1 ရက် - ဘာသာပြန်ပါ။

Facebook ရုံးအတွက် ပန်းချီဆွဲခကို ရှယ်ယာနဲ့ ယူပြီး မီလျံနာဖြစ်ခဲ့သူ

Meta စတော့တွေ အခုလို ထောင်တက်နေချိန် David Choe ရှယ်ယာတွေ ရှိနေမယ်ဆို ဒေါ်လာ ၅ ဘီလျံနီးနီး တန်နေမှာပါ။

David Choe ကတော့ သူ့ရှယ်ယာတွေ Facebook ကုမ္ပဏီအများပိုင် IPO ပြောင်းတဲ့ ၂၀၁၂ ကတည်းက ရောင်းပစ်လိုက်ပါပြီ။ David Choe ဆိုတာက ဂရပ်ဖ်တီအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၂၀၀၅ မှာ Facebook တည်ထောင်သူ ရှောင်ပါကာဆီက အလုပ်တစ်ခု ရခဲ့သူပါ။

ပါကာက Choe ရဲ့ လက်ရာတွေကို သဘောကျလို့ Facebook ရဲ့ ပထမဆုံးရုံးခန်း အလှဆင်ဖို့ အလုပ်အပ်ခဲ့တာပါ။ Choe က ဈေးတောင်းကြမ်းတဲ့သူပါ။ အဲ့ဒီအချိန်ကတော့ သူလည်း ထောင်က လွတ်ကာစ ဘကြိုင်ဖြစ်နေတော့ Facebook တစ်ရုံးလုံး decoration ကို ဒေါ်လာ ၆ သောင်း တောင်းပါတယ်။

Facebook ကလည်း သက်တမ်း ၁ နှစ်ပဲ ရှိသေးတဲ့ startup ပဲမလို့ ဒီလောက်ငွေ မပေးနိုင်ပါဘူး။ Choe ကို အလုပ်အပ်တဲ့ ပါကာကပဲ decoration ခကို ကုမ္ပဏီရှယ်ယာနဲ့ ခုယူပါဆိုပြီး ဆွယ်ပါတယ်။ တော်ရုံလူဆို ကုမ္ပဏီပေါက်စဆီက မသေချာတဲ့ ရှယ်ယာကို ငြင်းမှာဆိုပေမယ့် Choe ကတော့ ပါကာပေးတဲ့ ၀.၂၅% ရှယ်ယာနဲ့ တပ်ခေါက်ပြန်ခဲ့ပါတယ်။

ဒါကလည်း ပါကာရဲ့ အထာကို သဘောကျလို့ပါ။ "ဒီဘဲက ဆံပင်ကေက အလန်းစား ၊ နေ့တိုင်းလည်း အားကစားကလုပ်သေး ၊ ဝတ်စုံပြည့်က ဝတ်ထားသေး။ သူ့ကို ကျုပ်ယုံတယ်။ Face [book] ဘာညာတော့ ကျုပ်ဂရုမစိုက်ပါဘူး။ ဒီဘဲက တစ်ခုခုကို သိနေတယ်။ ဒါနဲ့ ကျုပ်ရမယ့်ငွေတွေအကုန် သူ့အပေါ် ပုံအောလိုက်တယ်။"

အဲ့ဒီအချိန် PayPal က ပီတာသီးလ် Facebook မှာ invest လုပ်တာ သူကိုယ်တိုင် မြင်ခဲ့ရတာမို့ Facebook က သူတောင်းတဲ့ ငွေ ၆ သောင်း ပေးနိုင်မယ်ဆိုတာ Choe က သိပါတယ်။ ဒါပေမယ့် အစုရှယ်ယာနဲ့ ယူဖို့ လက်ခံလိုက်တာပါ။ သူ့ရွေးချယ်မှု မမှားခဲ့ပါဘူး။

၂၀၁၂ မှာ Facebook IPO လုပ်တော့ ရှယ်ယာတစ်စု ၃၈ ဒေါ်လာနဲ့ ထုတ်ရောင်းပြီး ဒေါ်လာ ၁၀၄ ဘီလျံတန် ကုမ္ပဏီကြီးအဖြစ်ကို ထိုးတက်သွားပါတယ်။ Choe ရဲ့ ၀.၂၅% ရှယ်ယာကလည်း ဒေါ်လာသန်း ၂၀၀ လောက် တန်သွားပါတယ်။ ဒေါ်လာ ၆ သောင်းလုပ်ခကနေ အဆ ၃၃၃၂၃၃% အထိ မယုံနိုင်လောက်အောင် ခုန်တက်သွားတာပါ။

image