိုးထားလာတယ်။
"ငါ ဘယ်အချိန် သေရမယ် မသိဘူး"။
မသေခင်လေးကို အင်မတန် တန်ဖိုးထားလာတယ်။

☸️အခု လူတွေက သေရတော့မယ်ဆိုတာက
မစဉ်းစားတော့ ဒီနေရတဲ့အချိန်ကို သိပ်ပြီးတော့ တန်ဖိုးမထားဘူး။ ဆိုကြပါစို့ အခုအချိန်မှာလေ ရောဂါ အကြီးအကျယ်စွဲပြီးတော့ အိမ်မှာရှိတဲ့ စည်းစိမ်တွေ အကုန် ကုန်မှ ဒီရောဂါပျောက်မယ်။
ဒါမှ သင်မသေမှာလို့ ဆိုလို့ရှိရင် စည်းစိမ်းတွေနဲ့လဲမှာနော်။ ဘာဖြစ်လို့လဲ ရှင်ချင်လို့,မသေချင်လို့။ ရှင်ခြင်းကို အဲသလောက် တန်ဖိုးထားတယ်နော်။

🪷အခု ရှင်နေပါတယ်။ ဘာမှ မဖြစ်ဘူး။
ကဲ ရှင်နေပါတယ်။ အခု ရှင်နေတဲ့အချိန်မှာ
ရှင်ခြင်းသဘောတရားကို တန်ဖိုးထားသလား။ လူတွေဟာ ဘယ်အချိန်ကျမှ ရှင်သန်ခြင်းကို တန်ဖိုးထားမှာလဲဆိုတော့ သေတော့မယ်ဆိုမှ ရှင်သန်ခြင်းကို တန်ဖိုးထားကြတာ။ အဲဒါ တော်တော် ဝမ်းနည်းစရာကောင်းတဲ့ကိစ္စ။

☸️သေတော့မယ်ဆိုမှ စည်းစိမ်တွေ ကုန်ကုန်။ ဘာတွေဖြစ်ဖြစ် ငိုကြ ယိုကြ။
သေခြင်းတရားကို ရင်ဆိုင်ပြီးတော့
ရှင်သန်ခြင်းတရားကို ဆွဲဆန့်ချင်တယ် အဲဒီကျတော့မှ။
🪷အဲဒီကျတော့ ရသေးလား,မရတော့ဘူး။
သေခြင်းတရားကို စဉ်းစားလို့ရှိရင်
နေရတဲ့အချိန်လေးကို သိပ်ပြီးတော့ တန်ဖိုးထားတယ်။ တန်ဖိုးရှိအောင်လည်း ကြိုးစားတယ်။

image

The way the life Goes-LIl Uzi Vert

8 ပတ် - ဘာသာပြန်ပါ။

Avengers: Infinity War ရဲ့ Box Office ကို ကျော်ဖြတ်တော့မယ့် Ne Zha 2
ရုံတင်ပြသပြီး တစ်လမပြည့်ခင်မှာပဲ တရုတ်ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Ne Zha 2 ဟာ ကမ္ဘာ့ Box Office သမိုင်းမှာ ဝင်ငွေအများဆုံး ဇာတ်ကား ၁၀ ကားစာရင်းထဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။
Ne Zha 2 ကတော့ တရုတ်နိုင်ငံတင်မက ကမ္ဘာ့အနှံ့အပြားမှာ အောင်မြင်မှု အများအပြားရရှိခဲ့ပြီး နိုင်ငံတစ်နိုင်ငံတွင် ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ရုံတင်ပြီး လေးပတ်မြောက်မှာတော့ Hollywood က ဇာတ်ကားတွေ ကို စိန်ခေါ်ခဲ့ပြီး အခုဆိုရင် Inside Out 2 ရဲ့ စံချိန်ကိုလည်း ကျော်လွန်သွားပြီဖြစ်ပါတယ်။ Ne Zha 2 ကတော့ သမိုင်းတစ်လျှောက် အကောင်းဆုံး Animation ဖြစ်လာတော့မှာပါ။
Ne Zha 2 ကို ဘတ်ဂျက်ဒေါ်လာ သန်း 80 ဖြင့် ထုတ်လုပ်ခဲ့ပြီး ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာ ဒေါ်လာ 1.8 ဘီလီယံ ကျော်သွားပါပြီ။ စုစုပေါင်း ဒေါ်လာ ၁.၇၈ ဘီလီယံခန့်ကို တရုတ်နိုင်ငံမှာရထားပြီး မြောက်အမေရိကမှ ဒေါ်လာ ၁၂ သန်းဝန်းကျင်ရထားပါတယ်။
Ne Zha 2 ကို ပြည်တွင်းမှာ အကန့်အသတ်ဖြင့်သာ ရုံတင်ပြသခဲ့ပေမယ့် ဒီဇာတ်ကားဟာ တရုတ်နှစ်သစ်ကူးကာလမှာ ပွဲဦးထွက်ခဲ့ပြီး Box Office ကို စိန်ခေါ်ခဲ့ပါတယ်။
Ne Zha 2 ကတော့ အခုဆိုရင် သူ့အရှေ့က တရုတ်မှာစံချိန်တင်ထားတဲ့ The Battle of Lake Changjin ကို ကျော်လွန်သွားရုံသာမကဘဲ Jurassic World၊ Top Gun: Maverick နဲ့ Barbie တို့လို ကမ္ဘာတစ်ဝှမ်းက အထင်ကရရုပ်ရှင်များရဲ့ ရုံဝင်ငွေကို ချိူးဖျက်လိုက်ပြီဖြစ်ပါတယ်။
တရုတ်ပလက်ဖောင်း Maoyan ကတော့ Ne Zha 2 ကို Avengers: Infinity War နဲ့ Star Wars: Episode VII - The Force Awakens တို့လို ဇာတ်ကားတွေကို ကျော်တက်ပြမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီိလို ကျော်ဖြတ်ပြီးရင်တော့ Ne Zha 2 ဟာ Avatar: The Way of Water၊ Avengers: Endgame နဲ့ Avatar တို့လို ဇာတ်ကားတွေထဲက Top 5 နေရာထဲ ဝင်လာနိုင်မယ်လို့လည်း ပြောနေကြပါပြီ။
တရုတ်အတွက်တော့ ဆယ်စုနှစ်တစ်ခုတိုင်အောင် ငြိမ်ကျနေတဲ့ Box Office ကို Ne Zha 2 ဟာ Hollywood ကို မအားကိုးပဲ တစ်ကမ္ဘာလုံးအတိုင်းအတာ အောင်မြင်မှု သက်သေပြန်ထူတော့မယ့် အနေထားကိုရောက်နေပြီဖြစ်ပါတယ်။
လက်ရှိမှာရုံဆက်တိုက်တင်နေပြီး Digital Released ကတော့ ထွက်လာဖို့ ကြာဦးမှာဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ဝူခုန်းရဲ့ လက်စွဲတော်တုတ်အပြင် တခြား Character အသစ်တွေကိုလည်း မိတ်ဆက်သွားခဲ့ပါသေးတယ်။

image

Sweat Shirt တွေက ဘောင်းဘီအတိုနဲ့ဆိုစောက်ရမ်းဖြုတ်လို့ကောငး်ပါတယ်

8 ပတ် - ဘာသာပြန်ပါ။

အိမ်မှာနေရင်း...
ဒါန တွေပြုနေရင်
မိမိတို့အိမ်ဟာ
အလှူပေးနေတဲ့ဌာနကြီးဖြစ်တယ်။
ဒါနရဲ့အသံကို
နတ်ပြည် (၆) ထပ်က ကြားရတယ်။
အိမ်မှာနေရင်း...
သီလ တွေဆောက်တည်နေရင်
မိမိတို့အိမ်ဟာ
ကျောင်းကန်ဘုရားဖြစ်တယ်။
သီလရဲ့အသံကို
ဗြဟ္မာ့ဘုံ (၂၀) က ကြားရတယ်။
အိမ်မှာနေရင်း...
ဘာဝနာ တွေပွားများနေရင်
မိမိတို့အိမ်ဟာ
ရိပ်သာတစ်ခုဖြစ်တယ်။
ဘာဝနာရဲ့အသံကို
နိဗ္ဗာန်အထိတိုင် ကြားရတယ်။
သတိထားရမှာက...
မကောင်းမှုအကုသိုလ်တွေရဲ့အသံကို
အပါယ်လေးဘုံက ကြားနေရတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး

image
8 ပတ် - ဘာသာပြန်ပါ။

မေတ္တာတရားရဲ့ ရောင်ပြန်ဟပ်မှု အေးမြတယ်
~~~~~~~~~~~~~~~~~~~~~~~~~~
💜မေတ္တာဆိုတာ သတ္တဝါတွေရဲ့
အပေါ်မှာ ချမ်းသာစေချင်တာ။
ဘာမျှော်လင့်ချက်မှ မရှိဘဲနဲ့
မထားဘဲနဲ့ သက်သက် သတ္တဝါတွေ
ကောင်းခြင်း,ဆိုးခြင်းဆိုတာကို
ခေါင်းထဲကို မထည့်ဘူး။
ကောင်းလို့မို့ မေတ္တာထားတာလည်း မဟုတ်ဘူး။
☸️မကောင်းလို့မို့ မထားနိုင်ဘူးဆိုတာလည်း
မရှိဘူး။ ကိုယ့်ရဲ့ စိတ်အရည်အသွေးကို
ဒေါသအနေအထားကနေပြီးတော့
ချမ်းသာစေချင်တဲ့ မေတ္တာအနေအထားကို
ပြောင်းလဲဖို့ ကြိုးစားတာ။
ပြောရရင် အမြဲတန်း အကျင့်ကြီး
ပါနေတဲ့ "စိတ်တိုင်းမကျ, စိတ်တိုင်းမကျ,
စိတ်တိုင်းမကျဘူးဆိုတဲ့
အခြေအနေဆိုးကနေပြီးတော့
"ချမ်းသာကြပါစေ, ကောင်းကြပါစေ"
ဆိုပြီးတော့ ကြည်လင်အေးချမ်းတဲ့
မြင့်မြတ်တဲ့ အခြေအနေကောင်းဆီကို
ကိုယ့်စိတ်ကလေးကို ပြောင်းလဲနိုင်ဖို့
ကြိုးစားတာ။ မေတ္တာပို့ပြီဆို လူတွေက
သူများပို့မှာဆိုတော့ သူများကို
လျှောက်ကြည့်နေတာ။
အဓိက,က သူများကို သတ္တဝါတွေကို
ပို့တာတော့ သတ္တဝါတွေရဲ့အပေါ်မှာ
အာရုံပြုပြီးတော့ သတ္တဝါတွေကို
ချမ်းသာစေချင်လို့ ပို့တာပဲ။
ဒါပေမယ့် သူတို့ ကောင်းခြင်းဆိုးခြင်းကို
စိတ်ကို မဝင်စားဘူး၊ အဲဒါနဲ့ မဆိုင်ဘူး။
တကယ်တန်း တည့်တည့်ပြောရရင်
'မေတ္တာဆိုတာ ကိုယ့်စိတ်ရဲ့
အရည်အသွေးကို ကိုယ်ကိုယ်တိုင် မြှင်တင်တာ'။
☸️မေတ္တာဘာဝနာပွါများလိုသူများ ဒီဝိသုဒ္ဓိမဂ်လာနည်းကို အမှီပြု၍ မေတ္တာပွါးနိုင်ပါသည်
ရုပ်နာမ်နှစ်ဖြာ ငါ့ခန္ဓာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
တရားကျင့်ပါ ယောဂီမှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ (ဆွေမျိုးမတော်သောလိင်တူလေးစားစရာ ပုဂ္ဂိုလ်ကိုအာရုံပြု)။ဂုဏ်တော်အနန္တာ မြတ်ဆရာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မိဘနှစ်ဖြာ ဂုဏ်နန္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဆွေမျိုးရင်းချာ အားလုံးမှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မိတ်ဆွေသဟာ အားလုံးမှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မချစ်မမုန်းပါ ပုဂ္ဂိုလ်မှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မုန်းစိတ်ဝင်ပါ ပုဂ္ဂိုလ်မှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ရန်သတ္တုပြုပါ ပုဂ္ဂိုလ်မှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့အိမ်တွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ တို့ကျောင်းတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့ဧရိယာတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့မြို့တွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့နိုင်ငံတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့ကမ္ဘာတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့စကြာဝဠာတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။အနန္တစကြာဝဠာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
☸️မေတ္တာသုတ် မေတ္တာပွားနည်း ဆယ့်တစ်မျိုး
* လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
* ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
* မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
* ဝေးနေ နီးနေ၊ နှစ်ထွေ များစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
* ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
* ရှည်-တို-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
* ကြီး-ငယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
* ဆူ-ကြုံ-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
* လူအချင်းချင်း၊ (သတ္တဝါအချင်းချင်း)၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
* အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
* ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

image