ပါကစ္စတန်က Microsoft လုပ်ငန်းတွေ ဖျက်သိမ်း
Microsoft က ပါကစ္စတန်မှာ ရှိတဲ့ သူ့လုပ်ငန်းတွေ ပိတ်သွားပါပြီ။
တစ်ခါတုန်းကတော့ ပါကစ္စတန်ကို နည်းပညာဗဟိုချက်တစ်ခုလို Microsoft က မြင်ခဲ့တာပါ။ ၂၀၂၂ လောက်ကတောင် ဈေးကွက်တိုးချဲ့တာမျိုးတွေ လုပ်ဖို့ စဉ်းစားခဲ့တာပါ။ နောက်တော့ နိုင်ငံရေးမငြိမ်သက်မှုတွေကို တွက်ပြီး ဗီယက်နမ်ဘက် အာရုံရောက်သွားပါတယ်။
Microsoft က ပါကစ္စတန်မှာ ၂၅ နှစ်တောင် လုပ်ငန်းတွေ လည်ပတ်ခဲ့တာပါ။ နိုင်ငံအစွန်အဖျားတွေအထိ ကွန်ပျူတာ labs ခန်းရာနဲ့ချီ တည်ထောင်ပေးခဲ့ပြီး လုပ်ငန်းတွေ လုပ်ခဲ့ဖူးပါတယ်။ အခုချိန် ပါကစ္စတန်မှာက အခုချိန် စီးပွားရေးမတည်ငြိမ်မရေရာမှုတွေ ကြုံနေသလို ဒီဂျစ်တယ်ကွာဟချက်ကလည်း များသထက်များလာနေပါတယ်။
"ဒါက ကော်ပိုရိတ်တစ်ခု ထွက်သွားတာထက် ပိုပါတယ်။ ပါကစ္စတန်ရဲ့ အနေအထားဝန်းကျင်က Microsoft လို ကုမ္ပဏီကြီးတောင် ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို လှစ်ဟပြနေတာပါ။" ဆိုပြီး Microsoft မန်နေဂျာဟောင်းတစ်ယောက်က မှတ်ချက်ပေးပါတယ်။
"ကျွန်တော်တို့ ထားခဲ့တဲ့ ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို နောက်ပိုင်းအဖွဲ့နဲ့ ဒေသတွင်း Microsoft စီမံခန့်ခွဲမှုက မလိုက်နိုင်ခဲ့တာကိုလည်း ပြနေပါတယ်။"
နိုင်ငံထဲက Microsoft ထွက်ခွာတာဟာ နိုင်ငံ့စီးပွားရေးအနာဂါတ်အတွက် မကောင်းတဲ့နိမိတ်လက္ခဏာပဲလို့လည်း ပါကစ္စတန်သမ္မတဟောင်း အရစ်ဖ်အယ်ဘီက ဆိုပါတယ်။
